Skip to main content

Posts

Showing posts from January, 2020

NLD နှင့် စစ်တပ်အကြား ဖွဲ့စည်းပုံ ပြင် ဆင်ရေး အငြင်းပွားမှု များ အရှိန် မြင့်လာနေ

·  Saya Chit ဇန်နဝါရီ ၂၈ ရက် ညနေ ၁၄:၃၀ ဒီအချိန်မျိုးမှ မဝန်းရံရင် ဘယ်အချိန်မှ ဝန်းရံကြမလဲ ... နောင်တစ်ချိန်မှာ တိုင်းပြည်နဲ့နောင်လာနောင်သားတွေ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့အတွက် ဒီတာဝန်ကို အားလုံးမှ ာ တာဝန်ရှိတယ် .... NLD နှင့် စစ်တပ်အကြား ဖွဲ့စည်းပုံ ပြင် ဆင်ရေး အငြင်းပွားမှု များ အရှိန် မြင့်လာနေ ••••••••••••••••••••••••••••••••••••••••• လွှတ်တော်မှ တာဝန်ပြဠာန်းပေးထားသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ မှ တနင်္လာနေ့တွင် ဥပဒေကြမ်း နှစ်ခု အား အောင်မြင်စွာ တင်သွင်းနိုင်ခဲ့သဖြင့် အဆိုပါ အရေး အပေါ် စစ်တပ်နှင့် NLD အကြား သဘောထား ကွာဟမှုများ ကျယ်ပြန့် လာခဲ့ပြီ ဖြစ်သည်။ ကော်မတီ မှ တင်သွင်းခဲ့သော ဥပဒေကြမ်း နှစ်ခု တွင် လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ် အရေအတွက်ကို ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ၁၅% အထိ လျော့ချရေး၊ နောက်ပိုင်း ရွေးကောက်ပွဲများတွင် ၅% စီ လျော့ချသွားရေး နှင့် ကာလုံအား အရပ်သားများ ထည့်သွင်းပြီး တိုးချဲ့ ဖွဲ့စည်းရန် တို့ ပါဝင်လာခဲ့သည်။ (လက်နက်ကိုင် တပ်ဖွဲ့များ၏ ဦးစီးချုပ် ဆိုသည့်ရာထူးအား ဖယ်ရှားပြီး ကြည်း၊ရေ၊‌ လေ အတွက် စစ်ဦး

ခါတော်မီ ဆန္ဒပြစားနေသူများသို့..

·  Thant Zin Htet ဇန်နဝါရီ ၂၉ ရက် ညနေ ၁၈:၂၉ မင်းတို့ကောင်တွေ ဒီတစ်သက် လူတောတိုးပါဦးမလား ၈၈ က အမကြီးလည်း ပြောပြီ .... ခါတော်မီ ဆန္ဒပြစားနေသူများသို့... ..................................... ၈၈ကို မင်းတို့မီရဲ့လား။ ငါက ၈၈ က ကျောင်းသူဟောင်းတစ်ယောက်ပဲ။ ရွှေဝါရောင်ကိုရော မင်းတို့မီရဲ့လား။ ရွှေဝါရောင်တုန်းကလည်း ငါတို့ဆန္ဒပြခဲ့တယ်။ အေး ဒါပေမဲ့ ခု မင်းတို့လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချတယ်။ ဘာလို့လည်းသိလား... ငါတို့က အာဏာရှင်စံနစ်ဖြုတ်ချသူ။ မင်းတို့က အာဏာရှင်စံနစ် သက်ဆိုးရှည်စေရေး လုပ်ဆောင်နေသူ ။ အာဏာရှင် လက်ကိုင်ဒုတ်။ ငါတို့တွေတုန်းက အခု မင်းတို့လိုလုပ်ရင် ရက်ရက်စက်စက် အသတ်ခံရပီးသားပဲ ။ အခု မင်းတို့ကိုဖိတ်ခေါ်သလို စားပွဲပေါ်မှာဆွေးနွေးဖို့ ဖိတ်ခေါ်မယ်ထင်သလား ။ဝေးသေး။ ဆန္ဒပြတာနဲ့ ဂျေးအောင်းပဲ။ အေး မင်းတို့တွေကို လူလို သူလို မျက်နှာသာ ပေးတာကို ရွှေရေးပန်းကန်တက်မလုပ်နဲ့ ငါ ၈၈တုန်းက မင်းတို့ထက် အဆများစွာ ဆန္ဒပြလာခဲ့သူ။ စစ်ဖိနပ်အောက်က အမေစုကယ်တင်ထားလို့ ငါတို့လွတ်မြောက်နေခဲ့တာ။ ငါတို့မြန်မာလူမျိူးမှာ ဂါရဝတရားဆိုတာ ရှိရတယ်။ သိပ်မမိုက်ရိ

