Skip to main content

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၆)၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  (၄/၉၀)နဲ့  (၅/၉၀)” ၂၅၊၁၁၊၂၀၁၄

 နိုဝင်ဘာ ၂၅

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၆)၊  “အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  (၄/၉၀)နဲ့  (၅/၉၀)”
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄
အဖွဲ့ ချုပ်ဗဟိုနဲ့  လူမျိုးစုတွေ  သဘောတူညီမှုရသွားတဲ့ အတွက် စိတ်ကျေနပ်မှု ရသွားတဲ့ အပြင်.. ဂန္ဒီညှိနှိုင်းပွဲအပြီး   စိတ်ဓါတ်ကလည်း တက်ကြွနေတာမို့ ရှေ့ လုပ်ရမဲ့လုပ်ငန်းများကို  ကြိုတင်မှန်းဆပြီး  ပြင်ဆင်သင့်တာ ပြင်ဆင်..၊ ဆွေးနွေးသင့်တာ ဆွေးနွေး.၊ လုပ်နေပါတယ်..။ ဒီရက်အတွင်းမှာ  ဒီမိုကရေစီ နိုင်ငံတော်သစ်  ဖွဲ့စည်းရေးနဲ့ 
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးများကို  ပြောဆိုမိနေပါတယ်..။ လူတွေကတော့..မုန့်ဆီကြော်က  ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား.. လို့  ထင်ချင်လဲ  ထင်ကြပေတော့..။
ပြည်ထောင်စုနိုင်ငံတော်သစ်ကို  လူမျိုးစုတွေက လူမျိုးစု ရှစ်မျိုး၊ ပြည်နယ်ရှစ်ပြည်နယ်နဲ့   ဖွဲ့ ဖို့ ရေးသားဆွေးနွေးကြပေမယ့် .. ကျနော်ကတော့ ဗမာလူမျိုးကို  သမိုင်းနဲ့ ပထ၀ီအခြေခံအရ သုံးမျိုး ခွဲချင်နေတယ်..။ သမိုင်းကြောင်းအရ ဗြိတိသျှက မြန်မာပြည်ကို  စစ်ပွဲ သုံးကြိမ်တိုက်ပြီး … စစ်ပွဲတခုအပြီးမှာ  ဒေသတခုစီကို သိမ်းခဲ့တယ်..။ဒီလို သိမ်းခဲ့တာကလည်း  တခုနဲ့ တခု  နှစ်သုံးဆယ်လောက်ကွာတယ်..။ အင်္ဂလိပ်မြန်မာ ပထမစစ်က  ၁၈၂၄ခု..၊ ဒုတိယစစ်က ၁၈၅၂ခု၊ တတိယစစ်က  ၁၈၈၅ခု တွေမှာ ဖြစ်ခဲ့ကြတာ..။ ဒါကြောင့်ဒီဒေသတွေဟာ  အင်္ဂလိပ်လက်အောက်ရောက်ခဲ့ရတဲ့ အချိန်ကွာခြားမှုအရ  သမိုင်းနောက်ခံနဲ့ ယဉ်ကျေးမှု မတူကြဘူး။ ပထ၀ီအနေအထားလဲ မတူဘူး..။
ဗမာလူမျိုးစုဒေသ (ဗမာစကားပြောဒေသ) ဖြစ်တဲ့ တနင်္သာရီဒေသဆိုရင်  ကြားထဲက မွန်ပြည်နယ်ခံနေလို့ မြေတစပ်တည်းတောင်  မရှိဘူး။ ဒါတွေကို အကြောင်းပြုပြီး  တနင်္သာရီဒေသကို ပြည်နယ်တခု..။ အောက်ဗမာပြည်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို  ပြည်နယ်တခု..။ အထက်ဗမာပြည်က မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့  စစ်ကိုင်းတိုင်းကို  ပြည်နယ်တခု.. ဆိုပြီး  ပြည်နယ်သုံးခုခွဲချင်တယ်..။ နောက်ပြီး  ပြည်နယ်ဆိုတဲ့ အခေါ်ကိုလည်း မကြိုက်ဖူး..။ ပြည်ထောင်စုလို့  တနိုင်ငံလုံးကို ခေါ်ရင် ပြည်ထောင်တွေ စုထားတာမို့လို့  ပြည်နယ်လို့  ခေါ်မဲ့ အစား  ပြည်ထောင်လို့  ခေါ်မယ်..။
၁။ ကချင် ပြည်ထောင်
၂။ ကယား ပြည်ထောင်
၃။ ကရင် ပြည်ထောင်
၎။ ချင်း ပြည်ထောင်
၅။ အထက်ဗမာ ပြည်ထောင်
၆။ မြေလတ်ဗမာ ပြည်ထောင်
