သူ့နေရာမှာ ကျုပ်ဆိုသား ၂ ယောက် ရဲ့ အနာဂတ်ကို သန်းခြောက်ဆယ် မပြောနဲ့ သန်းခြောက်ထောင် နဲ့လည်း မလဲဘူး။
ဘာလို့လဲဆိုတော့
အမိမဲ့ သား အဖြစ် မေတ္တာတရား
ခေါင်းပါးတဲ့ တိုင်းပြည် မှာ သားတွေ ရဲ့ ရှေ့ရေးကို စိတ်မချနိုင်လို့ပဲ။
သူ့နေရာမှာ ကျုပ်ဆို
လူစိတ်ကင်းမဲ့တဲ့ စစ်ဘီလူးတွေ နဲ့
စီးချင်းမထိုးဘူး။
လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နဲ့ အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာနမှာ သုတေသနလက်ထောက်
အဖြစ် ဒေါ်လာ တွေစားပြီး
နွေးထွေးတဲ့ မိသားစု နဲ့ ဆက်ရှိနေမှာ သေချာတယ်။
သူ့နေရာ မှာ ကျုပ်ဆို
ဘဝ တစ်ခုလုံး ထွန်းညှိဖို့ မပြောနဲ့
အာဇာနည် ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးအဖြစ်
ဂုဏ်တံတိုင်းတွေ ပေါ်မှာ
ငွေထုပ် ဖင်ခုထိုင်ပြီး
ကမ္ဘာပတ်နေမှာ သေချာတယ်။
အိုဗျာ………… နောက်ဆုံး ကုန်ကုန်ပြောမယ်
သူ့နေရာမှာ ကျုပ်သာဆို
ခင်ဗျားတို့ အခုချိန်
စစ်ခုံရုံးမှာ ကြိုးစင်တက်နေရပြီ။
သူ့နေရာမှာကျုပ်ဆို
ရင်ဘတ်က ဒဏ်ရာတွေကိုကြည့်
တန်လို့လား ခဏခဏ
ပြန်မေးမိမှာ သေချာတယ်။
သူ့နေရာမှာကျုပ်ဆို
နေအိမ်အကျယ်ချုပ်ရဲ့ အောက်
နှစ် ၂ ဆယ် နီးပါး
တစ်ယောက်တည်း suicide မလုပ်မိရင်တောင်
ဒူးထောက် အရှုံးပေးမိမှာ သေချာတယ်။
ဒါပေမဲ့ သူမဟာ
စိတ်သဏ္ဍန်တွေကိုဖြန့်
အတောင်ပံတွေ ခတ်ပြီး
'' ကျွန်မ မှာ အမာဆုံးက ဒူးခေါင်း ဘယ်တော့မှမထောက်ဘူး ''
ဆိုပြီး
သန်း ၅ ဆယ်ကျော်အတွက်
ပျံသန်းနေသေးတယ်။
အာဏာရပြီဖြစ်တဲ့အခုချိန်
သူ့နေရာမှာ ကျုပ်ဆို
ခင်ဗျားတို့ ယုတ်မာခဲ့သလို
ခင်ဗျားတို့ ညစ်ပတ်ခဲ့သလို
ခင်ဗျားတို့ အောက်တန်းကျခဲ့သလို
ခင်ဗျားတို့ မိုက်ရိုင်း ခဲ့သလို
ခင်ဗျားတို့ သတ်ဖြတ်ခဲ့သလို
တစ်ခုချင်းစီအတွက်
သွေးအေးအေးနဲ့
ကလဲ့စားချေမိမှာသေချာတယ်။
သူမကတော့
အာဏာ ရတာမဟုတ်
တာဝန်ရတာ ဆိုပြီး
မေတ္တာ ပန်းတွေ ချခင်း
အမျိုးသားရင်ကြားစေ့ရေးဆိုပြီး
သူမရင်ကို ပြည်သူ့ငြိမ်းချမ်းရေးအတွက်
တက်နင်းခိုင်းသေးတယ် ။
မကြည့်ရက်လို့
တစ်ခု မေးပါရစေ