“တပ်မတော် ရဲ့ ဝှက်ဖဲ တစ်ချပ်”

 ·  Thant Zin Htet မနေ့က ညနေ ၁၄:၂၃ တွင် “တပ်မတော် ရဲ့ ဝှက်ဖဲ တစ်ချပ်” ------------------------------------ ဘာကြောင့်များ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ က ခြေ/ဥ ကို ပြင်ဖို့ အသည်းအသန် ကန့်ကွက်နေ ရတာလဲ။ နိုင်ငံရေးအာဏာလိုချင်လို့လား။ No ပါ။ မဟုတ်ပါဘူး ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ မဖြစ်အောင်လို့လား။ ဒါလည်းမဟုတ်ပါဘူး။ ဘယ်သူ သမ္မတလုပ်လုပ် သူတို့က နိုင်ငံ့ရဲ့ အကာတွေကော၊ အနှစ်တွေကောပါ အိတ်ထဲထည့်ပြီးပြီဖြစ်လို့ စိတ်မ၀င်စားတော့ပါ။ အထူးသဖြင့် ခေတ်အဆက်ဆက် ထုတ်ချင်တိုင်းထုတ် ၊ ခိုးချင်တိုင်းခိုး နောက်ဆုံး အခွံ နဲ့ ပြဿနာတွေ ပဲ ကျန်တော့တဲ့ နိုင်ငံကို သူတို့ ခေါင်းဆက်ခံပြီး တာ၀န်ယူဖို့ လုံး၀မဖြစ်နိုင်ပါဘူး။ ဒါဆို ဘာကြောင့် ခြေ/ဥ ကို အပြင်းအထန် ကန့်ကွက်တာလဲ။ အားလုံးစိတ်၀င်စားမယ်လို့ ထင်ပါတယ်။ ဒီလိုပါ ။ ဖွဲ့စည်းပုံကို အသက်နဲ့ လဲပြီး ကာကွယ်ရတဲ့ အကြောင်းအရင်းက တစ်ချက်တည်း ရှိပါတယ်။ အဲ့ဒါဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) က ပုဒ်မ ၄၄၅ ကြောင့်ပဲဖြစ်ပါတယ်။ အခန်း ၁၄ ပုဒ်မ ၄၄၅ မှာ ပါရှိတဲ့ အချက်တွေဟာ ဘာတွေ လဲဆိုတာ အတိအကျ ရေး

တကိုယ်တော် ပရဟိတသမား ခင်နှင်းကြည်သာ ရဲ့ ဆွေးနွေးချက် စကား တစ်ခွန်းက ယနေ့ နိုင်ငံတော် ဘယ်ခြေလှမ်းလို့ ဘယ်စခန်းမြန်း မှာလဲ လို့ ခေါင်းလောင်းထိုးလိုက်သံ ဖြစ်ပါတယ်။

