Skip to main content
Posts
Showing posts from October, 2018
တိုင်ဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဒေါ်သီတာငြိမ်း လူထုတွေ့ဆုံ ဟောပြောစဉ်
ကြိုက်​တယ်​ဗျာ. ..ပြည်​သူကိုကို ယ်​စားပြုတဲ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ဆိုတာအဲလိုဖြစ်​​ နေရမှာ....လွှတ်​ ​တော်​ကိုယ်​စား လှယ်​အားလုံးအတွ က်​စံနမူနာယူစရာ ပါ ဒီလိုလူထု​တွေ့ဆုံပွဲ​တွေမြို့န ယ်​တိုင်းကျင်းပ​ပေးနိုင်​ရင် ​ လူထု​ရဲ့ယုံကြည် ​မှု့ ​တွေပိုတိုးလာမ ယ်​ဆိုတာ​မြေကြီး လက်​ခတ်​မလွဲပါဘူး နား​ထောင်​ကြည့်ပါ..... တိုင်ဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဒေါ်သီတာငြိမ်း လူထုတွေ့ဆုံ ဟောပြောစဉ်
NLD ပါတီရဲ့ ​ရွေး​ကောက်​ပွဲ​ကြေညာစာတမ်းပါ အနိုင်​ရရင်​ဘာလုပ်​မလဲဆိုတဲ့ ချမှတ်​ထားတဲ့
အဲ့လိုရှင်းပြတတ်တဲ့အမတ် ဘယ်လောက်ရှိမလဲ
NLD ပါတီမှာ ဒီလို လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ များများစားစားမရှိတာ ဘကြီးတူ​မောင်​​တွေ ကံ​ကောင်းတယ်​​ပြောရမယ်​ အကယ်​၍ NLD ပါတီက ကိုယ်​စားလှယ်​တိုင်း ကိုယ်​စားလှယ်​တိုင်းကသာ အခုလိုမျိုး သူတို့မဲဆန္ဒနယ်​​တွေမှာ လူထု​တွေ့ဆုံပွဲ​တွေလုပ်​ပြီး ရှင်းပြ​နေလို့က​တော့ ဘကြီးတူ​မောင်​​တွေအ​နေနဲ့ အဲသလို ​ဒေသ​တွေကို မဲဆွယ်​သွားမိရင်​ ​ရွှေဟင်္သာအုပ်​ကြား ​ခွေး​တွေလို ငြိုးငယ်​စွာနဲ့ အမြီးကုပ်​ပြီး ပြန်​လာခဲ့ရမှာ ကျိန်း​သေတယ်​ ခု​တော့ အ​တော်​​လေးကို ဟန်​ကျတယ်​ ခင်​ဗျားတို့ကို မြင့်​မားတဲ့အ​ခြေအ​နေတခုကို ပို့​ပေးမယ်​လို့ ​ပြောလည်း ယုံတဲ့သူ​တွေရှိ​သေးတယ်​ ခင်​ဗျားတို့ကို ​ငွေတရာနဲ့ ကြက်​ဥတလုံးစားနိုင်​​အောင်​ လုပ်​​ပေးမယ်​ဆိုလည်း အားကိုးတဲ့သူ​တွေက ရှိ​နေ​သေးတာပဲ နိုင်​ငံရဲ့ အဓိကလိုအပ်​ချက်​ဖြစ်​တဲ့ ငြိမ်းချမ်း​ရေးအ​ကြောင်း တခွန်းမှထည့်​​ပြောစရာမလိုပဲနဲ့ကို ​ထောက်​ခံမယ့်​လူ​တွေက ရှိ​နေကြတဲ့ ဘကြီးအ​နေနဲ့ ကိုယ့်​မြန်​မာပြည်​သူ​တွေကို အ​တွေးအ​ခေါ်၊ အယူအဆ၊ ဉာဏ်​ပညာ​တွေ တိုးတက်​​စေချင်​​ပေမယ့်​လည်း တကယ်​တမ်းကျ​တော့ မတိုးတက်​​စေချင်​ဘူး ဟုတ်​တယ်​​လေ ဒီလူ​တွေ ဒီပြည်​သူ​တွေအကုန်
အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ
ဂျင်းသိပ်ကြိုက်တဲ့ မောင်သန်းဌေးတော့ မြွေခြောက်ကိုက်ပြီ စကတည်းက ၂၇ ပါတီက ပါတီအချို့က သူတို့မသိပဲ ကြေညာချက်မှာထည့်လို့ ကန့်ကွက်စာတွေ ထုတ်နေတာ သိရဲ့သားနဲ့ ကော်မရှင်က မှတ်တမ်းလာတောင်းတော့ လူအထင်ကြီးအောင် လိမ်ထားခဲ့သမျှ အလိမ်တွေတော့ အကုန်ပေါ်ကုန်တော့မှာပဲ ... အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ ========================= ပူးတွဲကြေညာချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီအနေနဲ့ နိုဝင်ဘာ ၁ ရက်နောက်ဆုံ ထားပြီး အစည်းအဝေးမှတ်တမ်းတင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တောင်းခံ လိုက်ပါတယ်။ လက်ရှိ တိုင်းပြည်မှာစီးပွားရေးနဲ့ လူမှုဘ၀ မလုံခြုံမှုတွေဖြစ်နေတဲ့ အပေါ် အမြန်ဖြေရှင်းပေးဖို့ အစိုးရကိုတောင်းဆိုတဲ့ ၂၇ ပါတီရဲ့ ပူးတွဲကြေညာချက်ကို သဘော မတူကြောင်း ကန့်ကွက်တိုင်ကြားလာလို့ ကော်မရှင်က ခုလို တောင်းခံလိုက်တာဖြစ်ပါတယ်။ စက်တင်ဘာ ၃ဝ ရက်က ရန်ကုန်မှာ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခဲပြီး ရလဒ်အဖြစ် လက်ရှိအစိုးရတာဝန်ရှိသူတွေက ပြည်သူလူထုရဲ့ လက်တွေ့ဘဝမှာ စီးပွားရေး ကျဆင်းခဲ့မှုနဲ့အတူ လူမှုဘဝ မလုံခြုံမှုတွေလည်း ဖြစ်ပေါ်ခံစားနေရလို့ အခုထက်ပိုမိ
