Skip to main content

ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား

ဇူလိုင် ၃၁
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ပဒိုနယ်မြေ ရဲစခန်းအပိုင် ရဲစခန်း၏ အနောက်ဘက် ၂၅ မိုင်ခန့်အကွာ ပဲခူးရိုးမ တောင်ပေါ် ဘိုင်းဒါးချောင်း ဖျား တဲတိုက်တွင် တူမီးသေနတ် နှင့်ပစ်၊ ဓား နှင့်မွှန်း၊ တုတ် နှင့်ရိုက်၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီ ခန့်က ပဲခူးရိုးမတောင်ပေါ် ဘိုင်းဒါးချောင်း
ဖျားတဲတိုက်တွင် နေထိုင်သော ဦးဖိုးချို ၄၈နှစ် (ဘ) ဦးကောက် တောင်ယာ လုပ် (ယခင်ဆယ့်လေးရွာ နေသူ)နှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဝင်း ၄၅ နှစ်(ဘ) ဦးတင်လှတို့သည် ၎င်းတို့ထံ ခေတ္တလာလည်သည့် ဘိုင်းဒါးရွာနေ ကိုဌေးအောင်၊ ကိုစိန်ကြီး၊ ကိုသက်နိုင်လင်း၊ ဒေါ်အေးသန်းတို့ နှင့်အတူ ရှိနေကြစဉ် ယခင်က သိကျွမ်း ခင်မင်သူ အောင်ဆန်း ၄၅နှစ် (ဘ) ဦးတင်အောင် ကျပန်းလုပ်၊ ကင်မွန်းခြုံရွာ ညောင်လေး ပင် မြို့နယ် နေသူနှင့် သက်ထွန်း ၄ဝ နှစ် (ဘ) ဦးတင်အောင် ကင်မွန်းခြုံရွာ ညောင်လေးပင်မြို့နယ်နေသူတို့ နှစ်ဦးရောက် ရှိလာပြီး ဦးဖိုးချိုထံမှ ငွေချေးရာ ၎င်းတို့လို သလောက် မချေးပေးနိုင်ကြောင်း ပြောသဖြင့် အောင်ဆန်းမှ ဦးဖိုးချိုအား လက်သီးနှင့် ရင်ဝသို့ နှစ်ချက်ထိုးရာ လဲကျသွားစဉ် သက်ထွန်းမှ အသင့်ပါလာသော အရိုး အသွား ၁၂လက်မခန့်ရှိ ဓားဦးချွန်နှင့် လှီးသဖြင့် ဦးခေါင်းငယ် ထိပ်တွင် နှစ်လက်မခန့် ပြတ်ရှ ဒဏ်ရာ လေးချက်နှင့် ဝဲဘက်နံဘေး ပြတ်ရှ ဒဏ်ရာ နှစ်ချက်၊ ယာခြေသလုံး ပြတ်ရှဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့ပြီး တဲပေါ်ရှိ ပိုက်ဖျာအောက်တွင် ထားရှိသော ငွေစက္ကူရောရာ ငွေကျပ် ၆၃ဝဝဝဝနှင့် ဘိုင်းဒါးချောင်း အတွင်း ထားရှိသော တန်ဖိုးငွေကျပ် ၄ဝဝဝဝဝ ခန့်ရှိ ဦးဖိုးချို၏ စက်လှေတစ်စင်း တို့ကို ယူဆောင် သွားခဲ့သည်။ မိနစ် ၃ဝခန့်အကြာတွင် ယင်းစက်လှေဖြင့် အောင်ဆန်းနှင့် သက်ထွန်းတို့ ထပ်မံရောက်ရှိ လာပြီး တူမီးသေနတ်ဖြင့် ပစ်ရာ ကျည်မထွက်သဖြင့် ဝါးရင်း တုတ်ဖြင့် ဦးဖိုးချိုကို လေးငါးချက်ရိုက်၍ မည်သူမှတိုင်ကြားခြင်း မပြုရန် ပြောပြီး စက်လှေဖြင့် ပြန်ထွက်သွားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဖိုးချို၏ဇနီး ဒေါ်ဌေးဝင်းက ဇူလိုင် ၂၇ရက် ည ၆နာရီ ၄၅မိနစ်က ပဒိုရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့ပြီး ဒဏ်ရာရရှိသူ ဦးဖိုးချိုမှာ ပဒို တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
အမှုအား ပဒိုနယ်မြေရဲစခန်း(ပ)၉၉/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆/၃၈၆ ဖြင့် အမှုဖွင့်၍ တရားခံများကို အမြန်ဆုံး ဖမ်းဆီး နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video