Skip to main content

အာင်ဆန်းဦးက အမေစုရဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံကို လေလံတင်ရောင်းခိုင်းနေတာ

Saw William Kyaw သည် Saw Phyo Lay နှင့်အတူ ရှိနေသည်။ ဒီနေ့ညနေမှာတော့ အောင်ဆန်းဦးက အမေစုရဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံကို လေလံတင်ရောင်းခိုင်းနေတာကို အများစုက မကျေမနပ်ဖြစ်နေကြတဲ့ ပို့စ်တွေတွေ့တော့ ဒါလေးကို ရေးမိတယ်။
တကယ်က အဲဒီအိမ်နဲ့ ခြံက ဗိုလ်ချုပ်က အမွေပေးခဲ့တာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကွယ်လွန်တော့ တာဝါလိန်းနေအိမ်မှာပါ။ အဲဒါက နိုင်ငံတော်ကပေးတဲ့အိမ်လဲဖြစ် အထိမ်းအမှတ်ပြတိုက်လုပ်မယ်ဆိုတော့ နိုင်ငံတော်ကပဲ အခု တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို ခေတ်ကာလ တန်ကြေး ၄၀၀၀၀ ( အတိအကျမမှတ်မိ)ခန့်နဲ့ ၀ယ်ပီး ပေးခဲ့တာပါ။ အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ပီးနောက်မှ ဒီအိမ်ကြီးကို ပြောင်းလာကြတာပါ။ ဒါပေမယ့် ဒေါ်ခင်ကြည်က အိန္ဒိယသံအမတ်အဖြစ် အိန္ဒိယသွား ရွှေ့ပြောင်းသွားလာနေကြတော့ သိပ်ပီး မနေဖြစ်ပါဘူး။ အမေစုကလဲ ကုလမှာ အလုပ်လုပ်။ နောက်တော့ အင်္ဂလန်မှာ အိမ်ထောင်ကျပီး အဲမှာပဲ နေနေခဲ့တာပါ။ ၈၈ ကျမှပဲ သူ့အမေကို ပြုစုဖို့ ပြန်လာရင်း အခုထိ နေဖြစ်သွားတာပါ။
အဲဒီအိမ်ကြီးမှာ မိသားစုကို ပစ်ပယ်ပီး တိုင်းသူပြည်သားတွေအတွက် ပေးဆပ်နေခဲ့တဲ့ အမျိုးသမီးကြီးတဦးဟာ နှစ်ပေါင်း ၂၀ကျော် အထီးကျန်စွာ နေထိုင်ခဲ့တာပါ။ အဲဒီအခါက အခု မြင်တွေ့နေရသလို လှလှပပ တိုက်အိမ်ကြီးမဟုတ်ပါဘူး။ ခြံစည်းရိုးဟာ ၀ါးထရံလေးတွေနဲ့ ခနော်ခနဲ့။ သံတံခါးကြီးပဲ ရှိပါတယ်။ အိမ်ကြီးကလဲ ဟောင်းနွမ်းဆွေးမြေ့ပီး မိုးရွာရင် မိုးတွေယိုနေတာပါ။ ခြံထဲမှာလဲ မြွေအရမ်းပေါပါတယ်။ အမေစုနဲ့ အတူ အကျယ်ချုပ်နေခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းတို့ဆို မြွေကို အရမ်းသတိထားပီး နေရပါတယ်။ တခါတရံ အိမ်ထဲထိ မြွေတက်လေ့ရှိပါတယ်။ မြက်တွေက ရှည်လျားပီး ခြင်တွေလဲ ပေါပါတယ်။ ခြံထဲ သီးပင်စားပင်တွေလဲရှိပါတယ်။ တခါတလေ ဈေးမသွားနိုင်ရင် အဲဒီခြံထဲက အသီးအရွက်တွေကိုပဲ စားပီး အမေစုဟာ သူ့ဒုက္ခကို မငြီးမငြူပဲ ဖြေရှင်းလေ့ရှိပါတယ်။ နာဂစ်မုန်တိုင်းတုန်းကလဲ သူဟာ အဲဒီရေယိုနေတဲ့ အိမ်ထဲ မီးမရှိ၊ ရေမရှိနဲ့ နေထိုင်ခဲ့ရတာပါ။ မီးစက်အစုတ်လေး ရှိပေမယ့် အဲဒါက ခြံထဲမှာဆိုတော့ မီးပျက်တဲ့ညအခါမှာ မြွေတွေကြားသွားပီး စက်နိုးရလေ့ရှိပါတယ်။ ရေစက်ပျက်နေတော့လဲ လာမပြင်ပေးကြလို့ နောက်ဆုံး ကိုရာဗီတို့က လာပြင်ပေးရင်း အမေစုကားကို ၂၀၁၅ ထိ မောင်းပေးဖြစ်သွားတာပါ။ အဲဒီလို ဆင်းဆင်းရဲရဲနဲ့ အိမ်အိုကြီးထဲမှာ နှစ် ၂၀ကျော် ဒုက္ခခံနေထိုင်တုန်းမှာ အောင်ဆန်းဦးဟာ အမေရိကန်မှာ ပျော်ပျော်ကြီးနေထိုင်နေပါတယ်။ အခုလို ၂ထပ်အိမ်ကြီးဆိုတဲ့ အသံမထွက်ပါဘူး။ ဒုက္ခဆင်းရဲတွေနဲ့ နေထိုင်နေရတဲ့ ညီမဖြစ်သူကို တချက်မှ လှည့်မကြည့်သလို ပြည်သူကိုလဲ စိတ်မ၀င်စားပါဘူး။ အမေစုရဲ့ မောင်နှမ ၀မ်းကွဲတွေဖြစ်တဲ့ ဦးဘ၀င်းနဲ့ ဦးအောင်သန်းတို့ရဲ့ သားသမီးတွေကမှ အမေစုနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြလို့ ထောင်ကျခဲ့ရပါသေးတယ်။
