Skip to main content

Posts

နေပြည်တော်လေဆိပ်မှာ တရားမဝင် သေနတ်များ ဖမ်းမိ 16 October 2017

တနင်္ဂနွေနေ့ညပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်သုံးဦးဆီကနေ သေနတ်တချို့ ရှာတွေ့တဲ့အတွက် ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင် ကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အခု ဖမ်းဆီးစစ်ဆေးခံနေရသူသုံးဦးကတော့ ဦးဖြိုးကိုကိုတင့်ဆန်း၊ ဦးရဲမင်းဆွေနဲ့ ဦးဇော်ဝင်းထိုက်တို့ ဖြစ်တယ်လို့လဲ သတင်း တွေမှာ ရေးကြပါတယ်။ အဲဒီထဲက ဦးဖြိုးကိုကိုတင့်ဆန်းဟာ အရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဟိုတယ်နဲ့ခရီးသွား လာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းဖြစ်တယ်လို့လဲ သတင်းတွေကဆိုပါတယ်။ ဖမ်းမိတဲ့ သေနတ်အရေအတွက်က အများအပြားမဟုတ်ဘူးလို့ ရဲမှူးကြီးကပြောပေမဲ့လဲ သေနတ် ဘယ်နှစ်လက်ဆိုတာကိုတော့ အတိအကျ မသိရသေးဘဲ စစ်ဆေးနေဆဲလို့ပြောပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေ ကို လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုံမှန်အတိုင်း စစ်ဆေးချိန်အတွင်း အခုလို သေနတ်တွေကို တွေ့ခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရင် နှစ်ပေါင်းများစွာက တရားဝင် သေ...

ဒုက္ခသည်တွေ လက်ခံရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်ဖို့ တောင်းဆို

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်လက်ခံပေးဖို့ မော်လမြိုင်မြို့မှာ အမျိုးသားရေးအင်အားစုတွေ အောက်တိုဘာလ ၁၅ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် Photo: Myint Soe's facebook ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေမပါဝင်အောင် စိစစ်လက်ခံပေးဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားရေးအင်အားစုတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲနဲ့ ပြည်ပနိုင်ငံတွေက ဖိအားပေးစွက်ဖက်မှုတွေကို ရှုတ်ချကြောင်း ဟောပြောပွဲမှာ တောင်းဆိုတာဖြစ်တယ်လို့ မွန်ပြည်နယ် အမျိုးသားရေးအင်အားစု ဥက္ကဌ ဦးသန်းဇော်က ပြောပါတယ်။ "ဒီဘက်နိုင်ငံမှာ အကြမ်းဖက်မှုတွေလုပ်တယ် သူတို့က၊ ဒီဘက်ကနေ နှိမ်နင်းတဲ့အခါ သူတို့ဟိုဘက်ကို သွားခြင်းဖြစ်တယ်၊ သွားတဲ့သူတွေထဲမှာ အကြမ်းဖက်မပါဘူးလို့ မပြောနိုင်ဘူး၊ စိစစ်ခံတဲ့အခါမှာ ဒီအကြမ်းဖက်တွေ မပါလာဖို့အတွက် အစိုးရက တာဝန်သိ၊ တာဝန်ခံမှု...

ဖက်ဒရယ်မူတွေ ချမှတ်ရေးမှာ ပါဝင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

NCA လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် Photo: Myanmar State Counsellor Office's facebook အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို အနာဂတ် နိုင်ငံတော်အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တံခါး ဖွင့်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျမတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ...

နိုင်ငံသားဖြစ်မှု အကြံပြုချက်အပေါ် ရခိုင်တွေရဲ့ သဘောထား တင်ပြနိုင်ဖို့ ANP ဆွေးနွေး

