Skip to main content

NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိရမည်ဆိုသည့်အချက်ကို အပြည့်အဝလက်ခံလိုက်ပြီဟုဆို

၎ တှငျ
Yangon Media Group
NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိရမည်ဆိုသည့်အချက်ကို အပြည့်အဝလက်ခံလိုက်ပြီဟုဆို
------------------------------------------------------------------------------
ရန်ကုန်၊အောက်တိုဘာ၁၆-တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းဘက်မှ တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော တပ်မတော်ရှိ ရမည်ဆိုသည့်အချက်အား အပြည့် အဝ လက်ခံလိုက်ကြောင်း ချင်း အမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်လျန်မုန်းဆာ ခေါင်က ပြောကြားခဲ့သည်။

ယနေ့ ညနေပိုင်း၊ နေပြည် တော်တွင်ကျင်းပသည့် NCA လက်မှတ်ထိုးထိပ်သီးဆွေးနွေးပွဲအပြီး၊ " Horizon lake View "တွင် သတင်းထောက်များနှင့် တွေ့ဆုံ စဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး ဒုတိ ယဥက္ကဋ္ဌ ဒေါက်တာဆလိုင်လျန်မုန်း ဆာခေါင်က" မနေ့က လက်ကျန်ဖြစ် တဲ့ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိစ္စအထူးသဖြင့် ခွဲမထွက် ရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့အချိန်တော်တော် ကြာ ကြာဆွေးနွေးတယ်။ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများက တင်ပြတာ ကဒီကိစ္စက အင်မတန် အရေးကြီး တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အချိန်ယူရမယ်။ ပြီးတော့ဒီ ၁ဝဖွဲ့ ပဲရှိတဲ့အပေါ်မှာ တစ်နိုင်ငံလုံးကိစ္စ ကို ဒီ ၁၀ ဖွဲ့လောက်နဲ့ ဆုံးဖြတ်တာ မျိုးမဟုတ်ဘဲနဲ့ လက်မှတ်မထိုး သေးတဲ့အဖွဲ့တွေနဲ့ ကျွန်တော်တို့ တိုင်ပင်ဖို့ အချိန်ခဏပေးပါဆို ပြီးတော့ ကျွန်တော်တို့က မေတ္တာ ရပ်ခံတယ်။
နိုဝင်ဘာလမကုန်ခင် မှာကျွန်တော်တို့ပြန်တွေ့ဖို့ ချိန်း ထားပါတယ်။ ခိုင်မာတဲ့ ငြိမ်းချမ်း ရေးကိုရဖို့ဆိုရင် ဒီလိုပွဲမျိုးက ကောင်းတယ်။ ဆက်လုပ်မယ်။ နို ဝင်ဘာလမတိုင်ခင်။ တစ်ခုတည်း သော တပ်မတော်ကိစ္စကို ကျွန်တော် တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်က တိုင်းပြည် တစ်ခုမှာ တစ်ခုတည်းသော တပ်မ တော်ရှိရမယ်ဆိုတဲ့ဟာကို ကျွန်တော် တို့ အပြည့်အဝလက်ခံလိုက်ပါ တယ်။ သို့သော် အဲ့ဒီတပ်မတော် ကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး တပ်မတော်ဖြစ်စေရမလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆက်ပြီး တော့လုပ်ရမယ်ဆိုတဲ့အပိုင်းကျ တော့ ကျွန်တော်တို့ ဆက်လက်ညှိ နှိုင်းမယ်။ တစ်ခုတည်းသော တပ် မတော်ရဲ့ ဖွဲ့စည်းပုံတို့၊ အလုပ်လုပ် ရမယ့်ပုံစံတို့ ဆက်ဆွေးနွေးမယ် ဆိုပြီးတော့ ကျွန်တော်တို့ သဘော တူလိုက်ပါတယ်။
တချို့နေရာမှာ လည်း ကျွန်တော်တို့ မမျှော်လင့် ဘဲ ပိုပြီးတော့ နီးစပ်တယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့်ထိပ်ဆုံးက ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေး ပြီးတော့ အတူတကွ အဖြေရှာ တယ်ဆိုတာ ကျွန်တော်တို့ တိုင်း ပြည်အတွက် အင်မတန်ကောင်း တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါမျိုးကိုဆက်လုပ်နိုင်ရင် ငြိမ်း ချမ်းရေးအတွက် ပိုနီးစပ်ပါမယ်" ဟု ပြောကြားခဲ့သည်။
MP/Democracytoday

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...