အဲဒီအိမ်ကြီးကို ဘယ်သူမှလဲ မပြင်ပေးရဲကြပါဘူး။ ၂၀၁၂ အမေစု လွှတ်တော်ထဲရောက်မှ သူ့အိမ်ကို နိုင်ငံခြားက ဧည့်သည်တွေ ဘာတွေလာတော့ အစုတ်ကြီးနဲ့ မဖြစ်ချေဘူးဆိုပီး စာရေးဆရာခင်မောင်အေး(မန်း)က အကုန်ပြန်ပြင်ပေးခဲ့တာပါ။ အဲတော့မှ အခုတွေ့နေရတဲ့ အုတ်တံတိုင်းနဲ့ မြက်ခင်းနဲ့ အိမ်ကြီး ဖြစ်လာခဲ့တာပါ။ ဒီတော့ အခုမှ အမွေခွဲခိုင်းဖို့ ကြံစည်လာတာပါ။ ဒါ့အပြင် အောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားခံယူပီး အမေရိကန် Passport ကိုင်ထားတာပါ။ ညောင်ဦးမှာလဲ သူ့ပိုင်တာတွေရှိပါတယ်။ အမေစုကတော့ တခါမှ အင်္ဂလန်နိုင်ငံသား မခံယူခဲ့ပါဘူး။ ကျမက မြန်မာပါလို့ အမြဲပြောလေ့ရှိပီး သူ့သားတွေကိုလဲ မြန်မာနိုင်ငံသား ခံယူစေခဲ့တာပါ။ ၈၈ အပီး မှတ်ပုံတင်ပိတ်ထားခဲ့ပီး ၂၀၁၂ မှ အမေစုကို မှတ်ပုံတင် ထုတ်ပေးခဲ့ပါတယ်။
တကယ်တော့ အမေစုကို ပြည်သူတွေချစ်ကြရမှာ သူဟာ ဗိုလ်ချုပ်သမီးဖြစ်လို့ဆိုတာထက် ဗိုလ်ချုပ်နဲ့ အမူအကျင့်တူလို့၊ ပြည်သူကို မျက်နှာမူလို့၊ တိုင်းပြည်ကို ချစ်လို့၊ ကိုယ်ကျိုးထက် အများအကျိုးကို လိုလားလို့ ချစ်ကြတာပါ။ သွေးမတော် သားမစပ် ပြည်သူတွေအတွက် အဲဒီအိမ်ထဲ နှစ် ၂၀ ကျော် ဒုက္ခခံပီးနေလာခဲ့တာ တော်ရုံစေတနာ မေတ္တာမဟုတ်ပါဘူး။ အဲဒီအိမ်ဟာ မြန်မာ့ခေတ်သစ်ဒီမိုကရေစီရဲ့ ပြယုဂ်လဲ ဖြစ်ပါတယ်။ အိုဘားမား၊ ဟီလာရီကလင်တန်၊ ဒတ်စမွန်တူးတူး၊ ဒေးဗစ်ကင်မရွန် အစရှိသူတို့ လာရောက်ခဲ့တဲ့ နေရာလဲဖြစ်ပါတယ်။
တကယ်တော့ တွေးကြည့်ရင်း စိတ်မကောင်းစရာကြီးပါ။ တတိုင်းပြည်လုံးရဲ့ အချစ်ဆုံး ခေါင်းဆောင်ကြီးတွေဖြစ်ပီး အဖေနဲ့ သမီးပေါင်းလို့ ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်လေးတလုံးတောင် မရှိရှာကြပါဘူး။ ဒါကို လူတချို့က ပျက်ရယ်ပြုနိုင်သလို တချို့ကလဲ အံ့အားသင့်နိုင်ကြပါတယ်။ ဧကရာချီမှာ နန်းတော်ကြီးပမာ ဆောက်ထားတဲ့အိမ်လဲ မရှိသလို၊ နေအိမ်များစွာလဲ မရှိပါဘူး။ အာဏာရပီး အမြင့်ဆုံးရောက်နေချိန်မှာလဲ နိုင်ငံတော်က ပေးခဲ့တဲ့ ဒီအိမ်တလုံးပဲ အမွေဆိုင်အဖြစ်ရှိသလို အနားယူချိန်မှာလဲ အမေစုဟာ ဒီအိမ်လေးထဲမှာပဲ အသက်ထက်ဆုံးနေထိုင်သွားမှာဖြစ်ပါတယ်။ တခါတလေတော့ သူမရဲ့ ပေးဆပ်မှုတွေဟာ မတန်ဘူးလို့ ကျနော် အမြဲတွေးမိပါတယ်။ သူမ မရှိတော့ရင်တော့ ဒီတိုင်းပြည်မှာ အမွေအဖြစ်အိမ်တလုံးတောင် မချန်ထားခဲ့နိုင်ခဲ့ပေမယ့် သူမရဲ့ ပေးဆပ်မှု စေတနာ မေတ္တာတွေကတော့ မြန်မာပြည်တည်သရွေ့ ကျန်ရစ်နေခဲ့ပါလိမ့်မယ်။
Credit - Nay Thway

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...