Skip to main content

Posts

Showing posts from July, 2014

မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ ပိုမိုရှုပ်ထွေးလာမယ့် ၂၀၁၅ ရွေးကောက်ပွဲ

ဇူလိုင် ၃၁ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) က အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်မှာ ဆန္ဒမဲအချိုးကျ ကိုယ်စား ပြုစနစ် (PR)  ရွေးကောက်ပွဲတွေမှာ ကျင့်သုံးရေးအဆို တင်ပြအောင်မြင်ခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်မှာပါ PR စနစ် ကျင့်သုံးရေး  NDF ပါတီက တင်ပြလာတာမို့ PR စနစ်ထောက်ခံသူတွေ အမတ်တွေနဲ့ ကန့်ကွက်သူ တွေ အမတ်တွေကြားမှာ အချေအတင် အငြင်းပွားမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာပါတယ်။

ဝန်ကြီးတွေကို ဖြုတ်ချရုံ နဲ့ ပြု ပြင်ပြောင်းလဲရေး အရှိန်မြှင့်နိုင်မလား

ဇူလိုင် ၃၁ သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကို အနားပေး လိုက် ခြင်းဖြင့် တတိယ ပြုပြင်ပြောင်းလဲရေး စတင်ပြီလို့ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတော့မယ့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆို လိုက်ပေမယ့် ဝန်ကြီးတွေ ဖြုတ်ချပြောင်းလဲရုံနဲ့တော့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်မလာ နိုင်ဘူး ဆိုတာ သတိပြုဖို့ လိုအပ်တယ်လို့ ပြည်တွင်းနိုင်ငံရေး

အာဆီယံအသင်းရဲ့  ယှဉ်ပြိုင်ရေးလမ်းစဉ်

ဇူလိုင် ၃၁ တရားမျှတစွာ ယှဉ်ပြိုင်တဲ့ဓလေ့ ထွန်းကွားရေးဟာ အာဆီယံ စီးပွားရေးအသိုက်အဝန်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုဓလေ့ ရှင်သန်လာတဲ့ အာဆီယံဒေသဟာ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်စွမ်း ရှိလာမယ်ဆိုတဲ့ သဘောပါ။ အာဆီယံဒေသမှာ အရည်အသွေးရှိတဲ့ ကုန်ပစ္စည်းကို စရိတ်သက်သာစွာ ထုတ်လုပ်နိုင်ရင် ပြိုင်ဆိုင်မှုစွမ်းရည် တက်လာမယ်လို့ ယူဆပါတယ်။ ဒီ ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့လမ်းညွှန်ကို (၂၀၁၀) ကတည်းက အာဆီယံရုံးချုပ်က ချပေးတာမို့ အာဆီယံနိုင်ငံတိုင်း (၂၀၁၅) မကုန်ခင်မှာ ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေပြဌာန်းပြီး ကျင့်သုံးနိုင်ဖို့ လိုပါတယ်။

မြန်မာ့အပြောင်းအလဲ နဲ့ Prof. Steinberg ရဲ့  အမြင်အတွေး

ဇူလိုင် ၃၁ ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ  မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးမှာ အဟန့် အတား၊ အနှောက် အယှက်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး

ဝန်ကြီး Kerry သြဂုတ်လခရီးစဉ်အတွင်း မြန်မာ့ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုလေ့လာမည်

ဇူလိုင် ၃၁  မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ချိုးကွေ့ လာတယ် ဆိုပေမဲ့ အောင်မြင်မှုရဖို့ အခက်အခဲတွေ တော်တော်များများ ရင်ဆိုင်ရ ဦးမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။

ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား

ဇူလိုင် ၃၁ ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ပဒိုနယ်မြေ ရဲစခန်းအပိုင် ရဲစခန်း၏ အနောက်ဘက် ၂၅ မိုင်ခန့်အကွာ ပဲခူးရိုးမ တောင်ပေါ် ဘိုင်းဒါးချောင်း ဖျား တဲတိုက်တွင် တူမီးသေနတ် နှင့်ပစ်၊ ဓား နှင့်မွှန်း၊ တုတ် နှင့်ရိုက်၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီ ခန့်က ပဲခူးရိုးမတောင်ပေါ် ဘိုင်းဒါးချောင်း

ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်

ဇူလိုင် ၃၁ ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့

အမျိုးသားပညာရေး ဥပဒေဟာ အရေးပါတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေလိမ့်မယ် – ဒေါ်စုစုလွင်

ဇူလိုင် ၃၁ ပြည်ထောင်စု လွှတ်တော်က ဇူလိုင်လ ၃၀ ရက်မှာ အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းအရ တက္ကသိုလ်ပညာရေးပိုင်းနဲ့ တိုင်းရင်းသား စာပေ သင်ကြားရေး အပိုင်းတို့မှာ

အရေးပေါ် အခြေအနေ ဆီယာရာ လီယွန်း ကြေညာ

ဇူလိုင် ၃၁ ဆီယာရာ လီယွန်း Sierra Leone နိုင်ငံမှာ အသက်သေစေ နိုင်တဲ့ အီဘိုလာ Ebola ဗိုင်းရပ် စ် ပျံ့နှံ့နေမှု အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ်

မှုခင်းဆေးသိပ္ပံအဖွဲ့ လေယာဉ်ပျက် နေရာကို ရောက်ရှိ

ဇူလိုင် ၃၁ နယ်သာလန်နဲ့ သြစတြေးလျ နိုင်ငံတို့က မှုခင်း ဆေးပညာရှင်တွေ အဖွဲ့ဟာ မလေးရှား လေယာဉ် MH17 ပျက်ကျခဲ့တဲ့ နေရာကို တစ်ပတ် အတွင်း ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ပြီလို့ OSCE ခေါ် ဥရောပ

လက်နက်များနှင့် ဖမ်းမိသည့် တရုတ်နိုင်ငံသားများကို ထောင် ၁၃ နှစ်ချမှတ်

ဇူလိုင် ၃၁ မြန်မာနိုင်ငံထဲမှာ လက်နက်တွေနဲ့ ဖမ်းဆီးမိထားတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၀ နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ကြေညာပါတယ်။

အိန္ဒိယ မြေပြိုမှု ၂၃ ဦးသေ၊ ၁၅၀ ခန့် ပျောက်ဆုံးဆဲ

ဇူလိုင် ၃၁ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကျေးရွာတစ်ရွာ မြေပြိုကျမှုမှာ ခုချိန်အထိ သေဆုံးသူ ၂၃ ယောက် ရှိနေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး သမားတွေက အသက်ရှင်နေသူတွေကို ညလုံးပေါက် ဆက်လက်

ပြည်သူ့လွှတ်တော်ကပေးသည့် ကြိုတင်ငွေ ၄ သိန်း အန်အယ်လ်ဒီအမတ်များ မထုတ်

ဇူလိုင် ၃၁ ပြည်သူ့လွှတ်တော် ရပ်နားချိန် နယ်မြေဆင်း အလုပ်လုပ်ရင်သုံးဖို့ အမတ်တဦးကို ကြိုတင်ငွေ ၄ သိန်း ထုတ်ပေးတဲ့ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီပါတီ) အမတ်တွေ အားလုံးက

Ooredoo SIM ကဒ် မြန်မာနိုင်ငံမှာ စတင်ရောင်းချ

ဇူလိုင် ၃၁  မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ  ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့်

မွန်းတည့်နေဂျာနယ်အမှု ၇ ဦးကို သြဂုတ် ၄ ရက်နေ့ တရားစွဲဆိုမည်

ဇူလိုင် ၃၁ ကြားဖြတ်အစိုးရ တင်မြှောက်တဲ့ သတင်းရေးသား ဖော်ပြတဲ့ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီ တာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့

