Skip to main content

ကာကွယ်ရေးအသုံးစရိတ် ကျပ်၅၇ ဘီလီယံတိုးမြှင့်တောင်းခံပြီး စစ်ဆင်ရေးစရိတ် ငါးဘီလီယံကျော် ပါဝင် စစ်တပ်

အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အသုံးစရိတ်ကျပ်သန်း ၇၀၀ ခန့်တင်ပြထား

ကာကွယ်ရေးဝန်ကြီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့နောက် တတိယအသုံးစရိတ်အများဆုံးတောင်းခံထားသည့်ဌာနဖြစ်သည်။ (ဓာတ်ပုံ − စိုင်းဇော်)
လာမည့်ဘဏ္ဍာ ရေးနှစ်အတွက် ကာကွယ်ရေးဝန် ကြီးဌာနက စစ်ဆင်ရေးစရိတ်ကျပ် သန်း ၅,၅၀၀ ကျော်ခွင့်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာအသုံးစရိတ် ကျပ်သန်း ၇၀၀ ခန့်တင်ပြ တောင်းခံထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်မြင့်နွယ် နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးခင် မောင်တင်က ဇူလိုင် ၂၅ ရက် တွင် ကျင်းပသောပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြခြင်းဖြစ်သည်။
ကာကွယ်ရေး ၀န်ကြီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း (BE)အတွက် အသုံးစရိတ်စုစုပေါင်းကျပ်ဘီလီယံ ၃,၂၀၀ ကျော်တောင်းခံထားပြီး ယမန်နှစ်က ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း(RE)ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံတိုးမြှင့်တောင်းခံထားကြောင်း ဒုဝန်ကြီးကလွှတ်တော်သို့ တင်ပြသည်။
ဒုဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ကာကွယ်ရေးဝန်ကြီးဌာန သာ မန်အသုံးစရိတ် စာရင်းများနှင့် ပတ်သက်ပြီး အကျဉ်းချုံးတင်ပြခဲ့ ရာ စစ်ဆင်ရေးခေါင်းစဉ်အတွက် အသုံးစရိတ်ကျပ်သန်း ၅,၅၀၀ ကျော် (၅ ဒသမ ၅၀၂ ဘီလီယံ) လျာထားကြောင်း လွှတ်တော်သို့ တင်ပြသည်။
သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ကျပ်ဘီလီယံ ၃,၂၀၀ ကျော် (ကျပ်သန်း ၃,၂၆၂,၈၅၅ ဒသမ ၆၂၇) ရှိရာ စစ်ဆင်ရေးစရိတ်သည် သာမန် အသုံးစရိတ်အောက်တွင် ပါရှိ သော ခေါင်းစဉ်တစ်ခုဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ် ယခင် နှစ်ထက် ၅၇ ဘီလီယံပိုများ
ယခင် ဘဏ္ဍာရေးနှစ်ကထက် ၅၇ ဘီလီယံ တိုးမြှင့်တောင်းခံရခြင်းသည် ၂၀၁၈ ဧပြီတွင် နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၎င်းကဆိုသည်။ လစာတိုးမြှင့်လာခြင်းကြောင့် ထပ်မံလိုအပ်ငွေ ၁၂၇ ဘီလီယံကျော် ဖြစ်သော်လည်း ကျန်အသုံးစရိတ်များ လျော့နည်းတောင်းခံထားပြီး မဖြစ်မနေလိုအပ်သည့် ၅၇ ဘီလီယံကျော်ကိုသာ တိုးမြှင့်တောင်းခံထားသည်ဟု ဒုဝန်ကြီးက ရှင်းပြသည်။
ကာကွယ်ရေးဝန်ကြီးဌာန လာမည့်ဘဏ္ဍာနှစ်အတွက် အ သုံးစရိတ်တောင်းခံမှုသည် အစိုး ရဘတ်ဂျက်စုစုပေါင်း၏ ၁၃ ရာ ခိုင်နှုန်းကျော်ရှိပြီး တတိယအများ ဆုံးတောင်းခံထားသည့် ၀န်ကြီး ဌာနဖြစ်သည်။
ဝန်ထမ်းလစာတိုးမြှင့်ခြင်း ကြောင့် ၀န်ကြီးဌာနများ၏ အသုံး စရိတ်ပိုမိုများပြားလာခြင်းဖြစ် သော်လည်း သဘောသဘာဝ မတူသည့် မူလခန့်မှန်းခြေတွက် ချက်မှု (BE)နှင့်ပြုပြင်ပြီးခန့်မှန်း ခြေတွက်ချက်မှု (RE)တို့ကို နှိုင်း ယှဉ်ပြောဆိုခြင်းထက် သက်ဆိုင် ရာဝန်ကြီးဌာနက အတည်ပြု ထားသည့် ယာယီအမှန်စာရင်း ဖြင့်သာ နှိုင်းယှဉ်ရမည်ဟုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးခင် ချိုက ပြောသည်။
BE သည် ရငွေ၊ သုံးငွေလျာ ထားချက်ဖြစ်ပြီး RE သည်အမှန် တကယ်ရရှိအသုံးပြုမည့်ပမာဏ နှင့် အနီးစပ်ဆုံးဖြစ်ကာ ယာယီ အမှန်စာရင်းသည် စာရင်းစစ်ချုပ် ရုံးက စာရင်းမစစ်ရသေးသော် လည်း သက်ဆိုင်ရာဝန်ကြီးဌာန ၏အတည်ပြုထားသည့်စာရင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မူအားဖြင့်ဝန်ကြီး ဌာနများက တင်ပြသည့်ဘတ် ဂျက်များကို စိစစ်ဖြတ်တောက် ခြင်း ဆောင်ရွက်ခဲ့သော်လည်း ကာကွယ်ရေး ၀န်ကြီးဌာန၏ ဘတ်ဂျက် အသုံးစရိတ်အပေါ် ဖြတ်တောက်မှုနည်းပါးသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းဝင်းက ပြော သည်။
‘‘တင်တဲ့အတိုင်း ခွင့်ပြုပေး ခဲ့တဲ့ နှစ်လည်းရှိတယ်ဗျ’’ ဟု ဦးရဲ ထွန်းဝင်းက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဦးခင်ချိုကမူ ‘‘သဘာဝ က ကျန်တဲ့ဝန်ကြီးဌာနရဲ့အသုံး စရိတ်နဲ့ မတူဘူး။ မတူဘူးဆိုတာ  ဥပမာ လက်နက်ပစ္စည်းဝယ် တယ်။ လက်နက်ပစ္စည်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လျှို့ဝှက်ချက်။ သူဘာဝယ်မလဲဆိုတာ သူဖော်ပြ လို့မရဘူး။ အဲဒီတော့ ကျွန်တော် တို့လွှတ်တော်အနေနဲ့ သူ့ကို သွား ဖြတ်လိုက်ရင် သူဝယ်ရမယ့်စီမံ ချက်နဲ့ သူဝယ်ရမယ့်ကာကွယ်ရေး ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုဟာ သွားရင် လွှတ်တော်ရဲ့တာဝန်ဖြစ် လာမယ်’’ ဟု ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနများ၊ပြည် ထောင်စုနှင့်ဗဟိုအဆင့်အဖွဲ့များ က တင်ပြသည့် အသုံးစရိတ်များ တွင် အလေအလွင့်များရှိနိုင် သော်လည်း ကာကွယ်ရေးဝန်ကြီး ဌာနနှင့်ပတ်သက်၍ ခန့်မှန်းရန် ခက်ခဲသည်ဟု ၎င်းကဆိုသည်။
‘‘ခန့်မှန်းလို့မရဘူးဆိုတာ ကာကွယ်ရေးရဲ့ စာရင်းတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်က မစစ်ဘူး။ ကာကွယ်ရေးဝန်ကြီး ဌာန ငွေစာရင်းဌာနကပဲ စစ် တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုက ဒီအတိုင်းပြဋ္ဌာန်းထားတာ ကိုး’’ ဟု ဦးခင်ချိုက ပြောသည်။
ပြည်ထောင်စု စာရင်းစစ် ချုပ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာ တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များ ပါသော်လည်း ကိန်းဂဏန်းစိစစ်ချက်သာပါရှိ သည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ကြွေးမြီကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံရှိရာ ကာကွယ်ရေးဝန် ကြီးဌာနကပေးရန်ရှိသည့်ပမာဏ သည် ဒေါ်လာ ၂၄၇ သန်းကျော်ရှိ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနက လွှတ်တော်သို့ရှင်း လင်းတင်ပြထားသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန အသုံးစရိတ် ကျပ်သန်း ၁,၆၀၀ တွင် ငြိမ်းချမ်းရေးအ တွက် သန်း ၇၀၀ ခန့်ပါဝင်
လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦး ဆောင်လုပ်ကိုင်နေသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၏ မူဝါဒပိုင်း ဆိုင်ရာများကို အကောင်အထည် ဖော်ရသည့်နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာနက လာမည့် ဘဏ္ဍာနှစ်အတွက် ၎င်းတို့ဌာန အသုံးစရိတ်ကျပ်သန်း ၁,၆၀၀ ကျော်လျာထားတောင်းခံထားမှု နှင့်ပတ်သက်ပြီး လွှတ်တော်သို့ လာရောက်ရှင်းလင်းသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဒုဝန်ကြီးဦးခင်မောင် တင်က ၀န်ကြီးဌာနအောက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးဦးစီးဌာန၏ အသုံး စရိတ်တောင်းခံထားမှုနှင့် ပတ် သက်ပြီး ရှင်းပြရာ သာမန်အသုံး စရိတ်ကို ကျပ်သန်း ၇၀၀ ခန့် (၆၉၈ ဒသမ ၅၂၄ သန်း)လျာ ထားကြောင်း တင်ပြခဲ့သည်။
အဆိုပါသာမန်အသုံးစရိတ် တွင် ငြိမ်းချမ်းရေးအစည်းအဝေး များ ကျင်းပရန်ခန်းမငှားရမ်းခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာအစည်းအ ဝေးများ၊ ဆက်စပ်အစည်းအဝေး များနှင့်သက်ဆိုင်သည့် အသုံး စရိတ်များပါဝင်သည်။ ထို့အပြင် ညွှန်ကြားရေးမှူးချုပ်နှင့် အရာ ထမ်းအမှုထမ်းတို့၏ လစာငွေများ၊ နေ့စားဝန်ထမ်းတို့၏လုပ်အားခ များ၊ ကိုယ်စားလှယ်များအတွက် မော်တော်ယာဉ်ငှားရမ်းခြင်း အ သုံးစရိတ်များ၊ အုပ်ချုပ်မှုသုံး မော်တော်ယာဉ်များ၏ စက်သုံးဆီ ကျသင့်ငွေများ၊ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များ ပါ ၀င်သည်။
ဝန်ကြီးဌာနများ၏ အသုံး စရိတ်တောင်းခံမှုများနှင့်ပတ် သက်ပြီး လွှတ်တော်ကိုယ်စား လှယ်များက စိစစ်ခြင်း၊ သက်ဆိုင် ရာဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းခြင်း၊ လိုအပ်ပါက အသုံး စရိတ် ဖြတ်တောက်ခြင်းများ ဆောင်ရွက်ကာ လက်ရှိလွှတ် တော် အစည်းအဝေးကာလအ တွင်း အတည်ပြုမည်ဖြစ်သည်။
စစ်ပွဲများဖြစ်ပွားခြင်းနှင့်နှိုင်း ယှဉ်ပါက ငြိမ်းချမ်းရေးညီလာခံ အတွက် သုံးစွဲသည့်ငွေကြေးသည် ပြည်သူလူထုအတွက် ပိုမိုအကျိုး ရှိကြောင်း ဇူလိုင်ဒုတိယပတ်က နေပြည်တော်၌ ကျင်းပသည့်ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံတတိယအစည်းအ ဝေးတွင် NCA လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ မှ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောကြားသည်။
‘‘နှိုင်းယှဉ်ပြီးပြောရရင် ဒီညီ လာခံ ကျင်းပတာငွေတော်တော် များများကုန်ပါတယ်။ သို့သော် ဒီမှာကုန်တဲ့ငွေထက် တိုက်ပွဲ တစ်ခါဖြစ်ရင် လေယာဉ်ပျံတွေ၊ အမြောက်တွေအသုံးပြုပြီးတော့ တိုက်ပွဲတစ်ခါဖြစ်ရင် ကုန်ကျတဲ့ ကုန်စရိတ်ကပိုများပါတယ်။အဲဒါ ကို နှိုင်းယှဉ်ပြီးတော့ ပြည်သူလူ ထုကိုကြည့်စေချင်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
ငြိမ်းချမ်းရေးရန်ပုံငွေတွင် ပါဝင်လှူဒါန်းခြင်းဖြင့် နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၀ိုင်းဝန်း ကူညီနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန် ယူသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)က ၂၀၁၇ ၌ ထုတ် ပြန်ဖူးသည်။
ယင်းရန်ပုံငွေများကို စနစ်တကျ အသုံးပြုနိုင်ရန် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင် ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video