၇။ တောင်စွန်းဗမာ ပြည်ထောင်
၈။ မွန် ပြည်ထောင်
၉။ ရခိုင် ပြည်ထောင်
၁၀။ ရှမ်း ပြည်ထောင်
ဒီပြည်နယ်.. ဆယ်ပြည်နယ်..၊ ကျနော့်အခေါ် ဆယ်ပြည်ထောင်အဆင့်မှာပဲ  ကျနော့်ကို စိတ်ကူးယဉ်တယ်လို့ဆိုပြီး.. ဦးခင်မောင်ဆွေက သဘောမတူကြောင်း အရိပ်အမြွက်ပြတယ်..။ ကိုသာဘန်းကတော့…တို့လည်း  အမျိုးမျိုး  စဉ်းစားပြီးပြီ..။ ရှစ်ပြည်နယ်ပဲ..။ ပထ၀ီအနေအထားတွေ ၊ သမိုင်းတွေ..၊ ယဉ်ကျေးမှုတွေ  ခွဲမနေနဲ့..။ ဗမာဟာ ဗမာပဲ..။ ပြည်နယ်တခုပဲပေါ့..တဲ့။ ကျနော်လည်း    ကျနော့်မူ တစ်ခုတည်း  အတည်ပြုရမယ် မဟုတ်ပါ..။ စိတ်ကူးယဉ်တယ်ပဲ  ပြောပြော..။ အခုအချိန်  အားနေတုံး  စိတ်ကူးကြည့်နေတာပါ..။ မူတစ်ခုပေါ့..။
၁။ လူဦးရေအလိုက်  ရွေးချယ်တဲ့  လွှတ်တော်..။
၂။ ပြည်ထောင်စုအလိုက် ရွေးချယ်တဲ့  လွှတ်တော်။
၃။ လွှတ်တော်အသီးသီးသို့ ရွေးချယ်စေလွှတ်ရမယ့် ကိုယ်စားလှယ်..။
၎။ သမ္မတ။
၅။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ ။
၆။ တရားသူကြီးချုပ်
စတာတွေပါ  ဆက်ရေးပါတယ်..။ ရွေးချယ်ခွင့်၊ ခန့်အပ်ခွင့်၊ နှုတ်ပယ်ခွင့်တွေရော..၊ အခွန်တော်ခွဲဝေမှုတွေရော.. ပေါ့လေ။ ဒါပေမဲ့  ဆက်မဆွေးနွေးနိုင်တော့ပါဘူး..။ လောလောဆည် အရေးတကြီး  ဆွေးနွေးစရာတွေ  အရေးတကြီး ပေါ်လာပြန်ပါတယ်..။ ဗဟိုမှာ လှိုင်းလေပြင်းထန်နေပါပြီ..။
သြဂုတ်လ (၃၀)ရက်နေ့ နဲ့   စက်တင်ဘာ(၇)ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးများက  ဆုံးဖြတ်ချက်အမှတ် (၄/၉၀)ဆိုတာ  ထုတ်ပြန်ခဲ့ ပါတယ်..။ ဒီ(၄/၉၀)ဆိုတာ..ကျနော်တို့မြို့ကိုတောင် ရောက်မလာပါ..။ ဒါပေမယ့် သတင်းတော့ကြားရပါတယ်..။ ပြည်သူ့လွှတ်တော် လုပ်ငန်းဆိုင်ရာ  ပြင်ဆင်မှုကော်မတီကို  ဗဟိုအလုပ်မှုဆောင်ရဲ့  ကြီးကြပ်မှုနဲ့ ဖွဲ့ စည်းတာပါ..။ ဒါဟာ  လက်သိပ်ထိုး ကော်မတီတခုဖြစ်နေလို့   မကျေမနပ်ဖြစ်နေကြတုန်း.. စက်တင်ဘာ(၁၂)ရက်နေ့မှာ  ကြေညာချက် (၅/၉၀)ဆိုတာ  ထပ်ထွက်လာပါသတဲ့ ..။ ဒါလဲ  ..နယ်တွေကို  တရားဝင်မရောက်ခင်… ရန်ကုန်ရွှေဂုံတိုင်ရုံးချုပ်မှာတင်  အတော်ပွက်လောကြမ်းသွားတဲ့  ကြေညာချက်တခုလိုဖြစ်သွားပါတယ်..တဲ့ ။ ကျနော်တို့ မြို့ က  ရန်ကုန်ရုံးချုပ် ဗဟိုလူငယ်မှာ  သွားပြီးလုပ်နေတဲ့ ကိုဌေးလွင်အဖမ်းမခံရခင်    ပေးလိုက်တဲ့စာက  ဒီလိုဆိုပါတယ်..။
ဆရာကြီးခင်ဗျား …
ကျနော်စာရေးလိုက်ပါတယ်..။ ရန်ကုန်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းစည်းနဲ့ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုဦးစီးများ ဆွေးနွေးပွဲမှာ (၅/၉၀)နဲ့  ပတ်သက်လို့ တော်တော်လေး  မကြေမလည် ဖြစ်လိုက်တယ်..။ လုံးဝကန့်ကွက်တယ်..ဆိုတဲ့  အခြေအနေမှာ  ရှိနေပါတယ်..။   ဗဟို အလုပ်အမှုဆောင်အနေနဲ့   အချိန်ဇယားတခုကို  န၀တ ထံပို့လိုက်ပါတယ်..။ ဒါကတော့..
