Skip to main content
သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်
တူမောင်ညို
မိုးမခ၊ ဇွန်လ ၂၂၊ ၂၀၁၄ ခုနှစ်

“ဘာသာ၊သာသနာ”တို့ဆိုတာ အာဏာရဲ့လက်အောက်ခံသာလျှင် ဖြစ်တယ်ဆိုတဲ့အချက်ကို “သန္တိသုခကျောင်း” စီးနင်းသိမ်း ပိုက်မှု ကနေတဆင့် ကြံ့ဖွံ့အစိုးရက လက်တွေ့ပြသလိုက်ပြီ။
သံဃာတွေလှုပ်ရှားလာရင် “မီးလောင်းဗုံး” နဲ့ ပစ်ခတ်နှိမ်နင်းရတယ်ဆိုတဲ့ အချက် ကိုတော့ “လက်ပံတောင်းအရေးအခင်း” မှာ ကျနော်တို့ပြည်သူများ ကိုယ်တွေ့မျက်မြင်သိရှိခဲ့ကြပြီးပြီ။

ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြံ့ဖွံ့သမ္မတ (ဗိုလ်) ဦးသိန်းစိန်အနေနဲ့ အောက်ပါ ပြဿနာ ၂ ခုကို ဖြေရှင်းပြဖို့ တာ ဝန်ရှိပါတယ်။

- ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
- ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

● ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ

“ရွှေဝါရောင်တော်လှန်ရေး” မှာ ပီနန်ဆရာတော် ပါဝင်အားပေးမှုအပေါ် အညှိုးအတေးအာဃာတနဲ့ ကြံ့ဖွံ့အစိုးရကလက်စားချေတာလို့မြင် ပါတယ်။ ဒီအချက်ကို သီတဂူဘုန်းကြီးလည်းထောက်ပြထားပါတယ်။

(ဗိုလ်) သိန်းစိန်ကြံ့ဖွံ့အစိုးရက“သင်္ကန်းဝတ်စွမ်းအားရှင်များ”ကို “မျိုးစောင့်ဥပဒေ” ဖန်တီးခိုင်းရုံတင်မကဘူး၊ “ဝေါ်ကီတော်ကီ” တပ်ဆင် ပေးပြီး စီနင်းသိမ်းပိုက်ရေးမှာပါ အသုံးချလာခဲ့ပြီ။

ချုပ်လိုက်ရင် ကြံ့ဖွံ့အစိုးရဟာ သူတို့ရဲ့ ရိုင်းစိုင်းမှုနဲ့ အကြမ်းဖက်မှုစံချိန်ကို တဆင့်တိုး ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေ အထင်သားမြင်နေရတာသော်လည်း ဘုန်းကြီးဝီရသူက မျက်ကွယ်ပြုပြီး “အံ့မောင်”ကို သာ အဓိကတရားခံ အဖြစ်ယိုးမယ်ဖွဲ့နေတယ်။ ဒီအချက်က အဓိကတာဝန်ရှိသူဖြစ်တဲ့ သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ ကြံ့ဖွံ့အစိုးရကို ဗြောင်အကာအကွယ်ပေး တာနဲ့ လမ်းလွှဲပေးတာဖြစ်ပါတယ်။ ဘုန်းကြီးဝီရသူက သံဃာ့အရေးမှာလည်း သူဟာ ရှေ့ကနေပါဝင်သူပါဆိုပြီး သူ့ကိုယ်သူ သိဒ္ဓိတင် အမြတ်ထုတ်လိုက်တာလည်းဖြစ်တယ်။

ဘုန်းကြီး ၅ ပါးကို ပုဒ်မ ၂၅၉(က) သာသနာညှိုးနွမ်းစေမှု၊ ဥပဒေအမှတ် ၂၀/၉၀ သံဃာအဖွဲ့အစည်းဆိုင်ရာပြစ်မှုတွေဖမ်းဆီး၊ လူဝတ်လဲ စေပြီး၊ အခုတော့ တစ်ပါးကို “ သိန်း ၂၀၀ အာမခံ” နဲ့ ပြန်လွှတ်ပေးထားပါတယ်။

