Skip to main content

Posts

Showing posts from June, 2014
ၾသစေၾတးလ် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သွားမည် ဂျွန်လ ၃၀ ရက်နေ့ ယခုအပတ်အတွင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး (Julie Bishop) မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်မယ် လို့ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ ရောက်မယ်လို့ သြစတေးလျနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခြေဥ ပြင်ဆင်ရေး ထောက်ခံသူ လက်မှတ်ပေါင်း သုံးသန်း NLD ရရှိ ဂျွန်လ ၃၀ ရက်နေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တစ်လအတွင်း လက်မှတ်ရေးထိုးသူပေါင်း ၃သန်း ကျော် ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးတွေမှာ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို ရေတွက်ထားတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပဲခူးတိုင်း ပြည်မြိဲ့လူထုဟောပြောပွဲ ဂျွန်လ ၂၉ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ ရတနာမာန်အောင်လမ်းရှိ လေးထပ်ပြင်ကွင်းတွင် ယနေ့ ဇွန်လ၊ ၂၉ ရက် နံနက် ၉း ၃၀ က ကျင်းပခဲ့ရာ ပြည်သူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မမီးမီးက ဆောင်ရွက်ပြီး အခမ်းအနား စတင်ဖွင့်လှစ်ပေးခဲ့သည်။
အစွန်းရောက်မှုကသာ နောက်ကြောင်းပြန်တာပါ ဇွန် ၂၉  ဇော်မင်း ဆဲဗင်းဒေး၊ Sat, 2014-06-28 06:23 မြန်မာပြည်ဟာ အနာဂတ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် တည့် တည့်လျှောက်လှမ်းပြီး နိုင်ငံသား တို့ တိုးတက်ဖွံ့ဖြိုးလာမယ့်လမ်း ကြောင်းပေါ်ကို သွားနေပြီလား။ ဒါမှမဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ လမ်းကြောင်းပေါ်ကိုတက်ဖို့ တာစူ နေသလား။ အခုလက်ရှိနိုင်ငံရေးအခြေအနေက အကောင်းဘက်ကို ရောက်စပြုနေပြီဖြစ်လို့ နောက်ကြောင်းပြန်သွားစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ ပြောနေသူများလည်းရှိပါတယ်။ နောက်ကြောင်းပြန်သွားနိုင်တယ်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်း စစ်တပ်ကအာဏာပြန်သိမ်းတာကို ဆိုလိုတာပါ။
ဗီလိန်ပုဒ်မ ၁၈ အသက်ဝင်နေဆဲ ငြိမ်းစုစီဥပဒေ ဒေါက်တာရန်မျိုးသိမ်း 7DAY DAILY - 29 June 2014 မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အစိုးရများ၊ လွှတ်တော်များ၊ အာဏာပိုင်အ ဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအသံနှင့် ဆန္ဒသဘောထား တို့ကို စဉ်ဆက်မပြတ် နားစွင့်သုံး သပ်နိုင်ရေးသည် ပဓာနကျသည့်အလျောက် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့်
ယုံကြည်မှုများ တည်ဆောက်ခြင်းဖြင့်သာ ... ဇွန် ၂၉  သစ်ထွဋ် http://www.news-eleven.com/ June 28, 2014 ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထောက်လှမ်းရေးလို့ အများသိနေကြတဲ့ ရဲသတင်း အထူးတပ်ဖွဲ့က ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ပုံနှိပ်သတင်းမီဒီယာ အချို့မှ တာဝန်ရှိသူများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ရဲသတင်းတပ်ဖွဲ့ရဲ့ အပြုအမူများအပေါ် သတင်းမီဒီယာသမားများက မေးခွန်းထုတ် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ခြေ-ဥ ပြင်ရေး တပ်မတော်သားအမတ်တွေ ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း ဂျွန်လ ၂၉ ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ The State of the Tropics 2014 အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ  ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
