Skip to main content

Posts

Showing posts from July, 2018

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုကို

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုကို သမ္မတကြီးစိတ်ဆိုးပြီ ... "တစ်သက်လုံးမကြားဖူးခဲ့တဲ့ တရားရုံးအမိန့်ေ တွကို ကြားနေရတယ်။" နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်။ Video: One News

အောင်ရဲထွေး အမှု လက်သည်တွေက ဒီမှာ အားလုံး ပေါင်းလိမ်လိုက်ကြတဲ့ နိုင်ငံတော် လိမ်လည်မှုကြီးပါခင်ဗျ

အောင်ရဲထွေးအမှု လက်သည်တွေက ဒီမှာ အားလုံး ပေါင်းလိမ်လိုက်ကြတဲ့ နိုင်ငံတော် လိမ်လည်မှုကြီးပါခင်ဗျ # အောင် ​ရဲ​ထွေးအမှု ပိတ်​သိမ်းလိုက်​ခြင်းကို ​စေ့​စေ့​တွေးရင်းခံစားချက်​​တွေ အများကြီးဖြစ်​လာပါတယ်​။ =================== ဆိုးသွမ်းလိုက်​တဲ့ စစ်​အရာရှိများ ထင်​ရာစိုင်း စစ်​အရာရှိများ ယ​နေ့ထိ ဆိုးသွမ်းမိုက်​မဲ​နေဆဲ... ပြည်​သူကို လူမထင်​ ငါတို့လုပ်​သမျှခံ ပြန်​မ​ပြောနဲ့ ​ထောင်​ထဲ​ရောက်​သွားမယ်​ မိသားတစ်​စုလုံးဘဝပျက်​သွားမယ်​ ​​သေသွားမယ်​ဆိုတဲ့... စစ်​အစိုးရလက်​ထက်​က တိုင်းပြည်​ရဲ့မဏ္ဍိုင်​ကြီးသုံးရပ်​ ဓားပြလူသတ်​သမားလက်​ထဲ ​ရောက်​ခဲ့စဉ်​က ဆိုးဝါးလှတဲ့​ခေတ်​ပျက်​​ ခေတ်​ဆိုးကာလက အကျင့်​ဆိုး စရိုက်​ဆိုး​တွေ ခုထိ ရှိ​နေဆဲဆိုတာ ပြ​နေပါတယ်​။ ဒီအမှုဟာ ပြည်​သူအများသိတဲ့အမှုဖြစ်​ပြီး လူမသိသူမသိ ဒီလိုဖြစ်​စဉ်​​တွေ ဘယ်​​လောက်​များ​လေမလဲ.. တရား​ရေးမဏ္ဍိုင်​ ယိုင်​ရုံမက ပြိုလဲ​နေပြီလို့ ဥပ​ဒေပညာရှင်​များ သုံးသပ်​ကြပါတယ်​။ ပြည်​သူများကို ထီမထင်​ရုံမက ယိုင်​လဲ​နေတဲ့ တရား​ရေးကို တည့်​မတ်​ရပါမယ်​ဆိုတဲ့ သမ္မတကြီးကိုပါ မ​လေးမစားလုပ်​ ထည့်​တွက်​ဘို့မလိုဘူး.. ငါတ

အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ် မှာ လူ ၄ သန်း နိုင်ငံသား ရုပ်သိမ်း ခံရ

အာသံ က လူ ၄ သန်း နိုင်ငံသား ရုပ်သိမ်း ခံရ အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ် မှာ နေထိုင် တဲ့ လူ ၄ သန်း ကို နိုင်ငံသား ရုပ်သိမ်း မယ်ဆိုပြီး အစိုးရ တာဝန် ရှိသူတွေက စာရင်း ထုတ်ပြန် လိုက်ပါတယ်။ သူတို့တွေ နိုင်ငံသား ဖြစ်မှု ကို တရားရုံးမှာ အယူခံ ဝင်နိုင်ပေမယ့် ၁၉၇၁ ခုနှစ်၊ မတ်လ ၂၅ ရက် မတိုင်ခင် ဒီဒေသ ကို ဝင်ရောက် နေထိုင်သူ ဖြစ်ကြောင်း သက်သေ ပြဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ ဒါက ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ဝင်ရောက် နေထိုင်သူတွေကို ရှင်းလင်းဖို့ ဆောင်ရွက် တာ ဖြစ်တယ်လို့ အစိုးရ ဘက် က ပြောပါတယ်။ ဒါပေမယ့် မွတ်ဆလင် တွေကို အဲဒီကနေ မောင်းထုတ် လိုတဲ့ လုပ်ရပ် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေက ပြောဆို နေပါတယ်။ # ဘီဘီစီမြန်မာပိုင်း