လန်ဒန်က ဘုန်းကြီး ဦးဥတ္တရဟာ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်ကို “မြန်မာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆု” ပေးအပ်ဂုဏ်ပြုခဲ့တဲ့ ဘုန်းကြီးဖြစ် ပါတယ်။ (ဗိုလ်) ဦးသိန်းစိန်က ဒီဆုရဲ့မျက်နှာကိုတောင်မထောက်ထားပဲ ဖမ်းချုပ်ပြီး လူဝတ်လဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ကနေ ဒီကိုယ် တော်လည်း “သံဝေဂ” တော့ရလိမ့်မယ်လို့ ထင်ရတာပါပဲ။

● ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

ပြဿနာရဲ့ဒီဂရီ အတိုင်းအတာက ကြံ့ဖွံ့သမ္မတ (ဗိုလ်) ဦးသိန်းစိန်အဖို့ သာသနာရေးဝန်ကြီးကို ဖြုတ်၊ ထုတ်၊ ဖမ်းချုပ်ရတဲ့အဆင့်ထိ ရောက်သွားတယ်။

ဗိုလ်ဆန်းဆင့်ဟာ (နအဖ)စစ်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး စတဲ့တာဝန်တွေယူခဲ့သူဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကြံ့ဖွံ့ ပါတီဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

မီဒီယာသတင်းတွေအရဆိုရင် ဗိုလ်ဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင် ပို့ထားတယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှုဆိုတာ အရပ်စကားနဲ့ ပြောရရင် ပြည်သူ့ငွေတွေကို “ဘုံးတာ/ခိုးတာ” ပါ။

သာသနာရေးဝန်ကြီးကို ခိုးမှုနဲ့အရေးယူရတယ်ဆိုတာကတော့ဖြင့် အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော်တဲ့အဖြစ်ပါပဲ။ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်တို့အုပ်စိုးနေတာအချိန်ကာလကို “အမြင်မတော်/အကြားမလျော်တဲ့ဖြစ်ရပ်တွေ ဝရုန်းသုန်းကား ပေါ်ပေါက်ဖြစ် ပွားနေတဲ့ကာ လကြီး” လိုပြောရင်လွန်မယ်မထင်ပါဘူး။

ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်၊ ဘုံးကြတယ်၊ ခိုးကြတယ်ဆိုတာ ဗိုလ်ဆန်းဆင့်တစ်ယောက်ထဲတော့ ဟုတ်မယ် မ ထင်ပါဘူး။ အုံနဲ့ကျင်းနဲ့ ဂိုဏ်းဖွဲ့ပြီးခိုးကြတာဖြစ်ပါလိမ့်မယ်။

ဒီတော့ ဒီဖြစ်ရပ်မှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ (ဗိုလ်)ဦးသိန်းစိန်အနေနဲ့ သမ္မတတစ်ယောက်အနေနဲ့ရော၊ အစိုးရအဖွဲ့ကို တာဝန်ခံတဲ့အနေနဲ့ရော ပြည်သူများရှင်းရှင်းလင်းလင်းသိအောင် ထုတ်ဖော်ရှင်း လင်းပြဖို့လိုပါတယ်။ ဇွန်လ ၁၉ ရက်နေ့က “ကျန်းမာရေး ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာအစည်းအဝေး” မှာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ပြောခဲ့သလို “မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက် စွာ အရေးယူခြင်းမရှိဘဲ၊ အချင်းချင်း ဖုံးဖိပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်သည်” ဆိုတဲ့ပြောဆိုချက်ကို အပြော သက်သက်မဟုတ်ဘဲ၊ စံနမူနာပြအဖြစ် တကယ်လက်တွေ့ လုပ်ဆောင်ပြစေလိုပါတယ်။

သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက် တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ်အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ဒါကြောင့်မလွှဲမရှောင်သာအရေးယူလိုက်ရတယ်” ပြောပါတယ်။

ဒါကြောင့် ဗိုလ်ရဲထွဋ်ပြောတဲ့စကားထဲမှာပါသလို ဗိုလ်ဆန်းဆင့်ချို့ယွင်းချက်အားနည်းချက်တွေက ဘာတွေလဲ၊ သန္တိသုခကိစ္စ ထက်ပိုမိုကြီးမားတဲ့၊ ပိုမိုများပြားတဲ့ အခြားကိစ္စတွေက ဘာတွေလဲ၊ ဒါတွေကို “ဖုံးဖိပြေပျောက်စေ” တာမျိုးတွေမလုပ်ဆောင်ဘဲ။ ဒီကိစ္စ တွေကို သံဃာထုနဲ့ပြည်သူလူထု သိအောင်အကျယ်တဝင့်ရှင်းပြဖို့လိုအပ်ပါတယ်။

ယင်းသို့ ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ဘက်က အချက်အလက်နဲ့ရှင်းပြသလို၊ ဖမ်းချုပ်ခံ ဗိုလ်ဆန်းဆင့်ကို ပြန်လည်ရှင်း လင်းထုချေခွင့်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုပေးမှလည်း မျှတမှုရှိပါလိမ့်မယ်။ ဗိုလ်သိန်းစိန်တို့ဘက်ကချည်းပဲ ပြစ်မှုတင်စွပ်စွဲ၊ ဖြုတ်ထုတ် ဖမ်းဆီး၊ ထောင်ချပစ်မယ်ဆိုရင် တရားမျှတလိမ့်မယ်မဟုတ်ပါ။

ဗိုလ်ဆန်းဆင့်ဘက်က ရေးကြတဲ့ သတင်းများအရဆိုရင် ဗိုလ်ဆန်းဆင့်ဆီမှာ “အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အကျင့်ပျက်ချစားမှု များနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားများစွာရှိကြောင်း”ကြားသိနေရပါတယ်။ ဒီတော့ ဗိုလ်ဆန်းဆင့်ကို ဥပဒေနဲ့အညီ ခုခံချေ ပခွင့်တော့ ဗိုလ်သိန်းစိန်တို့ဘက်ကပေးမှသာလျှင် တရားမျှတပေလိမ့်မယ်။

ဘာသာရေးဘက်က ဆုံးမသင်ကြားချက်တစ်ခုဖြစ်တဲ့ “ရန်သူမျိုး ၅ ပါး”ထဲမှာဆိုရင်လည်း “သူခိုးနဲ့မင်း(အုပ်စိုးသူ)”ကို တစ် တန်းထဲထားပြီး ဖော်ပြထားတာပါ။

ဒါ့အပြင်(မဆလ)အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရ၊ကြံ့ဖွံ့အစိုးရတွေထဲမှာ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမလုပ်တဲ့သူ၊ မဘုံးတဲ့သူ၊ မခိုးတဲ့သူ၊ မရှိဘူးဆိုတာကို ပြည်သူတွေကတော့သူတို့ဘဝပေးအတွေ့အကြုံများအရလေးလေးနက်နက်သိရှိ သဘောပေါက်ထားပြီးသား ဖြစ်ပါတယ်။ အခုလည်းပြည်သူတွေသိချင်တယ်ဆိုတဲ့အချက်က ဘယ်သူတွေဟာ ဘယ်လိုပမာဏနဲ့အတိုင်းအတာကို ဘယ်လိုနည်းလမ်း တွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ဘုံးခဲ့ကြသလဲ၊ ဘုံးနေကြသလဲ ဆိုတဲ့အချက်ကိုသာလျှင်သိချင်နေကြတာပါ။ ။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...