ANP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့ကကျင်းပစဉ် Photo: Min Thein Aung/RFA မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ နိုင်ငံသားဖြစ်မှု ဆိုင်ရာ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေရဲ့ သဘောထားကို အစိုးရကို တင်ပြတောင်းဆိုနိုင်ဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြ ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေကို နိုင်ငံသားပေးဖို့ အကြံပြုချက်တွေအပေါ် ရခိုင်ပြည်သူတွေက သဘောမတူတာကြောင့် ဒီကိစ္စကို ထည့်သွင်းဆွေးနွေးကြတာလို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ "ကိုဖီအာနန် အစီရင်ခံစာထဲမှာပါတဲ့အချက်တွေ ဖွံ့ဖြိုးတိုးတက်ရေးပေးနေရင် ကျနော်တို့ လက်မခံနိုင်စရာ အကြောင်းမရှိဘူး၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ထိပါးလာမယ် တရားမဝင် ခိုးဝင်လာတဲ့လူတိုင်းလူတိုင်းကို နိုင်ငံသားအခွင့်အရေးပေးရမယ်ဆိုတဲ့ အသံအကျယ်ကြီးနဲ့...

(NCA)လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားတိုက်ရိုက်ထုတ်လွှင့်မှု

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားတိုက်ရိုက်ထုတ်လွှင့်မှု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်း ----------------------------------------------------------------------------------------------------------  အခု ကျွန်မတို့ရဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရောက်ရှိလာတဲ့ ဧည့်သည်တော်ကြီးများအားလုံးကို ငြိမ်းချမ်းရေးကိုလိုချင်ကြတဲ့ ပြည်သူပြည်သားများ အားလုံးကိုယ်စား ကျွန်မအနေနဲ့ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ဒီလိုနှစ်ပတ်လည် အခမ်း အနားတွေလုပ်တယ်ဆိုတာ အတိတ်ကမမေ့သင့်တဲ့ကိစ္စများကို ကျွန်မတို့ သတိရပြီး တော့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လုပ်သင့်တဲ့ကိစ္စများကို သတိပြုမိဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန...

သြစတြေးလျမှာကျင်းပမဲ့ ငြိမ်းချမ်းရေးပွဲတော်တွင်တစ်လကြာသွားရောက်ဖျော်ဖြေမယ့် နန့်ချစ်နဒီဇော်

No.1597 Monday, October 16, 2017  ငြိမ်းချမ်းရေးပွဲတော်၌ သွားရောက်ဖျော်ဖြေရန် နိုဝင်ဘာ တွင် ဩစတြေးလျနိုင်ငံသို့ တစ် လကြာ ဖျော်ဖြေရေးသွားရန်ရှိ ကြောင်း အဆိုတော် နန့်ချစ်နဒီ ဇော်က ပြောသည်။ ‘‘နိုဝင်ဘာ ၁၀ ရက် ဗီဇာရ တာနဲ့ တန်းထွက်မယ်။ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမှာ ဖျော်ဖြေပွဲရှိမယ်။ တခြားဖိတ်တဲ့နေရာတွေလည်း သွားဆိုရပါမယ်။ တစ်လကြာပါ မယ်။ ဒီက နန့်ချစ်အပြင် ကိုစော ဖိုးခွားနဲ့ ဘားအံက ကရင်အဆို တော်တချို့ပါမယ်’’ဟု ၎င်းက ပြောသည်။ ၎င်းသည် ပြီးခဲ့သည့် နှစ်က လည်း ဩစတြေးလျနိုင်ငံသို့ သွား ရောက်ဖျော်ဖြေခဲ့ပြီး ပြည်ပ ရောက် ကရင်တိုင်းရင်းသားအ သိုင်းအဝိုင်း၏ ဖိတ်ကြားမှုကြောင့် ကရင်သီချင်းအများဆုံးဆိုဖြစ် ကြောင်း ဆိုသည်။ ‘‘မြန်မာသီချင်းလျှော့ဆိုရ တယ်။ တချို့က မြန်မာစကားနား မလည်လို့ပါ။ ဒီနှစ်ကတော့ ဘယ် လိုလာမလဲမသိသေးပါဘူး။ ပရိ သတ်ကိုကြည့်ပြီး ဘာသီချင်းဆိုရ မယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ’’ ဟု ၎င်းက ပြောသည်။ အခြားသော အနုပညာလှုပ် ရှားမှုအနေဖြင့် သီချင်း ၁၂ ပုဒ် ပါဝင်သည့် တစ်ကိုယ်တော်အခွေ ကို ၂၀၁၈ ဇန်နဝါရီ၌ ထွက်ရှိရန် ကြိုးစားနေကြောင်း ဆိုသည်။ ‘‘သီချင်းတွေကတော့ သူများနဲ့မတူတဲ့ မြူးဇစ်စတိုင်...