·  Khin Oo  သည်  Tinttint Lwintun ၊  အခြား ၇ ဦး  တို့နှင့်အတူ ရှိနေသည်။ မနေ့က ညနေ ၁၆:၅၆ တွင် တကိုယ်တော် ပရဟိတသမား ခင်နှင်းကြည်သာ ရဲ့ ဆွေးနွေးချက် စကား တစ်ခွန်းက ယနေ့ နိုင်ငံတော် ဘယ်ခြေလှမ်းလို့ ဘယ်စခန်းမြန်း မှာလဲ လို့ ခေါင်းလောင်းထိုးလိုက်သံ ဖြစ်ပါတယ်။ ***************** ************* " ကျွန်မတို့မျိုးဆက်ဟာ အနစ်နာခံရမယ့် မျိုးဆက်ဖြစ်နေတယ်၊ ကျွန်မတို့ကို ဘာပေးမှာလဲလို့ တောင်းနေရမယ့် အချိန်မဟုတ်တော့ဘူး ကျွန်မတို့ထက် ငယ်တဲ့လူငယ်လေးတွေက ဘာပေးမလဲလို့တောင်းရမယ့် လူငယ်လေးတွေ ဖြစ်ဖို့အတွက် ကျွန်မတို့က အနစ်နာခံရမယ့် လူငယ်တွေ ဖြစ်သွားပြီ " ဆင်းရဲခြင်း လွတ်ကင်းအောင် ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တဲ့ တတိယအကြိမ် ယောမင်းကြီးဇရပ်စကားဝိုင်းမှာ တကိုယ်တော်ပရိဟိတသမားများကွန်ရက် တည်ထောင်ခဲ့သူ ခင်နှင်းကြည်သာ၏ ဆွေးနွေးချက် ဖြစ်ပါတယ်။ ************** ************ အနှစ်နာခံရမယ့် မျိုးဆက် ဆိုတာ ယခု အရွယ်ရောက်ပြီး ၁၈ နှစ် အရွယ်ကစလို့ နှစ် ၈၀ / ၉၀ အရွယ်တွေထိ အသက်ရှင်သန်ဆဲ အားလုံးဘဲ ။ လူငယ်တွေဆိုရာမှာလည်း တပ်မတော်သား ရဲတပ်ဖွဲ့သား ကျောင်းသား ကျောင်းဆရာ ဆရာဝ

ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေ့အကြုံများ" စကားဝိုင်း တိုက်ရိုက် ထုတ်လွှင့်မှု MRTV - LIVE

ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေ့အကြုံများ" စကားဝိုင်း တိုက်ရိုက် ထုတ်လွှင့်မှု  MRTV - LIVE

KIA အဖွဲ့မှ အဖွဲ့ဝင် ၂၁ ဦး တပ်မတော်ထံ အလင်းဝင်ရောက်

·  ‎ Thaw Tar Moe Myint ‎   အထိ   တပ်မတော်နှင့်စစ်သတင်း ၁၀ နာရီ KIA အဖွဲ့မှ အဖွဲ့ဝင် ၂၁ ဦး တပ်မတော်ထံ အလင်းဝင်ရောက် နေပြည်တော် ၊ ဇန်နဝါရီ - ၃ဝ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စခန်းသို့ ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ (၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိလာခြင်း၊ တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မုံးကိုးတပ်နယ်မှ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှ

မရဏမောင်းနှင့်အောင်စည်။ ။ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရသွားတဲ့အခါ အဓိကအားဖြင့် အောက်ပါအချက်တွေ ပြောင်းလဲသွား တော့မှာဖြစ်ပါတယ်။

