Skip to main content

Posts

Showing posts from February, 2018

စီးပွား​ရေဦးပိုင်​လီမိတက်​ကို ငှားရမ်း​ပေးထား​သော ​ မြေငှားခနှုန်းထားများမှာ ရယ်​စရာဖြစ်​​နေဟုဆို

စီးပွား​ရေဦးပိုင်​လီမိတက်​ကို ငှားရမ်း​ပေးထား​သော ​ မြေငှားခနှုန်းထားများမှာ ရယ်​စရာဖြစ်​​နေဟုဆို (ပဲခူး၊ ​ဖေ​ဖော်​ဝါရီ ၂၇၊ ၂ဝ၁၈) မြန်​မာ့စီးပွား​ရေးဦးပိုင်​လီမိတက်​ထံ ငှားရမ်းထားသည့်​​မြေငှားခနှုန်း ထားများမှာ ​ခေတ်​စနစ်​နှင့်​မ​လျော်​ညီဘဲ ရယ်​စရာဖြစ်​​နေ​ကြောင်း ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ဇော်​နိုင်​ဦး က ​ပြောဆိုလိုက်​သည်​။ ယ​နေ့ကျင်းပသည့်​ ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမ​မြောက်​ပုံမှန်​အစည်းအ​ဝေးများ ဒသမ​နေ့တွင် ၎င်းက အထက်​ပါအတိုင်း​ပြောဆိုလိုက်​ခြင်းဖြစ်​သည်​။ "သစ်​​တောပိုင်​​မြေ​တွေနဲ့ပတ်​သက်​ပြီး ဦးပိုင်​ကိုငှားရမ်းထားတဲ့​ မြေငှားခ ​တွေကို ​လေ့လာကြည့်​ရာမှာ ​ခေတ်​နဲ့မ​လျော်​ညီ​တော့ဘဲနဲ့ လူရယ်​စရာကြီးဖြစ်​​နေတယ်​။ ဒါ​ကြောင့်​မို့ ဒီလိုကိစ္စ​တွေကို ပြုပြင်​နိုင်​မှုမရှိဘူးဆိုရင်​ တိုင်းပြည်​ရဲ့ဘဏ္ဍာ​ငွေ​တွေ အများကြီးနစ်​နာဆုံးရှုံရမှာဖြစ်​ပါတယ်"ဟုသစ်​​တော၊သယံဇာတနှင့်​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ​ရေးဆိုင်​ရာ​ကော်​မတီ အတွင်း​ရေးမှူးတစ်​ဦးလည်းဖြစ်​သူ ဦး​ဇော်​နိုင်​ဦး က ​ပြောသည်...

မြန်မာ့ကုန်သွယ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးဟု ကမ္ဘာ့ဘဏ် ပြော

မြန်မာရဲ့ နှစ်စဉ်ကုန်သွယ်ရေးနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ နှစ်ဆတိုးခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ဒေသတွင်းဒါရိုက်တာ မစ္စအီလန် ဂိုလ်ဒ်စတိန်းကပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲ Myanmar Development Effectiveness Roundtable အပြီးမှာ နိုင်ငံပိုင်မီဒီယာကို ပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာလည်း ၇ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့လည်း သူက ပြောပါတယ်။ “၂ဝ၁၁ မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ကတည်းက ဈေးကွက်စနစ် အမျိုးမျိုးမှာ ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ပြီး တော်တော်လေး တိုးတက်လာခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာဟာနှစ်စဉ် ကုန်သွယ်ရေးနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးခဲ့ပြီး GDP ၇ ရာခိုင်နှုန်းရှိလာတဲ့ နောက်ဆုံး နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုမှာ ဈေးကွက် လျှော့ချမှုနဲ့ ငွေလုံးငွေရင်းရငွေမှာ ထင်သာတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ အညွှန်းကိန်းတခု ဖြစ်ပါတယ်။ ဒါကြောင့် စိန်ခေ...

