Skip to main content

အစိုးရသစ်ကို မလွှဲခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ ဖောင်းဒေးရှင်းက ပြန်ပေးမည်

"ဆိုက္ကားနင်းပြီးတော့ အရစ်​ကျဆပ်​မယ်​တဲ့"

========================‗‗‗‗‗‗‗‗‗‗
Nyan Hlaing ၏ ဓာတ်ပုံ
By ဒီဗီြဘီ 19 October 2018
ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရက အစိုးရသစ်ကို မလွှဲခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပြန်လည်ပေးအပ်မယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း တိုင်းစီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။
ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (ကျပ်သိန်း ၅၂၀၀၀) နဲ့ပတ်သက်ပြီး အစိုးကို အကြောင်းပြန်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ပုံငွေ လက်ခံထားတဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံခဲ့ပြီး အစိုးရကသတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ပေးအပ်သွားမယ်လို့ အကြောင်းပြန်ကြောင်း တွေ့ဆုံအပြီးမှာ တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးကို လာရောက်တွေဆုံတဲ့အထဲမှာ ယခင်တိုင်းနယ်လုံဝန်ကြီးဟောင်းဖြစ်တဲ့ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်း အပါအဝင် အရင်တိုင်းစီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးဝင်းကိုကိုနဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ ပါဝင်ပါတယ်။
ဖောင်ဒေးရှင်းအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကြည်အောင်ကတော့ ညှိနှိုင်းတာ အဆင်ပြေကြောင်းနဲ့ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ စီမံဘဏ္ဍာဝန်ကြီးကိုမေးဖို့ပြောပါတယ်။
အဲ့ဒီငွေတွေဟာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ ယခင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရက အစိုးရသစ်ကို မလွှဲခဲ့ဘဲ တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို လွှဲခဲ့တာပါ။
အစိုးရဟောင်း ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ဖျာပုံမဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်း လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက မေးမြန်းခဲ့တာပါ။
ဒါ့ကြောင့် အစိုးရဟောင်း ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ပြန်လည်တောင်းခံဖို့ သမ္မတရုံးက ဧရာဝတီတိုင်းဒေသကြီး အစိုးရကို ညွှန်ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုင်းအစိုးရအနေနဲ့ ဖောင်ဒေးရှင်းနဲ့ သုံးလကြာညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို အမြန်ဆုံးပေးဖို့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ခေတ္တ ထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပေးဖို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ခေတ္တ ထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့နဲ့ မလိုက်နာရင် ဥပဒေအတိုင်းအရေးယူသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့တာပါ။
အခုအခါမှာတော့ ရန်ပုံငွေတွေလက်ခံထားတဲ့ ဖောင်ဒေးရှင်းအနေနဲ့ ၅.၂ ဘီလီယံကို ငွေသားအနေနဲ့ ပြန်လည်ပေးအပ်တော့မယ်လို့ သိရပါတယ်။
(Xinhua)
http://xinhuamyanmar.com
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...