မရဏမောင်းနှင့်အောင်စည်။ ။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းလိုက်တဲ့ (၄၅)ဦးပါကော်မရှင်ရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်ဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေအတွက်က တော့ မရဏမောင်းသံပါပဲ။ ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရသွားတဲ့အခါ အဓိကအားဖြင့် အောက်ပါအချက်တွေ ပြောင်းလဲသွား တော့မှာဖြစ်ပါတယ်။ ၁။ ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်များအားလုံးရဲ့ အကြီးအကဲမဟုတ်တော့ပါ ဘူး။ ၂။ စစ်တပ်အမတ်ဦးရေးကို (၂၀၂၀)ခုနှစ်ကစပြီး တဖြေးဖြေးချင်း လျှော့ချရပါတော့မယ်။ ၃။ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေကျရောက်လာတဲ့အခါ ကာကွယ်ဦးစီးချုပ်က ဦး ဆောင်ဖြေရှင်းခွင့်မရှိဘဲ သမ္မတကသာ ဦးဆောင်ဖြေရှင်းရမှာပါ။ ၄။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ စစ်တပ်ဘက်က မဲအသာစီးယူထားလို့ မရတော့ပါဘူး။ ၅။ ပြည်ထောင်စု၊ပြည်နယ်တိုင်းဒေသကြီး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်အားလုံးမှာ တာ ဝန်ထမ်းဆောင်မဲ့ ကာကွယ်ရေး၊အုပ်ချုပ်ရေး၊နယ်စပ်ဒေသအုပ်ချုပ်ရေး ဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ခန့်အပ်ခွင့်မရှိတော့ပါဘူး။ ၆။ နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့ အချက်ကို ပယ်ဖျက်မှာဖြစ်တဲ့အတွက် ဗိုလ်ချုပ် ဟောင်းတွေ ခိုးဝှက်ထားသမျှ နိုင်ငံပိုင်

ရခိုင် AA ချင်းပြည်နယ်အတွင်း နောက်ထပ်လှုပ်ရှားလာမည်ဆိုပါက ချင်းကျောင်းသားတပ်မတော်မှ အပြတ်တိုက်ထုတ်မည်

ပလက်ဝမြို့ လူငယ်များ ဆုံစည်းရာ စာမျက်နှာကို နှစ်သက်ပါ ၂၀၁၇၊ ၂၅ မေ  ·  ရခိုင် AA ချင်းပြည်နယ်အတွင်း နောက်ထပ်လှုပ်ရှားလာမည်ဆိုပါက ချင်းကျောင်းသားတပ်မတော်မှ အပြတ်တိုက်ထုတ်မည် ။ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချင်းြ ပည်နယ်အတွင်း သွားလာလှုပ်ရှားမှု လုံးဝမပြု လုပ်ရန် ချင်းတပ်မတော်မှတောင်းဆိုလိုက်ပါတယ် ။ အရင်ကလည်း ချင်းပြည်နယ်အတွင်းမှာ သွားလာလှုပ်ရှားမှု မပြု လုပ်ရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်ပါတယ် ။ သတိပေးသည့်အကြား မကြာသေးခင်ကပဲ ဗမာ့တပ်မတော်နဲ့ ရခိုင် AA တို့က တိုက်ပွဲခဏဖြစ်ပြီး ချင်းပြည်သူလူထု ၃၀၀ ကျော် စစ်ပြေးရှောင်ခဲ့ကြတယ် ။ ။ ယခုချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဒုက္ခအမျိုးမျိုးကြုံတွေ့နေကြတယ် ။ ။ တိုင်းရင်းသားအချင်းချင်းမို့နားလည်မှု ပေးရပါတယ် ။ AA ဟာ ချင်းပြည်နယ်အတွင်းမှာ သွားလာလှုပ်ရှားမှုသယောင်ယောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်အချို့ကို သိမ်းပိုက်ချင်သလိုလိုဖြစ်လာတယ် ။ ။ ချင်းပြည်နယ် ပလက်ဝကိုလည်း ရခိုင်ပြည်နယ်ဟု သူ့တို့ကိုသူတို့က ခေါ်နေကြတယ် ။ ချင်းပြည်နယ် ပလက်ဝမြိုနယ် ထဲမှာ လာရောက်နေထိုင်တဲ့ ရခိုင်လူမျိုးတွေကို နားလည်မှု ထားပြီးနေခိုင်းတာပါလို့ဆိုပါတယ် ။ ။ ဒါကိ