တန်လို့လားလို့ အမေ ။
------------
#မင်းရသ
Com
အမိမဲ့ သား အဖြစ် မေတ္တာတရား
ခေါင်းပါးတဲ့ တိုင်းပြည် မှာ သားတွေ ရဲ့ ရှေ့ရေးကို စိတ်မချနိုင်လို့ပဲ။
သူ့နေရာမှာ ကျုပ်ဆို
လူစိတ်ကင်းမဲ့တဲ့ စစ်ဘီလူးတွေ နဲ့
စီးချင်းမထိုးဘူး။
လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နဲ့ အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာနမှာ သုတေသနလက်ထောက်
အဖြစ် ဒေါ်လာ တွေစားပြီး
နွေးထွေးတဲ့ မိသားစု နဲ့ ဆက်ရှိနေမှာ သေချာတယ်။
သူ့နေရာ မှာ ကျုပ်ဆို
ဘဝ တစ်ခုလုံး ထွန်းညှိဖို့ မပြောနဲ့
အာဇာနည် ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးအဖြစ်
ဂုဏ်တံတိုင်းတွေ ပေါ်မှာ
ငွေထုပ် ဖင်ခုထိုင်ပြီး
ကမ္ဘာပတ်နေမှာ သေချာတယ်။
အိုဗျာ………… နောက်ဆုံး ကုန်ကုန်ပြောမယ်
သူ့နေရာမှာ ကျုပ်သာဆို
ခင်ဗျားတို့ အခုချိန်
စစ်ခုံရုံးမှာ ကြိုးစင်တက်နေရပြီ။
သူ့နေရာမှာကျုပ်ဆို
ရင်ဘတ်က ဒဏ်ရာတွေကိုကြည့်
တန်လို့လား ခဏခဏ
ပြန်မေးမိမှာ သေချာတယ်။
သူ့နေရာမှာကျုပ်ဆို
နေအိမ်အကျယ်ချုပ်ရဲ့ အောက်
နှစ် ၂ ဆယ် နီးပါး
တစ်ယောက်တည်း suicide မလုပ်မိရင်တောင်
ဒူးထောက် အရှုံးပေးမိမှာ သေချာတယ်။
ဒါပေမဲ့ သူမဟာ
စိတ်သဏ္ဍန်တွေကိုဖြန့်
အတောင်ပံတွေ ခတ်ပြီး
'' ကျွန်မ မှာ အမာဆုံးက ဒူးခေါင်း ဘယ်တော့မှမထောက်ဘူး ''
ဆိုပြီး
သန်း ၅ ဆယ်ကျော်အတွက်
ပျံသန်းနေသေးတယ်။
အာဏာရပြီဖြစ်တဲ့အခုချိန်
သူ့နေရာမှာ ကျုပ်ဆို
ခင်ဗျားတို့ ယုတ်မာခဲ့သလို
ခင်ဗျားတို့ ညစ်ပတ်ခဲ့သလို
ခင်ဗျားတို့ အောက်တန်းကျခဲ့သလို
ခင်ဗျားတို့ မိုက်ရိုင်း ခဲ့သလို
ခင်ဗျားတို့ သတ်ဖြတ်ခဲ့သလို
တစ်ခုချင်းစီအတွက်
သွေးအေးအေးနဲ့
ကလဲ့စားချေမိမှာသေချာတယ်။
သူမကတော့
အာဏာ ရတာမဟုတ်
တာဝန်ရတာ ဆိုပြီး
မေတ္တာ ပန်းတွေ ချခင်း
အမျိုးသားရင်ကြားစေ့ရေးဆိုပြီး
သူမရင်ကို ပြည်သူ့ငြိမ်းချမ်းရေးအတွက်
တက်နင်းခိုင်းသေးတယ် ။
မကြည့်ရက်လို့
တစ်ခု မေးပါရစေ
တန်လို့လားလို့ အမေ ။
------------
#မင်းရသ
Comments
Post a Comment