မြန်မာစစ်တပ်အကြီးအကဲငါးဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူကြောင်းကြေညာ
ဗိုလ်ချုပ် မောင်မောင်စိုး Photo: MOI ရခိုင်အရေးမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်စက်ကြုမ်းကြတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး မြန်မာစစ်တပ်အကြီးအကဲ ၅ ဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ဒီ ၅ ဦးဟာ ရခိုင်ပြည်နယ်မှာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြီးကြပ်ပါဝင်ခဲ့တာကို စွပ်စွဲခံရတဲ့ တပ်မတော်အရာရှိကြီး ၅ ဦးဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင် နဲ့ ဗိ
အငြင်းပွားမှု ပိုပြင်းထန်လာတဲ့ ခွဲမထွက်ရ နဲ့ တခုတည်းသော တပ်မတော် ပြသနာ၊ ဘယ်လို အဖြေရှာမလဲ
29 အောက်တိုဘာ၊ 2018 ဦးစည်သူအောင်မြင့် အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓါတ်ပုံ- Myanmar State Counsellor Office Facebook) မျှဝေပါ ကျင်းပပြီးသွားတဲ့ နေပြည်တော် ထိပ်သီး အစည်းဝေး ပထမ နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကိုယ်စား KNU ကရင်လက်နက်ကိုင် အဖွဲ့ ဥက္ကဌ စောမူတူးစေးဖိုး တို့ အဖွင့်အမှာစကား ပြောပါတယ်။ အဲဒီထဲမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းဟာ ရှည်လျားပြီး နောက်ပိုင်း အဲဒီ မိန့်ခွန်းနဲ့ ပတ်သက်လို့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေဆီကနေ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ တပ်ချုပ် ဘာတွေပြောပြီး လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတ
အစိုးရပြောင်းယုံ နှင့် အုပ်ချုပ်ရေး ပြောင်းတာ မဟုတ်
အစိုးရပြောင်းယုံ နှင့် အုပ်ချုပ်ရေး ပြောင်းတာ မဟုတ် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့မှာ ပြုလုပ်ခဲ့တဲ့ မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲမှာ သမ္မတဦးဝင်းမြင့်က အခုလိုပြောခဲ့တာ ဖြစ်ပါတယ် ။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှု မကောင်းရင် ၊ ညံဖျင်းရင် ဒီမိုကရေစီတောင် ပျောက်သွားနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ် ။ ပြည်သူကို ဝန်ဆောင်မှုပေးဖို့ ၊ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ကုစားပေးနိုင်ရမယ်လို့ ပြောကြားသွားခဲ့ပါတယ် ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိန့်ကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နှုတ်ချက်ကို Delta News Agency က ထုတ်နှုတ် ဖေါ်ပြပေးလိုက်ပါတယ် ခင်ဗျာ ။
ဦးအောင်သန်းဝေကို အမှုနှစ်ခုဖြင့် ထောင် ၆ လချ