မကြည့်ရက်လို့ တစ်ခု မေးပါရစေ တန်လို့လားလို့ အမေ

သူ့နေရာမှာ ကျုပ်ဆို သား ၂ ယောက် ရဲ့ အနာဂတ်ကို သန်းခြောက်ဆယ် မပြောနဲ့ သန်းခြောက်ထောင် နဲ့လည်း မလဲဘူး။ ဘာလို့လဲဆိုတော့ အမိမဲ့ သား အဖြစ် မေတ္တာတရား ခေါင်းပါးတဲ့ တိုင်းပြည် မှာ သားတွေ ရဲ့ ရှေ့ရေးကို စိတ်မချနိုင်လို့ပဲ။ သူ့နေရာမှာ ကျုပ်ဆို လူစိတ်ကင်းမဲ့တဲ့ စစ်ဘီလူးတွေ နဲ့ စီးချင်းမထိုးဘူး။ လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နဲ့ အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာနမှာ သုတေသနလက်ထောက် အဖြစ် ဒေါ်လာ တွေစားပြီး နွေးထွေးတဲ့ မိသားစု နဲ့ ဆက်ရှိနေမှာ သေချာတယ်။ သူ့နေရာ မှာ ကျုပ်ဆို ဘဝ တစ်ခုလုံး ထွန်းညှိဖို့ မပြောနဲ့ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးအဖြစ် ဂုဏ်တံတိုင်းတွေ ပေါ်မှာ ငွေထုပ် ဖင်ခုထိုင်ပြီး ကမ္ဘာပတ်နေမှာ သေချာတယ်။ အိုဗျာ………… နောက်ဆုံး ကုန်ကုန်ပြောမယ် သူ့နေရာမှာ ကျုပ်သာဆို ခင်ဗျားတို့ အခုချိန် စစ်ခုံရုံးမှာ ကြိုးစင်တက်နေရပြီ။ သူ့နေရာမှာကျုပ်ဆို ရင်ဘတ်က ဒဏ်ရာတွေကိုကြည့် တန်လို့လား ခဏခဏ ပြန်မေးမိမှာ သေချာတယ်။ သူ့နေရာမှာကျုပ်ဆို နေအိမ်အကျယ်ချုပ်ရဲ့ အောက် နှစ် ၂ ဆယ် နီးပါး တစ်ယောက်တည်း suicide မလုပ်မိရင်တောင် ဒူးထောက် အရှုံးပေးမိမှာ သေချာတယ်။ ...

ကိုအောင်တင်ရေ

ကနေဒါနိုင်ငံမှာဒုက္ခသည်နဲ့နေပြီး ယခုအခါ ဘင်္ဂလီလော်ဘီ လုပ်စားနေသူ ပင်နီတိုက်ပုံကြီးအမြဲဝတ်ထားတဲ့ ကျနော့်မိတ်ဆွေကြီး ကိုအောင်တင်ရေ , ခင်ဗျားတို့ ပြည်ပရောက် နိုင်ငံရေးအရေခြုံ ပြီးဘင်္ဂလီ လော်ဘီ လုပ်စားတွေရဲ့ ဆရာ ဒေါက်တာဇာနည် ဆိုတာလေ, သူများတင်ထားခဲ့တဲ့.. PHD ဒေါက်တာ ဘွဲ့ Thesis ကို ၉၀% ခိုးချ ပြီး - သူကိုယ်တိုင်ပဲကျမ်းပြုထားသလို လိမ်တယ် ...ပြီးတော့ လန်ဒန်စီးပွားရေး ကျောင်းတခု မှာ ပညာရှင်ဆိုပြီး အကောင်လိုလို ဂရောင်လိုလိုနဲ့ လိမ်စားနေတဲ့ ခင်ဗျားတို့ဆရာရဲ့ အဆင့်က ဒါပဲလား ...? နောက်ကြောင်းစုံစမ်းစစ်ဆေးတဲ့အခါ သူများစာခိုးချတာပေါ်သွားတော့ - လန်ဒန်စီးပွားရေး ကျောင်းက အလုပ်ဖြုတ် - PhD-ဒေါက်တာဘွဲ့ပေးထားတဲ့ကျောင်းကလည်း ဘွဲ့ ကိုပြန်သိမ်းခံရတော့ ဇာနည် အရှက်တွေဗြန်းဗြန်းကွဲ ...သိက္ခာ တစက်မှမရှိ တော့ပဲ - အလုပ်လက်မဲ့ နဲ့ စားစရာနေစရာမရှိတော့ မထူးဇတ်ခင်းပြီး - ဘားမားကမ်ပိန်းယူကေ( Burma campaign UK ) ဆိုတဲ့ NGO မှာ ဘာကြောင့် ဘင်္ဂလီ လော်ဘီလုပ်စားနေတယ်ဆိုတာ ခုတော့ ကျုပ် ကောင်းကောင်းသဘောပေါက်ပီဗျို့ , ဒါနဲ့စကားမစပ် မေးရအုန်းမယ်... မြန်မာနိုင်ငံက Genocideလူမျိုးတုံးသတ်ဖြတ်နေပါတယ်... Ethnic...