အိမ်ပိုင်မရှိသေးသူများအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာခဲ့ပါပြီ " ယနေ့ (၁:၀၀-၅:၀၀) သာကေတမြို့နယ် လွှတ်တော်ကိုယ်စာလှယ်များရုံးမှာ လက်မှတ်ထိုးပေးမယ်

ရန်ကုန်တိုင်းအစိုးရမှ တိုက်ခန်းပေါင်း ၁၀၀၀ ကျော်ရောင်းမည် ဖြစ်ပါသည်။ ရောင်းချမည့်အိမ်ရာများမှာ...... - ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ - ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁)၊ အပိုငိး (၂)၊ ကနောင်အိမ်ရာ - သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ - လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ - ရွှေပြည်သာမြို့နယ်ရှိ Shop Houseများ - မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာ တို့ဖြစ်ပါသည်။ " ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၄-ခုတွင် ( ၁၅.၂.၂၀၁၈ မှ ၁၅.၃.၂၀၁၈ ထိ ) အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများကို ၁၀၀၀/-ကျပ် နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရပါသည် " =================================== * အခက်အခဲရှိပါက မည်သူမဆို commentတွင်ရေးသားပေး စေချင်ပါသည် ( ကူညီနိုင်ရန်အတွက် .... ) +3

NLDအစိုးရနှင့်ကြွေးစားရင်း

မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အောက်ခြေ ပိုင်းမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးလာနေ

(၂၈)နှစ်နီးပါးပဋိပက္ခရပ်တန့်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အောက်ခြေ ပိုင်းမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးလာနေတာပါ။ မွန်ပြည်နယ်နဲ့ တနင်္သာ ရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာအရှေ့ဘက်ဒေသမှာ သစ်ထုတ်လုပ်နေတဲ့ KNU တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ် ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား စနေနေ့မှာ ပစ်ခတ်မှုအနဲငယ်ဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။ ဒီပဋိပက္ခဖြစ်စဉ်ကိုအသေးစိပ်မသိရသေးပေမဲ့ မဟာမိတ်အဖွဲ့ချင်း အောက်ခြေတပ်တွေဖြစ်ပွါးတဲ့ ပြဿနာတခုဖြစ်နိုင်တယ်လို့လဲ KNUထိပ်တန်းတာဝန်ရှိသူတွေကဆိုပါတယ်။ နှစ်ဖက်အဖွဲ့တွေအကြားဖြစ်ပွါးခဲ့တဲ့ တင်းမာမှုအခြေအနေနဲ့ပက်သက်လို့ VOAထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသရေးချောင်းဖျားဘက်မှာ သစ်ခုတ်လုပ်နေတဲ့KNUကရင်အမျိုးသားအစည်း အရုံး တပ်မဟာ(၆)လက်အောက်ခံတပ်ရင်း(၁၆)တပ်ဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား စစ်ရေးထိတွေ့မှုဖြစ်ပွါးခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့မွန်းလွှဲပိုင်းလောက်မှာ ထိတွေ့မှုဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်...

စိန်ခေါ်မှု အများဆုံးကာလရောက်နေ၊ နိုင်ငံတကာအကူအညီများ ပိုလိုအပ်ဟု အတိုင်ပင်ခံပြော

မြန်မာနိုင်ငံဟာ သမိုင်းတလျှောက် စိန်ခေါ်မှု အများဆုံးကြုံရတဲ့ အချိန်ကာလကို ရောက်နေပြီး နိုင်ငံတကာ အကူအညီတွေ အရင်ထက်ပိုလိုအပ်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ထိရောက်မှုနဲ့ ပတ်သက်လို့ ပထမဦးဆုံး ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ “မြန်မာနိုင်ငံအနေနဲ့ အရင်ထက်ပိုပြီး အခု လိုအပ်နေတာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေဆီက အကူအညီများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ စိုးရိမ်ပူပန်စရာကောင်းတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီစိန်ခေါ်မှုတွေဟာ စိုးရိမ်စရာ အခြေအနေ ပိုဖြစ်လာလေလေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို လေးနက်အားကောင်းအောင်လုပ်ဖို့ ပိုပြီး လိုအပ်လာလေလေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ အကူအညီတွေ များတာကိုကြည့်ပြီး အံ့အားသင့်ရတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။ “ဒီနေ့ တက်ရောက်လာကြသူတွေကို ကြည့်ပြီး မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ အကူအညီတွေ ဘယ်လောက်များတယ်ဆိုတာ တွေ့လိုက်ရတော့ ကျမ အံ့အားသင့်ရပါတယ်။ မြ...