မွန် ဝန်/ချုပ်ကြီးဒေါက်တာအေးဇံ ရေဘေး ကယ်ဆယ်ရေး အင်တာဗျူး

မွန် ဝန်/ချုပ်ကြီးဒေါက်တာအေးဇံ ဒီဝန်/ချုပ်က စကားပြောရင် ဟုတ်တယ်လား အမြဲ ပါတယ်ဗျ Dvb ➖ ကယ်ဆယ်ကူညီမှုတွေ နောက်ကျတယ်လို့ ဝေဖန်နေကြတာနဲ့ ပက်သက်လို့ ဝန်/ချုပ် ဘာပြောချင်လဲ ? ➖ ပြောပါ့စေ! ဝေဖန်တာပဲ ➖ ပြီးခဲ့တဲ့ ၁ ပတ် 800 Cm. ရောက်ကတည်းက ကြေငြာပြီးသားပါ! ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ဖို့ စတင်စီစဉ်ခဲ့ပြီး 900 Cm ရောက်ခဲ့တဲ့ ၂၂/၂၃ ရက်မှာ ရေဘေးဒုက္ခသည်တွေကို စတင် လက်ခံနိင်ခဲ့ပါတယ်! ➖ အသက် ဆုံးရှုံးမှုနဲ့ပက်သက်လို့ ➖ ပိတ်မိနေသူ ၁ သောင်းကျော် နဲ့ ကားတွေထဲမှာ ပိတ်မိနေသူ ၅ ထောင်ကျော် ကယ်ဆယ်နိင်ခဲ့ပါတယ်! တပ်မတော်သား ၃ ဦးကလွဲပြီး ဒီနေ့အချိန်ထိ ၁ ယောက်မှ မသေ သေးပါဘူး ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ Nyi Htut. ဖြည့်ပီး ဖြေကြားလိုက်သည် 😆 ➖ အဲ့ ဝေဖန်နေတဲ့ကောင်တွေ ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ဝေချင်တယ် ➖ လုပ်ရတာ အလွယ်ဆုံး အလုပ်က " ဝေဖန်ရေး ပဲ 🤑 " ➖ နာဂစ် နဲ့ နှိုင်းယှဉ် ပြောရရင် အဲ့တုန်းက ဝန်/ချုပ် လို့ပြောတဲ့ ပြောင်ကြီးက မုန်တိုင်းကျပြီး ၁၀ ရက်မြောက်နေ့မှ လက်ဗလာနဲ့ လာခဲ့တယ်လို့ ပြောခဲ့တာပါ ခု့ ဝန်/ ချုပ် ( ပြည်နယ် ) ရေထဲ ရောက်နေတာ ၁ ပတ် ရှိ့ပြါ

ကာကွယ်ရေးအသုံးစရိတ် ကျပ်၅၇ ဘီလီယံတိုးမြှင့်တောင်းခံပြီး စစ်ဆင်ရေးစရိတ် ငါးဘီလီယံကျော် ပါဝင် စစ်တပ်

အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အသုံးစရိတ်ကျပ်သန်း ၇၀၀ ခန့်တင်ပြထား Wed, 2018-07-25 23:51 ကာကွယ်ရေးဝန်ကြီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့နောက် တတိယအသုံးစရိတ်အများဆုံးတောင်းခံထားသည့်ဌာနဖြစ်သည်။ (ဓာတ်ပုံ − စိုင်းဇော်) လာမည့်ဘဏ္ဍာ ရေးနှစ်အတွက် ကာကွယ်ရေးဝန် ကြီးဌာနက စစ်ဆင်ရေးစရိတ်ကျပ် သန်း ၅,၅၀၀ ကျော်ခွင့်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာအသုံးစရိတ် ကျပ်သန်း ၇၀၀ ခန့်တင်ပြ တောင်းခံထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်မြင့်နွယ် နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးခင် မောင်တင်က ဇူလိုင် ၂၅ ရက် တွင် ကျင်းပသောပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း (BE)အတွက် အသုံးစရိတ်စုစုပေါင်းကျပ်ဘီလီယံ ၃,၂၀၀ ကျော်တောင်းခံထားပြီး ယမန်နှစ်က ပြုပြင်ပြီးခန့်မှန်ြးေ

မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ဝန်ကြီးဌာန ပတ်သက်မှုမရှိ

2018-07-27 သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဆိုင်းပုဒ်ကို တွေ့ရစဉ် ဓာတ်ပုံ - သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန - သာသနာရေး ဖေ့စ်ဘွတ် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်တွေကသာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ "ကျနော်တို့က မဟနရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုဆုံးဖြတ်ပါ ဘယ်လိုဆုံးဖြတ်ပါဆိုပြီးတော့ ကျနော်တို့ က လျှောက်ထားလို့ မရဘူးခင်ဗျ၊ သံဃာကိစ္စ သံဃာဆောင်ရွက်တာ ဖြစ်တဲ့အတွက် မဟနကပဲ ၁၉၈၀ ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးက ချမှတ်ထားတဲ့ မူဝါဒသံဃစည်းမျဉ်းတွေအတိုင်းပဲ ဆောင်ရွက်တာ ပါခင်ဗျ၊ ဥပမာ ကျနော်တို့ ဝန်ကြီးဌာနကနေ ဒီလိုလေး လုပ်ပေးပါ ဟိုလိုလေး လုပ်ပေးပါ လျှောက်ထား လို့ မရပါဘူးခင်ဗျ၊ ကျနော်တို့ ဝန်ကြီးဌာနက ပါဝင်ပတ်သက်တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောနေကြ လို့ ကျနော်တို့က ရှင်းလင်းပြတာပါခင်ဗျ၊ နိုင်

ဒုက္ခသည်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ထပ်မံပြောကြား

https://streamer1.rfaweb.org/stream/BUR/BUR-2018-0728-0030.mp3 2018-07-27 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်မိသားစုကို တွေ့ရစဉ် Photo: AFP ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံကဒုက္ခသည် ၁ သန်းခန့်ကို နေစရာပေး ထောက်ပံ့ကူညီနေပြီး အဲဒါဟာ ဒုက္ခရောက်နေသူတွေကိုကူညီတတ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့သဘာဝဖြစ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အလီက အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ဝန်ကြီးများအစည်း အဝေးမှာ ပြောလိုက်ပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ မိုဟာမက်အလီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီရို က ဖိတ်ကြားခဲ့တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာဒုက္ခသည်တွေ အန္တရာယ်ကင်းပြီး သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ဖိအားပေးဖို့လိုတယ်လို့လည်း ပြောပါသေးတယ်။ အမေရိကန်ဒုတိယသမ္မတ မိုက်ကယ်ပန့်စ်ကတော့ အမေရိကန်ဟာ ဘာသာရေးလွတ်လပ်မှုနဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ကို သူ့ရဲ့နိုင်ငံခြားရေးမူဝါဒရဲ့ ထိပ်ဆုံးမှာထားတဲ့နိုင်ငံဖြစ်ပါတယ်လို့ ပြောပါတယ်။ အစည်းအဝေးအတွင်း အမေရ

အိန္ဒိယ-မြန်မာနယ်စပ်က နာဂသူပုန်တွေကိုချေမှုန်းဖို့ မြန်မာ့တပ်မတော် အင်အားဖြည့်

2018-07-28 နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ nagasconnect.com မြန်မာနိုင်ငံနဲ့ အိန္ဒိယနယ်စပ်မှာအခြေစိုက်ပြီး အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂသူပုန်အဖွဲ့တွေကို မြန်မာ့ တပ်မတော်က စီမံချက်နဲ့ချေမှုန်းဖို့ နယ်စပ်နားကို တပ်တွေပိုပို့လိုက်တယ်လို့ ရိုက်တာသတင်း တစ်ပုဒ်မှာ မနေ့ညကဖော်ပြထားပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ NSCN (K) နာဂဆိုရှယ်လစ် အမျိုးသားကောင်စီရဲ့ဌာနချုပ်နားကို မြန်မာ စစ်တပ်တွေ ဝိုင်းထားတဲ့အတွက် စိုးရိမ်နေတဲ့အကြောင်း အိန္ဒိယပြည်ထဲရေးကိုပေးပို့တဲ့ ထောက်လှမ်းရေး အစီရင်ခံစာအရသိရတယ်လို့ သတင်းမှာရေးသားထားပါတယ်။ အဲဒီနာဂအဖွဲ့က အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကော်မတီနဲ့ မြန်မာစစ်တပ်တို့ မကြာသေးခင်က အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ နာဂသူပုန်အဖွဲ့က အမာခံခေါင်းဆောင် ကေဒါတွေကို ဖမ်းပြီး အိန္ဒိယအစိုးရကိုလွှဲပေးမယ်လို့ မြန်မာ့တပ်မတော်ဘက်က ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင

အတိုင်ပင်ခံပုဂ္ဂိုလ် ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံ

26 July 2018 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့က ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ ကရင်ပြည်နယ် ဘားအံမြို့ကို ဒီနေ့သွားရောက်ပြီး ရေဘေးဒုက္ခသည်စခန်းတချို့က ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံတဲ့အကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အခုလို ပြောပါတယ်။ "ဒီဘားအံမှာကလည်း ရေကြီးနေတယ်။ မိုးကလည်းများတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်း ဖြစ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မလာသင့်ဘူးဆိုပြီး ကိုဇော်ဌေးတို့က ပြန်ပြောတော့ အမေဒေါ်အောင်ဆန်းစုကြည် ကလည်း စဉ်းစားနေရတယ်ပေါ့။ ဒီချိန်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကူအညီတောင်းတာပဲလား အကြံပေးတာပဲလားမသိဘူး။ သွားသင့်တယ်လို့ဆိုပြီး ချက်ခြင်းပျက်တဲ့အစီစဉ်ကို ခေါင်းစဉ်ပြောင်းလိုက်တယ်ပေါ့။ မနေ့ကညနေ ၃ နာရီခွဲမှာ နိုင်ငံတော်သမ္မတရုံးက ရေဘေးသင့်ပြည်သူတွေနဲ့ အစိုးရအဖွဲ့နဲ့တွေ့

ဝန်ကြီးများကို ပညာပြလိုသည့် ၀န်ထမ်းအချို့ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

By ထက်အာကာကျော် On   Wed, 2018-07-25 23:18 Location ရန်ကုန် Issue No. No.1872, Thursday, July 26, 2018 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − Myanmar State Counsellor Office) အစိုးရအဖွဲ့ဝင်ဝန်ကြီး များကို ပညာပြလိုသည့် ၀န်ထမ်း အချို့ရှိကြောင်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန (၂) နှစ်ပြည့်နေ့အခမ်း အနားကို ယမန်နေ့ (ဇူလိုင် ၂၅ ရက်)တွင် နေပြည်တော်ရှိအမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ထည့်သွင်းပြော ကြားသည်။ ‘‘တချို့ကတော့လူ့သဘာဝ အရ ပညာပြချင်တယ်။ တချို့ က၀န်ထမ်းလုပ်ခဲ့တာ ဘယ်နှနှစ် ရှိပြီ၊ ဒီဝန်ကြီးကတော့မနေ့ တစ် နေ့ကမှ ရောက်လာတာ၊ ငါတို့ အနေနဲ့တော့ ပညာပြလို့ရတယ်၊  အဲဒီလိုစိတ်ထားတဲ့ ၀န်ထမ်းတွေ လည်းတချို့ရှိကြတယ်။ ဒီလိုစိတ်  မထားဘဲကိုယ့်ရဲ့ဌာနကို အသစ် ရောက်လာတဲ့ဝန်ကြီးပဲဖြစ်ဖြစ်၊ တခြားဝန်ထမ်

ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေဆီ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ

On   Thu, 2018-07-26 12:02 Issue No. No.1872, Thursday, July 26, 2018 ဓာတ်ပုံ-စောအောင်မင်းဦး လူဦးရေတစ်သောင်းကျော် ရေဘေးသင့်နေတဲ့ ကရင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ရောက်ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံအားပေးဖို့ ဘားအံမြို့ က ရေဘေးကယ် ဆယ်ရေး စခန်းတွေကို ကနဦး သွားရောက်နေပါတယ်။ အခုရက်ပိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးတာနဲ့မြစ်နေမြင့်တက်လာတာတွေကြောင့် ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ ပဲခူးတိုင်းနဲ့ တနသာင်္ရီတိုင်း တို့မှာ ရေဘေးရင်ဆိုင်နေရတာပါ။ ကရင်ပြည်နယ်ကတော့ ရေဘေးသင့်ပြည်သူအများဆုံးရှိနေပြီး  ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ တစ်သောင်းတစ်ထောင်လောက် ခိုလှုံနေရတယ်လို့ သိရပါတယ်။ ပထမတော့ ဒ်ါအောင်ဆန်းစုကြည်နဲ့  ဒေသခံပြည်သူတွေရဲ့ စကားဝိုင်းကို ဘားအံမြို့ ဇွဲကပင် ခန်းမမှာ ဒီကနေ့ ပြုလုပ်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝဘေးခံစားနေရတဲ့ ပြည်သူတွေကို တွေ့ဆုံဖို့အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးခဲ့တာလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီး တစ်ဦးက ဆိုပါတယ်။ ဒေသခံပြည်သူတေ

