Skip to main content

တူမောင်ညို – VOA မှ တဆင့် သူတို့ လိမ်ညာနေကြပြီ ၂၅၊၁၁၊၂၀၁၄

 နိုဝင်ဘာ ၂၅

တူမောင်ညို – VOA  မှ တဆင့် သူတို့ လိမ်ညာနေကြပြီ
(မိုးမခ) ၂၅၊ နိုဝင်ဘာ ၂၀၁၄
“မိုးလုံးပြည့်မုသာဝါဒီ၊ လေလှိုင်းသံလူသတ်သမား၊ VOA လိမ်နေသည်” — စသဖြင့် တစ်ချိန်က အသံကုန်ဟစ်ခဲ့ကြ သူများသည် ယခုအခါ  VOA မှ တဆင့် စကားပြောနေကြလေပြီ၊ ထုတ်လွှင့်နေကြလေပြီ။
ကြံ့ဖွံ့အစိုးရ မင်္ဂလာယူပြီးပြော၊  ပြောနေသည့် “အပြောင်းအလဲ”နှင့် “ပြန်လည်သင့်မြတ်ရေး” ဆိုသည်မှာ တချိန်က “မုသာဝါဒီ များ၊ လိမ်ညာနေသူများ” ဟု သူတို့ အော်ဟစ်ဆဲဆိုခဲ့ကြသူများနှင့်
သူတို့တတွေ ပြန်လည်အလွမ်းသင့်နေကြပြီ၊ ပြန်ပေါင်းထုတ်ကြပြီဆို သည့်အချက်ကို  ရည်ညွန်းပြောဆိုလိုခြင်းဖြစ်မည်ဟုယူဆပါသည်။
VOA မှ တဆင့် သူတို့ ဘာတွေ လိမ်ညာခဲ့ကြသလဲ။
သူတို့ပြောသည့်သဘောအနှစ်ချုပ်က “၂၀၀၈ အခြေခံဥပဒေ” သည် သူတို့၏ အသက်၊  “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ဆိုသည်မှာ သူတို့စီစဉ်ညွန်ကြားချုပ်ကိုင်ထားသည့် စည်းကမ်းဘောင်ထဲက ပြင်ဆင်ရေးကိုသာ အားလုံးက ကျေကျေနပ်နပ် လက်ခံကြရ မည်။
“၂၀၀၈ အခြေခံဥပဒေ” ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍မူ အနှစ်သာရအရ သူတို့အကြား ကွဲလွဲမှုလုံးဝမရှိ၊ တစ်သွေး ထဲ၊ တစ်သံထဲ၊ တစ်မိန့်တည်းဖြစ်သည်။  ကာကွယ်ပြောဆိုရာတွင်သုံးသည့် အပေါ်ယံစကားအသုံးအနှုန်းတွင်သာကွဲသည်။
“သမ္မတ” ဆိုသူက ကြောင်ချေးကဲ့သို့ ပျော့ပျော့နံနံပြောပြီး၊ “လွှတ်တော်ဥက္ကဋ္ဌ” ဆိုသူက မျက်လှည့်ပြပြီးမြွေဆေးရောင်းသူ ဟန်ပန်နှင့် ဟိုလိုလို ဒီလိုလိုပြောသည်။ “ကာချုပ်” ဆိုသူက လူမိုက်ဆန်ဆန်ပြောသည်။ “ အသက် ” တဲ့။ အသက်ဆိုတော့ အသက်ကို တော့လာ မထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့သဘောပင်။ ၂၀၀၈ အခြေခံဥပဒေသည် “ခေါင်းဆောင်များ၏ ဘက်ပေါင်းစုံက တွက်ဆမှုများဖြင့် ခိုင်ခိုင်မာမာရေးဆွဲထားသည့် ဥပဒေ” ဖြစ်သတဲ့။ “ ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း” က ထောက်ခံခဲ့သတဲ့။
တစ်ချိန်က ဗိုလ်နေဝင်းစစ်အုပ်စု(မဆလ)အစိုးရကလည်း “၁၉၇၄ အခြေခံဥပဒေ”နှင့်ပတ်သက်၍ ၉၀ ဒသမ ၁၉ ရာခိုင် နှုန်း ဖြင့် အတည်ပြုခဲ့သည်ဟု ပြောခဲ့ဖူးသည်။ နောက်တော့ “၁၉၇၄ အခြေခံဥပဒေ” ဘယ်လို မရှုမလှဇာတ်သိမ်းသွားခဲ့ရသလဲ ဆိုသည်ကို သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကာချုပ်တို့ သတိရဖို့ကောင်းသည်။
“စစ်အုပ်စုက စစ်တပ်ကို ဂုပ်ခွစီးပြီး နိုင်ငံရေး/စီးပွားရေး လွှမ်းမိုးခြယ်လှယ်နေမှုများ” ကို ရှင်းလင်းဖယ်ရှားသုတ်သင်နိုင်ခြင်း မရှိ သမျှကာလပတ်လုံး ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် ငြိမ်းချမ်းရေးသည် မည်သို့မျှ/မည်သည့်အခါမျှ အာမခံချက်ရှိ လိမ့်မည်မဟုတ်ပါ။ “စစ်အုပ်စုက စစ်တပ်ကို ဂုပ်ခွစီးပြီး နိုင်ငံရေး/စီးပွားရေး လွှမ်းမိုးခြယ်လှယ်နေသမျှ” ကာလပတ်လုံး  အတုအယောင် ဒီမိုကရေစီ၊ အတုအယောင်ဖက်ဒရယ်၊ အတုအယောင်ငြိမ်းချမ်းရေးတို့ဖြင့်သာ နှစ်သိမ့်နေကြရပေလိမ့်မည်။
