Skip to main content

ဒေါက်တာ နန္ဒာလှမြင့် ရဲ့ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်မှု

မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နန္ဒာလှမြင့် ရဲ့ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်မှု ဖြစ်တဲ့ တောင်ကြီး အေးသာယာ ဥယျာဉ်အိမ်ရာ စီမံကိန်းလုပ်ငန်းကြီး အဆုံးမသတ်နိုင်ပဲ ရှုပ်ထွေးမှုများရှိနေတဲ့ ဇာတ်ထုပ်အရှုပ်ထုပ်တွေကို အသေးစိတ် ဖွင့်ချလိုက်ပြီလေ ၊ www.unityjournal.com Website ထဲက အများဖတ်ရအောင် Copy ဆွဲထုတ်လာပါတယ် ၊ ဖတ်ကြည့်ကြပါတော့နော် 😌
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
◼️ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာနန္ဒာလှမြင့် လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ကျပ်သန်းပေါင်း သိန်းချီတန် တောင်ကြီးအေးသာယာ ဥယာဉ်အိမ်ရာ စီမံကိန်း လုပ်ငန်းအဆုံးမသတ်နိုင်ပဲ ရှုပ်ထွေးမှုများရှိနေ ◼️
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
💬 " အမှန်က လမ်းပန်းဆက်သွယ်ရေးကိုလွှဲရမှာမဟုတ်ဘူး။ စီမံ/စီးပွားကိုလွှဲရမှာ။ ဘာကြောင့်လဲဆိုတော့ အိမ်ရာစ်ီမံကိန်းက သူ့လက်အောက်မှာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ မဆိုင်ဘူး။ အခုလွှဲလိုက်တဲ့ဌာနကလည်း ကြံ့ခိုင်ရေးအဆင့်ဆင့်တွေပဲ။ လောလောဆယ်ခံရတာကတော့ ငွေသွင်းထားတဲ့ ဝန်ထမ်းတွေ၊ ဘယ်တော့တိုက်ခန်းရမယ်ဆိုတာ မသိသေးဘူး။ အဲဒါအပြင် စီမံကိန်းကြောင့် မြေအသိမ်းခံထားရတဲ့ ပြည်သူတွေရဲ့ ပြ ဿနာကလည်းရှိသေးတယ် ” 💬
(ဦးတင်မောင်တိုး)
~~~~~~~~~~~~~~~~~~~~~~~~~~
◾️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီ ကိုယ်စားပြုပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မင်းကျန်စစ် ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်တို့သည်(ယခင်အစိုးရလက်ထက်) ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်၌ ကျပ်သန်းပေါင်း သိန်းချီတန်ဖိုးရှိသည့် ပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် အတွက်သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သော်လည်း တည်ဆောက်ရေးကဏ္ဍအပေါ် ကန်ထရိုက်ရယူခဲ့သော မင်းကျန်စစ်ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ) အနေဖြင့် သတ်မှတ်ကာလအတွင်း အဆောက်အအုံများ ပြန်မအပ်နိုင်ခြင်း၊ ယနေ့တိုင် လုပ်ငန်းပြီးပြတ်မှုမရှိခြင်း၊ စာချုပ်ပါမြေနေရာ သတ်မှတ်ဧရိယာထက်အပိုရယူခဲ့ခြင်းနှင့် အခြားရှုပ်ထွေးမှုအချို့ ဖြစ်ပေါ်နေကြောင်းသိရသည်။