မြန်မာစစ်ခေါင်းဆောင်အချို့ကို အရေးယူဖို့ အီးယူခေါင်းဆောင်တွေ သဘောတူ

ရိုဟင်ဂျာ မူဆလင်တွေ အပေါ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ နောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဥရောပ သမဂ္ဂ EU က လက်နက်တင်ပို့ ရောင်းချခွင့် ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်ရေး တို့ကို ဆောင်ရွက်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေ ဒီကနေ့ တနလာင်္နေ့မှာ သဘောတူလိုက်ကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား စနစ်တကျ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ လက်နက်ကိုင် တပ်တွေက အကြီးတန်း စစ်တပ် အရာရှိတွေ အပေါ် ချက်ချင်း ပစ်မှတ်ထား ကန့်သတ်မှုတွေ လုပ်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ အပေါ် ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းချမှု ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီးတွေက လိုလားနေကြပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ဖြိုခွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်မှူးချုပ် မောင်မောင်စိုးကိုတော့ အမေရိကန် က ပြီးခ...

သူခိုးမိပြန်ပြီ

‎   ။ ................. ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြော င်း.. တိုင်းဒေသကြီး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဌ၊ ​ဒေါ်စန္ဒာမင်းက ဗမာနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကိုကိုးကားပြီး RFA ကစီစဉ်တင်ဆက်​ သည့် တနင်္ဂနွေစကားတွင် ပြောကြားခဲ့သည်။ ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင် စံချိန်စံညွှန်းမမှီဘဲ- အရည်အသွေးလျှော့​ဆောက်ထားခြင်း၊ ပစ္စည်းများ၏ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ ထက်များနေခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း၊ လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြင်းမျိုးများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။ " ဂုံးကျော်တံတားတစ်စင်းမှာ.. ကျပ် ၉၃.၃၈သန်းတောင် ပိုတောင်းထားတာ ​တွေ့ရတယ်။ ဘယ်သူတွေက မှားယွင်းနေလဲ ကြည့်လိုက်တော့.. ရန်ကုန်မြို့တော်စည်ပင်က ကျပ် ၀.၁၄သန်း၊ ​ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီက ကျပ် ၅.၆၅၇သန်း၊ မြန်​မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၈၇.၅၈၇သန်း ကို စရင်းစစ်ချုပ်ရုံးက တွေ့ရှိထားတာဖြစ်တဲ့ အတွက်​ ...

ဒေါ်ညိုညိုသင်း

မြင့်မိုရ် ဦး စောင့်ကြည့်ရန် 19 နာရီ · ၉၀ တုန်းက အဖမ်းခံရမှာကြောက်လို့ ဒေါ်ညိုညိုသင်းက NLDက နှုတ်ထွက်တယ် ! ခင်ညွန့်ပေးတဲ့ ဂျပန်ပညာတော်သင် စရိတ်ယူတယ် ! အမတ်အရွေးခံဖို့ NLDထဲ ပြန်ဝင်ဖို့ တောင်းတာ ဟိုက အကြောင်းသိတော့ လက်မခံတော့ဘူး ! ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်မရလို့ လက်ရှိအစိုးရရဲ့ အားနည်းချက်မြင်တိုင်း ဖောင်းထုဖို့ ဂွင်ချောင်းနေတယ် ! ကိုယ့်တိုင်းပြည်ဘာဖြစ်နေသလဲ ? ကိုယ်အားကိုးနေတဲ့သူတွေ ဘာတွေ လုပ်နေသလဲ ? အရင်ဆုံး သေချာ လေ့လာစိစစ်ပြီးမှ ဝေဖန်ပါ ! တစ်ဖက်ပိတ်ပြီး မသုံးသပ်မိပါစေနဲ့ ! လက်ရှိ အရပ်သားအစိုးရ ပြည်တွင်းမက ပြည်ပကျူးကျော်မှုတွေကိုပါ ဖြေရှင်းနေရပြီး အရင်အစိုးရရဲ့ အရှုပ်ထုပ်ကို လက်ကိုင်ဖြေရှင်းရင်း ကိုယ်တွေ့ ရင်ဆိုင်နေရတဲ့ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရဖြစ်တယ်ဆိုတာ မမေ့မျောပါနဲ့ ! ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝန်ကြီးတွေကို ဘယ်လိုကိုင်တွယ်ထားသလဲ ? ဘယ်လိုကြပ်မတ်နေသလဲ ? ဆိုတာ : အားလုံးအသိဖြစ်ပါတယ် ! ဝန်ကြီးတွေ အားအားယားယားထိုင်နေတဲ့ သူ တစ်ယောက်မှ မရှိဘူး ! ဒါကို ဒေါ်ညိုညိုသင်းအနေနဲ့ မသိသေးရင် အရင်လေ့လာလိုက်ပါအုံး ! credit: Ko Myo Lwi...