အောက်တိုဘာမှာ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်ဖွဲ့၊
ကော်မရှင်အစည်းအဝေးခေါ်
ရုပ်သံသတင်းမှ  ပြည်သူကို အသိပေး၊ သဘောထားဖိတ်ခေါ်
နိုဝင်ဘာမှ ဒီဇင်ဘာလလည်အထိ ပြည်သူတို့သဘောထား ခံယူရန်
ဒီဇင်ဘာလလည်မှ ဇန်န၀ါရီလအထိ အခြေခံဥပဒေမူကြမ်း ရေးဆွဲရန်
ဖေဖေါ်ဝါရီလ – မူကြမ်းကို  ပြည်သူသို့ အသိပေး၊ သဘောထားတောင်းခံ
အမျိုးသားလုံးဆိုင်ရာ ညီလာခံခေါ်ရန်
မတ် – အခြေခံဥပဒေ အပြီးသတ်ရေးဆွဲရန်
ကော်မရှင်မှ  အစီရင်ခံစာ တင်ပြရန်
ဧပြီ – အခြေခံဥပဒေကို  လွှတ်တော်မှာအတည်ပြုရန်
အခြေခံဥပဒေရေးဆွဲရာမှာတော့   အန်င်အယ်ဒီက  ဦးဆောင်ပြီး  အနိုင်ရပါတီ ကိုယ်စားလှယ်များ၊ ပြင်ပဥပဒေပညာရှင်များ၊ ၀န်ထမ်းကိုယ်စားလှယ်များနဲ့ ရေးဆွဲမယ်လို့  သိရပါတယ်။
(ဌေးလွင်)
ဒီစာနဲ့ အတူ (၁၇.၉.၉၀) နေ့စွဲနဲ့  ထုတ်ပြန်တဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး   (၅/၉၀) ဆုံးဖြတ်ချက်များ  ရှင်းလင်းတင်ပြခြင်းဆိုတဲ့  စာတစောင်ပါ ပါလာတယ်..။
အဲဒီစာမှာတော့   ရှေ့ ပိုင်းက ရှစ်လေးလုံးအရေးတော်ပုံ၊ အန်င်အယ်ဒီ ပေါ်ပေါက်လာပုံ၊  ရွေးကောက်ပွဲမူဝါဒ၊ ဂန္ဒီခန်းမကြေညာချက်  စတာတွေနဲ့  အကျယ်တ၀င့် နိဒါန်းပျိုးပြီးမှ.. အပိုဒ်(၉)မှာ  (၄/၉၀) နဲ့ (၅/၉၀) ထုတ်ခဲ့တာ..။
(က) (၅/၉၀)မှာ  ဖွဲ့ စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနိုင်ရန်  အဖွဲ့ ချုပ်က ကမကထပြုလုပ်ပြီး  ပြင်ဆင်မှုများ စတင်ပြုလုပ်သွားမည်။
(ခ) အဖွဲ့ ချုပ်ရဲ့   အစီအစဉ်များကို  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို   ပေးပို့ပြီး   တွေ့ ဆုံဆွေးနွေးညှိနှိုင်းရန်  အဆိုပြုမည်လို့ ပါရှိပါတယ်..။ ပြင်ဆင်မှုအသေးစိတ်ကိုတော့  မဖော်ပြပါ..။
ကျနော် ရန်ကုန်ကို  ချက်ခြင်း  ဆင်းလိုက်သွားပါတယ်..။ ဒီတော့မှ.. အသေးစိတ်ပိုသိလာရပါတော့တယ်..။
(ဆက်လက်ဖော်ပြပါမည်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video