နိုဝင်ဘာ ၃၀ မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။