ဇူလိုင် ၃၁
PR (ခေါ်) အချိုးကျ ကိုယ်စားပြု စနစ်ကို လာမယ့် ရွေးကောက်ပွဲတွေမှာ
ကျင့်သုံးဖို့ အဆိုကို ပြည်သူ့ လွှတ် တော်မှာ သုံးရက်ကြာ ဆွေးနွေး
ခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံအတွက် ဘယ်လို ရွေးကောက်ပွဲ စနစ်က သင့်တော်သလဲ
ဆိုတဲ့အပေါ် ဆွေးနွေးအကြံပြုရမယ့် ကော်မတီတခု ဖွဲ့စည်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။ ဒါဟာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆိုကို အတည်ပြုလိုက်တာလား၊ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့ရေးကိုပဲ အတည်ပြုလိုက်တာလား ဆိုတဲ့အပေါ် ဝိဝါဒ ကွဲပြားနေကြပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။ RFA Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Comments
Post a Comment