သူခီုးမိပြန်ပြီး

မြင့်မိုရ် ဦး စောင့်ကြည့်ရန် 19 နာရီ · သူခီုးမိပြန်ပြီး .".. ၂၀၁၄ - ၂၀၁၅ခု ဘဏ္ဍာနှစ်တွင် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀ နီးပါးအလွဲသုံးစားပြုလုပ်ခဲ့သည့်ကို NLD အစိုးရလက်ထက်မှ တွေ့ရှိ ခဲ့....." . . .. ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက မြန်မာနိုင်ငံစရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကို ကိုးကားပြီး RFA ကစီစဉ်တင်ဆက်သည့် တနင်္ဂနွေစကားတွင် ပြောကြားခဲ့သည်။ ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင် စံချိန်စံညွှန်းမမှီဘဲ အရည်အသွေးလျှော့ဆောက်ထားခြင်း၊ပစ္စည်းများ၏ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ ထက်များနေခြင်း၊တွက်ချက်မှု မှားယွင်းခြင်း၊လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြ င်းမျိုးများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။ "ဂုံးကျော်တံတာတစ်စင်းမှာ ကျပ် ၉၃.၃၈သန်းတောင် ပိုတောင်းထားတာတွေ့ရတယ် ဘယ်သူတွေက မှားယွင်းနေလဲကြည့်လိုက်တော့ ရန်ကုန်မြို့တော်စည်ပင်က ကျ...

ရှာရီယာ lawကို သွတ်သွင်းဖို့မကြိုးစားနဲ့ အဲဒီ ဥပဒေရှိတဲ့နေရာမှာသွား​နေကြလို့​ပြောလိုက်ပါတယ်

ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ် မွန်ထရီယယ် မြို့မှာ ကျောင်းတွေရဲ့ ကန်တင်း မုန့်စားတန်း ကိစ္စကို ပြောင်းရွှေ့ဝင်ရောက်လာတဲ့ မွတ်စလင်မိဘတွေက ဝက်သားပါတဲ့မုန့်နဲ့ စားစရာ မီနူးတွေကိုပယ်ဖျက်ပေးဖို့ ကန့်ကွက်တောင်းဆိုလာတဲ့အပေါ်မှာ... ခင်ဗျားတို့က ဒီနိုင်ငံမှာဖို့ အဆိုပြုလာကြတာဒီနိုင်ငံက ခင်ဗျားတို့ကိုမရွေးချယ်ခဲ့ဘူးဒီနိုင်ငံကိုပြုပြင်ဖို့ထက်​ ခင်ဗျားတို့ကိုယ်​ခင်​ဗျားပြုပြင်​ကြပါ။ မင်းတို့ ရဲ့ လူနေမှု ပုံစံကို ပြောင်းရင်ပြောင်း ၊ မပြောင်းရင်လည်း မင်းတို့ လူနေမှု ပုံစံအတိုင်း ကနေဒါ နဲ့ ကွီးဘက်ကတော့ ပြောင်းမပေးနိုင်ဘူး။ ဒီကိစ္စကို မြို့တော်ဝန်က လက်မခံပဲဒီမှာနေချင်ရင် ဒီကထုံးစံနဲ့နေပါမနေချင်ရင် မွတ်စလင်နိုင်ငံ ၅၇ ခုရှိတယ် ပြောင်းကြပါ ရှာရီယာ lawကို သွတ်သွင်းဖို့မကြိုးစားနဲ့ အဲဒီ ဥပဒေရှိတဲ့နေရာမှာသွား​နေကြလို့​ပြောလိုက်ပါတယ်။ (မြန်မာနိုင်ငံမှာရော အဲ့လိုပြောဖို့ အစီအစဉ်ရှိပါရဲ့လား မသိဘူး။) Let’s hear it for the Quebec mayor! Muslim ‘refugees’ demanded the abolition of pork in all the school canteens of a Montreal suburb. The mayor of the Montreal suburb of Dorval has r...