မကွေးကိုယ်စားလှယ်လောင်းတွေ အကြောင်း စရဖနဲ့ အထူးသတင်း တပ်ဖွဲ့ စုံစမ်းနေ ဂျွန်လ ၂၈ ရက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေးပါတီတွေက ဒီကနေ့ ပြော ကြားပါတယ်။ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ မကွေးတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ဒီနေ့ တွေ့ဆုံ စဉ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက
တန့်ဆည်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆို ဂျွန်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ တန့်ဆည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက ဆန္ဒပြရတဲ့ အကြောင်း RFA ကို အခုလို ပြောပါတယ်။
သန္တိသုခအမှုစီရင်ချက် နိုင်ငံရေး အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ကိုမင်းကိုနိုင် ပြောကြား ဂျွန်လ ၂၇ ရက်နေ့    ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခကျောင်း တိုက်က သံဃာ ၅ ပါးအပေါ် စွဲချက်တင်ထားတဲ့အမှု အပေါ် တရားရုံးကစီရင်ချက်ဟာ မြန်မာ့နိုင်ငံရေး အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြော လိုက်ပါတယ်။
အဂတိလိုက်စားမှုများနှင့် အများပြည်သူ သိခွင့် ဇွန် ၂၇  သစ်ထွဋ် http://www.news-eleven.com/ June 25, 2014 ဦးဆန်းဆင့်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ပြည်သူများနှင့် တွေ့ဆုံနေစဉ် နှစ်ကာလကြာရှည်စွာ ၀န်ကြီးများကဲ့သို့ အစိုးရအဆင့်မြင့် တာဝန်ရှိသူများရဲ့ အဂတိလိုက်စားမှုများအပေါ် အရေးယူမှုများနဲ့ ပတ်သက်ပြီး အများပြည်သူတွေ ဝေဖန်မှုရှိခဲ့ရာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ၀န်ကြီးဌာနပိုင်ငွေ အလွဲသုံးစားမှုနဲ့ အရေးယူထားကြောင်း သတင်းများ၊ မီဒီယာများမှာ ပါရှိလာပါတယ်။
KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စော တာမလာဘော ကွယ်လွန်   ဂျွန်လ ၂၇ ရက် KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ ကြာသပတေးနေ့ညက ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး တာမလာဘောဟာ စစ်ရေး၊ နိုင်ငံရေး နှစ်ခုစလုံးကို နားလည် သဘောပေါက်သူဖြစ်သလို KNU ရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ ခိုင်မာစွာ ရပ်တည် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ လုပ်ဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် လူထုဟောပြောပွဲ ကျင်းပ ဂျွန်လ ၂၇ ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း )တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင် ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် ဇွန်လ၊ ၂၆ ရက်၊ ၂၀၁၄ ခုနှစ် နံနက်
ပန်းပျိုးသူများ အခမဲ့ စာသင်ဝိုင်း ဂျွန်လ ၂၇ ရက်နေ့  လမ်းဆုံမီးပွိုင့်တွေမှာ ပန်းရောင်းနေကြတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ပန်းပျိုးသူများ အခမဲ့ စာသင်ဝိုင်းကို မန္တလေးမြို့ ၆၆လမ်း ၂၆x၂၇လမ်းကြား ရွှေပြည်မိုးကဖေးရှေ့မှာ ဇွန်လ ၂၅ရက်နေ့က စတင်ဖွင့်လှစ် လိုက်ပါတယ်။ မိသားစု စားဝတ်နေရးအရ ကျောင်းဆင်းချိန်အပြီး ပန်းရောင်းနေရတဲ့ ကလေးငယ်တွေ စာကျက်ချိန် ကောင်းမွန်စွာ ရရှိစေဖို့ ညနေ (၆)နာရီက စတင်ပြီး ကလေးတွေရဲ့ ပန်းတွေကို
