ကွီးဖြိုး နှင့် မမ တို့ရဲ့ ပထမခြေလှမ်း ဇါတ်လမ်းကစပြီ။
========================
နိုင်ငံတကာမှာတော့ ပြည်သူများရဲ့ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ရထားနှင့်ကား ချိတ်ဆက်ပြီး ပြေးဆွဲပေးလျက်ရှိပါတယ်။ကျွန်တော်တို့အနေနဲ့လည်း Interchange station တွေ ဖြစ်စေချင်ခဲ့ပါတယ်။အဲဒီလိုတွေ မရှိသေးတော့ ခရီးဝေး အမြန်ရထားတွေက ဆင်းတဲ့ခရီးသည်များဟာ Taxi တွေ စီးပြီးပြန်ကျရပါတယ်။Taxi ကားခကတော့ အနည်းဆုံး ၁၅၀၀ ကျပ် လှိုင်သာယာလိုနေရာမျိုးဆို ၈၀၀၀ ကျပ်လောက် ပေးရပါတယ်။
(၁၈.၂.၂၀၁၈)နေ့မှာတော့ လူထုမိတ်ဆွေ မော်တော်ယာဉ်အသင်းရဲ့ တင်ပြချက်ကို
မြန်မာ့မီးရထားနှင့် ပြည်ထောင်စုဝန်ကြီးတို့က
ချက်ချင်းခွင့်ပြုပေးခဲ့တာကြောင့် YBS ယာဉ်လိုင်းအမှတ် (၇၈)ဆိုတဲ့
ရန်ကုန်ဘူတာကြီးကနေ ရန်ကုန်မြို့တွင်းကို ပြေးဆွဲပေးတဲ့ ယာဉ်လိုင်း
ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ဒီနေ့ကတော့ စပြေးတဲ့နေ့ဆိုတော့ လာသမျှ
ခရီးသည်အားလုံးကို အခမဲ့ ပို့ဆောင်ပေး နေပါတယ်။ရထားနှင့်ကား Interchange
ဆိုရင်လည်း မမှားပါဘူး။
YBS(78)ရဲ့ ခရီးစဉ်လမ်းကြောင်းကတော့ ရွှေပြည်သာ-တညင်းကုန်း-အင်းစိန်-သမိုင်းလမ်းဆုံ- လှည်းတန်း-မြေနီကုန်း-စံပြ- ဆူးလေ-ရန်ကုန်ဘူတာကြီး တို့ဖြစ်ပါတယ်
မော်တော်ယာဉ်ခအနေနဲ့ တညင်းကုန်းဈေးသစ်ကြီးကနေ စံပြအထိ ၂၀၀ကျပ် စံပြကနေ ရန်ကုန်ဘူတာကြီးအထိ ၁၀၀ကျပ် ခရီးစဉ်အစအဆုံး ၃၀၀ကျပ် ဖြစ်ပါတယ်။
နောက်ထပ်လည်း YBS (93)ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ သိရှိရပါတယ်။YBS(93) ရဲ့ လမ်းကြောင်းကတော့ ထန်းတပင်-အနောက်ပိုင်းတက္ကသိုလ်-အမှတ်၃လမ်းမ- မြောက်ဥက္ကလာပအဝိုင်း- ဝေဇယန္တာလမ်း-သုဝဏ္ဏ-အေဘီစီ-စက်ဆန်း- ပုဇွန်တောင်ဈေး-ဆူးလေ-ရန်ကုန်ဘူတာကြီး တို့ဖြစ်ပါတယ်။
နိုင်ငံတကာမှာလို ကားနှင့်ရထားချိန်းတဲ့ Interchange Bus Station တွေ စနစ်တကျ မဆောင်ရွက်နိုင်သေးသော်လည်း အခုဆောင်ရွက်ချက်ဟာ ခရီးသည်များ သွားလာမှု အဆင်ပြေစေနိုင်တဲ့ အကြိုဆောင်ရွက်ချက် ဖြစ်တာမို့ ကြိုဆိုလိုက်ရပါကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျား
cd# U Zaw Lwin
ဒေါင်းရာမပြန်လည်ဝေမျှသည်။

Comments
Post a Comment