26 October 2018 19:13(+0630) (၁ ရက် ခန့်က) (ဓာတ်ပုံ- မူစဲထွန်း ပို့စ်) နိရဉ္စရာ၊ အောက်တိုဘာ ၂၆ ဒေါက်တာအေးမောင်အား ၀ိုင်းရံသူ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးမှ အမှုနှစ်ခုဖြင့် ယနေ့တွင် ထောင် (၆) လမှတ်လိုက်သည်ဟု သတင်းရရှိသည်။ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ညွှန့်မောင်က “ ပုဒ်မ ၅၀၅ နဲ့ ၆ လ၊ ပုဒ်မ ၁၀ နဲ့ ၆လ၊ အမှုနှစ်ခုကို တစ်ပေါင်းတည်းကျခံရမယ်လို့ စစ်တွေမြို့နယ် တရားရုံးက အမိန့်ချတဲ့ အတွက် ထောင် ၆ လကျသွားတာဖြစ်ပါတယ်” ဟု ပြောသည်။ နိုင်ငံသားဆိုင်ရာ ခြိမ်းခြောက်မှု အက် ဥပဒေ ပုဒ်မ ၅၀၆ နှင့် ၆ လ၊ နိုင်/လွန်/ လုံ ဟု လူသိများသည့် နိုင်ငံသား အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ဖြင့် ၆ လဖြစ်ကြောင်း သူက ပြောဆိုသည်။ ဦးအောင်သန်းဝေကို ယခင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်မောင်ဆွေ က ပုဒ်မက ၂ ခု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန် ၂၁ ရက်နေ့က ဖမ်ဆီးခံခဲ့ရသည်။ ဦးအောင်သန်းဝေမှ လူသတ်လက်နက်ကိုင်ဆောင်ထားသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ ခေါင်းစဉ်ဖြင့်
အရပ်သားအစိုးရ လက်အောက်မှာ တပ်မတော်ရှိရင် တစ်ခုတည်းသောတပ်ဆိုတာကို လက်ခံမယ်လို့ ပြော
26 October 2018 21:47(+0630) (၁ ရက် ခန့်က) ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ကျင်းပတဲ့ SNLD ကျားခေါင်းပါတီ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိမယ်ဆိုရင် တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတာကို လက်ခံသွားမှာဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ် ဆေထင် က ပြောပါတယ်။ ဒီနေ့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှစ် ၃၀ ပြည့် အခမ်းအနားမှာ ပြောလိုက်တာပါ။ လက်ရှိတပ်မတော်ဟာ အရပ်သားအစိုးရလက်အောက်မှာ မရှိတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ စဉ်းစားရခက်နေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံနဲ့ အစားထိုးပြင်ဆင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ကြိမ် လုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ ၅၁ ချက်မှာ အရေးကြီးတဲ့အချက် တစ်ချက်မှ မပါသေးကြောင်းနဲ့ အခုလ ၁
ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး ရွာသား ၅ဝဝ ခန့် ထွက်ပြေးနေရ
27 October 2018 19:23(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က) ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈၊ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ရ ရှမ်းပြည်နယ် လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာမှာ မနေ့ညနေ လေးနာရီအချိန် ၀န်းကျင်ခန့်က ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ပြိန်းရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ ငါးရာလောက်ဟာ အီနိုင်းရွာဘုန်းကြီးကျောင်း၊ ကချင်ဘုရားကျောင်းနဲ့ လွယ်တောက်ကျေးရွာက အ.မ.က စာသင်ကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ SSPP တပ်တွေရွာထဲရှိနေချိန် RCSS တပ်တွေ ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။ မနေ့ ညနေပိုင်းမှာ မန်ပြိန်းရွာက ရွာသူကြီးရဲ့လက်ထောက် တစ်ဦးနဲ့ ဆယ်တန်းကျောင်းသား တစ်ဦးကို RCSS ဘက်က ခေါ်ယူမေးမြန်းတာတွေရှိခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မန်ပြိန်းကျေးရွာသူကြီးက ပြောပါတယ်။ အဲဒီလို နေရပ်စွန့်ခွာထွက်ပြေးလာသ
လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး တင်ပြချက်