ကယားပြည်နယ်တွင် NLD ပါတီသို့ ပါတီဝင်အဖြစ် လူထောင်ချီ ၀င်ရောက်

1 day 15 hours ago Sun, 02/18/2018 - 13:07 လွိုင်လင်လေး၊ ဖေဖော်ဝါရီ ၁၈ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ ရွာလုံးကျွတ်များ အပါအ၀င် ပါတီဝင်အဖြစ် ကယားပြည်နယ် လွိုင်လင်လေးမြို့တွင် လူထောင်ချီဝင်ရောက်ခဲ့ကြပြီး ပါတီအဆိုပြုလွှာပေးအပ်ပွဲတစ်ခု ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ရွာလုံးကျွတ် ၁၂ ရွာအပြင် စုစုပေါင်း ရွာ ၂၄ ရွာမှ ပြည်သူ ၂၃၉၀ ဦး ပါတီသို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရပြီး အဆိုပြုလွှာပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆိုပြုလွာပေးအပ်ပွဲကို ကယားပြည်နယ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြီး ကယားပြည်နယ်စည်းရုံးရေးအဖွဲ့မှပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။ “ အခုဟာက ကျွန်တော်တို့ ၈၈ မျိုးဆက် အင်အားစုတွေနဲ့ ကျေးရွာက စိတ်ပါဝင်စားတဲ့ပြည်သူတွေ မျိုးဆက်သစ် လူငယ်တွေပါဝင်ပြီးတော့ အဆိုပြုလွှာပေးအပ်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးအပ်တဲ့ပွဲ ဖြစ်ပါတယ်။ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ကတော့ လွိုင်ကော်မြို့မှာ ၂၀၁၇ ခုနှစ် ၈လပိုင်းတုန်းကလုပ်ဖူးပါတယ်။ အခုကတော့...

ကွီးဖြိုး နှင့် မမ တို့ရဲ့ ပထမခြေလှမ်း ဇါတ်လမ်းကစပြီ။

ကွီးဖြိုး နှင့် မမ တို့ရဲ့ ပထမခြေလှမ်း ဇါတ်လမ်းကစပြီ။ ======================== နိုင်ငံတကာမှာတော့ ပြည်သူများရဲ့ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ရထားနှင့်ကား ချိတ် ဆက်ပြီး ပြေးဆွဲပေးလျက်ရှိပါတယ်။ကျွန်တော်တို့အနေနဲ့လည်း Interchange station တွေ ဖြစ်စေချင်ခဲ့ပါတယ်။အဲဒီလိုတွေ မရှိသေးတော့ ခရီးဝေး အမြန်ရထားတွေက ဆင်းတဲ့ခရီးသည်များဟာ Taxi တွေ စီးပြီးပြန်ကျရပါတယ်။Taxi ကားခကတော့ အနည်းဆုံး ၁၅၀၀ ကျပ် လှိုင်သာယာလိုနေရာမျိုးဆို ၈၀၀၀ ကျပ်လောက် ပေးရပါတယ်။ (၁၈.၂.၂၀၁၈)နေ့မှာတော့ လူထုမိတ်ဆွေ မော်တော်ယာဉ်အသင်းရဲ့ တင်ပြချက်ကို မြန်မာ့မီးရထားနှင့် ပြည်ထောင်စုဝန်ကြီးတို့က ချက်ချင်းခွင့်ပြုပေးခဲ့တာကြောင့် YBS ယာဉ်လိုင်းအမှတ် (၇၈)ဆိုတဲ့ ရန်ကုန်ဘူတာကြီးကနေ ရန်ကုန်မြို့တွင်းကို ပြေးဆွဲပေးတဲ့ ယာဉ်လိုင်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ဒီနေ့ကတော့ စပြေးတဲ့နေ့ဆိုတော့ လာသမျှ ခရီးသည်အားလုံးကို အခမဲ့ ပို့ဆောင်ပေး နေပါတယ်။ရထားနှင့်ကား Interchange ဆိုရင်လည်း မမှားပါဘူး။ YBS(78)ရဲ့ ခရီးစဉ်လမ်းကြောင်းကတော့ ရွှေပြည်သာ-တညင်းကုန်း-အင်းစိန်-သမိုင်းလမ်းဆုံ- လှည်းတန်း-မြေနီကုန်း-စံပြ- ဆူးလေ-ရန်ကုန်ဘူတာကြီး ...

လက်ရှိပြည်သူ့ အစိုး၇မှ နိုင်ငံတော်တွင် ငွေဘယ်လောက်ရှိကြောင်း ပွင့်လင်းစွာထုတ်ပြ

လက်ရှိပြည်သူ့ အစိုး၇မှ နိုင်ငံတော်တွင် ငွေဘယ်လောက်ရှိကြောင်း ပွင့်လင်းစွာထုတ်ပြ =================================== ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၈ ခုနှစ် နံနက်ခင်းသတင်း ဂိုလ်ရှယ်လေး ယခင် အုပ်ချုပ်ကဲ့သော ၁၉၆၂ ခုနှစ်မှ စ၍ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ထိ နှစ်ပေါင်း ၅၄ နှစ် နှင့် ၃ လ အကြာ အများပြည်သူအား နိုင်ငံတော် တွင် ငွေ မည်မျှ ရှိကြောင်း ထုတ်ဖေါ်ကြေငြာသော အကြောင်းအရာ နှင့် စာရင်းအင်းအချက်လက်များကို ကွယ်ဝှက်ခဲ့ကြသည်။ ယခု ၂၀၁၅ ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ အများပြည်သူ ထောက်ခံ ရွေးချယ်ခဲ့သော တရားမျှတသည့် ရွေးကောက်ပွဲမှ ဖြစ်တည်လာသော ပြည်သူ့ အစိုးရလက်ထက်တွင် နှစ်စဉ် အများပြည်သူ သိရှိအောင် နိုင်ငံတော်တွင် ငွေ မည်မျှရှိကြောင်းကို ထုတ်ပြန်ကြေငြာပေးသွားမည်ဟုဆိုသည်။ နိုင်ငံတော်အစိုးရမှ တိုက်ရိုက် ကိုင်တွယ်သော ငွေထိန်းချုပ်မှု ဘဏ်စနစ်နှင့် အပြင်မှ အခြား အသင်းဖွဲ့မှ ကိုင်တွယ်ထိန်းချုပ်သော ဘဏ်စနစ် နှစ်အတွင်း အပ်နှံသိမ်းဆည်းထားသော ငွေများဟူ၍ နှစ်မျိုး၇ှိကြောင်းသိရသည်။ Other Accountများနဲ့ ​ငွေစာရင်းလက်​ကျန်​အ​ခြေအ​နေ ပြည်​​ထောင်​စုအစိုးရက ပြည်​​ထောင်​စုလွှတ်​​တော...

ဒေါက်တာ နန္ဒာလှမြင့် ရဲ့ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်မှု

မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နန္ဒာလှမြင့် ရဲ့ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်မှု ဖြစ်တဲ့ တောင်ကြီး အေးသာယာ ဥယျာဉ်အိမ်ရာ စီမံကိန်းလုပ်ငန်းကြီး အဆုံးမသတ်နိုင်ပဲ ရှုပ်ထွေးမှုများရှိနေတဲ့ ဇာတ်ထုပ်အရှုပ်ထုပ်တွေကို အသေးစိတ် ဖွင့်ချလိုက်ပြီလေ ၊ www.unityjournal.com Website ထဲက အများဖတ်ရအောင် Copy ဆွဲထုတ်လာပါတယ် ၊ ဖတ်ကြည့်ကြပါတော့နော် 😌 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ◼️ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာနန္ဒာလှမြင့် လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ကျပ်သန်းပေါင်း သိန်းချီတန် တောင်ကြီးအေးသာယာ ဥယာဉ်အိမ်ရာ စီမံကိန်း လုပ်ငန်းအဆုံးမသတ်နိုင်ပဲ ရှုပ်ထွေးမှုများရှိနေ ◼️ ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••• 💬 " အမှန်က လမ်းပန်းဆက်သွယ်ရေးကိုလွှဲရမှာမဟုတ်ဘူး။ စီမံ/စီးပွားကိုလွှဲရမှာ။ ဘာကြောင့်လဲဆိုတော့ အိမ်ရာစ်ီမံကိန်းက သူ့လက်အောက်မှာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ မဆိုင်ဘူး။ အခုလွှဲလိုက်တဲ့ဌာနကလည်း ကြံ့ခိုင်ရေးအဆင့်ဆင့်တွေပဲ။ လောလောဆယ်ခံရတာကတော့ ငွေသွင်းထားတဲ့ ...

