"ဝန်ကြီးများရုံး နောက်ကွယ်က အရှုပ်တော်ပုံ" ယနေ့ လူမှုကွန်ယက်မှာ ဝေဖန်မှု အများဆုံး ဖြစ်နေတဲ့ ဝန်ကြီးများရုံးမှာ အနှိပ်ခန်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ နဲနဲဝင်တည့်ပေးပါ့မယ် ဒီအကြောင်းကို မပြောခင် သမိုင်းဝင် ဝန်ကြီးများရုံးရဲ့ သမိုင်းကို အနည်းငယ် ပြောပါရစေ။ ဝန်ကြီးများရုံးကို ကိုလိုနီခေတ်မှာ အင်္ဂလိပ် အစိုးရက မြန်မာတစ်နိုင်ငံလုံးကို ၁၈၈၆ ခုနှစ်မှာ သိမ်းယူအပြီး များပြားလာတဲ့ စီမံခန့်ခွဲမှုတွေအတွက် ယခင်က အသုံးပြုနေတဲ့ ကမ်းနားလမ်းပေါ်က ဝန်ကြီးများရုံးအစား ရုံးသစ်တစ်ခုကို ဆောက်လုပ်ဖို့အတွက် မြေအကျယ် ၁၆ ဧက ပေါ်မှာ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ ဟင်နရီ ဟွိုင်ဖောက်စ်က ဒီဇိုင်းရေးဆွဲပေးပြီး ၁၈၉ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှာ အုတ်အနီနဲ့ အုတ်အဝါရောင် နှစ်မျိုးသုံးပြီး စတင်ဆောက်လုပ်ခဲ့ပါတယ်။ အဆောက်အဦး ဆောက်လုပ်မှုကို ၁၉၀၂ နှစ်မှာ ပြီးစီးခဲ့ပြီး အဲ့ဒီ့ခေတ်က ကျပ်ငွေ ၂.၅ သန်း ကုန်ကျခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ ခေါ်တဲ့အမည်ကတော့ အတွင်းဝန်များရုံးပါ။ ဘာကြောင့် သမိုင်းဝင်ခဲ့ရတာလဲ ... ဝန်ကြီးများရုံးကို ရောက်ခဲ့ဖူးတဲ့သူတွေ မဆိုထားနဲ့ ဝန်ကြီးများရုံးဆိုတဲ့ အမည်ကိုကြားရုံနဲ့တင် ကျ