အစ္စရေးနဲ့Hamas လုပ်ရပ် စစ်ရာဇဝတ်မှုဖြစ်နိုင်

ဇူလိုင် ၃၁ ဂါဇာဒေသမှာ တိုက်ခိုက်နေကြတဲ့ အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ် ပစ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေး (Navi Pillay)

လွှတ်တော်က ရွေးကောက်ပွဲစနစ် ဝိဝါဒများ (ရုပ်/သံ)

ဇူလိုင် ၃၁ PR (ခေါ်) အချိုးကျ ကိုယ်စားပြု စနစ်ကို လာမယ့် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးဖို့ အဆိုကို ပြည်သူ့ လွှတ် တော်မှာ သုံးရက်ကြာ ဆွေးနွေး ခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံအတွက် ဘယ်လို ရွေးကောက်ပွဲ စနစ်က သင့်တော်သလဲ

သူရဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့တာလို့ NLD ထုတ်ပြန်

ဇူလိုင် ၃၁ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံတယ်ဆိုပြီး ပြည်သူတွေအကြား ထင်ယောင်ထင်မှား ဖြစ်လာတဲ့ အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က

ရခိုင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး (ရုပ်/သံ)

ဇူလိုင် ၃၁ ရခိုင်ပြည်နယ်လွှတ်တော်- ဥပဒေပြုရေး ကော်မတီက ရေးဆွဲထားတဲ့ “ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေ” (မူကြမ်း) ကို ဒီကနေ့ သမိုင်း သုတေသီတွေက ဆွေးနွေးခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်း

ဇူလိုင် ၃၁ စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေရာတွေ ပြန်ရဖို့ တောင်းဆိုနေတဲ့ မိချောင်းကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ်လူတစ်စုက ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ

ရွေးကောက်ပွဲ ပုံစံ လေ့လာရေး ကော်ရှင်ဖွဲ့ပြီ

ဇူလိုင် ၃၁ မြန်မာ နိုင်ငံနဲ့ သင့်လျော်တဲ့ ရွေးကောက်ပွဲ စနစ် ပေါ်ပေါက် လာစေဖို့ လေ့လာ သုံးသပ် မယ့် ကော်မရှင် တစ်ရပ်ကို ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်း လိုက် ပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော်

စစ်တပ်က ရိုက်နှက်စစ်လို့ ရွာလုံးကျွတ် ထွက်ပြေး

ဇူလိုင် ၃၁ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာရွာ အနီးမှာ အစိုးရ တပ်မတော် အရာရှိ လုပ် ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာအုပ်ချုပ် ရေးမှူးတွေ ရပ်မိ ရပ်ဖ တွေ ကို စစ်တပ်ဖက် က ခေါ်ယူပြီး

ရွေးကောက်ပွဲ ကော်မရှင် သမာသမတ် ကျနိုင်ပါ့မလား

ဇူလိုင် ၃၀ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက် ပွဲ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တင်းကျပ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများ၏ ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သည်။
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ဇူလိုင် ၃၀  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး (အမိန့်အမှတ်၊ ၁၇/ ၂၀၁၄) ၁၃၇၆ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက် (၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်) ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ပြည်ထာင်စု ၀န်ကြီးများအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်- (၁) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန (၂) ဒေါက်တာဖေသက်ခင် ကျန်းမာရေးဝန်ကြီးဌာန (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် MOI Webportal Myanmar

ဒေါက်တာသန်းအောင်နဲ့ ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးဖြစ်လာမယ်

ဇူလိုင် ၃၀ သမ္မတ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က အမိန့်အစာအရ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေး ဝန်ကြီးတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပြီး လစ်လပ်နေတဲ့ ဝန်ကြီးတွေ နေရာမှာ လက်ရှိ ဒု ဝန်ကြီး ၂ ဦးကို အစားထိုး ခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အဆိုပြု လိုက်ပါတယ်။

ဇင်လင်း – သတင်းလွတ်လပ်ခွင့် နောက်ကြောင်း ပြန်ပြီလား ?