မြန်မာ့မူးယစ် စီးပွား အစိုးရ GDP ထက် ကြီးထွား ဂျွန်လ ၂၇ ရက်နေ့  ကမ္ဘာ့တ၀န်း တချို့ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏ မြင့်တက်လာပေမဲ့ အားလုံးခြုံ ကြည့်ရင်တော့ မူယစ်ဆေးဝါး သုံးစွဲမှုအခြေအနေဟာ တည်ငြိမ်မှု ရှိလာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ဟာ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကစပြီး တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စိုက်ခင်း ဧကပေါင်း တသိန်းခွဲနီးပါးထိ ရှိလာခဲ့ကြောင်း၊ ဘိန်းဖြူ ထုတ်လုပ်မှု ဟာလည်း ၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်ကာလ ထုတ်လုပ်တဲ့ ပမာဏကို ပြန်လည်
ဝန်ကြီးချုပ်အဖြစ်ရာထားခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ဂျွန်လ ၂၆ ရက်နေ့   နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို ရခိုင် တိုင်းရင်းသားတွေအပါအ၀င် တိုင်းရင်းသားအားလုံး လေး စားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာ အတွက် အဆိုပြုခံထား ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီကနေ့ ပြောလိုက် ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မောင်မောင်အုံးက အခုလိုပြောခဲ့တာပါ။
အချိုးကျ ကိုယ်စားပြု မဲစနစ် အမျိုးသားလွှတ်တော် အတည်ပြု ဂျွန်လ ၂၆ ရက်နေ့  မြန်မာနိုင်ငံမှာ ရှေ့လာမယ့် ရွေးကောက်ပွဲတွေအတွင်း မဲအချိုးကျ ကိုယ်စားပြု ရွေးချယ်တဲ့စနစ် လို့ခေါ်တဲ့ PR စနစ်ကို ကျင့်သုံးမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတချို့ ရှိခဲ့ပေမဲ့လည်း လွှတ်တော်မှာ ဒီကနေ့ပဲ မဲခွဲအတည်ပြုလိုက်ပါတယ်။ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးမယ့်
နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက်မရှိဟု သမ္မတပြောခွင့်ရ ပြော ဂျွန်လ ၂၆ ရက်နေ့  ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မဟာသန္တိသုခကျောင်းဖြစ်ရပ်နဲ့ စာနယ်ဇင်းတချို့ကို ရဲအထူးတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်ဖို့ အလားအလာ ဖြစ်လာပြီလားဆိုတဲ့ စိုးရိမ်ချက်တွေကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက ပယ်ချပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပမည် ဂျွန်လ ၂၆ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုလူငယ်ညီလာခံကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်မယ်လို့
တပ်မတော်သား၊ ရဲတပ်သားတွေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါဝင်ဖို့ ကိုကိုကြီး တိုက်တွန်း ဂျွန်လ ၂၆ ရက်နေ့ တပ်မတော်သားတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေလည်း ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပါဝင် လက်မှတ်ရေးထိုးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ပဲခူးတိုင်းဒေသကြီး  ပဲခူးမြစ်ကူးတံတားဘေးမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ လက်မှတ်ရေး ထိုးပွဲမှာ ကိုကိုကြီးက အခုလို တိုက်တွန်းပြောကြား ခဲ့ပါတယ်။
ဝန်ကြီးဌာန အချို့ငွေသုံးစွဲပုံ လွှတ်တော်ကော်မတီ စစ်မည် ဂျွန်လ ၂၅ ရက်နေ့  သာသနာရေးဝန်ကြီးဌာနအပါအ၀င် အစိုးရ၀န်ကြီးဌာနလေးခုရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက စတင်စစ်ဆေးနေပြီလို့ ကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။ ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက်သုံးစွဲမှုကို တာဝန်ယူစစ်ဆေးမယ့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ရုံးအဖွဲ့မှုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
PR စနစ် ဆွေးနွေးရင် မျှတအောင်လုပ်မည်လို့ ဦးရွှေမန်းပြော ဂျွန်လ ၂၅ ရက်နေ့   အချိုးကျကိုယ်စားပြုစနစ် PR ကို လွှတ်တော်ထဲ မှာ ဆွေးနွေးစဉ်းစားတဲ့အခါ ညီညီမျှမျှဖြစ်အောင် ဆောင် ရွက်ပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့  ပြောကြားလိုက်ပါတယ်။ နေပြည်တော် ပြည်ထောင်စုလွှတ်တော် ဇဗ္ဗူသီရိ ခန်းမဆောင်မှာ သူရဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေ ဒီနေ့
