26 July 2018
( အိန္ဒိယ အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်သားတချို့ ကင်းလှည့်နေစဉ် )AFP Photo |
တောထူထပ်တဲ့နေရာကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး၊ အာသံရိုင်ဖယ်ကင်းလှည့်တပ်ဖွဲ့က ပြန်လည်ခုခံခဲ့ရာမှာ အကြမ်းဖက်သမားတွေ မြန်မာဘက်ခြမ်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရပါ တယ်။ ဒီတိုက်ခိုက်မှုဟာ ပိုမိုကြီးမားတဲ့ တိုက်ခိုက်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ဖွယ်ရှိပြီး၊ အာဆာ အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ မြန်မာ နယ်စပ်မှာ အကြမ်းဖက် အခြေစိုက်စခန်း ထူထောင်လိုတဲ့သဘော ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
ARSA အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်ထောက်လှမ်းရေးက ငွေကြေး အမြောက်အများထောက်ပံ့ပေးနေတဲ့အပြင်၊ စစ်ရေးသင်တန်းနဲ့ တခြားလိုအပ်တာတွေ အကူအညီပေးနေတယ်လို့ DNA သတင်းက ဖေါ်ပြပါတယ်။ ဒါ့ပြင် အိန္ဒိယအခြေစိုက် လက်ရှခါ အကြမ်းဖက်အဖွဲ့ဝင်တချို့လည်း အာဆာတွေနဲ့အတူ စစ်ရေးသင်တန်းမှာ ပါဝင်နေကြတယ်လို့လည်း ဆိုပါတယ်။
အခုလို အိန္ဒိယတပ်ဖွဲ့တဖွဲ့ကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပြီး၊ အိန္ဒိယ မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်ထားပါတယ်။
RFA Burmese
Comments
Post a Comment