Skip to main content

လူနှင့်လောကဓံ || သရ၀ဏ်(ပြည်) ||


လောက၌ လူဟူသရွေ့အောက်ပါ လောကဓံရှစ်ပါးကို ကြုံတွေ့ ဖြတ်သန်း ခံစားခဲ့ကြဖူးသည်သာ ဖြစ်၏။
(၁) လာဘ-လာဘ်ပေါများခြင်း၊
(၂) အလာဘ- လာဘ်နည်းပါးခြင်း၊
(၃) ယသ- အခြံအရံများခြင်း၊
(၄) အယသ- အခြံအရံနည်းခြင်း၊
(၅) ပသံသာ- ချီးမွမ်းခံရခြင်း၊
(၆) နိန္ဒ- ကဲ့ရဲ့ရှုတ်ချခံရခြင်း၊
(၇) သုခ- ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊
(၈) ဒုက္ခ- စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း တို့သည်
လောက၌ လူတိုင်းကြုံတွေ့ ကြရမည့် လောဓံတရားများပင်ဖြစ်သည်။ ထိုလောကဓံတရား (၈) ပါး၌ လေးပါးမှာ အကောင်းများဖြစ်ပြီး လေးပါးမှာ အဆိုးများဖြစ်သည်။
ယနေ့ခေတ်အခါတွင် ပြည်တွင်းတွင် လည်းကောင်း၊ ပြည်ပတွင် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ အကောင်းအဆိုး ပြောဆိုဝေဖန် ခံနေရသည်ဖြစ်ရာ ထိုအရာများမှာ လောကဓံများပင် ဖြစ်ပါ သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ်(၃) အခြံအရံ များခြင်း၊ နံပါတ်(၄) အခြံ အရံနည်းခြင်း ဟူသော လောကဓံ နှစ်ပါး၊ နံပတ် (၅) ချီးမွမ်းခံရခြင်း၊ နံပါတ် (၆) ကဲ့ရဲ့ရှုတ်ချခံရခြင်း ဟူသော လောကဓံ နှစ်ပါး၊ စုစုပေါင်း လောကဓံတရား (၄) ပါးကိုတော့ သူ့ တစ်ဘ၀လုံးခံခဲ့၊ ကြုံတွေ့ ခဲ့ရ ပေါင်းမနည်းပြီဖြစ်ရာ ထူးဆန်းပြီး တုန်လှုပ်နေမည်တော့ မထင်ပေ။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ချထားခံခဲ့ရစဉ် ကာလများ ထက် အခြံအရံနည်းသော ကာလကား ရှိမည်မထင်ပေ။ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲကာလ၊ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလများသည်ကား ပြည်တွင်းမှာရော ပြည်ပမှာရော အလွန်ပင် အခြံအရံပရိသတ် များခဲ့သော ကာလပင်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့ ရှိ မြို့ကြီးများတွင် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသော ဆန္ဒပြပွဲများကို ကျင်းပကြ သည်။ အထူးသဖြင့် အနောက်နိုင်ငံများက ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အမြင်မကြည်လင်မှု များစွာဖြင့် ဆန့်ကျင် ကန့်ကွက် လာကြချိန်တွင် ပြည်တွင်းနေ မြန်မာနိုင်ငံသားများက NLD ပါတီဝင် ဟုတ်သည်ဖြစ်စေ၊ ပါတီဝင်မဟုတ်သည် ဖြစ်စေ မိမိအသိ မိမိစိတ်ဓာတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်ရေးရာအရ ထောက်ခံကြောင်း ကမ္ဘာသို့ ပြသကြခြင်း ဖြစ်သည်။ ထိုသို့ထောက်ခံကြ သော လူထုကြီးမှာ အားရစရာကောင်းသည်။ မြို့တိုင်းနယ်တိုင်းတွင် ကွင်းပြင်အပြည့် လူအများ စုဝေးရောက်ရှိလာကြသည်။ မည်သူ့ကိုမှမလာ မနေရ ခေါ်ရခြင်းမရှိ။ နေ့တွက်စရိတ်ပေး၍ ခေါ်ရသူမရှိ။ မလာလျှင် အလုပ်ပြုတ်မည်ဟု ခြိမ်းခြောက်ခြင်း မရှိ။ စစ်အစိုးရခေတ် လူထုအစည်း အဝေး ဖိတ်စာများလို မတက်ရောက်ပါက မတက်ရောက်သူ၏ တာဝန် သာဖြစ်သည် ဆိုသည့် ခြိမ်းခြောက်သည့် သဘောဆန်သည့် ဖိတ်စာများ ကိုဝေငှခြင်းမရှိ၊ မိမိစိတ်ဓာတ် မိမိအသိဖြင့် လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။ ကွင်းပြင်ကြီးတစ်ခုတွင် လူအများ စုဝေးနေကြ၏။ အနီရောင် အလံများက တဖျပ်ဖျပ်။ WE STAND WITH YOU ဆိုသော ဆိုင်းဘုတ် များက နေရာအနှံ့။
ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပိုစတာများကို ကိုင်ထားကြသူများလည်း မရှားပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးထောက်ခံကြခြင်း ဖြစ်သည်။ နိင်ငံတကာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြု ခဲ့ကြခြင်းမှာ ရေးပြ၍ပင် ဂျာနယ်တစ်စောင်လုံး မဆန့်ပေ။ စာအုပ်တစ် အုပ် ဖြစ်သွားနိုင်၏။ အထူးအားဖြင့်ကား ၁၆.၆.၂၀၁၂ တွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကို နိုဗဲလ်ဆု လက်ထိ လက်ရောက် ပေးအပ်ပွဲတွင် တက်ရောက်လက်ခံ မိန့်ခွန်းပြောကြားခဲ့ရခြင်း၊ အင်မတန် လူမျိုးဂုဏ်ကြီးလှ၍ ထည်ဝါ မာန်မာနကြီးလှသော အင်္ဂလိပ်လူမျိုးများ၏ အမြတ်တနိုးထားရာ ဗြိတိသျှ ပါလီမန် အဆောက်အအုံကြီးထဲတွင် ၂၀၁၂ ဇွန်လ ၂၁ ရက်နေ့ က မိန့်ခွန်းပြောကြားခွင့် ရခဲ့ခြင်း တို့ ဖြစ်သည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးကို ထို ၁၁ ရာစုလက်ရာ ၀က်မင်စတာ ခန်းမကြီးထဲတွင် စကားပြောခွင့်ရခဲ့သော နိုင်ငံခြားသားဆို၍ ဒုတိယကမ္ဘာ စစ် ပြီးချိန်မှ စရေတွက်လျှင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ၁၆ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မန်ဒဲလား၊ ပြင်သစ်သမ္မတ ချားလ်ဒီဂေါ နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ သာ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှတို့က ဤရွေ့ ဤမျှ ချီးမြှောက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ က လည်း ဗြိတိန်နိုင်ငံ၏ တော်ဝင်စစ်တက္ကသိုလ် ဖြစ်သော ဆင်းဟတ် စစ်တက္ကသိုလ် ဗိုလ်လောင်းနှင့် စစ်အရာရှိများအား ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားခွင့် ရခဲ့ပါသည်။ ထို့ အပြင် ဥရောပတစ်ခွင်၊ အမေရိက အပါအ၀င် ကမ္ဘာ့နိုင်ငံ အတော်များများ၌ မိန့်ခွန်းပြောကြားခဲ့ ရခြင်း၊ ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်ခံရခြင်း၊ တက္ကသိုလ်များမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ပေးအပ်ခြင်းများ ကိုလည်း မရေ မတွက်နိုင်အောင် လက်ခံခဲ့ရပေသည်။ ထိုအရာများကား ပသံသာ ခေါ် ချီးမွမ်းခံရခြင်းများ ပေတည်း။
ထိုအခါ အတိတ်ကို သတိရမိသည်။ ၁၉၉၆ ခုနှစ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးက ဦးဆောင် ပြုလုပ်ခဲ့သော အကြောင်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုး တပ်ထားသည့် လူထု အစည်းအ ဝေးကြီးများကို အမှတ်ရမိပါသည်။ စင်စစ် ထိုအစည်းအဝေးကြီးများမှာ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ NLD ဆန့်ကျင်ရေး လူထု စည်းဝေး ပွဲကြီးများသာ ဖြစ်သည်။ ၀န်ထမ်းများ အပါအ၀င်၊ ကြံ့ခိုင်ရေး