လယ်သမားအရေး ကူညီသူ နှစ်ဦး ထောင်မှပြန်လွတ် ဂျွန်လ ၂၄ ရက်  တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရတဲ့ လယ်သမား အရေး ကူညီဆောင်ရွက်သူ ဦးဝင်းချိုနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ဟာ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန် လည်လွတ်မြောက်ခဲ့ပါတယ်။ အင်းစိန်ထောင်က ထွက်လာပြီးတဲ့နောက် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က အခုလိုပြောပါတယ်။ "အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဌာန်းချက်နဲ့
ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ သမ္မတ လက်မှတ်ရေးထိုး အတည်ပြု ဂျွန်လ ၂၅ ရက်နေ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို သမ္မတက ဥပဒေအဖြစ်မနေ့က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အရ၊ ဆန္ဒပြလို သူတွေဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရရှိမှသာ တရားဝင်ဆန္ဒပြခွင့်ရှိတဲ့အပြင်၊
ဦးဝင်းတင်နဲ့ ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း (ဗိုလ်မင်းခေါင်) ကိုရာဇာ မိုးမခ၊ ဇွန် ၂၄၊ ၂၀၁၄ လူတွေမှာ ဘ၀တခုကို တချိန်ချိန်က အားကျမက်မော လိုချင်မှုတွေ ရှိတတ်ပေမယ့် နေ့တဓူဝ မြင်ကြားလာနေရတော့ အဲ့ဒီဘ၀ကို ငြင်းဆန်သွားတတ်တာ လူ့သဘာဝပါ။ ဒီသဘောသွားဆန်ဆန် စာကို စာရေးဆရာကြီး သော်တာဆွေက ရေးဖူးပါတယ်။ စာကိုကြိုက်ရင် စာကိုသာ ဖတ်ပါ။ စာရေးဆရာရဲ့အိမ်ရှေ့မှာ နေဖို့ မကြိုးစားပါနဲ့လို့ ရေးသွားဖူးတာ သာဓကတခုပါ။
၄၃၆ မတ္တီလာမြို့ လှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်း ဂျွန်လ ၂၄ ရက် လွတ်လပ်ငြိမ်းချမ်းပန်းရဲလမ်းလူမူကွန်ယက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိထ္ထီလာမြိုနယ် တို့ပူးပေါင်းဆောင်ရွက်သော ၄၃၆ ပြင်ဆင်ရေးလက်ဆမှတ်ကောက်ယူရေးလှုံဆော်ဖျော်ဖြေပွဲ
ဦးဥတ္တရနှင့်တွေ့ဆုံမေးမြန်းခြင်း ဂျွန်လ ၂၄ ရက်နေ့ “ဘုန်းဘုန်းတို့က သာသနာတော်ညှိုးနွမ်းစေအောင် ဘာမှကို လုပ်တာမဟုတ်ဘူး။ သာသနာတော် ညှိုးနွမ်းအောင် လုပ်တဲ့သူက ပြောတဲ့လူ သူ့ကိုပဲ မေးကြည့်ပေါ့” လန်ဒန်ဆရာတော် ဦးဥတ္တရနှ င့် တွေ့ဆုံမေးမြန်းခြင်း ၂၀၁၄ ဇွန် ၁၀ ရက် ညပိုင်း၌ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ၂၁ ပါး အင်အားသုံး ဖယ်ရှားခံရသည်။ ဇွန် ၁၂ ရက်တွင်မူ
MDCF အဖွဲ့ဝင် နှစ်ဦး ထောင်ဒဏ် ၆ လစီ ချမှတ်ခံရ ဂျွန်လ ၂၄ ရက်  ပြည်ထောင်စုအစိုးရအစိုးရအယုံအကြည်မရှိကြောင်း စာရွက်တွေလိုက်ဝေခဲ့တဲ့အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မင်္ဂလာတောင် ညွန့်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ပါ တယ်။ အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး တရားရုံးကို သွားရောက် ခဲ့တဲ့ MDCF အဖွဲ့ဝင် ဦးသန့်ဇင်က အခုလိုပြောပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေပွဲကျင်းပမှု တရားစွဲဆိုခံရ ဂျွန်လ ၂၄ ရက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင် ပါတီရန်ပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပရာမှာ ခွင့်ပြုချက်မတောင်းလို့ဆိုပြီး တရားစွဲဆိုခံထား ရကြောင်း မြောက်ပိုင်းခရိုင်ဥက္ကဌက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ NLD မြောက်ပိုင်းခရိုင် ဥက္ကဌ ဦးခင်မောင်ရှိန်က