25 October 2018 09:25(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က) လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီမှာ သူတင်ပြခဲ့တာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။ ဦးဟောက်ဒိုဆွမ်း။ ။ ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ကျနော်တို့ ကန့်ကွက်ပြီးပြောတယ်။ နောက်တချက်က သူ့ရဲ့ အစီရင်ခံစာဟာ ခိုင်လုံမှုမရှိဘူး။ ကျနော်တို့ အစကတည်းက ဒီဟာကို မယုံကြည်ဘူး။ သူရဲ့ mandate ကိုကျနော်တို့က လက်မခံတာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို သွားခွင့်မပေးတဲ့အတွက်ကြောင့် သူတို့က အပြင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဒါတွေကို တည်ဆောက်ပြီး အမှုကိုတည်ဆောက်ထားတာကိုး။ ဒီဥစ္စာက ဘယ်လိုမှ ခိုင်လုံတဲ့ အထောက်အထား မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောတယ်။ သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် တပ်မတော်ကနေပြီးတော့မှ ပြစ်မှုတွေကိုကျူးလွန်တယ်၊ Graphic ပုံစံနဲ့ပေါ့ဗျာ၊ ဓာတ်ပုံတွေ ဘာတွေနဲ့၊ Genocide ကို ကျူးလွန်တယ်ဆိုတဲ့သဘောမျိုး … ဒ
စစ်တပ် အသုံးစရိတ်
မျှဝေထားသည်။ ‎ နောင် ရိန်း ‎   အထိ   နိုင်ငံရေးသတင်းနဲ့စကားဝိုင်း® မနေ့က မွန်းလွဲ ၁၇:၀၉ တွင် ကာကွယ်ရေးဘတ်ဂျက်ကို ပြည်သူကပေးရတယ် ဒါပေမယ့် စစ်ဆေးခွင့်တော့မရှိဘူး ဘာနဲ့တူလည်းဆိုတော့ ဓားပြအဖွဲ့ကို ဆက်ကြေးပေးနေရသလို ပေးနေရတာ $ စေတနာကိုမရှိဘူး ပိုဆိုးတာက အဲ့ဒီငွေနဲ့ဝယ်ထားတဲ့လက်နက်နဲ့ ပြည်သူကိုပြန်ပစ်နေတာဘဲ ကျေးဇူးကန်းချက်က ခွေးထက်ဆိုးတယ်။ အိမ်ဦးခန်းလည်းထိုင်သေး တင်လည်းကျွေးရသေး သောက်ဆဲလည်းခံရသေး တော်တော်ရင်နာဖို့ကောင်းတယ်။ အစိုးရက ပြည်သူတွေအေးအေးချမ်းချမ်းနေရဖို့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားတယ်။ အဆင်ပြေခါနီးပြီဆို တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်ကသွားချတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက တပ်မတော်ကိုမယုံကြည်တော့ ငြိမ်းချမ်းရေးရဖို့က ဝေးသထက်ဝေးပြန်ရော အပြုတ်တိုက်နိုင်လားဆိုတော့လည်း နှစ်ပေါင်း(၇၀)အတွင်း စစ်ဗိုလ်ချုပ်တွေသာ ဘီလျှံနာသူဌေး ဖြစ်သွားတယ် ပြည်တွင်းစစ်မီးက တောက်လောင်နေဆဲ တိုင်းရင်းသားတွေလည်း အသက်လုပြေးနေရဆဲ ဘယ်မှာလဲ တပ်မတော်က တိုင်းပြည်ကိုကာကွယ်တာ? ဘယ်မှာလဲ တပ်မတော်က ပြည်သူကိုကာကွယ်တာ? ပြည်သူတွေသေလောက်အော် စောက်ရှက်မရှိတဲ့မျက်ခွက်တေ
မုံးရင်ကျေးရွာအနီးမှာ SSPP/ TNLA ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ စစ်ရေးတင်းမာနေ
24 October 2018 18:44(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က) နမ္မတူမြို့ နယ်အတွင်း လှုပ်ရှားနေတဲ့ tnla/sspp ပူးပေါင်းစစ်ကြောင်းတစ်ခုကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မုံးရင်ကျေးရွာတ၀ိုက်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး ရှမ်းပြည် တပ်မတော် SSPP/SSA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းစစ်ကြောင်းနဲ့  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်းမာနေပြီး ဒီနေ့မနက်က လက်နက်ကြီးပစ်ခတ်သံတွေ ကြားရ တယ်လို့ မုံးရင်ကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီနေ့မနက်က ပစ်ခတ်မှုဟာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်တာ မဟုတ်သေးဘဲ RCSS တပ်ဖွဲ့ဝင်တွေ မုံးရင်းရွာဘက် တက်လာတာကို ခြောက်လှန့်ပစ်ခတ်တာလို့ သိရပါတယ်။ RCSS တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သုံးရက်လောက်ထဲက မုံးရင်းကျေးရွာအနီးတစ်ဝိုက်ကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီကျေးရွာတဝိုက်မှာရှိနေတဲ့ SSPP/ TNLA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး ဒေသခံအချို့ဟာ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ လားရှိုး၊ နမ္မတူ၊ သီပေါမြို့တွေဘက်ကို တိမ်းရှောင်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ န
ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့မရှိသေးဘူးလို့ သတင်းထုတ်ပြန်
ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့မရှိသေးဘူးလို့ သတင်းထုတ်ပြန် 20 October 2018 17:58(+0630) (၁ ရက် ခန့်က) ရန်ကုန်တိုင်းအစိုးရရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်ကို တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်လို့ အရေးယူဖို့မရှိသေးဘူးလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာပါ အကြောင်းအရာဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနဲ့ သက်ဆိုင်ရာ အစိုးရဌာနတို့က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတာနဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပြဌာန်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျတ်ရေး ဥပဒေကို စတုတ္တအကြိမ်ပြင်ဆင်တဲ့ ဥပဒေ မပြဌာန်းခင်က ကိစ္စဖြစ်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဲဒီတိုင်ကြားစာပါကိစ္စတွေကို အရေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသလို ပု
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အဲသလိုအမေပါ
MoeZaw ZawMoe သည် Moe Zaw နှင့်အတူ ရှိနေသည်။ ၁၅ နာရီ # အမေ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အဲသလိုအမေပါ..# ကျနော့် သဘာဝ ပုဂ္ဂိုလ်စွဲမပါတဲ့ ယုံကြည်မှု ============== ဧကရီကို အကြိုက်ဆုံးတနေရာက အင်စိန်ထောင်ဝက တရား၇ုံးမှာ တရားသူက ကြားနာဖို့ နာမည်ခေါ် ထရပ်ခိုင်းတယ်။ " ဒေါ်စုကြည် မတပ်ရပ်ပေးပါ တရားသူကြီးအဖွဲ့ စီရင်ချက် ကြားနာမှုကို နားထောင်ရန်ဖြစ်ပါတယ်" လို့ ပြောတယ်။ ဧကရီ မတ်တပ် ထမရပ်လို့ တရားသူကြီး အဖွဲ့က ထပ်ပြောပါတယ်။ ဒါလည်း ထမရပ်လို့ တရားသူကြီးအဖွဲ့က "ဒေါ်စုကြည် ဘာကြောင့် မတ်တပ်ထရပ်ခြင်း မလုပ်ရတာပါလဲ" လို့ မေးမြန်းတယ်။ သို့နှင့် အစိုးရ ရှေ့နေမှ ဧကရီကို တိုက်ရိုက် အနားသို့ မလှမ်းမကမ်းထိ ရောက်လာပြီး နောက်ထပ် ပုဒ်မ တိုးနိုင်ဖို့ မျက်နှာခြင်းဆိုင်လာမေးတယ်။ "ဘယ်သူ့ကို မတ်တပ် ထရပ်ဖို့ ပြောနေတာလည်း ဆိုတာ ကျမ မသိလို့ပါ"လို့ ပြန်ပြောတော့ "ဒေါ်စုကြည်ကို ပြောတာပါ" လို့ တရားသူကြီး အဖွဲ့ က လှမ်းပြောတယ်။ "ဒေါ်စုကြည်ဆိုတာ ကျမ နာမည် မဟုတ်ဘူး ကျမ နာမည် အောင်ဆန်းစုကြည် ဖြစ်ပါတယ်" လို့ ပြန်ပြောတော့ တရားသူကြီးအဖွဲ့မှ ဒေါ်အောင်
ဗန်းမော်မြို့နယ်ထဲက ရွှေသတ္ထုမိုင်းတွင်းတွေ ရှိရာဒေသမှာ တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်