ပုဒ်မ ၅၀၅(ခ) နဲ့ ကိုကျော်မျိုးရွှေ ကို ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်

25 July 2018 အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရတဲ့ ကိုကျော်မျိုးရွှေ ကို ၂၀၁၈၊ ဇူလိုင် ၂၅ ရက်နေ့က တွေ့ရစဉ်/ Photo: Khaymani Win မန္တလေးမြို့မှာ အစိုးရသစ် ဖြုတ်ချရေး သပိတ်မှောက်ခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားရင်ဆိုင်နေရတဲ့ ကိုကျော်မျိုးရွှေ ကို ဒီနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။ နှစ်ဘက် သက်သေထွက်ဆိုချက်တွေ၊ တင်ပြချက်တွေအပေါ် မူတည်ပြီး ဆင်ခြင်တုံတရားနဲ့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောပါတယ်။ "အခုက တရားစီရင်ရေးမှာ လွတ်လွတ်လပ်လပ် တရားစီရင်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆင်ခြင်တုံတရားဆိုတဲ့ နေရာမှာလည်း တရားသူကြီးက သူလုပ်ချင်တိုင်း လုပ်လို့မရဘူး။ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးတယ်။ သူရဲ့ ထွက်ဆိုချက်တွေရှိတယ်။ သက်သေ တင်ပြချက်တွေ ရှိတယ်။ နောက်တစ်ခါကျတော့ စွပ်စွဲခံရသူနဲ့ စွပ်စွဲသူတွေရဲ့သက်သေကို စစ်တယ်။ တင်ပြချက်တွေရှိတယ်။ နှစ်ဘက်သက်သေ တင်ပြချက်တွေ မူတည်ပြီး အမိန့်ချတာ။ သက်သေထွက်ဆိုချက်တွေ၊ တင်ပြ

သျှမ်းပြည်အလယ်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် ပိုက်စိပ်တိုက်ရှာ

26 July 2018 ၀မ့်ဖိန်းခမ်းဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ အသီးသီးနေရပ်ပြန်နေကြသည်ကိုတွေ့ရစဉ် Photo: SSM သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ် အတွင်းရှိ RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် မှ အင်အားဖြည့်ကာ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ဇူလိုင်လဆန်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် – မတ်ဝေါင်းကျေးရွာ၊ နမ့်အုပ်ကျေးရွား၊ ဟိုပုံကျေးရွာ ဘက်တို့လည်းကောင်း၊ မိုင်းကိုင်မြို့နယ် – ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခိုင်းကျေးရွာအုပ်စု၊ တုံလောဝ်ကျေးရွာအတွင်းသို့ အစိုးရတပ်မတော် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများအပါအဝင် တပ် ၁၀ ရင်း ထက်မနည်း အင်အားဖြည့်ကာ သျှမ်းပြည်တပ်မတော် RCSS/SSA အခြေချလှုပ်ရှားရာ ကျေးရွာသို့ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ စစ်ကြောင်းက ကျနော်တို့ကိုလာမေးတယ်။ RCSS/SSA တပ်ဖွဲ့ဘယ်မှာလဲတဲ့။ မပြောပြရင်လဲ ရိုက်နက်ခံရမှာ ကြောက်တယ် – ဟု တပ်မတော်စစ်ကြောင်း နှင့်ကြုံတွေ့သည့် ကျေးသီးရောက် ရွာအကြီးအကဲ တဦးကပြော သည်။ RCSS/SSA ၏ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးစိုင်းဦးက –