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို အမေရိကန်ဝန်ကြီး မေးမြန်းလေ့လာ ဂျွန်လ ၂၄ ရက်   မြန်မာ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမား ရေးရာ ဆိုင်ရာ လက်ထောက် ၀န်ကြီး တွမ်မာလီနောင်စကီး ဦးဆောင်တဲ့ ကိုယ် စားလှယ် အဖွဲ့ဟာ ၂၀၁၅ ရွေးကောက်ပွဲဟာတရားမျှတမှုရှိနိုင်မရှိနိုင်၊ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အပေါ် သဘောထား စတဲ့ ကိစ္စရပ်တွေကို ကရင်ပြည်နယ် ဘားအံမှာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။
အမိန့်ချရန် တောင်းဆိုသည့် ကိုထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ခြောက်လချ  ဂျွန်လ ၂၃ ရက်နေ့   ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့မှ ကိုထင်ကျော်အား ဇွန်၂၃ ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တောင်ဥက္ကလာ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။ ပြီးခဲ့သည့် မေ ၅ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် (၁၁)
ပြည်တွင်းထုတ် သတင်းစာတွေ ခေါ်ယူမေးမြန်းခံရ  ဂျွန်လ ၂၃ ရက်နေ့  မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေရဲ့ဘဏ္ဍာရေး အစီအမံတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခဲ့တဲ့အပေါ် စာနယ်ဇင်းလောကကြားမှာ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါပေမဲ့လည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရက ညွှန်ကြားထားတာမျိုး မဟုတ်ဘူးလို့လည်း သမ္မတရုံးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
MPC ဟာ လျှို့ဝှက်အဖွဲ့အစည်းလား ... ဇွန် ၂၃  နေထွန်းနိုင် Eleven Media Group မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အဆောက်အအုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) (၁) အီးယူလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ MPC (Myanmar Peace Center) ကို ၂ဝ၁၂ ခုနှစ်မှာ သမ္မတရုံးဝန်ကြီးတွေက ဦးဆောင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက MPC ရဲ့ ထိပ်ပိုင်းမှာ နေရာယူခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း အဓိကနေရာမှာ ပါဝင်ခဲ့တာဖြစ်လို့ MPC ဟာ သမ္မတရုံးနဲ့ ပတ်သက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင် ဆန္ဒပြ ဂျွန်လ ၂၂ ရက်နေ့  အဖွဲ့အစည်း ၃၅ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ဒီမိုကရက်တစ် တက်ကြွ လှုပ်ရှားသူများကွန်ယက်က ရန်ကုန်တောင်ပိုင်းခရိုင်လုံး ဆိုင်ရာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို ဒီနေ့ သန်လျင်မြို့ အာဇာနည်ကွင်းမှာ ကျင်းပပြီး သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို တဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ နဲ့ ဟောပြောပွဲကျင်းပ ရတဲ့အကြောင်း ဒီမိုကရက်တစ် တက်ကြွလှုပ်ရှားသူများ ကွန်ယက်အဖွဲ့ဝင် ကိုလွင်ကိုလတ်က အခုလိုပြော ပါတယ်။
စစ်အရာရှိကြီးတွေကို ဝန်ကြီး ဦးအောင်မင်း လူသိရှင်ကြားတောင်းပန်  ဂျွန်လ ၂၂ ရက်    ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်း စစ်ဘွဲ့ထူး တွေ အပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။ UMFCCI ဟောပြောပွဲတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်းရင်းသား
မြန်မာခြေ/ဥ ပြန်ပြင်ရေး သြစတြေးလျအလေးထား  ဂျွန်လ ၂၁ ရက်  မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပူးပေါင်းပြီး အဓိက ဖော်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သြစတြေးလျအစိုးရဘက်က အလေးအနက်ထားကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောဆိုလိုက်ပါတယ်။ သြစတြေးလျရောက် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်အဖွဲ့နဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရေး၊
ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ပညာရေးကဏ္ဍ  ဇွန် ၂၂  ကိုသားညွှန့်ဦး VOA - 16.06.2014 05:38 ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေ နိုင်ငံရပ်ခြားမှာ အဆင့်မြင့်ပညာရပ်တွေ ရွေးချယ်သင်ကြားနိုင်ဖို့အတွက် မှန်ကန်တဲ့လမ်းညွှန်မှုတွေက အရေးကြီးကြောင်းနဲ့ ပြည်တွင်းမှာလည်း အဆင့်ြ့မင့် ပညာရေးပြုပြင်ပြောင်းလဲမှုတွေအတွက်
သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့် တူမောင်ညို မိုးမခ၊ ဇွန်လ ၂၂၊ ၂၀၁၄ ခုနှစ် “ဘာသာ၊သာသနာ”တို့ဆိုတာ အာဏာရဲ့လက်အောက်ခံသာလျှင် ဖြစ်တယ်ဆိုတဲ့အချက်ကို “သန္တိသုခကျောင်း” စီးနင်းသိမ်း ပိုက်မှု ကနေတဆင့် ကြံ့ဖွံ့အစိုးရက လက်တွေ့ပြသလိုက်ပြီ။
ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့  ဂျွန်လ ၂၁ ရက်    ရန်ကုန်၊ မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
မြန်မာ ဒုက္ခသည် သန်းကျော်ရှိ  ဂျွန်လ ၂၁ ရက်     မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP၊ IDP လို အခြေအနေမျိုး မှာ နေထိုင်နေရသူ၊ နိုင်ငံမဲ့၊ IDP လို အခြေအနေမှာ နေထိုင်နေရ သူတွေ အပါအ၀င် နေရပ်ပြန်သွားတဲ့ IDP နဲ့ ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့ ဒုက္ခသည် စသည်အားဖြင့် စုစုပေါင်း အရေအတွက် ၁.၂ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲ တရားမျှတဖို့ ဖွဲ့စည်း ပုံပြင်ဆင်ဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ဂျွန်လ ၂၁ ရက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ဆိုရင်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ တောင်ငူမြို့ အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။
အခြေခံအုတ်မြစ်က စပြီး ပြောင်းလဲပစ်ရမယ့် မြန်မာ့ပညာရေးစနစ် ဦးစည်သူအောင်မြင့်, အင်ကြင်းနိုင် VOA - 21.06.2014 23:19 ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြင့်မြင့်ခင် တစ်ယောက် ကွယ်လွန်သွားခဲ့ပါပြီ။ ဒေါက်တာမြင့်မြင့်ခင် ကွယ်လွန်သွားတာဟာ မြန်မာ့ပညာရှင်လောက၊ ဆေးလောကအတွက် အစားထိုးမရတဲ့
မြန်မာ့နည်း မြန်မာ့ဟန် PR ရှေ့ခရီး နော်ကိုကို http://www.thevoicemyanmar.com/ Saturday, 21 June 2014 05:09 အမျိုးသား လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် အချိုးကျကိုယ်စားပြု (PR) စနစ် အသုံးပြုရေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် လွှတ်တော်တွင်း အဆိုအောင်မြင်ခဲ့သော်လည်း ရှေ့လုပ်ငန်းစဉ်များမှာမူ ပြက်ပြက်ထင်ထင်
ဒေါ်အောင်ဆန်းစုကြည် ရေတာရှည်မြို့  ဟောပြောပွဲ (အသံဖိုင်)  ဂျွန်လ ၂၁ ရက်နေ့   အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ပဲခူး တိုင်း ဒေသ ကြီး ၊ ရေတာ ရှည် မြို့ နယ် တွင် ပြုလုပ် ကျင်းပ သော ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေပါ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထု ဟောပြောပွဲ  အသံဖိုင် နားဆင် နိုင်ပါ ရန်
ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ ဟောပြောပွဲ (အသံဖိုင်)  ဂျွန်လ ၂၁ ရက်နေ့  တပ်မတော်ကို မုန်းတီးလို့ ၄၃၆ကို ပြင်ချင်တာ မဟုက်ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်များ အနေနဲ့ မယူထားသင့်တဲ့ အခွင့်အရေးကို မယူစေချင်လို့။ တစ်နည်းအားဖြင့် တပ်မတော်ရဲ့ သိက္ခာကို ငဲ့ပြီးတော့ ကျွန်မတို့ ပြုပြင် ပြောင်းလဲချင် တာဖြစ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်။" ဒေါ်အောင်ဆန်းစုကြည်-၂၁၊ ၆၊ ၂၀၁၄ အသံဖိုင်