လူနှင့်လောကဓံ || သရ၀ဏ်(ပြည်) ||

လောက၌ လူဟူသရွေ့အောက်ပါ လောကဓံရှစ်ပါးကို ကြုံတွေ့ ဖြတ်သန်း ခံစားခဲ့ကြဖူးသည်သာ ဖြစ်၏။ (၁) လာဘ-လာဘ်ပေါများခြင်း၊ (၂) အလာဘ- လာဘ်နည်းပါးခြင်း၊ (၃) ယသ- အခြံအရံများခြင်း၊ (၄) အယသ- အခြံအရံနည်းခြင်း၊ (၅) ပသံသာ- ချီးမွမ်းခံရခြင်း၊ (၆) နိန္ဒ- ကဲ့ရဲ့ရှုတ်ချခံရခြင်း၊ (၇) သုခ- ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ (၈) ဒုက္ခ- စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း တို့သည် လောက၌ လူတိုင်းကြုံတွေ့ ကြရမည့် လောဓံတရားများပင်ဖြစ်သည်။ ထိုလောကဓံတရား (၈) ပါး၌ လေးပါးမှာ အကောင်းများဖြစ်ပြီး လေးပါးမှာ အဆိုးများဖြစ်သည်။ ယနေ့ခေတ်အခါတွင် ပြည်တွင်းတွင် လည်းကောင်း၊ ပြည်ပတွင် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ အကောင်းအဆိုး ပြောဆိုဝေဖန် ခံနေရသည်ဖြစ်ရာ ထိုအရာများမှာ လောကဓံများပင် ဖြစ်ပါ သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ်(၃) အခြံအရံ များခြင်း၊ နံပါတ်(၄) အခြံ အရံနည်းခြင်း ဟူသော လောကဓံ နှစ်ပါး၊ နံပတ် (၅) ချီးမွမ်းခံရခြင်း၊ နံပါတ် (၆) ကဲ့ရဲ့ရှုတ်ချခံရခြင်း ဟူသော လောကဓံ နှစ်ပါး၊ စုစုပေါင်း လောကဓံတရား (၄) ပါးကိုတော့ သူ့ တစ်ဘ၀လုံးခံခဲ့၊ ကြုံတွေ့ ခဲ့ရ ပေါင်းမနည်းပြီဖြစ်ရာ ထူးဆန်းပြီး တုန်လှုပ်နေမည်တော့ မထ...

ရခိုင် အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲ တစ်ရပ်ကို လန်ဒန်မြို့မှာ ယူကေရောက် မြန်မာတွေ စုပေါင်း ကျင်းပခဲ့ပါတယ်။

ဗြိတိန်လွှတ်တော်၊ ဝန်ကြီးချုပ်ရုံးရှေ့နဲ့ နိုင်ငံခြားရေး ရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြတဲ့ ပွဲကို လူ ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ရခိုင်ဒေသ က ဒုက္ခသည်တွေကို လှူဒါန်းဖို့ စတာလင်ပေါင် တစ်သောင်း ကိုလည်း ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ယူကေ မြန်မာသံရုံးကို ပေးပို့ လှူဒါန်းခဲ့ကြပါတယ်။ # ဓါတ်ပုံ -ဇာနည်ကိုကို Maung TunWai # ခွက်ဒစ် +5 Like Comment Share