20 October 2018 17:12(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က) (ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်) ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြစေတီကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ မနေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီလောက်ကစပြီး နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဟာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းအထိဖြစ်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ကြတယ်လို့ ဗန်းမော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။ အဲဒီဒေသဟာ ရွှေသတ္တုမိုင်းတွင်းတွေရှိတဲ့နေရာဖြစ်ပြီး ကေအိုင်အေဘက်က တပ်စခန်းလာဆောက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေရဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ KIA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ RFA Burmese https://www.facebook.com/pg/rfaburmese
တပ်နဲ့ KNPP တို့ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်
0 October 2018 19:33(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က) ၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန်းကစ် နဲ့ ဗဟန်းလော့ကျေးရွာကြားမှာ အစိုးရ တပ်မတော်နဲ့ အပစ်ရပ် NCA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရတပ်ဖက်က အကြောင်းမကြားဘဲ သွားလာရာမှာ KNPP တပ်တွေရှိတဲ့ နေရာအနီးကို ရောက်လာတာကြောင့် ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရကြောင်း ဖားဆောင်းမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ စောဦးကွယ် က RFA ကို အတည်ပြုပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ နှစ်ဖက်တပ်တွေ နားလည်မှုနဲ့ ညှိနှိုင်းထားကြတယ်လို့ သိရပြီး တိုက်ပွဲမှာ ထိခိုက် သေဆုံးမှု ရှိ မရှိကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ KNPP အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ နှစ
အ​မွေလုတဲ့ကိစ္စနဲ့ပတ်​သက်​ပြီး ဦး​အောင်​ဆန်းဦး ကိုရည်​ညွှန်းထားတဲ့ ​ဆောင်းပါးပါ
အစိုးရသစ်ကို မလွှဲခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ ဖောင်းဒေးရှင်းက ပြန်ပေးမည်
"ဆိုက္ကားနင်းပြီးတော့ အရစ်​ကျဆပ်​မယ်​တဲ့" ========================‗‗‗‗‗‗‗‗‗‗ By ဒီဗွီဘီ 19 October 2018 ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရက အစိုးရသစ်ကို မလွှဲခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပြန်လည်ပေးအပ်မယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း တိုင်းစီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။ ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (ကျပ်သိန်း ၅၂၀၀၀) နဲ့ပတ်သက်ပြီး အစိုးကို အကြောင်းပြန်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ပုံငွေ လက်ခံထားတဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံခဲ့ပြီး အစိုးရကသတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ပေးအပ်သွားမယ်လို့ အကြောင်းပြန်ကြောင်း တွေ့ဆုံအပြီးမှာ တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ဒီဗွီဘီကိုပြောပါတယ်။ တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးကို လာရောက်တွေဆုံတဲ့အထဲမှာ ယခင်တိုင်းနယ်လုံဝန်ကြီးဟောင်းဖြစ်တဲ့ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်း အပါအဝင် အရင်တိုင်းစီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးဝင်းကိုကိုနဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ဖောင်ဒေး
NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိရမည်ဆိုသည့်အချက်ကို အပြည့်အဝလက်ခံလိုက်ပြီဟုဆို
၄ တွင် · Yangon Media Group အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁၅:၁၈ တွင် · NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိရမည်ဆိုသည့်အချက်ကို အပြည့်အဝလက်ခံလိုက်ပြီဟုဆို ------ ------------------------------------------------------------------------ ရန်ကုန်၊အောက်တိုဘာ၁၆-တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းဘက်မှ တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိ ရမည်ဆိုသည့်အချက်အား အပြည့် အဝ လက်ခံလိုက်ကြောင်း ချင်း အမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်လျန်မုန်းဆာ ခေါင်က ပြောကြားခဲ့သည်။ ယနေ့ ညနေပိုင်း၊ နေပြည် တော်တွင်ကျင်းပသည့် NCA လက်မှတ်ထိုးထိပ်သီးဆွေးနွေးပွဲအပြီး၊ " Horizon lake View "တွင် သတင်းထောက်များနှင့် တွေ့ဆုံ စဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး ဒုတိ ယဥက္ကဋ္ဌ ဒေါက်တာဆလိုင်လျန်မုန်း ဆာခေါင်က" မနေ့က လက်ကျန်ဖြစ် တဲ့ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိစ္စအထူးသဖြင့် ခွဲမထွက် ရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့အချိန်တော်တော် ကြာ ကြာဆွေးနွေးတယ်။ တိုင်းရင်း သားလ
အာင်ဆန်းဦးက အမေစုရဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံကို လေလံတင်ရောင်းခိုင်းနေတာ
Saw William Kyaw သည် Saw Phyo Lay နှင့်အတူ ရှိနေသည်။ ၅ နာရီ ဒီနေ့ညနေမှာတော့ အောင်ဆန်းဦးက အမေစုရဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံကို လေလံတင်ရောင်းခိုင်းနေတာကို အများစုက မကျေမနပ်ဖြစ်နေကြတဲ့ ပို့စ်တွေတွေ့တော့ ဒါလေးကို ရေးမိတ ယ်။ တကယ်က အဲဒီအိမ်နဲ့ ခြံက ဗိုလ်ချုပ်က အမွေပေးခဲ့တာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကွယ်လွန်တော့ တာဝါလိန်းနေအိမ်မှာပါ။ အဲဒါက နိုင်ငံတော်ကပေးတဲ့အိမ်လဲဖြစ် အထိမ်းအမှတ်ပြတိုက်လုပ်မယ်ဆိုတော့ နိုင်ငံတော်ကပဲ အခု တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို ခေတ်ကာလ တန်ကြေး ၄၀၀၀၀ ( အတိအကျမမှတ်မိ)ခန့်နဲ့ ၀ယ်ပီး ပေးခဲ့တာပါ။ အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ပီးနောက်မှ ဒီအိမ်ကြီးကို ပြောင်းလာကြတာပါ။ ဒါပေမယ့် ဒေါ်ခင်ကြည်က အိန္ဒိယသံအမတ်အဖြစ် အိန္ဒိယသွား ရွှေ့ပြောင်းသွားလာနေကြတော့ သိပ်ပီး မနေဖြစ်ပါဘူး။ အမေစုကလဲ ကုလမှာ အလုပ်လုပ်။ နောက်တော့ အင်္ဂလန်မှာ အိမ်ထောင်ကျပီး အဲမှာပဲ နေနေခဲ့တာပါ။ ၈၈ ကျမှပဲ သူ့အမေကို ပြုစုဖို့ ပြန်လာရင်း အခုထိ နေဖြစ်သွားတာပါ။ အဲဒီအိမ်ကြီးမှာ မိသားစုကို ပစ်ပယ်ပီး တိုင်းသူပြည်သားတွေအတွက် ပေးဆပ်နေခဲ့တဲ့ အမျိုးသမီးကြီးတဦးဟာ နှစ်ပေါင်း ၂၀ကျော် အထီးကျန်စွာ နေထိုင်ခဲ့တာပါ