အိန်ဂျလီနာဂျိုလီ မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ ဂျွန်လ ၂၁ ရက်နေ့ ဇွန်လ ၂ဝ ရက် မနေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည် များနေ့မှာ အမေရိကန်က နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ မင်းသမီး ဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဌာနရဲ့ ဂုဏ်ထူးဆောင်သံတမန်တစ်ဦး အဖြစ် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားခဲ့တာဖြစ်ပြီး၊ စခန်းမှာရှိတဲ့ ကရင်နီဒုက္ခသည်တွေ
သမ္မတ ခိုင်းတာမလုပ်သဖြင့် ဦးဆန်းဆင့်ကို အရေးယူခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော ဂျွန်လ ၂၀ ရက်    သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။ “ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ် မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ
facebook ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် တောင်းပန် ဂျွန်လ ၂၀ ရက်    ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ ရဲ့  Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြ ထားပါတယ်။
ကိုမင်းကိုနိုင်နဲ့အဖွဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ ဂျွန်လ ၂၀ ရက်   သြစတြေးလျနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံခဲ့ ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်နဲ့အတူ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ပါဝင်ပြီး မနေ့က မနက်ပိုင်းမှာ မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ သြစတြေးလျ ပါလီမန်အမတ်များအဖွဲ့ (APDB)
သန္တိသုခ ဖမ်းဆီးခံဆရာတော် ၅ ပါး အာမခံနဲ့ ပြန်လွတ်လာ ဂျွန်လ ၂၀ ရက်   အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မဟာသန္တိသုခကျောင်းတိုက်က အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ပါးဟာ ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမခံပေးလိုက်ပြီး ညနေပိုင်းမှာ မဟာသန္တိသုခကျောင်းတိုက်အနီးက သာသနာ့ဇေယျ မင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ သိမ်ဝင်ပြီး ရဟန်း အဖြစ် သိက္ခာတင်ခဲ့ပါတယ်။ လန်ဒန်ဓမ္မရံသီ ဆရာတော် ဦးဥတ္တရက သင်္ဃန်းပြန်ဝတ်အပြီးမှာ ရောက်ရှိနေကြတဲ့ ဒကာ ဒကာမတွေနဲ့ သတင်းထောက်တွေကို  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။
ဦးဝိရသူ မစိုးရိမ်တိုက်သစ် မန္တလေး ကြေညာချက်
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ သြစတြေလျနိုင်ငံမဲဘုန်းနှင့် Brisbane မြို့များတွင်ကျင်းပ ဂျွန်လ ၂၀ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို သြစတြေလျနိုင်ငံ မဲဘုန်းမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြစတြေလျ မှ ကြိမ်ခွဲပြီးကျင်းပ ခဲ့ကြပါတယ်။ နေ့ခင်းပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြစတြေလျ မှ အဖွဲ့ဝင်များဖြစ်ကြသော ကိုလှဦး ဒေါ်ချောပို ကိုစောနေ၀င်း ကိုမင်းမင်း ကိုမြင့်ဆွေတို့နှင်အတူ   မြန်မာမိသားစုများစုပေါင်းပြီး ဗုဒ္ဒမာမက