အသင်းသား များ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး၊ အမျိုး သမီး ရေးရာ စသည်ဖြင့် စစ်အစိုးရက သူနိုင်သည့် အသင်းအဖွဲ့ ဟူသမျှ ကို မလာမနေရ ဆင့်ခေါ်ပြီး လူထုအင်အားပြပွဲကြီး မြန်မာတစ်နိုင်ငံလုံး၏ ခရိုင်မြို့ကြီးများ အားလုံးတွင် ကျင်းပခဲ့ကြသည် ကို သတိရမိပါသည်။ အစိမ်းရောင် အလံများကလည်း တလွင့်လွင့်၊ ဆိုင်းဘုတ် အမျိုးမျိုးကိုလည်း လူတို့ ကိုင်ထားကြသည်။ သူတို့ကိုင်ထားကြသော ဆိုင်းဘုတ်များထဲမှ အချို့ကား - “ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” “နိုင်ငံတော် တည်ငြိမ်ရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ” “ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ခြေမှုန်းကြ” စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အား ပုတ်ခတ်စောင်းမြောင်း ဆန္ဒပြကြပါသည်။ ထင်ရှားသူအချို့၊ ပညာ တတ် ဆိုသူတချို့၊ မြို့မျက်နှာဖုံးဟု ဆိုသူအချို့၊ စစ်အစိုးရက ယုံကြည် စွာ တာဝန်ပေးအပ်ခြင်း ခံရသူအချို့က စင်ပေါ်သို့ တက်ကာ လက်သီးလက် မောင်းတန်း၍ မိုက်ကရိုဖုန်းများဖြင့် တစ်ရပ်ကွက် လုံးကြားအောင် ပြောရုံ မျှ မက မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများကပင် တခုတ်တရ ထုတ်လွှင့်ခဲ့ကြပါ သည်။ သူတို့ ဟောပြောကြသည်များကား နိုင်ငံရေး ဝေဖန်တိုက်ခိုက်သည် ထက် ပုဂ္ဂိုလ်ရေးအရ အလွန်နိမ့်ကျသော အသုံးအနှုန်းများဖြင့် ငါးစိမ်း သည် ရန်ဖြစ်သည့်သဖွယ် အောက်တန်းကျကျ တိုက်ခိုက်မှုက များပါသည်။ ဥပမာအားဖြင့် စင်ပေါ်တက်ပြောသူ တစ်ဦးက ဤသို့ ပြောပါသည်။
“စဉ်းစားကြည့်စမ်းပါ၊ သွေးမစစ်တဲ့ နိုင်ငံခြားသားကို ယူထားတဲ့ မိန်းမ တစ်ယောက်ဟာ တိုင်းပြည်တိုးတက်အောင် ဘယ်လို လုပ်နိုင်မှာလဲ၊ သူ့ ကို တိုင်းပြည်က ဖယ်ရှားပစ်ရမယ်၊ အလကား မျိုးဖျက်မ၊ ပုဆိန်ရိုးတွေ “ စသည်ဖြင့် ဟောကြပြောကြပါသည်။ အချို့က အစိုးရက တာဝန်ပေးသည် ကို မငြင်းဆန်ရဲသဖြင့် စိတ်မပါဘဲ ပြောကြသည်။ အချို့ကတော့ တာဝန် ပေးတာက နည်းနည်း နဂိုကတည်းက မိုက်ရိုင်းသော စိတ်အခံ၊ မနာလို သော စိတ်အခံဖြင့် ဖရုသ၁၀ါစာများကို လူကြီးကြိုက်အောင် ဟစ်ကြွေးကြ သည်။ ဒါသည် ပါးစပ်ဖြင့်ပြောသဖြင့် ၀ဇီကံဖြင့်ပြုသော ကဲ့ရဲ့ခံရခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကာယကံမြောက် ဆန့်ကျင်ခြင်း များလည်း ခံခဲ့ရသေးသည်။ အများက ဒီပဲယင်း လူသတ်ပွဲ အရေးအခင်းကို သိကြသည်။ သို့သော် ဒီပဲယင်းက ၂၀၀၃ မေလမှ ဖြစ်ပွားသည်။ ၁၉၈၉ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင်လည်း ထိုအချိန်က လုံခြုံရေး တာဝန် ယူထားသူ တစ်ဦးက မျက်နှာကို သေနတ်ဖြင့် ချိန်ထားခြင်းကို မကြောက်မရွံ့ ရှေ့ဆက်တိုးခဲ့ဖူးသည်။ ၁၉၉၆ ခုနိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခန့် ကလည်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် စစ်အစိုးရ ဘက်တော်သားများ၏ ကိုယ်ထိလက်ရောက် စော်ကားခြင်းကို ခံရသေးသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့  စီး လာသော မော်တော်ယာဉ် တန်းကို လူဦးရေ ၂၀၀ ခန့်ရှိသော အရပ် ၀တ် နှင့် လူအုပ်ကြီးက သံတုတ်၊ ချိန်းကြိုး၊ အုတ်ခဲကြိုးများဖြင့် ၀ိုင်းဝန်း တိုက် ခိုက်သည်။ ထိုသူများသည် အရပ်သားများ ဖြစ်သော်လည်း အချို့က လမ်း လျှောက် စကားပြောစက်များပင် ကိုင်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ကမ္ဘောဇ ၀င်းထဲမှ ထွက်လာသည်နှင့် ထွက်လာပြီ ထွက်လာပြီ ဟု အော်ဟစ်အချက်ပေးကြသည်။ ခေါင်းဆောင်ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းကို သေသေချာချာ ကြည့်ပြီး ချ ချ ဟု အော်ဟစ် အမိန့်ပေးသည်။
ပထမသတ်ကွင်းမှ လွန်မြောက်ခဲ့ပြီးနောက် တက္ကသိုလ်ရိပ်သာလမ်းနှင့် သံလွင်လမ်း ထောင့်တွင် ဒုတိယသတ်ကွင်း အဖြစ် ဒုတိယလူအုပ်ကို ရင်ဆိုင်တွေ့ ရပြန်သည်။ ယာဉ်တန်းကို ခဲများဖြင့် ပစ်ပေါက်ကြသည်။ လူရမ်းကား တစ်ယောက်က ဦးတင်ဦးနှင့် ဦးကြည်မောင်အား အနီးကပ် ဓားဖြင့် ၀င်ထိုးသည်။ ကံသီ၍ မထိခိုက်ခြင်း ဖြစ်သည် ။ ဤအဖြစ်မှာ ဒေါ်အောင်ဆန်းစုကြည်အဖို့  ကိုယ်ထိလက်ရောက် ဆန့်ကျင်ရန်မူခံရမှု များစွာထဲမှ တစ်ခုဖြစ်သည်။ ၁၉၉၈ တွင် နောက်တစ်ကြိမ် ကြုံရပြန်သည်။ ၁၉၉၈ ဇွန်လ ၂၅ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းတွင် နှစ်ပတ်တစ်ကြိမ် ကျင်းပသော လူငယ်စာဖတ်ဝိုင်းသို့  တက်ရောက်ရန် လူငယ်များ ရောက်လာကြသည်။ ထိုလူငယ်များစာရင်းကို ထုံးစံအတိုင်း တစ်ရက်ကြို၍ ထောက်လှမ်းရေးထံ ပေးပို့ ပြီးသားဖြစ်သည်။ သို့သော် ၂၅ ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်းသို့ ရောက်လာသော လူငယ်များကို လမ်းထိပ်ဂိတ်ဝမှ စတင် တားဆီးထားခဲ့သည်။ ထို အကြောင်း ကို ကြားသိသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးက လမ်းထိပ်သို့  ထွက်ခေါ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့ အား ရန်ရှာပြီး “ဘာခေါင်းဆောင်လဲ၊ ရိုက်ကွာ” ဟု အမိန့်ပေးသူက ပေးကာ ရိုက်ကြ ပါသည်။ NLD လူငယ်လေးဦးမှာဦးခေါင်းနှင့် ကိုယ်ခန္ဓာများ ဒဏ်ရာရကြ သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပခုံးကို အရိုက်ခံလိုက်ရသည့် ဒဏ်ရာရခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင်တော့ ဒီထက်ကြမ်း၊ ဒီထက် ရမ်းပါသည်။ အသေသတ်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မောင်း ဆုံးဖြတ်ချက် မှန်ကန်လွန်းသည့် အပြင် ဒေါ်အာင်ဆန်း စုကြည် ကံအလွန်မြင့်နေသဖြင့် သေကံ မရောက်ခဲ့ခြင်း ဖြစ်သည်။ ဒါတွေကတော့ ပြည်တွင်း တွင် ကြုံခဲ့ရဖူးသော ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရသည့် နိန္ဒ (ခေါ်) ကဲ့ရဲ့ရှုတ်ချခံရခြင်းများထဲမှ ...
အပြည့်အစုံ ဖတ်ရှုရန် -
http://www.theladiesnewsjournal.com/…/sat-2017-10-14-1…/7717
လောက၌ လူဟူသရွေ့အောက်ပါ လောကဓံရှစ်ပါးကို
theladiesnewsjournal.com

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...