အသက်အကြောင်းပြောတော့မယ် ဆိုရင် ဆရာကြီးဦးအောင်သင်း ရဲ့စကားကိုပြန် ကြားမိပါတယ် “ဘ၀ ဆိုတာ အသက်တွေနဲ့တည်ဆောက် ထားတာ မွေးကတည်းက အသက်မပါပဲမွေးရင် အဲဒါဘ၀မရှိတော့ဘူး လူတစ်ယောက် အသက်ဘယ်လောက်ရှိပြီဆိုတာ သူ လူဖြစ်တာနှစ်ပေါင်း ဘယ်လောက်ရှိပြီလို့ပြောတာ” တဲ့။ ဆရာကြီးရဲ့အယူအဆပေါ့ ။ အဲဒီလိုပဲ သက်ကြီးပိုင်းရောက်နေပေမယ့် ရှိရင်းစွဲအသက်ထက် ၁၀နှစ်လောက်အရွယ်တင် တဲ့ ကာယနည်းပြဆရာကြီး တစ်ဦးကလည်း နေ့စဉ်ကျမ်းမာရေးလိုက်စားပြီးနုပျိုနေတဲ့ လူတစ် ယောက် အတွက်အသက်ဆိုတာ ကိန်းဂဏန်းတွေပါ ကိုယ်ကအိုတယ်မထင်သရွေ့အိုမင်းခြင်း ကိုမေ့ထားလို့ရပါ တယ်တဲ့။
အဲဒီလို အသက်နဲ့ပတ်သက်လို့ ဘ၀နဲ့ပတ်သက်လို့ကိုယ်ယုံကြည်ရာ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်တွေကနေ ကိုယ်သန်ရာသန်ရာအဓိပ္ပါယ်တွေ ဖွင့်ကြတာတွေ့ရပါတယ် ။ လက်ရှိ ကျွန်မတို့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေ နိုင်ငံ သူနိုင်ငံသားတွေရဲ့ဘ၀တွေ အနာဂါတ်မျိုးဆက် သစ်တွေရဲ့ အသက် တွေ အတွက်တော့ဖြင့် ကျွန်မတို့ရဲ့ခေါင်း ဆောင်ကြီးဒေါ်အောင်ဆန်းစု ကြည် အပေါ်မှာတည်ရှိနေပါတော့တယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် ကြီးရဲ့ အသက်ပါပဲ ။ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေ သေးသရွေ့ကျွန်မတို့လိုလားတောင်း တနေတဲ့ဒီမို ကရေစီနိုင်ငံတော် ကြီးအတွက် ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုမြန်မာ နိုင်ငံကြီးဖြစ် ဖို့အတွက် မျှော်လင့် ချက်တွေရှိနေသေးတယ်ဆိုတာပါပဲ ။
ဘာကြောင့် လူပုဂ္ဂိုလ်တစ်ယောက်ထဲအပေါ်မှာဒီလောက်မျှော်လင့်ချက် တွေစုပုံထား နေရတာလဲ လို့မေးစရာ ရှိကြပါလိမ့်မယ် ။ အဖြေကတော့ရှင်း ပါတယ်၁၉၆၂ နောက်ပိုင်း မြင်ခဲ့ရသမျှ တိုင်းပြည်ရဲ့ခေါင်းဆောင်ဆိုသူတွေ ကိုလေ့လာကြည့်တဲ့အခါ သူ့လောက် မြန်မာနိုင်ငံအပေါ်မှာစေတနာကြီးသူ မြန်မာပြည်သူလူထုအပေါ်မှာ သူ့ လောက်ချစ်နိုင်တဲ့သူ မတွေ့ရလို့ပါပဲ ။ ကိုယ့်အသိုက်အမြုံကို အပျက်ခံပြီးမြန်မာပြည်ကိုသူချစ်ခဲ့ပေမယ့် မြန်မာပြည် ကနေသူ့အတွက်ဘာမှပြန်မယူခဲ့ဘူး ။ သူ့အသက်ကို ရန်ရှာတဲ့အထိ ဒုက္ခပေးခဲ့ကြ သူတွေကို လည်း ဘယ်တုန်းကမှ တုန့်ပြန်ရန်ပြုမယ့်စကား မပြောခဲ့သလို နောက်တစ်ခါရန်ရှာမှာလည်း သူမကြောက်ခဲ့ဘူး ။ ၁၉၈၈ နောက်ပိုင်းမှာတော့တိုင်းပြည်ကောင်းကျိုးအတွက်ဆိုရင်ဘ၀ တွေအသက် တွေပုံပေးပြီးချစ်ခဲ့ကြသူတွေ ချစ်နိုင် တဲ့သူတွေပေါ်ပေါက်လာတာတွေ့ရပေမယ့် လည်း ကမ္ဘာကိုရင်ဘောင်တန်းပြီး ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာကို ထိမ်းညှိခြင်း အတတ်ပညာ ကျတော့ ဒေါ်အောင်ဆန်းစုကြည်လောက် စွမ်းဆောင်နိုင်သူ ဆိုလို့အရပ်သားထဲမှာမရှိသလို စစ်ဗိုလ်ချုပ်တွေအထဲ မှာလည်းမရှိခဲ့ဘူး ။
လက်ရှိကျွန်မတို့နိုင်ငံရဲ့ဒီမိုကရေစီခရီးဟာအခုမှ လမ်းစကိုတွေ့နေ ရတာမှန်ပေမယ့် အဲဒီလမ်းပေါ်မတက်ရ သေးတာ အားလုံးအသိပါ ။ ဒိထက်သေချာအောင်ပြောရရင်တော့ အန္တရာယ်တောင်ကြားကို ဖြတ်နေရ တဲ့ကာလ ဆိုပါတော့ ။ တစ်ဖက်မှာက ရခိုင်ပြည်နယ် ကခိုးဝင်ဘင်္ဂလီ တွေအရေးမှာ အမှန်တရားကိုမသိချင်ယောင်ဆောင်ပြီး လူ့အခွင့်အရေး ကိုအလွဲသုံးစားလုပ်နေတဲ့နိုင်ငံတကာရဲ့ဖိအား ။ တစ်ဖက်မှာက တိုင်းပြည် ဘာဖြစ်ဖြစ်သူတို့ အာဏာရဖို့အတွက်ဆို လူထုတင်မြှောက်ထားတဲ့ အစိုးရ ပြုတ်ကျရေးမှတစ်ပါး တိုင်းပြည် ဘာဖြစ်ဖြစ် ပြည်သူတွေ ငတ်ငတ်သေသေ စိတ်မ၀င်စားတဲ့ အာဏာရှင်အုပ်စုရဲ့ယုတ်မာ အောက်တန်းကျတဲ့နိုင်ငံရေး လှည့်ကွက်တွေ ။ အဲဒီလို ခြေတစ်လှမ်းမှားတာနဲ့တစ်နိုင်ငံလုံး ဒုက္ခချောက် ကမ်းပါးထဲ ထိုးကျနိုင်တဲ့ အန္တရာယ်တောင်ကြား ။
အဲဒီလိုအနေအထား မျိုးမှာကျွန်မတို့ပြည်သူလူထုတစ်ရပ်လုံးရဲ့မျှော် လင့်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ပါ ။ ကျွန်မတို့နိုင်ငံကို ဒုက္ခတောထဲ ကဆွဲထုတ်ကယ်တင်နိုင်တာ တစ်နိုင်ငံလုံးမှာသူတစ်ယောက်ထဲရှိပါတယ် ။ လူထုတစ်ရပ်လုံးကထောက်ခံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အာဏာရှင်တွေ တဇောက်ကန်း မလုပ်ရဲဘူး ။ မဟုတ်တာ မမှန်တာဘယ်တုန်းကမှမလုပ်ခဲ့ မပြောခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင်ကြီးဖြစ်နေ ပြန်တဲ့အတွက် ကမ္ဘာ့အဖွဲ့အစည်းတွေဆုံးဖြတ်ချက်ချရခက် စေတာလည်း ဒေါ်အောင်ဆန်း စုကြည်ကြောင့်ပါပဲ ။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည် အသက်တစ်ရက်ရှည်ရင် ကျွန်မတို့ ရဲ့မျှော်လင့်ချက်တွေလည်း တစ်ရက်တိုးပါ တယ် ။ ဒေါ်အောင်ဆန်းစုကြည် အသက်နဲ့ခန္ဒာ မြဲနေသမျှကာလပတ်လုံး ကျွန်မတို့အားလုံးရဲ့မျှော်လင်ချက်တွေ ရှင်သန်နေတုန်းပါပဲ ။ ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည်ကိုသိက္ခာရှိစေချင်တဲ့ ခေါင်းဆောင် ။ ကိုယ့်တိုင်းပြည်က ပြည်သူလူထု တွေရဲ့ဘ၀တွေကို ပြေလည်နေတာမြင်ချင်တဲ့ခေါင်းဆောင် အဲဒီခေါင်းဆောင် ကြီးကို ကျွန်မတို့ က လည်းအသက်ရှည်စေချင်ပါတယ် ။ ရောဂါဘယတွေကင်းဝေး စေချင်ပါ တယ် သူ့ကိုစိတ်ချမ်းသာစေချင်ပါတယ် ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုကျွန်မတို့ပြည်သူလူထုတစ်ရပ်လုံးကကျမ်းမာ ပကတိ ချမ်းသာစွာ ရှိနေစေချင်တာအခုမှမဟုတ်ပါဘူး ။ ကျွန်မတို့ခေါင်းဆောင်ကို ရွှေတိဂုံ ဘုရားအနောက်ဖက်မုဒ်မှာ ပထမဦးဆုံး အကြိမ်ကျွန်မတို့မြင်ဖူးစဉ်က သူ့အသက်က ၄၃ နှစ်ရှိသေးတာ ။ ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ်နိုင်ငံပိုင် သတင်းစာတွေထဲကနေ မွေးနေ့ဆုတောင်းလေးထည့်ပြီးဆုတောင်းပေးခဲ့ကြဖူးတာတောင်မှတ်မိနေ သေးတယ် အသက် ၄၄ နှစ်ပြည့်မွေးနေ့မှာပေါ့ ။ အဲဒီတစ်ကြိမ်ထဲပါပဲ နောက်ပိုင်းမွေးနေ့တွေမှာတော့ သတင်းစာထဲ ကနေ ဆုတောင်းပေးဖို့ဝေးလို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်ရင် တစ်နိုင်ငံလုံးမှာရှိရှိသမျှ ဘုရားစေတီ တွေရဲ့ အင်္ဂါဒေါင့်မှာတောင်ဆုတောင်းပေးလို့ တောင်မရ ။ အဲဒီလောက်ကိုလူထုချစ်သလောက် အာဏာရှင်တွေမုန်းတဲ့ ခေါင်းဆောင် ။ ဒါပေမယ့် ကျွန်မတို့ပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ရှိနေမှဖြစ်မယ် ။ အကယ်၍ သူ များတစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးမျိုးယောင်လို့တောင်မတွေးရဲဘူး ။ တိုင်းပြည်ဟာဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားပါ ။ သူမရှိလို့လုံးဝမဖြစ်တဲ့အနေအထား ။ တိုင်းပြည်ထဲမှာ သူမရှိမှအေးမယ်ဆိုတဲ့ အဖျက်သမား တွေရှိနေတာကြောင့်လည်းပူနေရပါတယ် ။ သူ့ကိုယုံကြည်စွာ သူ့နောက်ကနေသူ့အရိပ်ကိုမှီလိုက်နေရတဲ့ ၅၁ သန်းသောပြည်သူတွေ အတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်မှာကျွန်မတို့ အရမ်းကြောက်ပါတယ် ။
