Skip to main content
MH17 နေရာကို သွားရောက် စစ်ဆေးနိုင်ဖို့ သြစီနဲ့ ဒတ်ခ်ျရဲတွေ ကြိုးစားနေဆဲ 
ဇူလိုင် ၂၉


 မလေးရှားလေယာဉ်ကို ​ပစ်ချတဲ့ ​အမှုဟာ ​စစ်ရာဇာဝတ်မှု ​မြောက်နိုင်တယ်လို့ ​ကုလသမဂ္ဂလူ့ ​အခွင့်အရေး ​အဖွဲ့က ​ပြောလိုက်ပါတယ်။ ​ခုချိန်ထိ ​ရုရှားကို ​ထောက်ခံတဲ့ ​သူပုန်နဲ့ ​ယူကရိန်းတပ်တွေက ​လေယာဉ်ပစ်ချမှုနဲ့ ​ပတ်သက်ပြီး ​တဖက်နဲ့တဖက် ​စွပ်စွဲနေကြဆဲ ​ဖြစ်ပါတယ်။
ဒီကိစ္စဟာ ​စစ်ရာဇာဝတ်မှု ​မြောက်နိုင်ပြီး ​သီးသန့် ​လွတ်လပ်ပြီး ​ဘက်မလိုက်တဲ့ ​စုံစမ်းရေး ​အဖွဲ့ကို ​ဝင်ခွင့်ပေးပြီး ​အဲဒီကနေတဆင့် ​ဘယ်သူ့ကို ​တရားစွဲသင့် ​သလဲဆိုတာ ​ဆောင်ရွက် ​ရမယ်လို့ 

ကုလသမဂ္ဂက ​ပြောသွားခဲ့ပါတယ်။
လေယာဉ် ​ပစ်ချခံရ ​မှုတွေကြောင့် ​အရှေ့ ​အလယ်ပိုင်းရဲ့ ​အကြီးမားဆုံး ​လေကြောင်းလိုင်း ​ဖြစ်တဲ့ ​Emirates ​လေကြောင်းလိုင်း ​ကလည်း ​စစ်ဖြစ်နေတဲ့ ​အီရတ်နိုင်ငံပေါ်ကို ​မပျံသန်းတော့ဖို့ ​ဆုံးဖြတ်လိုက်ပြီ ​ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ​သြစတြေးလျ ​နိုင်ငံက ​စုံစမ်း ​စစ်ဆေးရေး ​ရဲတပ်ဖွဲ့ကို ​မလေးရှားလေယာဉ် ​ပစ်ချခံရတဲ့ ​ယူကရိန်းနိုင်ငံ ​အရှေ့ပိုင်းထဲ ​ဝင်ရောက်လို့ ​ရအောင် ​ထပ်မံ ​ကြိုးစား ​လုပ်ဆောင် ​သွားမယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောပါတယ်။
လက်နက် ​ကိုင်ဆောင်ခွင့် ​မရတဲ့ ​သြစတြေးလျနဲ့ ​ဒတ်ခ်ျ ​စုံစမ်းစစ်ဆေးရေး ​ရဲတပ်ဖွဲ့တွေ ​အဲဒီနေရာမှာ ​ဝင်ရောက်ဖို့ ​စီစဉ် ​ထားပေမယ့် ​တိုက်ခိုက်မှုတွေ ​ရှိနေတဲ့ ​အတွက် ​ဝင်ရောက်နိုင်ခြင်း ​မရှိသေးပါဘူး။
ယူကရိန်း ​တပ်ဖွဲ့ ​အနေနဲ့ ​အဲဒီဒေသရဲ့ ​ကီလိုမီတာ ​၄၀ ​ပတ်လည်မှာ ​အပစ်အခတ် ​ရပ်စဲရေးတွေ ​လုပ်ထားတယ်လို့ ​ယူကရိန်း ​သမ္မတက ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ်နဲ့ ​တွေ့ဆုံခဲ့တုန်းက ​ပြောသွားခဲ့ပါတယ်။ ​အဲဒီဒေသတဝိုက်မှာ ​ပစ်ခတ်မှုတွေ ​ဖြစ်ပေါ်နေတဲ့ ​သက်သေတွေရှိနေတဲ့ ​အချိန်မှာပဲ ​ပြောသွား ​ခဲ့တာလည်း ​ဖြစ်ပါတယ်။
အဲဒီ ​ဒေသမှာ ​ဖြစ်နေတဲ့ ​ပစ်ခတ်မှုတွေကို ​အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ ​သြစတြေးလျစုံစမ်းစစ်ဆေးရေး ​သမားတွေကို ​လက်နက်ကိုင်ပြီး ​ဝင်ခွင့်ပေးဖို့ ​သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ​ယူကရိန်းပါလီမန်ကို ​တိုက်တွန်းထားပါတယ်။ ​ဒီကိစ္စကို ​ယူကရိန်းပါလီမန်က ​လာမယ့် ​ကြာသပတေးနေ့မှာ ​မဲခွဲဆုံးဖြတ်ကြဖို့ရှိပါတယ်။
ပစ်ချခံရတဲ့ ​မလေးရှားလေယာဉ်ပေါ်လိုက်ပါသူ ​၂၉၈ ​ယောက်စလုံး ​သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​သြစတြေးလျနိုင်ငံသား ​၃၇ ​ယောက် ​ပါဝင်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-29/1349294

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video