ဇူလိုင် ၃၀ မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေ ရှေ့တိုးမှာလား၊ နောက်ပြန်ဆုတ်မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့၊ ဘယ်သူမှ တိကျရှင်းလင်းတဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့။ ဒါပေမယ့် မကြာသေးမီ လတွေ အတောအတွင်း ပေါ်ပေါက်ခဲ့တဲ့ သတင်းမီဒီယာ ဖိနှိပ်မှု ပြဿနာကို သုံးသပ်ကြည့်တဲ့အခါ၊ နောက်ကြောင်းပြန်မယ့် အလားအလာတွေ မြင်လာရတယ်။ ယူနတီဂျာနယ်

ဆက်လက် တိုက်ခိုက်မယ်လို့ ဟားမတ်စ်ပြော

ဇူလိုင် ၃၀  ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်စွယ် ဖြစ်တဲ့ al - Qassam တပ်ရဲ့ ခေါင်းဆောင် က၊ သူတို့ အနေနဲ့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အစ္စရေး ဘက်က ဗုံးကြဲနေတာ တွေ ရပ်ဆိုင်းပြီး၊ ဂါဇာ ကမ်းမြှောင် ပိတ်ဆို့မှု ကို ရုတ်သိမ်းတဲ့ အထိ ဆက်လက်

NCCT ရဲ့ မူဝါဒ သဘောထားတွေ ချမှတ်နိုင်

ဇူလိုင် ၃၀  ကချင်လက်နက်ကိုင် အဖွဲ့ KIA ထိန်းချူပ်ရာ လိုင်ဇာမှာ တွေ့ဆုံနေကြတဲ့ NCCT အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ရဲ့ ဂျူလိုင် ၂၉ ရက် အစည်းဝေး ကနေ၊တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံတဲ့ အခါ NCCT ဘက်က ကိုင်စွဲမယ့် မူဝါဒ ရေးရာတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ် လို့ သိရပါတယ်။

အစ္စရေးလ်နဲ့ အပစ်ရပ်စဲရေး သဘောတူဖို့ Hamas ခေါင်းဆောင်ငြင်းဆို

ဇူလိုင် ၃၀  Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ရုရှားအပေါ် အိုဘားမားချမှတ်

ဇူလိုင် ၃၀  ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီးတော့ ချမှတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

နေပြည်တော်တွင် Ooredoo ဆင်း ကတ် များ ရောင်းချ၊ မိနစ် ၉ဝဝ အခမဲ့ ဖုန်းခေါ်ဆို အသုံးပြုနိုင်

 ဇူလိုင် ၃၀ နေပြည်တော် မြို့မဈေးရှိ မိုဘိုင်းလ်ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး Mobile Zone ဆိုင်၌ ယနေ့ မွန်းလွဲပိုင်းတွင် အော်ရီဒူး (Ooredoo) ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းမှ ဖုန်းဆင်းကတ်များကို ငွေကျပ် ၁၅ဝဝဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

တပ်အရာရှိသတ်ဖြတ်ခံရမှုကြောင့် ရပ်ရွာအကြီးကဲများဆင့်ခေါ် ရိုက်နှက် ခြိမ်းခြောက်ခံရ

ဇူလိုင် ၃၀ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်နယ်စပ်အနီး၌ တပ်စခန်းချနေ ထိုင်သည့် အစိုးရ တပ်မ တော်အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ဒေသခံ အကြီးအကဲများအား အစိုးရတပ်ကဆင့်ခေါ်ကာ ရိုက်နှက်စစ်ဆေးခဲ့သည် ဟု ဒေသတွင်းသတင်းရပ်ကွက် က ပြောသည်။

ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း

ဇူလိုင် ၃၀ ပြန်ကြားရေး ဝန်ကြီး အဖြစ် သမ္မတက ရွေးချယ်အဆိုပြု ခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြု ချက်ကို စောင့်ဆိုင်း နေတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောကြား လိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး

အိန္ဒိယ အနောက်ပိုင်းမှာ မြေပြို၊ လူ ၁၆၀ ပိတ်မိနေ

ဇူလိုင် ၃၀  အိန္ဒိယနိုင်ငံ အနောက်ပိုင်းက ရွာတရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး မြေပြိုမှုတွေ ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၂ဦး သေဆုံးခဲ့ပြီး လူ ၁၆၀ လောက် အိမ်တွေထဲမှာ ပိတ်မိနေပါတယ်။ မြေပြိုမှုဟာ နိုင်ငံ အနောက်ပိုင်း ပျူးန် Pune ခရိုင်က မာလင် Malin ရွာမှာ မနက်လင်းအားကြီး အချိန် လူတွေ

အရပ်ဖက် လူမှုအဖွဲ့များအပေါ် မြို့နယ်နှင့် ရပ်ကျေး အဆင့် အောက်ခြေ အာဏာပိုင်များ ကန့်သတ်မှု ရှိနေ

ဇူလိုင် ၃၀ မွန်ပြည်နယ် အတွင်း လူထု အခြေပြု လှုပ်ရှားနေသည့် လူမှု အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များအား ဒေသ အာဏာပိုင်များမှ ပိတ်ပင် တားဆီးမှု အချို့ ရှိနေဆဲ ဖြစ်ကြောင်း မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်း ဖိုရမ်၏ ပြောရေးဆိုခွင့် ရှိသူ မင်းအောင်ထူးက ပြောသည်။ “လူမှု အခြေပြု လူ့အဖွဲ့ အစည်းတွေ အနေနဲ့ သင်တန်း တစ်ခုခု လုပ်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ အစည်း အဝေး လုပ်တော့မယ်

အသက် ၅ နှစ်အောက် ၁.၆ သန်း မှတ်ပုံတင်ခြင်းမရှိဟု ကုလပြော

ဇူလိုင် ၃၀  ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) နဲ့ မြန်မာအစိုးရ လက်တွဲပြီး နိုင်ငံတ၀န်း ကလေး မွေးစာရင်းပေးမယ့် စီမံချက်ရဲ့ ရှေ့ပြေးအစီအစဉ်ကို စတင်အကောင် အထည်ဖော်တော့ မှာဖြစ်ပါတယ်။ ယူနီဆက်အဖွဲ့နဲ့ ပြည်ထဲရေး

ဦးဆန်းဆင့် ကျန်းမာရေးအာမခံ တရားရုံးက ပယ်ချ (ရုပ်/သံ)

ဇူလိုင် ၃၀ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေး အာမခံ လျှောက်ထား ခဲ့ပေမယ့် တရားရုံးက ပယ်ချ လိုက်ပါတယ်။ ဦးမြတ်သူရ ကပေးပို့ ထားပါတယ်။ ရုပ်သံကြည့်ရန် DVB TV - 30.07.2014