သေနတ်ကိုင်ခွင့်မရှိတဲ့တိုင်းပြည်မှာ သေနတ်နဲ့ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ ထူပေါလာတာ ဟာမဖြစ်သင့် သလို ၊ အာဏာရှင် တွေအုပ်စုထဲမှာ သေနတ်တွေထင်သလိုကိုင်ခွင့်ရနေတာ ကလည်း ကျွန်မတို့ပြည်သူလူထု ရဲ့အပူကိုစိုးရိမ်အမှတ်အထိရောက်စေပါတယ် ။ လေဆိပ် မှာမိတဲ့သေနတ်တွေကြောင့် ဆိုရင်ပိုမှန်ပါလိမ့်မယ် ။ စနိုက်ပါတွေပါတယ် အဝေးထိမ်းစနစ် နဲ့သေနတ်တင်ပစ်လို့ရတဲ့ဒရုန်းတွေပါတယ် လက်နှက်အတိုအရှည်ဆိုတာ တစ်ခုနှစ်ခု မဟုတ် အုပ်စုလိုက်တွေ့လိုက်ရတဲ့အခါ ကျွန်မတို့ အရင်ဆုံးစိတ်ပူတာ ကျွန်မတို့ခေါင်းဆောင်အတွက် ပါ ။ အဲဒီပစ္စည်းတွေကိုလက်ထဲဆောင်ထားတာက အာဏာကိုမစွန့်ချင်ပဲ ပေးလိုက်ရသူတွေ လက်ထဲမှာ ။
ယနေ့ အွန်လိုင်းမှာ လူထုခေါင်းဆောင်ကိုခါးခါးသီးသီး မုန်းတီးစွာဆဲဆို ရုန့်ရင်း ကြမ်းတမ်း စွာပုတ်ခတ်ပြောဆိုနေကြသူ တွေကိုကြည့်လိုက်အဲဒီအာဏာရှင်တွေအုပ်စု ထဲကအများဆုံး။ အဆိုးဆုံးက အဲဒီအာဏာရှင်တွေကြောထောက် နောက်ခံပေးထားသူတွေ ကျူးလွန် တဲ့အမှု တွေအပေါ်မှာကိုင်တွယ်စစ်ဆေးနေပါတယ်ဆိုတဲ့ တာဝန်ရှိသူတွေရဲ့လုပ်ရပ် ။ ပါးစပ်ထွက် စကားတွေ သတင်းထုတ်ပြန်မှုမူမမှန်တာတွေ မြင်ရတဲ့ပြည်သူလူထုအနေနဲ့ ကိုယ့်ခေါင်း ဆောင်ရဲ့အသက်ကိုရန်ရှာမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေ ကို ဒုက္ခပေးမှာ အရမ်း ကိုစိုးရိမ်နေ ကြပါတယ် ။ ဦးကိုနီအမှု အခုထိမပေါ်သေးတာကြည့်ပေါ့ ။ ပြစ်မှုကျူးလွန်သူတွေ အထဲမှာ ကြည်လင်းကလွဲရင်အများစုဟာ တပ် ထွက် တပ်မတော်သားအငြိမ်းစားတွေ ။
အခုလက်နှက်တွေနဲ့မခန့်လေးစားလုပ်ပြနေတာလည်း အရင်အစိုးရ ၀န်ကြီးဟောင်းရဲ့သား သူတို့အပေါ်မှာပြည်ထဲရေးရဲ့ကိုင်တွယ်ပုံက အားရစရာမရှိ ။ အကယ်၍သာ အဲဒီတရားခံတွေ နေရာမှာ NLD တွေနဲ့ပတ်သက်သူတွေဖြစ်ကြည့်ပါလား ကိုင်တွယ်ပုံပြောင်းပြန် မပြောင်းရင် ပြောချင်သလို ပြော ။ အဲဒီလိုပြည်သူရွေးချယ်ထားတာမဟုတ်တဲ့ ၀န်ကြီးဌာန ၃ ခု ။ ပြည်သူ့ အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာမရှိ တဲ့ ၀န်ကြီးဌာန ၃ ခု အဲဒီဌာနကြီးထင်ရာစိုင်းနေတာ တွေ တားခွင့်မရှိသမျှ ဒေါ်အောင်ဆန်းစုကြည် ကိုပဲကျွန်မတို့ လုံးဝယုံကြည်အားထားနေရမှာ ပါပဲ ။
တရားတဲ့ ဥပဒေတွေမစိုးမိုးသမျှကာလပတ်လုံး ပြည်သူတွေရဲ့လုံခြုံရေးကလည်း စိုးရိမ်နေ ရတာနေ့စဉ်နဲ့အမျှ ၅လောင်းပြိုင်အမှုမပေါ်သေးတာ ၉နှစ်ကျော်ပြီ ။ ရဲမိသားစုရဲ့၎ လောင်းပြိုင် ကိုမဖော်နိုင်တာစိုးရိမ်စရာ ။ အမြန် လမ်းပေါ်မှာ ပိုးစိုးပက်စက်လုပ်သူတွေမပေါ်သေးတဲ့အ တွက် ၉လောင်းပြိုင်ရဲ့ဝိညဉ်တွေကိုလည်းအားနာစရာ ။ ကိုပါကြီး ဒေါ်ခင်ဝင်း ။ အဲဒီလိုအမှု တွေလက်သည်မပေါ်လေ ပြည်သူတွေရင်ထဲက သံသယတွေပိုကြီးလေပါပဲ ။ အခုပဲကြည့် ဦးနေ့ခင်းကြောင်တောင်သေနတ်နဲ့ KBZ ဘဏ်က်ုဓါးပြတိုက်ပြန်ပြီတရားခံမမိရင် ဘယ်လို လုပ်မလဲ ။ ဘယ်နေရာမှာဘယ်လိုတွေ ထပ်လုပ်ကြဦးမလဲ တွေးပူမိပါတယ် ။
အပူဆုံးကတော့ လူထုခေါင်းဆောင်ကိုထိရင်ဒုက္ခဆိုတာပါပဲ ။ လူထုခေါင်းဆောင်ကလည်း သူ့လုံခြုံရေးကို ဘယ်တော့မှဂရုမစိုက်တတ် ။ ၂၀၁၅ မတိုင်ခင်မဲဆွယ်ပွဲတွေသွားတော့ သူ့ကို လုပ်ကြံမှာကြောက်လို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုက အခမဲ့လုံခြုံရေးယူပေးပါရစေ ဆို တာကိုတောင်ငြင်းခဲ့သူ ။ကျွန်မလုံခြုံရေးထက် ကျွန်မ ဟောပြောပွဲကိုရောက်လာတဲ့ ပြည်သူ တွေရဲ့လုံခြုံရေးကိုဂရုစိုက်ပေးပါ ပြောတဲ့ခေါင်းဆောင်သေရမှာမကြောက်တဲ့ အဖေတူသမီး ။ ဒါပေမယ့် ကျွန်မတို့ကကြောက်တယ် သူမရှိလို့မဖြစ်တဲ့အတွက် ကျွန်မတို့ပြည်သူလူထုတစ် ရပ်လုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှာကြောက်တယ် ။ ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေအပေါ် မနာလိုသူတွေက အချိန်ကောင်းစောင့်အကွက်ဝင်ရင်လုပ်ကြံတဲ့ ဖြစ်ရပ်တွေကမ္ဘာပေါ်မှာဖြစ်ခဲ့ပေါင်းတွေများခဲ့ပြီ
ဒါကြောင့်ကျွန်မတို့ခေါင်းဆောင်ကို စိတ်ပူတယ် ။ ဒီခေါင်းဆောင်ဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်မို့ အသက်တမျှအရေးကြီးပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရဲ့ အသက်ပါပဲ ။ ဒေါ်အောင်ဆန်းစုကြည် တစ်ခုခု ဖြစ်ရင် တိုင်းပြည်လည်းတစ်ခုခုဖြစ်တော့မယ် ဆိုတာသိထားကြပါ ။ ကိုယ့်ခေါင်းဆောင်အတွက် မျက်စိတွေဖွင့် နားတွေစွင့်ပြီး အဖျက်သမား တွေကို မျက်ခြေမပြတ်ကြစေနဲ့ အာဏာရူးတွေနဲ့ အပေါင်းပါတွေရဲ့ခြေလှမ်းကိုမျက် ခြေမပြတ် စေနဲ့ ။ ပြည်သူတွေညီဖို့လိုပါတယ် ညီညွတ်စွာခေါင်းဆောင်ကိုဝန်းရံကြပါ ။ သံသယဖြစ်စရာ တွေ မြင်ရ တွေ့ရရင် အချင်းချင်းလက်တို့ သတိပေး ကိုယ့်ခေါင်းဆောင်သွားလေရာအရပ်ဒေ သက ဒေသခံတွေကို လည်းအသိပေး အဖျက်သမားတွေရဲ့အန္တရာယ်ကိုသတိထားပြီးတတ် စွမ်း သရွေ့ကာကွယ်ပေးကြပါလို့ စိတ်ပူစွာ တိုက်တွန်းလိုက်ရပါတယ် ။ ။
ဂျေလှသင်
Firstweekly ဂျာနယ်
Vol 7 , No 306 ( 27.10.2017 )
.
Credit ... J Hla Thin
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
30-10-2019

Comments
Post a Comment