လွိုင်ကော်ခရိုင်က ရွာပေါင်း ၃၀ မှ ဒေသခံ လူပေါင်း ၃၇၀၀ အား NLD

မနက်ဖန်မှာ ကယားပြည်နယ် လွိုင်ကော်ခရိုင်က ရွာပေါင်း ၃၀ မှ ဒေသခံ လူပေါင်း ၃၇၀၀ အား NLD ပါတီဝင်ခွင့် အဆိုပြုလွှာပေးအပ်ပွဲကျင်းပဖို့ အတွက် ကယား ၈၈ မျိုးဆက်က အကိုတွေနဲ့ ပါတီဝင်တွေ စည်းလုံးစွာနဲ့ပြင်ဆင် "ကယားပြည်နယ်မှ ဖိတ်ကြားအပ်ပါသည်" ကြားရတဲ့ သတင်းက အားရလိုက်တာဗျာ မနက်ဖန်မှာ ကယားပြည်နယ် လွိုင်ကော်ခရိုင်က ရွာပေါင်း ၃၀ မှ ဒေသခံ လူပေါင်း ၃၇၀၀ အား NLD ပါတီဝင်ခွင့် အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပဖို့အတွက် ကယား ၈၈ မျိုးဆက်က အကိုတွေနဲ့ ပါတီဝင်တွေ စည်းလုံးစွာနဲ့ ပြင်ဆင်နေကြပါပြီ။ မနက်ဖန်မှာ ကျင်းပမယ့်ပွဲဟာ ကယားပြည်သူတွေရဲ့ NLD ပါတီဝင်ခြင်း ဒုတိယအကြိမ်မြောက် အခမ်းအနား ဖြစ်ပါတယ်။ တိုင်းရင်းသား ပါတီဝင်သစ်တွေကို အဆိုပြုလွှာပေးအပ်ဖို့ ဦးဉာဏ်ဝင်းကိုယ်တိုင် လွိုင်ကော်မြို့ကို ရောက်နေပြီ ဖြစ်ပါတယ် ... ကယားပြည်နယ်(၈၈)မျိုးဆက်နှင့် စိတ်ပါဝင်စားသူတိုင်းရင်းသားပြည်သူများ မျိုးဆက်သစ်လူငယ်များမှ စုပေါင်းကာ NLD ပါတီသို့ဝင်ရောက်ခြင်းအတွက် (ဒုတိယအကြိမ်)ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ကြွရောက်ချီးမြှင့်ပွဲ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်လင်လေးမြို့ အမှတ် ( ၄) ရ...

လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် ရင်နာနာနဲ့ လက်ပိုက်ကြည့်နေရတဲ့ဘဝ

သင်္ဃန်းကြီးကျေးရွာအုပ်စု မင်္ဂလာဒုံမြို့နယ်အပိုင် ကွင်းအမှက် ( 534/B)တွင် လယ် ယာမြေကျူးကျော်မူတခုကို ၁၅-၂-၂၀၁၈ ရက်နေ့နှင့် ၁၆ -၂ - ၂၀၁၈ ရက်နေ့တို့ တွင် ဇေကမ္ဘာ ကုမဏ္ဍီ ဘက်မှစတင်ကျူး ကျော်ခြံခတ်မူ့တခုဖြစ်ပွါးခဲ့ပါသည် အဆိုပါလယ်ယာမြေသည် သိမ်းဆည်းခံ လယ်ယာမြေ နှင့် အခြားမြေများပြန်လည် စိစစ်ရေးကော်မတီ မှ ပြန်လည်စိစစ်နေ သောလယ်ယာမြေတခုဖြစ်ပြီး နစ်နာသူ လယ်သမားများကို ပြန်လည်စွန့်လွှတ်ရန် တင်းပြတောင်းခံပြီးဖြစ်ကြောင်း # ယခုဖြစ်စဉ်မှာ ဇေကမ္ဘာဘက်မှ လက်ဦး မူ့ရယူခြံခတ်ခြင်းဖြစ်ကြောင်း # လက်ဦးယူမူ့အား တားဆီးနိင်ခွင့်ရှိသော ပထအ ၏ လုပ်ဆောင်မူ့များသည်လည်း လက်ရှိ NLD အစိုးရပုံရိပ်ကိုကျဆင်းစေခြင်း # သိမ်းဆည်းလည်းခံရ နှိပ့်ကွက်လည်းခံရ လယ်သမားများ၏ဘဝကို ကိုယ်ချင်းမစနာ ထင်တိုင်းကျဲနေသောသက်ဆိုင်ရာဌာနဆိုင် ရာများလုပ်ဆောင်ချက် ဒါတွေကိုတွေ့နေရတယ် တွေ့ရတယ်ဗျာ ဒီတော့ဒီနေရာကဘဲပြောမယ် လယ်သမားတွေရဲ့ဘဝကိုဘယ်လို မြင်ကြလဲ ? ပြည်သူလွှတ်တော်ဥက္ကဌကြီးဦးဝင်းမြင့် ပြောသလိုပါဘဲ မရှိလို့လယ်ယာမြေလုပ် စားပါတယ် ထပ်ပြီးသိမ်းမယ်ကျူးကျော် မယ်ဆို တရားလားမတရားလားစဉ်းစား ကြပါ ? #...