အေးသာယာ ဥယျာဉ်အိမ်ရာ စီမံကိန်း သဘောတူစာချုပ်အရ လုပ်ငန်းအပ်နှံသူအဖြစ် ယခင်အစိုးရလက်ထက်က ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီဝင်) ရှမ်းပြည်နယ်အစိုးရအဖွဲ့ တောင်ကြီးမြို့နှင့် လုပ်ငန်းအပ်နှံခြင်းခံရသူ ဒေါက်တာ နန္ဒာလှမြင့်(မန်နေဂျင်းဒါရိုက်တာ၊ မင်းကျန်စစ်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်) တောင်ကြီးမြို့တို့ဖြစ်ကြောင်းသိရသည်။
ယခင်အစိုးရလက်ထက်က အေးသာယာ ဥယျာဉ်အိမ်ရာစီမံကိန်းအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာ မြို့သစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ပေးသည့် မြေနေရာအကျယ်အဝန်း ၄၂ ဒဿမ ၈၈၈ ဧက ဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်းပေးခဲ့သော ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ငါးဦးတို့ပါရှိသည်။
◾️အိမ်ယာစီမံကိန်းနှင့် ပတ်သတ်၍ အဆောက်အအုံအားလုံးအတွက် စာချုပ်စတင်လက်မှတ်ရေးထိုးသည့်နေမှစ၍ နှစ် နှစ်ခြောက်လပြည့်မြောက်သည့်နေတွင် အပြီးအစီးတည်ဆောက်အပ်နှံရမည်ဖြစ်ကာ လုပ်ငန်းအပ်နှံသူအား စီမံကိန်းတွင်ပါဝင်သည့် အဆောက်အအုံဆိုင်ရာ အင်္ဂါရပ်များနှင့် ကိုက်ညီစေရန် စာချုပ်ပါလုပ်ငန်းများနှင့် အဆောက်အအုံ ၁၂၃ လုံးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အပြီးအပ်နှံကာ ကျန်ရှိသည့် အဆောက်အအုံများအား ၂၀၁၇ ခုနှစ် ဇွန်လ ၃ဝ ရက်တွင် အပြီးအပ်နှံရမည်ဖြစ်ကြောင်း စာချုပ်ပါစည်းမျဉ်း စည်းကမ်းများအရသိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သတ်၍ ညောင်ရွှေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအားဆက်သွယ်မေးမြန်းခဲ့ရာတွင် – ” အဲဒီ စီမံကိန်းက တစ်ဆင့်ခံကန်ထရိုက်တွေနဲ့ပဲ သွားသွားနေတော့ ဘယ်ပြီးမလဲ၊ အဲဒါတွေကြောင့်မအပ်နိုင်တော့ အိုးအိမ်ဦးစီးဌာနကို လွှဲတယ်လို့တော့သိရတယ်။ တချို့ဆိုရင် တိုက်ခန်းနဲ့ပတ်သတ်ပြီး သိန်း ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ပေးထားပြီးပြီ။ လုပ်ငန်းကကြီးတော့ တခြား တဆင့်ခံကန်ထရိုက်တွေကိုပေးပေးနေတော့ အရည်အသွေးကလည်း ညံ့၊ ဆောက်လုပ်မှုကလည်း မပြီးပြတ်ဖြစ်နေတယ် ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
◾️မင်းကျန်စစ်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် မြန်မာကောင်းထက်သာ ကုမ္ပဏီလီမိတက်+၁ ထံသို့ အေးသာယာ ဥယျာဉ်အိမ်ရာစီမံကိန်း အဆောက်အအုံအား လွှဲပြောင်းအပ်နှံသည့် စာချုပ် ချုပ်ဆိုခဲ့ကြောင်းသိရသည်။
” မင်းကျန်စစ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းက အရင်အစိုးရ လုပ်သွားတာ၊ နောက်ပိုင်းဘယ်သူ ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ်ဆိုတာတော့ မသိဘူး ” ဟု တောင်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထွန်းငွေ က ပြောသည်။အေးသာယာ ဥယျာဉ်အိမ်ရာစီမံကိန်းသည် အဆင့်ဆင့်လွှဲပြောင်းနေမှု များရှိနေပြီး ကန်ထရိုက်များနှင့် ပြဿနာဖြစ်ပေါ်နေကာ မြေသိမ်းခံပြည်သူများနှင့်လည်း ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်ကြောင်း ( ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့) မှ ဦးတင်မောင်တိုးကပြောသည်။
