Skip to main content

တပ်အရာရှိသတ်ဖြတ်ခံရမှုကြောင့် ရပ်ရွာအကြီးကဲများဆင့်ခေါ် ရိုက်နှက် ခြိမ်းခြောက်ခံရ

ဇူလိုင် ၃၀
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်နယ်စပ်အနီး၌ တပ်စခန်းချနေ ထိုင်သည့် အစိုးရ တပ်မ တော်အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ဒေသခံ အကြီးအကဲများအား အစိုးရတပ်ကဆင့်ခေါ်ကာ ရိုက်နှက်စစ်ဆေးခဲ့သည် ဟု ဒေသတွင်းသတင်းရပ်ကွက် က ပြောသည်။


၂၀၁၄ ဂျူလိုင် ၂၉ ရက် ညနေပိုင်းက နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်း အခင်းဖြစ်ပွားရာ နောင် မတာကျေးရွာ ဥက္ကဌ စိုင်းလှစိန်၊ အတွင်းရေးမှူးစိုင်းဆန်စိုး၊ စာရေး စိုင်းဆန်လူ နှင့် ရပ်ဖ ခိင်းဆွယ့်ခမ်း စံဆာ၊ ခိင်းဆိုင်ဟိန်း တို့နေအိမ်အား အစိုးရတပ်အင်အား ၃၀ ခန့်က ဝိုင်းရံကာ ၎င်းတို့အား တပ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ အရာရှိသတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးကြောင်း၊ ညဉ့်သန်း ခေါင်တွင် ၎င်းတို့အား အိမ်တို့ ပြန်အိပ်ခွင့်ပြု လိုက်သော်လည်း ယနေ့ နံနက် ၆ နာရီ တပ်စခန်းသို့ အရောက်လာရန်နှင့် ပျက်ကွက်ပါက ရွာအားမီးရှို့ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း အမည်မဖေါ် လိုသည့် ရွာခံတဦးက ဤကဲ့သို့ပြောသည်။

“သူတို့လူနှစ်ယောက် အသတ်ခံရတာ ရွာသားတွေကို ညှိုးတယ်။ သေနတ်ကော ဓါးကော ဒီရွာကဟာ ဘဲတဲ့။ ဒါ ကြောင့် သတ်ဖြတ်မှု မှာလဲ ခင်ဗျားတို့ရွာသားပဲ လို့စွပ်စွဲတယ်။ ရိုက်နှက်တယ်။ ဒီမနက် ၆ နာရီ စခန်း ကို အရောက်မသွားရင် တရွာလုံးကို မီးရှို့ပစ်မယ်လို့လဲ ခြိမ်းခြောက်တယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်ကပြော သည်။

တပ်အရာရှိအား ပစ်သတ်သွားသော သေနတ်နှင့် ခုတ်ဖြတ်သွားသော ဓါးသည် ရွာသားများ၏ ပစ္စည်းဆိုသည့် အထောက်အထားပြသနိုင်မှုတော့ မရှိခဲ့ကြောင်း ပြောသည်။

“အစိုးရတပ် ကျနော်တို့ဆီမှာလာနေလို့ လုံခြုံစိတ်ချရပြီလို့ ထင်နေတာ။ အခုတော့ လူထုကို တရားခံ ပြန်ညှိုးချတယ်။ လူထုက သူတို့ကို ကင်းပြန်စောင့်ပေး ရမယ့်ပုံ။ ကျနော်တို့ ရွာသားတွေက လယ်ယာ ဘဲ လုပ်ကိုင်စားသောက်တယ်။ဓါးတွေ ပေါက်ပြား တွေတော့ရှိတာပေါ့။ သေနတ်ဘယ်ကရမှာလဲ” - ဟု ရိုက်နှက်ခံရသည့် မိသားစုဝင်တဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီး ရိုက်နှက် စစ်ဆေးခြင်း မရှိစေရန် ကျားဖြူပါတီဘက်က ကူညီ ဆောင်ရွက်ပေးနေသည်ဟု နမ့်ခမ်းမြို့ပါတီ အတွင်းရေးမှူးက ဤကဲ့သို့ပြောသည်။

“ရိုက်နှက်စစ်ဆေးမှုတွေရှိနေတယ်လို့ ကျနော်တို့ကြားတယ်။ ဒီကိစ္စက စုံစမ်းစစ်ဆေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ရိုက်နှက်စစ်ဆေးတာတော့ မဖြစ်သင့်ဘူး။ ဒါကြောင့်မနေ့ကလို ရိုက်နှက်စစ်ဆေး တာ တွေ ထပ် မဖြစ်အောင် မြို့နယ်အုပ်ချုပ်မှူး၊ တပ်မ မှူး၊ တောင်ကြီးရှိ ဝန်ကြီး စိုင်းအိုက်ပေါင်း(ဝ်)၊ နေပြည်တော်ရှိ ဒုဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်းထံ တင်ပြတောင်းဆိုထားပါတယ်” - ဟု ပြောသည်။

ဖြစ်ပေါ်လာသည့်ပြဿနာတိုင်း လူထု နစ်နာမှုအမြဲရှိနေသောကြောင့် မည်သို့ပင်ဆိုစေတရား ဥပဒေ စိုးမိုးရေး လိုအပ်နေကြောင်းလည်း ပြောပါသည်။
ဂျူလိုင်လ ၂၃ ရက် တုန်းကလည်း နမ့်ခမ်းမြို့ ပေါက်လုံရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် ရပ်ကွက်ဘော်လုံးအသင်းမှ စိုင်းပေါင်းပေါင်း ဆိုသူကိုလည်း ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့လက်အောက်ခံ မန်ပန် ပြည်သူ့ စစ်တပ်ဖွဲ့က လိုက်လံပစ်သတ်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...