အိန္ဒိယစစ်တပ်ကို အာဆာ တိုက်ခိုက်

26 July 2018 ( အိန္ဒိယ အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်သားတချို့ ကင်းလှည့်နေစဉ် )AFP Photo အိန္ဒိယ မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်မှာ ပြီးခဲ့တဲ့လက အာသံရိုင်ဖယ် နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့တဖွဲ့ကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ဆိုတဲ့ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ DNA သတင်းက ဖေါ်ပြပါတယ်။ တောထူထပ်တဲ့နေရာကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး၊ အာသံရိုင်ဖယ်ကင်းလှည့်တပ်ဖွဲ့က ပြန်လည်ခုခံခဲ့ရာမှာ အကြမ်းဖက်သမားတွေ မြန်မာဘက်ခြမ်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရပါ တယ်။ ဒီတိုက်ခိုက်မှုဟာ ပိုမိုကြီးမားတဲ့ တိုက်ခိုက်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ဖွယ်ရှိပြီး၊ အာဆာ အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ မြန်မာ နယ်စပ်မှာ အကြမ်းဖက် အခြေစိုက်စခန်း ထူထောင်လိုတဲ့သဘော ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။ ARSA အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်ထောက်လှမ်းရေးက ငွေကြေး အမြောက်အများထောက်ပံ့ပေးနေတဲ့အပြင်၊ စစ်ရေးသင်တန်းနဲ့ တခြားလိုအပ်တာတွေ အကူအညီပေးနေတယ်လို့ DNA သတင်းက ဖေါ်ပြပါတယ်။ ဒါ့ပြင် အိန္ဒိယအခြေစိုက် လက်ရှခါ အကြမ်းဖက်အဖွဲ့ဝင်တချို့လည်း အာဆာတွေနဲ့အတူ စစ်ရေးသင်

အသုံးစရိတ် ကျပ်ဘီလီယံ ၃၂၀၀ ကျော် ကာကွယ်ရေးဝန်ကြီးဌာန တောင်းခံ

25 July 2018 တပ်မတော်နေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ် / Photo: RFA ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စစ်ဆင်ရေး အသုံးစရိတ် ၅ ဘီလီယံ ကျော်အပါအ၀င် အသုံးစရိတ် ကျပ်ဘီလီယံ ၃၂၀၀ ကျော်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းခွဲ နီးပါး တောင်းခံထားတဲ့အပေါ် ၀န်ကြီးဌာန ၁၈ ခုက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒီ အသုံးစရိတ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၂၀၀ ကျော်နဲ့ တတိယအများဆုံး တောင်းခံထားတဲ့ဌာန ဖြစ်ပါတယ်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ဘီလီယံ ၂၉၀၀ ကျော် ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဘီလီယံ ၃၁၀၀ ကျော် တောင်းခံခဲ့ပြီး ဒီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ဘီလီယံ ၂၀၀ ကျော် ပိုမို တောင်းခံထားတာဖြစ်ပါတယ်။ အဲဒီလိုတောင်းခံရာမှာ စစ်ဆင်ရေး အသုံးစားရိတ်အတွက် ၅ ဘီလီယံကျော် အသုံးပြုဖို့ တင်ပြခဲ့တာပါ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တောင်းခံထားတဲ့ ကျပ်ဘီလီယံ ၂ သောင်းခွဲနီးပါးထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ လူမှုကာကွယ်စောင်

တပ်ကို အမိန့်ပေးရန် ဝန်ကြီးချုပ်များတွင် လုပ်ပိုင်ခွင့်အာဏာမရှိဟု တပ်မတော်ထုတ်ပြန်

By ဒီဗွီဘီ 24 July 2018 တပ်ကို အမိန့်ပေး၊ တာဝန်ပေးဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတာ မရှိကြောင်း  တပ်မတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ်  တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအရ အရေးပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာသာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်း မရှိကြောင်း၊  ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်းရဲ့ ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ အခန်း (၁၁) ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီသာ ဆောင်ရွက်သွားရမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထားရှိရေးကိစ္စနဲ

လုံခြုံရေးကောင်စီမှာ မြန်မာကို အရေးယူမှုမရှိ

24 July 2018 22:21(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener လည်းလုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေး ရခိုင်အရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက် နေပုံတွေကို လုံခြုံရေး ကောင်စီက အသိအမှတ်ပြုတဲ့ သဘော ရှိတယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။ လုံခြုံရေးကောင်စီ မှာ ဇူလိုင်လ ၂၃ ရက်က ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး သွားခဲ့ကြသူတွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener က သူမြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပထမဆုံးအကြိမ် တင်ပြခဲ့ တယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားခဲ့တဲ့ ကုလ သမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR ကိုယ်စားလှယ် တို့ကလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်း

