ရခိုင် AA ချင်းပြည်နယ်အတွင်း နောက်ထပ်လှုပ်ရှားလာမည်ဆိုပါက ချင်းကျောင်းသားတပ်မတော်မှ အပြတ်တိုက်ထုတ်မည်
ပလက်ဝမြို့ လူငယ်များ ဆုံစည်းရာ
ရခိုင် AA ချင်းပြည်နယ်အတွင်း နောက်ထပ်လှုပ်ရှားလာမည်ဆိုပါက ချင်းကျောင်းသားတပ်မတော်မှ အပြတ်တိုက်ထုတ်မည် ။
ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချင်းြပည်နယ်အတွင်း သွားလာလှုပ်ရှားမှု လုံးဝမပြု လုပ်ရန် ချင်းတပ်မတော်မှတောင်းဆိုလိုက်ပါတယ် ။ အရင်ကလည်း ချင်းပြည်နယ်အတွင်းမှာ သွားလာလှုပ်ရှားမှု မပြု လုပ်ရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်ပါတယ် ။ သတိပေးသည့်အကြား မကြာသေးခင်ကပဲ ဗမာ့တပ်မတော်နဲ့ ရခိုင် AA တို့က တိုက်ပွဲခဏဖြစ်ပြီး ချင်းပြည်သူလူထု ၃၀၀ ကျော် စစ်ပြေးရှောင်ခဲ့ကြတယ် ။ ။ ယခုချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဒုက္ခအမျိုးမျိုးကြုံတွေ့နေကြတယ် ။ ။
တိုင်းရင်းသားအချင်းချင်းမို့နားလည်မှု ပေးရပါတယ် ။ AA ဟာ ချင်းပြည်နယ်အတွင်းမှာ သွားလာလှုပ်ရှားမှုသယောင်ယောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်အချို့ကို သိမ်းပိုက်ချင်သလိုလိုဖြစ်လာတယ် ။ ။ ချင်းပြည်နယ် ပလက်ဝကိုလည်း ရခိုင်ပြည်နယ်ဟု သူ့တို့ကိုသူတို့က ခေါ်နေကြတယ် ။ ချင်းပြည်နယ် ပလက်ဝမြိုနယ် ထဲမှာ လာရောက်နေထိုင်တဲ့ ရခိုင်လူမျိုးတွေကို နားလည်မှု ထားပြီးနေခိုင်းတာပါလို့ဆိုပါတယ် ။ ။ ဒါကို အခွင့်ကောင်းယူပြီး နေထိုင်ကြမယ်ဆိုရင်တော့ အကုန်လုံး မောင်းထုတ်ပစ်မည်ဟု ဆလိုင်း ထန်ဇလျန် က ပြောလိုက်ပါတယ် ။ ။ အချင်းချင်းဆိုပြီး နားလည်မှု ထားပေးတာနဲ့ တစ်ပြိုင်နက် ချင်းပြည်နယ် ပလက်ဝမြို့ ကိုတောင် ရခိုင်ပြည်နယ် l ရခိုင်နယ်မြေ ဘာတွေ ညာတွေပြောကြတာပေါ့ ။ အခုဆိုမရတော့ဘူး ။ စာပွဲပေါ်မှာပြောပြီး မရင် တိုက်ထုတ်ပစ်မည်ဟုလည်းဆိုပါတယ် ။ ။
ကိုယ့်နယ်မြေ l ကိုယ်ဒေသ l ကိုလူမျိုးအတွက် စစ်တိုက်မယ်ဆိုရင် ရခိုင် AA အနေနဲ့ ရခိုင်ပြည်မှာသာနေပြီး စစ်တိုက်ရပါမယ် ဆိုပြီး ပြောဆိုလိုက်ပါတယ် ။ ။ ယခု ရခိုင် AA အနေနဲ့ ချင်းပြည်နယ်မှာ နေပြီး သွားလာလှု ပ်ရှားနေမယ်ဆိုရင်တော့ စကားမများ l အသံမထွက်ဘဲ တိုက်ထုတ်ပစ်မည်ဟု ပြောကြားလိုက်ပါတယ် ။ ။ ချင်းတပ် က ရခိုင်ကိုကျူ းကျော်ပြီးစစ်တိုက် l သွားလာ l နေထိုင်လို့မရသလို l ရခိုင်ဟာ လည်း ချင်းပြည်နယ်မှာ သွားလာလှုပ်ရှားလိုပါက အပြတ်တိုက်ထုတ်ဖို့အသင့်ပြင်ကြပြီးလို့ဆိုပါတယ် ။ ။ အချင်းချင်း စကားနဲ့ပြောမရတော့သဖြင့် လက်နက်နဲ့စကားပြောလာမည်ဟု ဆလိုင်း မောင်ရှိန်း ကလည်း ပြောကြားလိုက်ပါတယ် ။ ။
( အမြန်ဆုံး ထွက်သွားကြပါစေ )
Crd ချင်းတောင်တန်းဆီသို့အမြန်ပြန်လာပါ
Comments
Post a Comment