ဒေါက်တာနန္ဒာလှမြင့် လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ကျပ်သန်းပေါင်း သိန်းချီတန်

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာနန္ဒာလှမြင့် လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ကျပ်သန်းပေါင်း သိန်းချီတန် တောင်ကြီးအေးသာယာ ဥယာဉ်အိမ်ရာ စီမံကိန်း လုပ်ငန်းအဆုံးမသတ်နိုင်ပဲ ရှုပ်ထွေးမှုများရှိနေ # Unity Journal ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ် (၃)၊ . ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီ ကိုယ်စားပြုပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မင်းကျန်စစ် ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်တို့သည်(ယခင်အစိုးရလက်ထက်) ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ကြီးမြို့ နယ် အေးသာယာမြို့ သစ်၌ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် အတွက်သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သော်လည်း တည်ဆောက်ရေးကဏ္ဍအပေါ် ကန်ထရိုက်ရယူခဲ့သော မင်းကျန်စစ်ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ) အနေဖြင့် သတ်မှတ်ကာလအတွင်း အဆောက်အအုံများ ပြန်မအပ်နိုင်ခြင်း၊ ယနေ့တိုင် လုပ်ငန်းပြီး...

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ပြီး

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၈၀ ကို တရုတ်နိုင်ငံသို့ နှစ် ၃၀ ကြာ နေ့စဉ်တင်ပို့ နေမှု အစီရင်ခံစာထွက်ရှိ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၈၀ ကို တရုတ်နိုင်ငံသို့ နှစ် ၃၀ ကြာ နေ့စဉ်တင်ပို့မည်ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာစင်တာ၏ “မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ၀င်ငွေခွဲဝေမှုနှင့် သက်ရောက်မှု” သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျန်ရှိသော ရာခိုင်နှုန်း ၂၀ ဖြစ်သည့် ကုဗပေ သန်း ၁၀၀ ကို ပြည်တွင်းသုံးစွဲရန် ရည်ရွယ်ပြီး အဆိုပါ ရာခိုင်နှုန်း ၂၀ (ကုဗပေ သန်း ၂၀) ကို ကျောက်ဖြူမြို့နယ်အတွက် ခွဲဝေပေးမည်ဟု သိရသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင်သွယ်တန်းထားသော ရေနံပိုက်လိုင်းမှာ ကျောက်ဖြုမြို့နယ် မဒေးကျွန်းရှိ ရေနံသို လှောင်ကန်မှ သိုလှောင်ထားသော ရေနံများကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် တရုတ်ပြည်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင်...

ဦးပိုင် (UMEHL)/, မစက (MEC ) တို့အကြောင်း မြန်မာပြည်သူတွေ လေ့လာနိုင်စေဖို့ ... "စစ်ဗိုလ်ချုပ်ကြီးတွေဟာ၊ စစ်တန်းလျားဆီ ဘာကြောင့် မပြန်ချင်သလဲ..?

ဒီစစ်တမ်းတွေက အဖြေပေးနေပါလိမ့်မယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကြွယ်ဝမှုဟာ ပြည်တွင်းစစ်ကြောင့်မဟုတ်သလို့၊ အမျိုးသားလုံး ကြွယ်ဝရမယ့် အမျိုးသားရေး အကျိုးစီးပွားကာကွယ်ရေးလည်း မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ကြွယ်ဝမှုဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိန်ခေါ်နေတဲ့ ကျောရိုးတစ်ခုပါ။ ဦးပိုင်အစ ၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။ ဦးပိုင်စနစ် ၂။ "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့် လက်ဝါးကြီးအုပ်စနစ်ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြ...