Skip to main content

“တပ်မတော် ရဲ့ ဝှက်ဖဲ တစ်ချပ်”

Thant Zin Htet
“တပ်မတော် ရဲ့ ဝှက်ဖဲ တစ်ချပ်”
------------------------------------
ဘာကြောင့်များ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ က ခြေ/ဥ ကို ပြင်ဖို့ အသည်းအသန် ကန့်ကွက်နေရတာလဲ။
နိုင်ငံရေးအာဏာလိုချင်လို့လား။
No ပါ။ မဟုတ်ပါဘူး ။
ဒါဆို ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ မဖြစ်အောင်လို့လား။ ဒါလည်းမဟုတ်ပါဘူး။
ဘယ်သူ သမ္မတလုပ်လုပ် သူတို့က နိုင်ငံ့ရဲ့ အကာတွေကော၊ အနှစ်တွေကောပါ အိတ်ထဲထည့်ပြီးပြီဖြစ်လို့ စိတ်မ၀င်စားတော့ပါ။
အထူးသဖြင့် ခေတ်အဆက်ဆက် ထုတ်ချင်တိုင်းထုတ် ၊ ခိုးချင်တိုင်းခိုး နောက်ဆုံး အခွံ နဲ့ ပြဿနာတွေ ပဲ ကျန်တော့တဲ့ နိုင်ငံကို သူတို့ ခေါင်းဆက်ခံပြီး တာ၀န်ယူဖို့ လုံး၀မဖြစ်နိုင်ပါဘူး။
ဒါဆို ဘာကြောင့် ခြေ/ဥ ကို အပြင်းအထန် ကန့်ကွက်တာလဲ။
အားလုံးစိတ်၀င်စားမယ်လို့ ထင်ပါတယ်။
ဒီလိုပါ ။ ဖွဲ့စည်းပုံကို အသက်နဲ့ လဲပြီး ကာကွယ်ရတဲ့ အကြောင်းအရင်းက တစ်ချက်တည်း ရှိပါတယ်။
အဲ့ဒါဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) က ပုဒ်မ ၄၄၅ ကြောင့်ပဲဖြစ်ပါတယ်။
အခန်း ၁၄ ပုဒ်မ ၄၄၅ မှာ ပါရှိတဲ့ အချက်တွေဟာ ဘာတွေ လဲဆိုတာ အတိအကျ ရေးသားပြပါ့မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄) ကူးပြောင်းရေးကာလပြဌာန်းချက်များ ပုဒ်မ ၄၄၅ မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ တို့၏ မူဝါဒ လမ်းညွှန်မှုများ ၊ဥပဒေများ ၊နည်းဥပဒေများ ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ ၊ကြေငြာချက်များကို လည်းကောင်း ၊နိုင်ငံတော်ငြိမ်၀ပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ ၊တာ၀န်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်းဆက်ခံသည် ။ ယင်းအဖွဲ့ (သို့မဟုတ်) အဖွဲ့၀င်တစ်ဦးဦး ၊သို့မဟုတ်အစိုးရအဖွဲ့၀င် တစ်ဦးဦး ၏တာ၀န် အရဆောင်ရွက်ချက်များ အပေါ်အကြောင်းပြုလျက် ယင်းတို့အားတရားစွဲဆိုခြင်း ၊ အရေးယူခြင်းမရှိစေရ “
ကဲ ရှင်းပါပြီနော်။
တပ်မတော်က ဘာကြောင့် ဖွဲ့စည်းပုံကို မပြင်ချင်တာလဲ။ ဘာကြောင့် အသက်ပေးပြီးကာကွယ်ရတာလဲ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) က ပုဒ်မ ၄၄၅ မှာ ပါတဲ့ ဖော်ပြချက်အရ စစ်အစိုးရလက်ထက် ၁၉၈၈ စက်တင်ဘာလ (၁၈) ကနေ ၂၀၁၁ မတ်လ သမ္မတဦးသိန်းစိန် ဆီ အာဏာမလွှဲခင် အချိန်အထိ ၂၃ နှစ်တာကာလမှာ တာ၀န်အရဆောင်၇ွက်ခဲ့တဲ့ကိစ္စတွေ ကိုတရားစွဲဆိုခြင်းမပြုရ လို့ အတိအလင်းဖော်ပြထားတာပါပဲ။
မြန်မာပြည်မှာ အရေးအခင်းတွေကအစ လူ့အခွင့်အရေးချိုးဖောက်မှုတွေအဆုံး ပြည်သူတွေကို သတ်ချင်တိုင်းသတ် ၊ ပစ်ချင်တိုင်းပစ်ခဲ့တာတွေ ၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမားတွေကို လူမဆန်စွာ နှိပ်စက်ခဲ့တဲ့ ပြစ်မှုတွေ ၊ သူတို့လုပ်ချင်တိုင်း လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တရားပြန်မစွဲ ရဆိုတဲ့ ဥပဒေကို ပြင်မှာစိုးလို့ပါပဲ။
တကယ်လို့များ အဲ့ဒီဥပဒေကို ပယ်ဖျက်ခဲ့ရင် .........
------------
#မင်းရသ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...