” အမှန်က လမ်းပန်းဆက်သွယ်ရေးကိုလွှဲရမှာမဟုတ်ဘူး။ စီမံစီးပွားကိုလွှဲရမှာ။ ဘာကြောင့်လဲဆိုတော့ အိမ်ရာစ်ီမံကိန်းက သူ့လက်အောက်မှာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ မဆိုင်ဘူး။ အခုလွှဲလိုက်တဲ့ဌာနကလည်း ကြံ့ခိုင်ရေးအဆင့်ဆင့်တွေပဲ။ လောလောဆယ်ခံရတာကတော့ ငွေသွင်းထားတဲ့ ဝန်ထမ်းတွေ၊ ဘယ်တော့တိုက်ခန်းရမယ်ဆိုတာ မသိသေးဘူး။ အဲဒါအပြင် စီမံကိန်းကြောင့် မြေအသိမ်းခံထားရတဲ့ ပြည်သူတွေရဲ့ ပြ ဿနာကလည်းရှိသေးတယ် ” ဟု ဦးတင်မောင်တိုးက ဖြည့်စွက်ရှင်းပြသည်။
ပြည်သူတွေလက်ထဲမရောက်နိုင်သေးသည့်အိမ်ယာစီမံကိန်းအား စတင်ခဲ့သူမှာ ကလောပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်ဖြစ်ပြီး စီမံကိန်းစပြီး နှစ်နှစ် အတွင်း၌ ပြဿနာအား ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးအာဏာမလွှဲခင် ရှမ်းပြည်နယ်အစိုးရ စီမံကိန်းဟုဆိုကာ လုပ်ဆောင်ခဲ့ရင်း နောက်ဆက်တွဲ ဘာမှ အသံမထွက်လာတော့ဘဲ ဖြေရှင်းမည့်သူပင်မရှိ သလိုဖြစ်ခဲ့ကြောင်း၊ လက်ရှိ အစိုးရထံသို့လည်း စီမံကိန်းနှင့် ပတ်သတ်၍ လွှဲခဲ့ခြင်း ရှိ၊ မရှိ သေချာစွာမသိရ ကြောင်းဦးတင်မောင်တိုးမှ ထပ်မံ ပြောကြားသည်။
အေးသာယာ အိမ်ယာစီမံကိန်းအတွက် မြေသိမ်းခံရမှု နှင့် ပတ်သတ်၍ လည်းဖြေရှင်းပေးနိုင်မှုမရှိကြောင်း၊ အထူးသဖြင့် ယင်းနေရာတွင်ရှိသော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ချိုင်းမြေနှင့်၊ ခရစ်ယာန် သင်္ချိုင်းမြေတို့ရှိရာ ဗုဒ္ဓဘာသာဝင်တို့၏ သင်္ချိုင်းအား ဖျက်သိမ်းခဲ့ကြောင်းသိရပြီး ခရစ်ယာန် သင်္ချိုင်းမြေနေရာသာ ကျန်တော့ကြောင်း ၎င်းမှ ဖြည့်စွက်ပြောသည်။
“ ဒီနေရာ က အစိုးရမြေဆိုရင် အားလုံးယူသွား၊ ပေးမယ်။ မတရားပြုတာနဲ့ပတ်သက်ပြီးတော့ တရားဥပဒေကို မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။ မတရားမှုနဲ့ ပတ်သက်ပြီးတော့ တောင်ကြီးမြို့က သက်ဆိုင်သူတွေက ဖုံးကွယ်ထားတယ်၊ ဒါကိုမကျေနပ်ဘူး” ဟု ဒေသခံဒေါ်ကြည်ကပြောသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲမှ စီမံဖော်ထုတ်ထားသည့် ပြည်သူ့အိမ်ရာစီမံကိန်းအတွင်း တောင်သူ ၁၃ ဦး၏ မြေယာများကိုသိမ်းယူခဲ့ရာ ယင်းမြေယာများသည် မိဘဘိုးဘွားများအစဉ်အဆက် သီးနှံစိုက်ပျိုးခဲ့သော လယ်ယာမြေများဖြစ်ကြောင်း၊ ရာသီ သီးနှံများစိုက်ပျိုးနေစဉ် ပြည်နယ်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း(ယခင်အစိုးရလက်ထက်) ၏ လမ်းညွှန်ချက်အရ ၂၀၁၄ ခုနှစ် ၊ ဩဂုတ်လ ၂၂ ရက်တွင် ဥယျာဉ်အိမ်ရာစီမံကိန်းဟုဆိုကာ မိမိတို့တောင်သူ ၁၃ ဦး ပိုင်မြေဧရိယာ ဧက ၁၀၀ ခန့်အား မင်းကျန်စစ် ကုမ္ပဏီ အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များအပါအဝင် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်အင်အား ၊ လူအင်အား ၊ ဘက်ဟိုးယာဉ်ကြီးများ ဖြင့် စိုက်ထားသည့် သီးနှံခင်းများအား အတင်းဖျက်ဆီး၍ မြေယာသိမ်းယူသွားကြောင်း ဒေါ်ကြည်ကရှင်းပြသည်။
◾️မင်းကျန်စစ် ကုမ္ပဏီ အနေဖြင့် အသုံးပြုခွင့်ရ ဧရိယာ ၄၂ ဒဿမ ၁၈၈ ဧကဟု ဖော်ပြထားသော်လည်း ၎င်း ဧရိယာအပြင် သင်္ချိုင်းကုန်းမြေများပါမကျန် တောင်သူမြေများကိုပါ အတင်းအဓမ္မ သိမ်းယူခဲ့သည့်အတွက် မိမိတို့ဘဝများ နေစရာအိမ်မဲ့၊ ယာမဲ့ ရောက်နေရကြောင်း၊ လမ်းဘေးတွင်တဲထိုးနေရသည့်ဘဝဖြင့် ဆင်းရဲတွင်းနက်ခဲ့ကြောင်း၊ သီးနှံပျက်စီး ဆုံးရှုံးခဲ့ရမှုများ အတွက် တောင်သူ ၁၃ ဦးအား ရှမ်းပြည်နယ်အစိုးရမှ လျော်ကြေး ၃၃၅၂၃၆၀၀ ကျပ် ပေးချေသည်ဟု ဖော်ပြခဲ့သော်လည်းအပြည့်အဝမရှိခဲ့ကြောင်း ယာသိမ်းခံရသူများကပြောသည်။
အေးသာယာမြို့သစ်ဥယျာဉ် အိမ်ယာစီမံကိန်းအား ကန်ထရိုက်စာချုပ်ဖြင့် လုပ်ပိုင်ခွင့်ရယူခဲ့သော မင်းကျန်စစ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာနန္ဒာ လှမြင့်အား ဆက်သွယ်မေးမြန်းရာ – ” စီမံကိန်းကြီး မြန်မြန်ပြီးဖို့အတွက် ဝယ်လိုအားလဲလိုတယ်။ အရင်အစိုးရတုန်းက ဝန်ထမ်း ၂၇၀၀ အတွက် ရည်ရွယ်ပြီးဆောက်ခဲ့ပေမယ့် အစိုးရအပြောင်းအလဲဖြစ်တော့ အခန်းတစ်ရာကျော်ပဲ ငွေသွင်းပြီးဝယ်ကြတယ်။ အခန်းဝယ်ထားတဲ့သူတွေကိုလည်း ဒီလထဲမှာ အပ်မှာပါ ” ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။
အဆိုပါစီမံကိန်းသည် ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သော်လည်းမပြီးစီးသေးသည့် ဆောက်လုပ်မှုများအား လက်ရှိအစိုးရမှ ဆက်လက်တာဝန်ယူလုပ်ဆောင်နေကြောင်း၊ ဝန်ထမ်း ၂၇၀၀ အတွက်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ရာ အစိုးရအပြောင်းအလဲကြောင့် အခန်းဝယ်ယူသူများမှာ တစ်ရာကျော်သာရှိခဲ့ပြီး အဓိကကန်ထရိုက်ဖြစ်သည့် မင်းကျန်စစ် ကုမ္ပဏီမှ ကျပ်သိန်းပေါင်း ၂၅ ဘီလီယံအား စိုက်ထုတ်ကာတည်ဆောက်နေသော်လည်း ဝယ်ယူမည့်ဝန်ထမ်းများမှာ လျှောက်လွှာသာတင်ပြီး ငွေမသွင်းသူများဖြစ်နေကြောင်း ဒေါက်တာ နန္ဒာလှမြင့်ကပင် ဖြည့်စွက်ပြောသည်။
ငွေပေးသွင်းထားသည့် အခန်းပိုင်ရှင်များသို့ ယခုလအတွင်း ပိုင်ဆိုင်မှုစာချုပ်နှင့် အခန်းများအပ်နှံရန်ဆောင်ရွက်နေသော်လည်း ကျန်ရှိနေသည့် လျှပ်စစ်အပိုင်းကိုရရှိရန် ညှိနှိုင်းနေကြောင်း၊ အခန်း ၅၀၀ ကျော် တည်ဆောက်ထားသော်လည်း ငွေသွင်းဝယ်ယူမှုမှာ ၁၀၀ ကျော်သာရှိပြီး အိုးအိမ်ဦးစီးဌာနမှ အခန်း ၁၈၀ ယူကာ ကျန်အခန်း ၂၀၀ ကျော်အား အစိုးရမှဝန်ထမ်းများအတွက် အရစ်ကျ သို့မဟုတ် လက်ငင်းငွေသားနှင့် ရောင်းရန် ဆောင်ရွက်ထားကြောင်း ၎င်း ကပြောသည်။
