Skip to main content

မရဏမောင်းနှင့်အောင်စည်။ ။ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရသွားတဲ့အခါ အဓိကအားဖြင့် အောက်ပါအချက်တွေ ပြောင်းလဲသွား တော့မှာဖြစ်ပါတယ်။

မရဏမောင်းနှင့်အောင်စည်။ ။
မနေ့က ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းလိုက်တဲ့ (၄၅)ဦးပါကော်မရှင်ရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်ဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေအတွက်က တော့ မရဏမောင်းသံပါပဲ။
ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရသွားတဲ့အခါ အဓိကအားဖြင့် အောက်ပါအချက်တွေ ပြောင်းလဲသွား တော့မှာဖြစ်ပါတယ်။
၁။ ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်များအားလုံးရဲ့ အကြီးအကဲမဟုတ်တော့ပါ ဘူး။
၂။ စစ်တပ်အမတ်ဦးရေးကို (၂၀၂၀)ခုနှစ်ကစပြီး တဖြေးဖြေးချင်း လျှော့ချရပါတော့မယ်။
၃။ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေကျရောက်လာတဲ့အခါ ကာကွယ်ဦးစီးချုပ်က ဦး ဆောင်ဖြေရှင်းခွင့်မရှိဘဲ သမ္မတကသာ ဦးဆောင်ဖြေရှင်းရမှာပါ။
၄။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ စစ်တပ်ဘက်က မဲအသာစီးယူထားလို့ မရတော့ပါဘူး။
၅။ ပြည်ထောင်စု၊ပြည်နယ်တိုင်းဒေသကြီး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်အားလုံးမှာ တာ ဝန်ထမ်းဆောင်မဲ့ ကာကွယ်ရေး၊အုပ်ချုပ်ရေး၊နယ်စပ်ဒေသအုပ်ချုပ်ရေး ဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ခန့်အပ်ခွင့်မရှိတော့ပါဘူး။
၆။ နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့ အချက်ကို ပယ်ဖျက်မှာဖြစ်တဲ့အတွက် ဗိုလ်ချုပ် ဟောင်းတွေ ခိုးဝှက်ထားသမျှ နိုင်ငံပိုင် ဓနဥစ္စာတွေကို ဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ်နိုင် တော့မှာ ဖြစ်ပါတယ်။
အဲဒီမရဏမောင်းသံဟာ လူယုတ်မာတွေ ထိုင်ရာကနေ လဲသေလောက်တဲ့အတွက် စစ် တပ်အုပ်စုဘက်ကနေ တုံ့ပြန်မှုတွေကတော့……၊
အာဏာသိမ်းလိုက်ပါတော့တဲ့။အစည်းအဝေးကို စစ်တပ်ကိုယ်စားလှယ်တွေ မတက် ရောက်ဘဲ ကန့်ကွက်ပါမယ်။ ဒီဖွဲ့ စည်းပုံပြင်ဆင်ရေးဟာ ပြည်သူကိုနားလှည့်ပါးရိုက်ပြီး မလိမ့်တပတ်လုပ်တာပါဆိုပြီး ဗရမ်းဗတာတုံ့ပြန်မှုတွေ ပေါ်ထွက်လာပါတယ်။ သမ္မတ ဟောင်း(ပြုတ်)ဦးသိန်းစိန်ကတော့ အဲဒီဥပဒေကိုပြင်ရာမှာ တတ်သိနားလည်တဲ့ ပညာရှင် တွေကို ခေါ်ယူရမယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။ သူ့စကားအသွားအလာအရ တတ်သိ နားလည်တဲ့ ပညာရှင်ဆိုတာ ညောင်နှစ်ပင်ညီလာခံမှာ ဖွဲ့စည်းပုံကိုရေးဆွဲသွားခဲ့ကြတဲ့ မဟာပညာကျော်တွေကို ဆိုလိုတာပါပဲ။
တိုတိုပြောရရင် လူထုတင်မြှောက်ထားတဲ့အစိုးရရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးခြေလှမ်းဟာ အစိုးရသက်တမ်းတလျှောက် စစ်တပ်အပေါ် ရင်ကြားစေ့မူဝါဒကျင့်သုံးနေရာကနေ ထိပ် တိုက်ရင်ဆိုင်တဲ့ နည်းဗျူဟာနဲ့ အပြင်းထန်ဆုံးထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲလိုက်တာပါပဲ။
ပြည်သူတစ်ရပ်လုံးအပေါ် နှစ်ပေါင်းခြောက်ဆယ်နီးပါး အနိုင်ကျင့်လူဝါးဝလာတဲ့ မြန်မာ စစ်တပ်ဟာ ဒီထိုးစစ်ကိုလွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်တာတော့ မြေကြီးကိုလက်နဲ့ ခတ်ရင် လွဲကောင်းလွဲနိုင်ပါလိမ့်မယ်။ သေချာပေါက် နည်းမျိုးစုံနဲ့ တုန့်ပြန်ပါလိမ့်မယ်။ အဲ သလိုတုံ့ပြန်ရာမှာလည်း လူကြီးလူကောင်းမဆန်တဲ့ အောက်တန်းစားကလိမ်ကကျစ် တိုက်ကွက်တွေနဲ့ ပြန်လည်ထိုးစစ်ဆင်မှာကို သံသယဖြစ်စရာမလိုပါဘူး။
အာဏာသိမ်းလိုက်ပါဆိုတဲ့လေသံကို အကဲဖြတ်ရရင် အိုင်စီဂျေအထိရောက်နေတဲ့ အခြေ အနေနဲ့ လူမှုသတင်းကွန်ယက်ခေတ်ကြီးအားကောင်းနေချိန်မှာ သိမ်းမရဘူးဆိုတာ နို့မ ပြတ်သေးတဲ့ကလေးတောင် သိနေပြီးသားပါ။
(၂၀၀၈)အတိုင်း ပြည်သူလူထုအပေါ် လူဝါးဝခွင့် အနိုင်ကျင့်ခွင့်ရနေတာတောင် ပြည်သူ့အစိုး ရကို အောက်လမ်းနည်းမျိုးစုံနဲ့ ညစ်ပတ်နေသေးတာ၊ အဲဒီအခွင့်အရေးတွေဆုံးရှုံးရတော့ မယ်ဆိုရင် အယုတ်တမာနည်းလမ်းတွေနဲ့ ဖျက်လိုဖျက်ဆီးလုပ်ကြမှာ ၁၀၀%သေချာလှပါ တယ်။
နိဂုံးချုပ်ရရင် (၂၀၀၈)ဖွဲ့စည်းပုံ မပြင်နိုင်သရွေ့ကာလပတ်လုံး၊ အရိမေတ္တယျဘုရားသာ မနက်ဖန်ပွင့်သွားမယ်။ မြန်မာပြည်ကတော့ လူမွှေးလူတောင် ပြောင်လာစရာလမ်းမမြင်ပါ ဘူး။ ဒါကြောင့် မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ကို မြေမြှုပ်သဂြိုဟ်မဲ့ မရဏမောင်းကို အစွမ်းကုန် ထုပုတ်ရမှာဖြစ်သလို စစ်မှန်တဲ့ဒီမိုကရေစီစံနစ်ပီပြင်စွာပေါ်ထွန်းလာရေး အောင်စည်ကိုလည်း အားကုန်သုံးပြီး ဆော်ရွမ်းကြဖို့ အချိန်တန်ပါပြီ။
မရဏမောင်းထုဖို့ အောင်စည်ရွမ်းနိုင်ဖို့ ပြည်သူ့အားကို အများကြီးလိုအပ်နေတဲ့ အချိန်ဆို တာလေး အသိပေးပါရစေ။ ။
Crd မင်းဒင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...