Skip to main content

အဲ့လိုရှင်းပြတတ်တဲ့အမတ် ဘယ်လောက်ရှိမလဲ


NLD ပါတီမှာ ဒီလို လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ များများစားစားမရှိတာ ဘကြီးတူ​မောင်​​တွေ ကံ​ကောင်းတယ်​​ပြောရမယ်
အကယ်​၍ NLD ပါတီက ကိုယ်​စားလှယ်​တိုင်း ကိုယ်​စားလှယ်​တိုင်းကသာ အခုလိုမျိုး သူတို့မဲဆန္ဒနယ်​​တွေမှာ လူထု​တွေ့ဆုံပွဲ​တွေလုပ်​ပြီး ရှင်းပြ​နေလို့က​တော့ ဘကြီးတူ​မောင်​​တွေအ​နေနဲ့ အဲသလို ​ဒေသ​တွေကို မဲဆွယ်​သွားမိရင်​ ​ရွှေဟင်္သာအုပ်​ကြား ​ခွေး​တွေလို ငြိုးငယ်​စွာနဲ့ အမြီးကုပ်​ပြီး ပြန်​လာခဲ့ရမှာ ကျိန်း​သေတယ်
ခု​တော့ အ​တော်​​လေးကို ဟန်​ကျတယ်
ခင်​ဗျားတို့ကို မြင့်​မားတဲ့အ​ခြေအ​နေတခုကို ပို့​ပေးမယ်​လို့ ​ပြောလည်း ယုံတဲ့သူ​တွေရှိ​သေးတယ်
ခင်​ဗျားတို့ကို ​ငွေတရာနဲ့ ကြက်​ဥတလုံးစားနိုင်​​အောင်​ လုပ်​​ပေးမယ်​ဆိုလည်း အားကိုးတဲ့သူ​တွေက ရှိ​နေ​သေးတာပဲ
နိုင်​ငံရဲ့ အဓိကလိုအပ်​ချက်​ဖြစ်​တဲ့ ငြိမ်းချမ်း​ရေးအ​ကြောင်း တခွန်းမှထည့်​​ပြောစရာမလိုပဲနဲ့ကို ​ထောက်​ခံမယ့်​လူ​တွေက ရှိ​နေကြတဲ့
ဘကြီးအ​နေနဲ့ ကိုယ့်​မြန်​မာပြည်​သူ​တွေကို အ​တွေးအ​ခေါ်၊ အယူအဆ၊ ဉာဏ်​ပညာ​တွေ တိုးတက်​​စေချင်​​ပေမယ့်​လည်း တကယ်​တမ်းကျ​တော့ မတိုးတက်​​စေချင်​ဘူး
ဟုတ်​တယ်​​လေ
ဒီလူ​တွေ ဒီပြည်​သူ​တွေအကုန်​လုံးသာ တိုးတက်​သွားရင်​ ကျုပ်​တူကြီး​တွေကို မဲ​ပေးမယ့်​သူရှိ​တော့မှာ မဟုတ်​ဘူး​လေ 😁
ဒါ​ပေသိ ကိုယ့်​တူကြီး​တွေကို​တော့ မဲဆွယ်​ပွဲ​တွေမှာ မစားရဝခမန်း ​ပြော​စေချင်​တယ်
အဲသလို ​ပြောတာကိုမှ ယုံတတ်​တဲ့လူ​တန်းစားကလည်း သက်​သက်​ရှိ​နေ​သေးတာကိုး
အဲသလို လူ​တွေများ​လေ ဘကြီးတူကြီး​တွေ သက်​ဆိုးရှည်​​လေပဲ
အဲဒါ​ကြောင့်​ အခုလိုမျိုး ပြည်​သူကို လိပ်​ပတ်​လည်​​အောင်​ ရှင်းပြတတ်​တဲ့ ကိုယ်​စားလှယ်​​တွေကို ဘကြီးအ​နေနဲ့ မကြိုက်​ဘူး
ကျုပ်​တူကြီး​တွေကလည်း ကြိုက်​မှာ မဟုတ်​ဘူး
😁😁
Yae TayZa #​တောကဘကြီး

Comments