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်းကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့် ဂျွန်လ ၂၀ ရက်  နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်က အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ်မြောက် မွေးနေ့ကျင်းပ ဂျွန်လ ၂၀ ရက်  ဒီနေ့မှာကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့အခမ်းအနားကို ဗဟန်း မြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့  နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်က အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့နှုတ်ခွန်းဆက် သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီသ၀ဏ်လွှာကို အန်အယ်လ်ဒီ အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင် ဒေါ်အိအိမာက ဖတ်ကြားခဲ့ပါတယ်။
မြန်မာဒုက္ခသည်တွေ ဌာနေပြန်ပို့နိုင်ရေး မဲဆောက်မှာဆွေးနွေး  ဂျွန်လ ၂၀ ရက်   ထိုင်းနိုင်ငံတွင်းမှာ နှစ်ပေါင်း ၂၀ ကျော်  အခြေချနေထိုင်နေတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နေရပ်ရင်းကို ပြန်လို့ ရ - မရ ဆိုတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက တာဝနှ်ရှိသူတွေ အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်တွေက UNHCR စတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပုဒ်မ ၄၃၆ ပြင်ရေးဟာ တရားအလုပ်တစ်ရပ်ဖြစ်ကြောင်း အရှင်ဆန္ဒာဓိက မိန့်ကြား ဂျွန်လ ၁၉ ရက်    ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးတာဟာ ရဟန်းအလုပ် ရဟန်းလုပ်တာဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက အခုလို မိန့်ကြားပါတယ်။
ဝန်ကြီးဦးဆန်းဆင့်ကို အဂတိ လိုက်စားမှု၊ သံဃာသဘောထား ကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ ဂျွန်လ ၁၉ ရက်  သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။ သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲ လိုက်ကြောင်း နေပြည်တော်အသိုင်း အ၀ိုင်းက ပြော ပါတယ်။
နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား ဇွန် ၁၉  စံလှကြီး မိုးမခ၊ ဇွန် ၁၇၊ ၂၀၁၄ ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို
မြန်‌မာ့သယံဇာတ၊ တရုတ်‌စီးပွား‌ရေးစီမံကိန်းများနဲ့ တရုတ်နိုင်ငံသဘောထား  ဇွန် ၁၉  ဦးစည်သူအောင်မြင့်, အင်ကြင်းနိုင် VOA - 14.06.2014 22:44 ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပတဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထပ်သီးအစည်းအဝေးနဲ့ အာဆီယံဒေသတွင်းဆိုင်ရာ ဖိုရမ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး လျူကျင်းမင်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက
အစိုးရတပ်ရဲ့  လိင်အကြမ်းဖက်မှု မှတ်တမ်းများ ဦးအောင်ခင်, ကျော်ကျော်သိန်း VOA - 19.06.2014 18:47 အစိုးရစစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့်တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့  အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မဟာသန္တိသုခကျောင်း စီးနင်းမှု ဒေါ်အောင်ဆန်းစုကြည် ပစ်တင်ပြောကြား ဂျွန် ၆  တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက်စီးနင်းကာ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပစ်တင်ဝေဖန်လိုက်ပါတယ်။ & nbsp; ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေပါတယ်ဆိုတဲ့ အခုကာလမျိုးမှာ ဒီလိုမဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ယုဇနကုမ္ပဏီဆန္ဒပြသူများ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခံရ ဂျွန်လ ၁၈ ရက် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်း ဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ ဦးတန်ဂွန်းက အခုလိုပြောပါတယ်။