မြန်မာ နိုင်ငံခြားကြွေးမြီ ဒေါ်လာသန်းတသောင်းကျော်တင်ရှိ

24 July 2018 22:28(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က) နိုင်ငံရဲ့ ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၁သောင်းကျော်ရှိနေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အကြွေးအများဆုံး ဝန်ကြီးဌာန ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဖြစ်ကာ သူ့နောက်မှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေး ၀န်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တွေအသီးသီးရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက်မမေခ သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကပြန်လည်စတင်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော်၊ န၀မပုံမှန်အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းတာမှာ ထည့်သွင်းပြောဆိုတာပါ။ "နိုင်ငံတော်ရဲ့ ကြွေးမြီအရပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်ရှင်းလင်းတင်ပြချက်စာအုပ်မှာ အပြည့်အစုံဖော်ပြထားပါတယ်။ ၃၁၊၃၊ ၂၀၁၈ အထိ ပြည်တွင်းကြွေးမြီနဲ့ GDP အချိုးမှာ ၂၂.၉ ရာခိုင်နှုန်းဖြစ်ပြီး၊ ပြည်ပကြွေးမြီနဲ့ GDP အချိုးမှာ၁၅.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံတော် ပြည်တွင်းပြည်ပကြွေးမြီတွေနဲ့ ပတ်သက်ပြီး ကြွေးမြီခ

အမေရိကန်နဲ့ အီရန် ပြင်းထန်တဲ့အသုံးအနှုန်းတွေနဲ့ စကားစစ်ထိုး

24 July 2018 10:04(+0630) (လွန်ခဲ့သော 24 နာရီ ခန့်က) အမေရိကန်သမ္မတထရမ့် တနင်္ဂနွေနေ့ညက သူ့ရဲ့တွစ်တာကနေရေးသားချက်ဟာ အီရန်နိုင်ငံအပေါ် ရန်စသလိုဖြစ်သွားမလားဆိုတဲ့အပေါ် သူ့အနေနဲ့ လုံးဝစိုးရိမ်မှုမရှိဘူးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။ “အမေရိကန်ပြည်ထောင်စုကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့” အဲဒီလိုမှမဟုတ်ရင်တော့ အီရန်နိုင်ငံအနေနဲ့ သမိုင်းဝင်အကျိုးဆက်ခံစားရဖွယ်ရှိတယ်လို့ အီရန်သမ္မတ ရူဟာနီကို ပြင်းပြင်းထန်ထန်သတိပေးခဲ့တာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ တောင်ဘက်မြက်ခင်းပြင်မှာ သတင်းထောက်က ဒီကနေ့ မေးမြန်းစဉ် သမ္မတထရမ့်က အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သူသမ္မတနဲ့ စကားပြောခဲ့ပြီး၊ အီရန်နိုင်ငံအနေနဲ့ အနုတ်သဘောဆောင်တဲ့လုပ်ရပ်တွေကို လုပ်လာမယ်ဆိုရင်၊ အီရန်အနေနဲ့ ဘယ်နိုင်ငံမကြုံဖူးသေးတဲ့ ဆုံးရှုံးမှုမျိုးကို ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ သမ္မတထရမ့်က သူ့ကိုပြောခဲ့ကြောင်း ပြောပါတယ်။ အီရန်သမ္မတ ရူဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ကျားမြီးမဆွဲဖို့နဲ့ အဲဒီလိုလုပ်ရင် ဒုက္ခရောက်လိမ့်မှာဖြစ်ကြောင်း၊ အီရန်နဲ့ ငြိမ်းချ

ရခိုင်အကြံပေးအဖွဲ့ အတွင်းရေးမှူးဟောင်း ဝေဖန်ချက်ကို ဥက္ကဌ တုန့်ပြန်

23 July 2018 ရခိုင် အကြံပေးအဖွဲ့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ တို့ ဇူလိုင် ၁၇ ရက်က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ အတွင်းရေးမှူး ကော့ဆတ်ချော့တီကွန်း (Kobsak Chutikul) နုတ်ထွက်ခဲ့ပြီး ကော်မတီနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ ဝေဖန်ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ် အဲဒီ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ ဆူရာကီယတ် ဆတ်သီယာထိုင်း (Surakiart Sathirathai)က ပယ်ချ လိုက်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က ရခိုင် အကြံပေးအဖွဲ့ကနေ နုတ်ထွက် ခဲ့ပြီးတဲ့ နောက်မှာ မစ္စတာ ချော့တီကွန်းက သူပါဝင်ခဲ့တဲ့ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေ ကနေတဆင့် လူသိ ရှင်ကြား ဝေဖန် ပြောဆိုလိုက် ပါတယ်။ ဒီအထဲမှာ ရခိုင်အကြံပေး အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အမြဲတမ်း ရုံးခန်းဖွင့်

ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့တိုက်ပွဲပြင်းထန်နေ

21 July 2018 ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ကေအိုင်အေသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ (ဓာတ်ပုံ - ရိုက်တာ) ရန်ကုန် —ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဇူလိုင် ၁၄ ရက်နေ့တည်းက စတင်ခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြားတိုက်ပွဲသည် ယနေ့ (ဇူလိုင် ၂၀ ရက်နေ့) တွင် ပိုမိုပြင်းထန်လာသည်ဟု ကေအိုင်အေ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ တိုက်ပွဲ၏အစသည် ကေအိုင်အေ တပ်မဟာ (၉)၊ တပ်ရင်း (၆) ထိန်းချုပ်ရာ အဆိုပါဒေသတွင် တပ်စွဲထားသည့် စခန်းများကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခြင်းကြောင့်ဖြစ်ကြောင်း ကေအိုင်အေ ပြောခွင့်ရအရာရှိကဆိုသည်။  “တပ်မတော်ဘက်ကတော့ အင်အားတွေလည်း တိုးထားတယ်၊ လက်နက်ကြီးတွေလည်း သုံးတယ်။” ဟု သူက ပြောသည်။ ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး ပိုမိုပြင်းထန်လာသော တိုက်ပွဲကြောင့် နှစ်ဖက်အကြား သေကြေဒဏ်ရာ ရမှုများလည်းရှိခဲ့ကြောင်း အဆိုပါ ကေအိုင်အေ စစ်အရာရှိကပြောသည်။ တိုက်ပွဲသတင်းကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကလည်း အတည်ပြုခဲ့ပြီး နှစ်ဖ

ဒေါ်လာ 11ဘီလီယံနှင့်မြန်မာပြည်မှသူခိုး များ ကြံဖွတ်

Kaung Kaung သည် Yar Zar ၊ အခြား ၇ ယောက် တို့နှင့်အတူ ရှိနေသည်။ ၁ နာရီ .  ဒေါ်လာ 11ဘီလီယံနှင့်မြန်မာပြည်မှသူခိုး များ ~~~~~~~~~~~~~~~~~~~~~~ ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိေ ငွစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

ယခင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံက ကြွေးကျန် ကျပ်သန်း ၁၇၀၀ ကျော် ပြန်ရပြီ

~~~~~~~~~~~~~~~~~~ အရင် ဝန်ကြီးချုပ်ဟောင်း ဦးသာအေး ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံကနေ ပြန်အပ်ဖို့ ကျန်ရှိနေတဲ့ ငွေကျပ်သန်းပေါင်း ၁၇၂၇.၂၁၈၂၀၄ သန်းကို အားလုံး ပြန်လည်ရရှိပြီလို့ စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးကပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ တိုင်းအစိုးရ ဒုတိယ ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံထားငွေ ကျပ်၇၀၁.၂၂၃ သန်းနဲ့ ပြန်လည်တောင်းခံ/လွှဲပြောင်းရန်ငွေ ကျပ်သန်း ၁၀၂၅.၉၉၅၂၀၄ စုစုပေါင်း ၁၇၂၇.၂၁၈၂၀၄ သန်းကို အရင်ဝန်ကြီးချုပ်ဟောင်း ဦးသာအေး ခေါင်းဆောင်တဲ့ တိုင်းအစိုးရက လက်ရှိအစိုးရကို မလွှဲပြောင်းဘဲနဲ့ ကျောက္ကာရေနံချက်လုပ်ငန်း စွမ်းအားဖွံ့ဖြိုးကုမ္ပဏီကို လွှဲပြောင်းခဲ့တာပါ။ အဲဒီထဲက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံထားငွေ ကျပ်၇၀၁.၂၂၃ သန်းကိုတော့ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်းအတွက် ၃၄၈.၉၇၆ သန်း၊ မုံရွာမြို့နယ်၊ သာစည်လမ်းဘေးယာမြေ ၆၂ ဧကကျော်ဝယ်ယူဖို့ အတွက် ၁၀၈.၂ သန်း၊ ကွန်ကရစ်ပန့်ကားဝယ်ယူဖို့အတွက် ၂၁၄.၀၄၇ သန်