ဇူလိုင် ၃၀
အိန္ဒိယနိုင်ငံ အနောက်ပိုင်းက ရွာတရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး
မြေပြိုမှုတွေ ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၂ဦး သေဆုံးခဲ့ပြီး လူ ၁၆၀ လောက်
အိမ်တွေထဲမှာ ပိတ်မိနေပါတယ်။မြေပြိုမှုဟာ နိုင်ငံ အနောက်ပိုင်း ပျူးန် Pune ခရိုင်က မာလင် Malin ရွာမှာ မနက်လင်းအားကြီး အချိန် လူတွေ
အိပ်စက်နေချိန်မှာ ဖြစ်ပွားခဲ့တာလို့ ယုံကြည်ရပါတယ်။
လမ်းပန်း အခြေအနေ ဆိုးရွားနေပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့အတွက် အဲဒီနေရာကို အရောက်သွားနိုင်ဖို့ အခက် တွေ့ခဲ့ကြောင်းနဲ့ အခုအခါမှာတော့ မြေကြီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
BBC Burmese
Comments
Post a Comment