Skip to main content

Posts

၂၀၁၅ ရွေးကောက်ပွဲကြီးကို ရွေးကောက်ပွဲ ကော်မရှင်လက်ထဲ ယုံပြီး၊ ပုံပြီး ထိုးအပ် လိုက်ကြတော့မှာလား – လင်းထိုက် (Y.I.T) ဒီဇင်ဘာ ၂၇

၂၀၁၅ ရွေးကောက်ပွဲကြီးကို ရွေးကောက်ပွဲ ကော်မရှင်လက်ထဲ ယုံပြီး၊ ပုံပြီး ထိုးအပ် လိုက်ကြတော့မှာလား – လင်းထိုက် (Y.I.T) ဒီဇင်ဘာ ၂၇ လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ပါတီက နုတ်ထွက်လို့ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူ တစ်ဦးဖြစ်ပါတယ် …

လက်ပံတောင်းတောင်ဒေသ၊ လိပ်ခွန်တောင်ရှိ ဒေသခံပြည်သူများအား မတရားအကြမ်းဖက် ပြစ်ခတ်နှိမ်နင်း သတ်ဖြတ်မှုနှင့်ပါတ်သက်ပြီး သဘောထားထုတ်ပြန်ကြေညာချက်

လှည့်ကွက်တွေကို သတိထား ဒီဇင်ဘာ ၂၆

လှည့်ကွက်တွေကို သတိထား ဒီဇင်ဘာ ၂၆ ဆိုရေးရှိက ဆိုရပါတော့မည်။ ရေးရေးရှိက ရေးရပါတော့မည်။ လူအများ ကြိုက်နှစ်သက်ချင်မှ ကြိုက်မည်၊ သို့သော် အမှန်တရားတခုကို ထောက်ပြ ပါရစေခင်ဗျား။ အကြောင်း ကတော့ ဆင့်ပွား တွေးခေါ်မှုမှ စသည်။ ဘာကို ဆင့်ပွား တွေးခေါ် မိသနည်းဟူမူ စာရေးဆရာ ထင်လင်းဦးကို တရားစွဲခြင်းမှ စသည်။ အများသိကြသည့်အတိုင်း ဖြစ်စဉ်မှာ ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်ပြုလုပ်ခဲ့သော ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟော ပြောပွဲတွင်

အစိုးရ၏ သရုပ်မှန်ကို ဖော်ပြလိုက်သည့် လက်ပံတောင်း ပဋိပက္ခ ဒီဇင်ဘာ ၂၆

အစိုးရ၏ သရုပ်မှန်ကို ဖော်ပြလိုက်သည့် လက်ပံတောင်း ပဋိပက္ခ ဒီဇင်ဘာ ၂၆ ““ကျွန်မလုံးဝ မကျေနပ်ဘူး၊ ကျေလည်း မကျေနပ်ဘူး””ဟု ငိုသံများကြားမှ အားတင်းရင်း ပြောနေသူမှာ လက်ပံတောင်းတောင် ပဋိပက္ခတွင် သေနတ် ကျည်ဆန် ဦးခေါင်းကို မှန်၍ သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း၏ သမီး မ၀င်းခိုင်ဖြစ်သည်။ ပြောရင်း၊ ပြောရင်း တိမ်ဝင်သွားသော အသံများတွင် ရှိုက်ရှိုက် ငိုသံကသာ ဦးဆောင်နေသည်။ အားတင်း စကားပြောလိုက်တိုင်း ထွက်ပေါ်လာသည်က ရင်ထဲ အသည်းထဲက မကျေနပ်သည့် အသံများသာ ဖြစ်သည်။ ““ကျွန်မရင်ထဲက ကျေကို မကျေဘူး။ ကျွန်မအမေကို ရက်ရက်စက်စက် သတ်တာ မကျေနပ်နိုင်ဘူး၊ နွားလို ကျွဲလို သတ်တာကို မကျေနပ်နိုင်ဘူး”” ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ လက်ပံတောင်းတောင် ဒေသတွင် ၀မ်ပေါင်နှင့် ဦးပိုင် ကုမ္ပဏီတို့ ထံမှ လျော်ကြေး ယူမထားသည့် မြေများတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ကုမ္ပဏီနှင့် အာဏာပိုင်များက အတင်းအကျပ် ခြံစည်းရိုး ခတ်ခဲ့ရာ လျော်ကြေး လက်မခံသည့် တောင်သူများနှင့် တင်းမာမှု ဖြစ်ခဲ့ကြောင်း မျက်မြင် သက်သေ ဖြစ်သည့် မိုးကြိုးပြင် ရွာသား တစ်ဦးဖြစ်သူ ဦးဝင်းကျော် က မြန်မာသံတော်ဆင့်သို့...

အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ဒီဇင်ဘာ ၂၆

ဒီဇင်ဘာ ၂၆ အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူး ပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ အစိုးရက ဦးဆောင်ပြီး အသွင်ကူးပြောင်း တဲ့နည်း၊ အစိုးရနဲ့ ပြည်သူ လက်တွဲပြီး အသွင်ကူးပြောင်းတဲ့နည်း နဲ့ ပြည်သူလူထု

အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ၂၆၊၁၂၊၁၄

ဒီဇင်ဘာ ၂၆ အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ အစိုးရက ဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူးပြောင်းတဲ့နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။

တူမောင်ညို – “သပိတ်စုံ – အကုန်ရ” ဦးဝင်းတင် အမှာစကား မမေ့မလျော့ အကောင်အထည်ဖော်ကြ ၂၅၊ ၁၂၊ ၁၄

ဒီဇင်ဘာ ၂၅ မည်သည့် အတိုက်အခံ နိုင်ငံရေးအင်အားစု (ဥပဒေတွင်း/ဥပဒေပ) ဖြစ်စေ “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး” ဆိုသည်ကို အ ခြေခံအားဖြင့် လက်ခံကိုင်စွဲထားကြသည်။ တောင်းဆိုနေကြသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ မည့်သည့်အဖွဲ့အစည်း၏ ထုတ်ပြန် ကြေညာချက်မဆို  တွေ့ဆုံဆွေးနွေးရေးဘူတာတွင် ဂိတ်ဆုံးနေသည် မဟုတ်ပါလော။ အတိုက်အခံများဘက်မှ တင်ပြတောင်းဆိုနေသည့် “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေး” ဆိုသည်မှာ ဆွေးနွေးဖက် များ အကြား အပြန်အလှန် တန်းတူရည်တူရှိပြီး၊

လက်ပံတောင်း ပဋိပက္ခဖြစ်စဉ်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ (ရုပ်/သံ)

ဒီဇင်ဘာ ၂၄ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က အဖွဲ့ဝင်သုံးဦးပါ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တက်ရောက်

ဒီဇင်ဘာ ၂၅ သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

ဒေါ်ခင်ဝင်အတွက် မဲဘုန်းတွင်ဆုတောင်းကြမည်