ဆိုမာလီယာမှာ ခေါင်း ပဝါ မအုပ်သူ ပစ်သတ်ခံရ

ဇူလိုင် ၃၀   ဆိုမာလီယာ နိုင်ငံ တောင်ပိုင်းမှာ မွတ်ဆလင် ထုံးစံ ခေါင်းကို ပုဝါအုပ်ဖို့ ငြင်းဆန်ခဲ့သူ အမျိုးသမီး တဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ်လို့ အဲဒီက လာတဲ့ သတင်းတွေအရ သိရပါတယ်။ အဲဒီ အမျိုးသမီး အိမ်ကို အယ်လ်ရှာဘာ့ဘ် အစ္စလာမစ် အဖွဲ့ဝင်တွေ ရောက်လာပြီး အဲဒီ အမျိုးသမီးကို ခေါင်းဆောင်း
ကျွန်းစု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၏ ဆွေးနွေးချက်  ဇူလိုင် ၂၉
ပီအာ ဆန့်ကျင်ကြောင်း ပုသိမ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ဆွေးနွေးချက် ဇူလိုင် ၂၉
PR Debate in Lower House  ဇူလိုင် ၂၉   လာမယ့်ရွေးကောက်ပွဲတွေမှာ PR (ခေါ်) အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးရေးအဆိုနဲ့ ပတ်သက်ပြီး ပြည်သူလွှတ်တော်မှာ ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
ဒေါက်တာ အောင်မိုးညို အခြေခံဥပဒေထဲမပါတဲ့ PRကို အတင်းထောက်ခံနေရင်တော့ ဇူလိုင် ၂၉ အခြေခံဥပဒေကိုပိုင်ပြီး လေးစားပါမယ် ရိုသေပါမယ် ဆိုပြီး ကျမ်းကျိန်ထားသူတွေ ကလန်ကဆန်လုပ်ရင်တော့ ကျမ်းစူးပါလိမ့်မယ်၊၊ လို့ ပြောသွားပါတယ်၊၊ ဦးရွှေမန်းကြီးလည်း ဒေါခီးပြီး တူကြီးနဲ့ထုလိုက်တာ ဒုံးကနဲ ပါပဲ၊၊
MH17 နေရာကို သွားရောက် စစ်ဆေးနိုင်ဖို့ သြစီနဲ့ ဒတ်ခ်ျရဲတွေ ကြိုးစားနေဆဲ   ဇူလိုင် ၂၉  မလေးရှားလေယာဉ်ကို ​ပစ်ချတဲ့ ​အမှုဟာ ​စစ်ရာဇာဝတ်မှု ​မြောက်နိုင်တယ်လို့ ​ကုလသမဂ္ဂလူ့ ​အခွင့်အရေး ​အဖွဲ့က ​ပြောလိုက်ပါတယ်။ ​ခုချိန်ထိ ​ရုရှားကို ​ထောက်ခံတဲ့ ​သူပုန်နဲ့ ​ယူကရိန်းတပ်တွေက ​လေယာဉ်ပစ်ချမှုနဲ့ ​ပတ်သက်ပြီး ​တဖက်နဲ့တဖက် ​စွပ်စွဲနေကြဆဲ ​ဖြစ်ပါတယ်။ ဒီကိစ္စဟာ ​စစ်ရာဇာဝတ်မှု ​မြောက်နိုင်ပြီး ​သီးသန့် ​လွတ်လပ်ပြီး ​ဘက်မလိုက်တဲ့ ​စုံစမ်းရေး ​အဖွဲ့ကို ​ဝင်ခွင့်ပေးပြီး ​အဲဒီကနေတဆင့် ​ဘယ်သူ့ကို ​တရားစွဲသင့် ​သလဲဆိုတာ ​ဆောင်ရွက် ​ရမယ်လို့ 
တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ် ထိုးမည်ဟု လိုင်ဇာအစည်းအဝေးက ဆုံးဖြတ်   ဇူလိုင် ၂၉ တိုင်းရင်းသားများ လိုလားသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အ ပေါ် အစိုးရ လက်ခံပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုး မည်ဟု ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြုလုပ် သော တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် ဆွေး နွေး
ပြည်သူ့ လွှတ်တော် ဥက္ကဌက NLD ကိုယ်စားလှယ်ကို သတိပေး (ရုပ်/သံ) ဇူလိုင် ၂၉ အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက် ဆွေးနွေးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်ကို လွှတ်တော် ဥက္ကဌက သတိပေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဦးအောင်ကြီးက ပေးပို့ထားပါတယ်။  DVB TV - 28.07.2014
တပ်မတော်သား ကိုယ်စားလှယ် အချိုးကျ ကိုယ်စားပြုစနစ်အပေါ် ကြားနေဆွေးနွေး  ဇူလိုင် ၂၉ အမျိုးသား လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) အပေါ် ကန့်ကွက် ဆွေးနွေး ခဲ့ပေမယ့် ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စား လှယ် တွေက ကြားနေဆွေးနွေး သွားပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ ကျင်းပနေတဲ့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီး ထင်အောင်နဲ့ ဒုတိယဗိုလ်မှူးကြီးစောရွှေ တို့က ဆွေးနွေး သွားတာပါ။
မလေးရှားလေယဉ်ပျက်ကျမှု ဒုန်ကြည်ထိ blockbox ပြသ ဇူလိုင် ၂၉ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနားတ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့
၂၀၁၃ ဘာသာရေးလွပ်လပ်ခွင့် အထူးစိုးရိမ်စာရင်းမှာ မြန်မာပါ ဇူလိုင် ၂၉ မြန်မာနိုင်ငံထဲက ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်အရ ကမ္ဘာမှာ အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာသစ်မှာ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ နှစ်စဉ် ထုတ်ပြန်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ တရုတ်၊ မြောက်ကိုရီယား၊ အီရန်၊
PR စနစ်ကိစ္စ ကော်မရှင်ဖွဲ့လေ့လာဖို့ ပြည်သူ့လွှတ်တော်သဘောတူ ဇူလိုင် ၂၉ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းထားတဲ့ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ကော်မတီ ကော်မရှင်ဖွဲ့ လေ့လာသုံးသပ်ဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလို ပညာရှင်တွေပါ ပါဝင်ပြီး ကော်မရှင်ဖွဲ့ သုံးသပ် လေ့လာဖို့ ကိစ္စကို PR စနစ်ကို ထောက်ခံသူ လွှတ်တော်အမတ်တွေရော၊ ဆန့်ကျင်ကန့်ကွက်သူ