တစ်ချိန်က “ဆိုရှယ်လစ်အတု” ဖြင့် ဆင်းရဲတွင်းသို့ ကျနော်တို့ပြည်သူများသက်ဆင်းခဲ့ကြရပြီး၊ ယခုအခါ “စည်းကမ်းပြည့်ဝ သောဒီမိုကရေစီသို့မဟုတ် အတုအယောင်ဒီမိုကရေစီ” ဖြင့်လည်း အိမ်နီး/အိမ်ဝေးနိုင်ငံများသို့ အိမ်ဖော်များ၊ အထွေထွေအလုပ်သမား များအဖြစ် ကျနော်တို့ပြည်သူများခရီးနှင်နေကြရပြီး၊ နက်ရှိုင်းသော ဆင်းရဲတွင်းထဲ နစ်သထက်နစ်ဝင်နေခဲ့ကြရပါပြီ။
“စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်”သည် “ဆိုရှယ်လစ်အတု”မျက်နှာဖုံးစွပ်ထားသည်ဖြစ်စေ၊ “ဒီမိုကရေစီအတု” မျက်နှာဖုံးစွပ် ထားသည်ဖြစ်စေ၊ အဆက်ဆက်သော အုပ်စိုးသူများနှင့် ၄င်းတို့၏ မိုက်ဖော်ဆိုးဖက် ခရိုနီများကို ချမ်းသာသည်ထက် ချမ်းသာကြွယ်ဝ စေခဲ့ပြီး တိုင်းပြည်နှင့်ပြည်သူများကို မွဲပြာ ကျသည်ထက်ပို၍မွဲပြာကြစေခဲ့သောစနစ်ဆိုး၊ စနစ်ရိုင်းဖြစ်သည်ကို ပြည်သူများသည် ဖြတ် သန်းခဲ့ရသောအတွေ့အကြုံများအရ ခါးသည်း နာကျည်းစွာ သိရှိနားလည်သဘောပေါက်ခဲ့ကြပြီးဖြစ်ပါသည်။
သို့ပါ၍  လွှတ်တော်တွင်း/လွှတ်တော်ပမှ “၂၀၀၈ အခြေခံဥပဒေ” ကို ပြုပြင်ပြောင်းလဲပစ်ရန် ကြိုးပမ်းနေသူကြသူများ၏ အဓိက ဦးတည်ချက်သည်လည်း စစ်အုပ်စုက “စစ်တပ်ကိုဂုပ်ခွစီးပြီး နိုင်ငံရေး/စီးပွားရေး လွှမ်းမိုးခြယ်လှယ်နေမှုများ ရှင်းလင်း ဖယ်ရှား သုတ်သင်ရေး” ဆိုသည့်အချက်ကို အဓိကထားပြီး တိတိကျကျ လုပ်ဆောင်ကြရပေလိမ့်မည်။ ထိုလုပ်ငန်းစဉ်များကို ဖြစ်မြောက်အောင် အကောင်ထည်ဖော်ရာတွင်လည်း ပြည်သူလူထု၏စွမ်းအားကို ထိထိရောက်ရောက် စည်းရုံးအားကိုးသင့်လှပေသည်။
စစ်အုပ်စုနှင့်စစ်အာဏာရှင်စနစ်ကို တကိုယ်တော်အစွမ်းအစနှင့်သော်လည်းကောင်း၊ တရား၊ဓမ္မသက်သက်နှင့် သော်လည်း ကောင်းဖြောင့်ဖျနားချ၊သိမ်းသွင်းနိုင်လိမ့်မည်မဟုတ်ပါ။ လူဆိုးလူမိုက်များအတွက် အကျဉ်းထောင်နှင့်ကြိုးစင် လိုအပ်သကဲ့သို့ စစ်အုပ်စု နှင့်စစ်အာဏာရှင်များအတွက်လည်း ပြည်သူလူထုစွမ်းအားနှင့်ဖိအားပေးအကြပ်ကိုင်ဖို့လည်း မုချလိုအပ်ပါသည်။
တချိန်က ရုပ်သံ၊ ရေဒီယို၊ သတင်းစာ စာမျက်နှာများတွင် “မိုးလုံးပြည့်မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်”၊  “BBC ညာနေသည်”၊ “VOA လိမ်နေသည်”၊ “RFA ရန်တိုက်ပေးနေသည်” ဆိုသည့် ဆိုသည့် အသံတွေ မကြားချင်အဆုံး/ မမြင်ချင် အဆုံးကြားခဲ့/မြင်ခဲ့/ ဖတ်ခဲ့ကြရသည်။
အခုတော့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့သည်  VOA မှတဆင့် လိမ်ညာနေကြလေပြီ။ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့၏ မုသာဝါဒများ၊ င့ါစကားနွားရများကို VOA မှတဆင့်ထုတ်လွှင့်နေလေပြီ။
(Photo Credit – မြန်မာ့အလင်းသတင်းစာဟောင်း၊ ဟိုတချိန်က သတင်းစာ၏ ကြွေးကြော်သံ)

ထပ်ဆင့်ဝေမျှပေးရန် ...

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...