” စီမံကိန်းမြေနေရာ နဲ့ ပတ်သတ်လို့ ဘယ်သူမှမပိုင်ဘူး။ မြေစာရင်းရဲ့မြေပုံမှာ အစိုးရ စီမံခန့်ခွဲမှု ရှိတဲ့မြေ၊ မူလက ၄၂ ဒဿမ ၈၈၈ ဧကကို ကုမ္ပဏီ နဲ့ အစိုးရက စာချုပ် ချုပ်ပြီး အကောင်အထည်ဖော်တာ။ အဲဒီ တုန်းက အခန်း ၁၆၀၀ ပဲဆောက်ဖို့၊ ဒါပေမဲ့ အဲဒီတုန်းက ဝန်ထမ်းလျှောက်လွှာတွေကများတော့ အရင်ဝန်ကြီးချုပ်က မြေနေရာထပ်ချဲ့လိုက်တာ၊ ၅၁ ဧက ဖြစ်သွားတယ် ” အခု ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောကြားသည်။
ယင်းနေရာသည် အစိုးရပိုင်မြေနေရာဖြစ်သော်လည်း စီမံကိန်းနေရာအတွင်း မြေသုံးလေး ဧက ပေါ်၌ တစ်ချို့ ပြည်သူများက လာရောက်ပြီး ရာသီ သီးနှံလာစိုက်ကြ၍ အစိုးရနှင့် ကုမ္ပဏီမှ ညှိနှိုင်းပြီး ကျပ်သိန်း ၃၀၀ ကျော် ပေးလျော်ခဲ့ကြောင်း ၎င်း ကဆိုသည်။ ၂၅ ဘီလျံ အထိ စိုက်ထုတ်ကာ တစ်ဆင့်ခံ ကန်ထရိုက်များဖြင့် ပူးပေါင်းလုပ်ဆောင်ရင်း ချေးငွေများဖြင့် လည်ပတ်ကာ ဘဏ်အတိုးများကို လည်း ပေးနေရကြောင်း ၎င်းမှဆက်ရှင်းပြသည်။အေးသာယာ ဥယျာဉ် အိမ်ရာ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှ ပြည်နယ်အစိုးရ၏ အိမ်ရာတည်ဆောက်ရေးတွင် ( မြေသားများစနစ်တကျ ပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ တံတားနှင့် အုတ်စီ၊ ရေမြောင်းများ တည်ဆောက်ခြင်း၊ အိမ်ရာတစ်ခုလုံး ခြံခတ်ခြင်း စသည့်လုပ်ငန်းများအတွက်) စာချုပ်ပါလုပ်ငန်းစဉ် (၁) အရ ခန့်မှန်းကုန်ကျငွေ ကျပ် ၈၁၈၈၄၆၀၄၀၀ (ကျပ်သိန်းပေါင်း ရှစ်သောင်းတစ်ထောင်ကျော်) သုံးစွဲမည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးခွန်ရဲသွေး အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအချို့မှာ လုပ်ငန်းအပြီးသတ် အပ်နှံရန် သတ်မှတ်ရက်ကျော်လွန်ပါက ခိုင်လုံသော အကြောင်းပြချက်မရှိလျှင် တစ်ရက် ဒဏ်ကြေးငွေ ကျပ်သုံးသိန်း နှုန်းဖြင့် လုပ်ငန်းအပ်နှံခြင်းခံရသူမှ လုပ်ငန်းအပ်သူသို့ ပေးဆောင်ရမည်ဖြစ်သည်။
အေးသာယာ ဥယျာဉ် အိမ်ရာစီမံကိန်း၏ ရည်ရွယ်ချက်မှာ လူအများ စားဝတ်နေရေးအတွက် ဝင်ငွေရရှိစေမည့် လုပ်ငန်းခွင်နေရာများနှင့် ကိုယ်စိတ်အပန်းဖြေ နေနိုင်မည့် နေရာများ စဉ်ဆက်မပြတ် ရရှိစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။
[ Posted on ဖေ‌ဖော်ဝါရီ 15, 2018 by Ei Malar Soe ၊၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ် (၃)၊
ဇင်နိုင်၊ လင်းလင်းနိုင် ]
Source - Unity Journal
မျှဝေပါသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...