ရွေးကောက်ပွဲစနစ် ဖော်ဆောင်ရေးအဖွဲ့ တခုဖွဲ့ ဖို့  ဆုံးဖြတ် (ရုပ်/သံ)

ဇူလိုင် ၂၉ မြန်မာနိုင်ငံ အတွက် သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ် ဖော်ဆာင်ရန် ကော်မတီ သို့မဟုတ် ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကို ပြည်သူ့ လွှတ်တော် ဥက္ကဌက ဆုံးဖြတ် လိုက်ပါတယ်။ ဦးအောင်ကြိးသတင်းပေးပို့လိုက်ပါတယ်။ ရုပ်သံ DVB TV - 29.07.2014
နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာ အမေရိကန်အစိုးရ ထုတ်ပြန် ဇူလိုင် ၂၉ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံ စာမှာ မြန်မာနိုင်ငံဟာ CPC ခေါ် အထူးစိုးရိမ်ဖွယ်နိုင်ငံ များစာရင်းမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အပြောင်းအ လဲတွေ ဆောင်ရွက်လာတာနဲ့အတူ  အရင် စစ်အစိုးရ လက်ထက်က ဖိနှိပ်ချုပ်ခြယ် ကန့်သတ်ထားခဲ့တာတွေ တချို့ကို  ဖယ်ရှားပေးခဲ့ပေမဲ့၊ ကချင်ပြည်နယ်လို တောင် တန်းဒေသတချို့မှာ အစိုးရတပ်က
ရွေးကောက်ပွဲစနစ်ကိစ္စ ကော်မတီ သစ်ဖွဲ့စည်းရေး လွှတ်တော်ဆုံးဖြတ် ဇူလိုင် ၂၉ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပယ်လိုက်ပြီး မြန် မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကော်မတီတစ် ရပ်ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။ PR ရွေးကောက်တင်မြှောက်တဲ့ စနစ်ကျင့်သုံးရေးအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ၃ ရက်မြောက် အဖြစ် ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စား လှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။

PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ဇူလိုင် ၂၉ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို ပယ်လိုက်ပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲ စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ရေး အတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့ ပြည်သူ့ လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ PR ရွေးကောက်တင်မြှောက်တဲ့ စနစ်ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ၃
PR စနစ် ကျင့်သုံးရေး အဆို ပြည်သူ့ လွှတ်တော်တွင် အတည်ပြု ပြီး ကော်မရှင် ဖွဲ့စည်းမည် ဇူလိုင် ၂၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြင်းထန်စွာ ကန့်ကွက်နေသော အချိုးကျကိုယ်စားပြု စနစ် (PR) ကျင့်သုံးရေးအဆို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီး မကြာမီ ကော်မရှင် (သို့မဟုတ်) ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှ 
ပီအာမကျင့်သုံးရန် အင်အယ်ဒီ ၁၀၀ ကျော်ဆန္ဒဖေါ်ထုတ်မည် ဇူလိုင် ၂၉ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော အချိုးကျကိုယ်စားပြုစနစ် PR ကို ရွေးကောက်ပွဲများတွင် အသုံးမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီဝင် ဦးလှညွန့်က ပြောကြားသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းထောင့်မှ ယင်းအဆို တင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တပ်မတော်သား ကိုယ်စားလှယ် အချိုးကျ ကိုယ်စားပြုစနစ်အပေါ် ကြားနေဆွေးနွေး ဇူလိုင် ၂၉ အမျိုးသား လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) အပေါ် ကန့်ကွက် ဆွေးနွေး ခဲ့ပေမယ့် ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စား လှယ် တွေက ကြားနေဆွေးနွေး သွားပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ ကျင်းပနေတဲ့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီး ထင်အောင်နဲ့ ဒုတိယဗိုလ်မှူးကြီးစောရွှေ တို့က ဆွေးနွေး သွားတာပါ။

သြစတြေးလျ မဲဘုန်းမျြို့ လေဆိပ်တွင် ဒေါ်ဖြူဖြူသင်းနှင့်ဒေါ်နွယ်ဇင်ဝင်းကို လိုက်လံပို့ ဆောင်နှုတ်ဆက်သူများ အမှတ်တယ

ဇူလိုင် ၂၈ ည မဲဘုန်း AirPort
မလေးရှားလေယာဉ် ပစ်ချမှု စစ်ရာဇ၀တ်မှုအထိ သတ်မှတ်နိုင် ဇူလိုင် ၂၈ မလေးရှားလေယာဉ် အမှတ် (၁၇) ကို ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခဲ့တာဟာ စစ်ရာဇ၀တ်မှု မြောက်နိုင်တယ် ဆိုပြီး ကုလ လူ့အခွင့်အရေး  ကော်မရှင်နာမင်းကြီးက ပြောဆိုလိုက်ပါတယ်။ တနလာင်္နေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ကုလ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး
ပီအာစနစ် သုံးသင့်- မသင့် လွှတ်တော်အမတ် ၁၈ ဦးဆွေးနွေး ဇူလိုင် ၂၈ လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးပြီး တိုင်းဒေသကြီးတွေ မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဝင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦး က ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ဦးနေ၀င်းမြေးများပူးပေါင်းရုင်းနှီးမြုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ ဇူလိုင် ၂၈ြ မန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့်
တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ PR နှင့်ပတ်သက်၍ဆွေးနွေးချက် ဇူလိုင် ၂၇ 
လူအခွင့်အရေးကိုယ်စားလှယ်အပေါ် အမြင်သဘောထားတချို့ ဇူလိုင် ၂၇ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီရဲ့ ဆယ်ရက်တာ မြန်မာပြည်ခရီးစဉ်အပြီးမှာ မြန်မာ့နိုင်ငံရေး နာက်ကြောင်း ပြန်လှည့်ချင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောသွားပါတယ်။ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေရော လွှတ်တော်တွင်းက ဆောင်ရွက်ချက်တွေမှာပါ လက်ရှိ ဖြစ်ထွန်းမှုတွေကို ကြည့်ရင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မှတ်ချက်က ငြင်းချက်ထုတ်စရာ မရှိပါဘူးလို့ မြန်မာ့ နိုင်ငံရေး အသိုင်းအ၀ိုင်းကလည်း ပြောဆိုကြပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် အနေနဲ့ မြန်မာ့လူ့အခွင့်အရေး အတွက် ဆောင်ရွက်နိုင်မယ့် အလားအလာရော ဘယ်လိုရှိနေပါသလဲ ဆိုတာကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။