Skip to main content
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို အမေရိကန်ဝန်ကြီး မေးမြန်းလေ့လာ
ဂျွန်လ ၂၄ ရက်

  မြန်မာ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမား ရေးရာ ဆိုင်ရာ လက်ထောက် ၀န်ကြီး တွမ်မာလီနောင်စကီး ဦးဆောင်တဲ့ ကိုယ် စားလှယ် အဖွဲ့ဟာ ၂၀၁၅ ရွေးကောက်ပွဲဟာတရားမျှတမှုရှိနိုင်မရှိနိုင်၊ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အပေါ် သဘောထား စတဲ့ ကိစ္စရပ်တွေကို ကရင်ပြည်နယ် ဘားအံမှာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။

ဇွန် ၂၃ ရက်နေ့ ညနေပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တခြားနိုင်ငံရေး ပါတီတွေနဲ့ ကရင်ပြည်နယ် ဘားအံမှာ တွေ့ဆုံရာမှာ အခုလို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီကို အခုလို ပြောပါတယ်။
“သူတို့ မေးတဲ့ မေးခွန်းတွေက ကောင်းပါတယ်။ လူထုက ဘယ်လိုပါတီမျိုးကို ထိပ်ဆုံး စိတ်ဝင်စားမယ် ထင်သလဲ။ အဲဒီလို မေးတော့မှ အန်တီတို့လည်း ပြန်စဉ်းစား ထားရမယ်။ နောက်ပြီးတော့ သူတို့က ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်လားတဲ့…။ ရွေးကောက်ပွဲ ကော်မရှင်က တဖက်စောင်းနင်းပြောနေတာတောင်မှ အန်တီတို့ ဒေသက လူတွေက ဒါကို လက်ခံပါတယ်။ မျှတပါတယ်ဆိုတော့ နိုင်ငံခြားသားတွေတော့ ဘယ်လို သုံးသပ်သလဲတော့ မသိဘူး။ အဲဒီလို မျိုးရှိတယ်ဆိုတာ သိရတော့ ဒေသခံတိုင်းရင်းသားတွေပဲ ရိုးတာလား ဒါမှမဟုတ်ရင် သူတို့ကို ဟိုဘက်ကလူတွေ စည်းရုံးမှုတွေ လွှမ်းမိုးနေတာလား။ မမျှတတာကို မြင်မြင်ကြီးနဲ့ မျှတပါတယ်လို့ ပြောနေတော့ ကိုယ်လည်း မပြောချင်တော့ဘူး။”
ဒီကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံဖို့ ရှိနေသလို ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ အခုကတည်းက ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ အပါအ၀င် ပါတီ ၄ ခုလောက် တက်ရောက်ခဲ့သလို့ ၀န်ကြီး တွမ်မာလီနောင်စကီးနဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လည်း လိုက်ပါလာတာဖြစ်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီတွေကတော့ အစည်းအဝေးကို မတက်ရောက်ဘူးလို့ ဆိုပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေး နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနက အဆင့်မြင့် အရာရှိ တွေလဲ လိုက်ပါလာကြသလို မွန်ပြည်နယ် မော်လမြိုင်၊ ကရင်ပြည်နယ် ဘားအံ နေပြည်တော် တို့ကို ဇွန် ၂၂ ရက်ကနေ ၂၈ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ မြန်မာ စစ်တပ်အရာရှိတွေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို စေ့စပ်ညိနှိုင်းမှာ ဖြစ်သလို လူမှုရေးအဖွဲ့ အစည်းတွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ သူတို့ ဒေသခံနဲ့ မဲဆန္ဒနယ်က လူအသိုင်းအ၀န်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
By

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...