။
.................
ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့်
ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး
အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း..
ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့်
ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး
အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း..
တိုင်းဒေသကြီး၊
ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဌ၊
ဒေါ်စန္ဒာမင်းက ဗမာနိုင်ငံစာရင်းစစ်ချုပ်ရုံး၏
အစီအရင်ခံစာကိုကိုးကားပြီး RFA ကစီစဉ်တင်ဆက်
သည့် တနင်္ဂနွေစကားတွင် ပြောကြားခဲ့သည်။
၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်
တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင်
စံချိန်စံညွှန်းမမှီဘဲ-
အရည်အသွေးလျှော့ဆောက်ထားခြင်း၊
ပစ္စည်းများ၏ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ
ထက်များနေခြင်း၊
တွက်ချက်မှု မှားယွင်းခြင်း၊
လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြင်းမျိုးများ
တွေ့ရှိရကြောင်း ၎င်းကဆိုသည်။
" ဂုံးကျော်တံတားတစ်စင်းမှာ..
ကျပ် ၉၃.၃၈သန်းတောင် ပိုတောင်းထားတာ
တွေ့ရတယ်။ ဘယ်သူတွေက မှားယွင်းနေလဲ
ကြည့်လိုက်တော့..
ရန်ကုန်မြို့တော်စည်ပင်က ကျပ် ၀.၁၄သန်း၊
ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီက ကျပ် ၅.၆၅၇သန်း၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၈၇.၅၈၇သန်း
ကို စရင်းစစ်ချုပ်ရုံးက တွေ့ရှိထားတာဖြစ်တဲ့ အတွက်
ဒီငွေတွေကို.. ပြန်သွင်းပေးပါလို့ပြောထားတာကို
တွေ့ရပါတယ်။ "
ရန်ကုန်တိုင်းဒေသကြီး၊
ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ၊
ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်
ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီ
ဖွဲ့စည်းပြီးနောက်-
လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကိုစိစစ်ပေးနိုင်ရန်
အတွက် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်က
စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကိုလေ့လာရာမှ
ငွေစာရင်းအမှားများ၊ ငွေစာရင်းပြီးသည့်ပုံစံဖြင့်
အစိုးရတံဆိပ်တုံးများရိုက်နှိပ်ထားကာ
ဘဏ်ကို အမှန်တကယ်ပေးသွင်းမှုမရှိဘဲ ထိန်ချန်ထား
သည့် မသမာမှုပြုသည့်သဘောများကို တွေ့ရကြောင်း
၎င်းကဆိုသည်။
စာရင်းစစ်ချုပ်ရုံးအနေဖြင့် ရာနှုန်းပြည့်စာရင်းများကို
စစ်ဆေးနိုင်ခြင်းမရှိဘဲ ခွင့်ပြုရံပုံငွေအများကြီး
သုံးထားသည့်ဌာနနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်
ဌာနများကိုသာ စစ်ဆေးနိုင်ကြောင်း ရေးသားထား
သည်ကိုတွေ့ရကြောင်း၊
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင်
ငွေအမြောက်၊ အများသုံးသည့် စည်ပင်သာယာကို
သေသေချာချာစစ်ဆေးရန်လိုကြောင်း
၎င်းကထောက်ပြသည်။
" ကျွန်မစစ်ထားတာမဟုတ်ဘူး။
စာရင်းစစ်ရုံးရဲ့အစီအရင်ခံစာမှာတွေ့နေရတာ။
မတွေ့တဲ့အပိုင်းတွေအများကြီးရှိသေးတယ် "
ဟု၎င်းက ဆိုသည်။
7 Day's
•

Comments
Post a Comment