Skip to main content

အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ

Ashin Panna Vara ၏ ဓာတ်ပုံ
ဂျင်းသိပ်ကြိုက်တဲ့ မောင်သန်းဌေးတော့ မြွေခြောက်ကိုက်ပြီ
စကတည်းက ၂၇ ပါတီက ပါတီအချို့က သူတို့မသိပဲ
ကြေညာချက်မှာထည့်လို့ ကန့်ကွက်စာတွေ ထုတ်နေတာ
သိရဲ့သားနဲ့ ကော်မရှင်က မှတ်တမ်းလာတောင်းတော့
လူအထင်ကြီးအောင် လိမ်ထားခဲ့သမျှ အလိမ်တွေတော့ အကုန်ပေါ်ကုန်တော့မှာပဲ ...
အစည်းအဝေးမှတ်တမ်းတင်ပြရန် ပူးတွဲကြေညာခဲ့သည့် ၂၇ ပါတီကို ကော်မရှင် တောင်းခံ
=========================
ပူးတွဲကြေညာချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီအနေနဲ့ နိုဝင်ဘာ ၁ ရက်နောက်ဆုံ ထားပြီး အစည်းအဝေးမှတ်တမ်းတင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တောင်းခံ လိုက်ပါတယ်။
လက်ရှိ တိုင်းပြည်မှာစီးပွားရေးနဲ့ လူမှုဘ၀ မလုံခြုံမှုတွေဖြစ်နေတဲ့ အပေါ် အမြန်ဖြေရှင်းပေးဖို့ အစိုးရကိုတောင်းဆိုတဲ့ ၂၇ ပါတီရဲ့ ပူးတွဲကြေညာချက်ကို သဘော မတူကြောင်း ကန့်ကွက်တိုင်ကြားလာလို့ ကော်မရှင်က ခုလို တောင်းခံလိုက်တာဖြစ်ပါတယ်။
စက်တင်ဘာ ၃ဝ ရက်က ရန်ကုန်မှာ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခဲပြီး ရလဒ်အဖြစ် လက်ရှိအစိုးရတာဝန်ရှိသူတွေက ပြည်သူလူထုရဲ့ လက်တွေ့ဘဝမှာ စီးပွားရေး ကျဆင်းခဲ့မှုနဲ့အတူ လူမှုဘဝ မလုံခြုံမှုတွေလည်း ဖြစ်ပေါ်ခံစားနေရလို့ အခုထက်ပိုမို တည်ငြိမ်အေးချမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေပြီး လက်တွေ့ပါတဲ့ ရလဒ်တွေရအောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြံခိုင်ရေးပါတီအပါအ၀င် ၂၇ ပါတီက ပူးတွဲသဘောထားကြေညာချက် ထုတ်ထားတာပါ။
ဒီလိုကြေညာရာမှာပါဝင်ခဲ့တဲ့ လမ်းပြကြယ်ပါတီက ပါတီရဲ့ ဗဟိုကော်မတီဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေအနေနဲ့ ဒီကိစ္စ သိရှိခဲ့ခြင်း မရှိကြောင်း၊ ဒီကြေညာချက်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်း မရှိကြောင်းနဲ့ ပါတီစည်းကမ်းကျော်လွန် လုပ်ဆောင်သူကို ပါတီမှအရေးယူ ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မဟာမိတ်တောင်သူလယ်သမားပါတီကလည်း ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းဟာ ပါတီတွင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ သဘော တူညီချက်ရယူ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တစ်ဦးတည်းရဲ့ သဘောဆန္ဒအရ လက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ အသိအမှတ်မပြု ကန့်ကွက်ပါကြောင်း ကော်မရှင်ကို တင်ပြ ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပူးတွဲသဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ ပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပါတီ အသီးသီးက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ကြိုတင်သဘောတူညီဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိနဲ့ သဘောတူညီမှုရှိပါက သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို နိုဝင်ဘာ ၁ ရက်နေ့ အရောက် ပြန်လည်တင်ပြဖို့ ကော်မရှင်က အသိပေး ထုတ်ပြန်ထားပါတယ်။
Source: DVB
ZN.H 🇦🇺

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...