Skip to main content
Posts
Showing posts from March, 2019
တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လက်မှတ်ထိုးရန် တပ်မတော်တိုက်တွန်း
တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ မျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)ကို လက်မှတ်ထိုးကြဖို့ တပ်မတော်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့မနက် နေပြည်တော်မှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းမှာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာပါ။ တိုင်းရင်းသားဒေသတွေမှာ မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့နဲ့ မတရားမှုတွေ မဖြစ်စေဖို့ တိုင်းရင်သားလက်နက်ကိုင်တွေ အန်စီအေကို လက်မှတ်ထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်ကြဖို့ တပ်မတော်က တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ဖြစ်စေ တပ်မတော်ရဲ့ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ဖြစ်စေ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကြဖို့လည်း ထပ်မံ ကမ်းလှမ်းသွားပါတယ်။ ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဥ
တိမ်ညိုစခန်းမှူး လုပ်ကြံခံရ
25 March 2019 17:03(+0630)  (2 ရက် ခန့်က) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ကျေးရွာ အဝင်လမ်းကို တွေ့ရစဉ် / Photo: Min Thein Aung/RFA ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ကျေးရွာရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လှဟာ မနေ့ညက ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ရဲအုပ် ကျော်ကျော်လှဟာ မြောက်ဦးမြို့ဇာတိဖြစ်ပါတယ်။ သူ့ကို AA ရက္ခိုင့်တပ်မတော်က ဇန်နဝါရီလပိုင်းလောက်က ခြိမ်းခြောက်စာနဲ့ ကျည်ဆံတစ်တောင့် ပေးပို့ထားခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ပစ်ခတ်ခဲ့တဲ့ ကျည်ဒဏ်ရာတွေဟာ နားထင်နဲ့ ဝမ်းဗိုက်မှာ တွေ့ရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် ဒဏ်ရာက ပြင်းထန်တာကြောင့် ည ၉ နာရီခွဲအချိန်လောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ တရားခံ ဘယ်သူလဲဆိုတာကို ဖမ်းမမိသေးဘူးလို့ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့က ဒု-ရဲမှူး တင်မင်းဦးက ပြောပါတယ်။ "သေနတ်နဲ့ အပစ်ခံရတာဗျ နှစ်ချက် အဲဒီနေရာကနေ မြောက်ဦးဆေးရုံကို သယ်လာတယ်၊ မြောက်ဦး ဆေးရုံမှာ ဆေးကုသခံယူရင်းကနေ ကျဆုံးတာဗျ ၉ နာရီခွဲပေါ့ ၊ လက်ပူးလက်ကြပ်မမိသေးတော့ လက်နက်ကိုင်အဖွဲ့အစည်းလို့ ပြောရမှာပေါ့၊ အရင်ကတည်းက သူ့က
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲဖြစ်
25 March 2019 19:56(+0630)   (၁ ရက် ခန့်က) ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်/ Photo: Kan Thar/ RFA ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS ပိုင် Tai Freedom ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနေ့ မနက်က သီပေါမြို့နယ်အတွင်း RCSS တပ်စခန်းကို SSPP ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် နားမခေါ်ကျေးရွာအုပ်စုနဲ့ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့လည်း ပါရှိပါတယ်။ ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ နားမခေါ်ကျေးရွာအုပ်စုက ဟိုနားနဲ့ တွန်ကြိုင်းရွာကြားမှာ မနက် ၁၀နာရီလောက်ကစပြီး ၁နာရီခန့်ကြာ ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ သီပေါမြို့က နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက RFA ကိုပြောပါတယ်။ အဲဒီရွာက ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းချက်အရ တိုက်ပွဲကြောင
မဖြစ်နိုင်သည်ကို မတောင်းဆိုရန် တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်ပြော
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း မဖြစ်နိုင်တာတွေကို မတောင်းဆိုကြဖို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၅ ရက်က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်တွေအပေါ် ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့တာပါ။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ တပ်မတော်အနေနဲ့ ပြောချင်တာကတော့ EAO တွေအနေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုးတက်တယ်ဆိုတဲ့ လက္ခဏာဆောင်တယ် ဆိုတာကို လက်ခံပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ်လို့ ကျနော်တို့အနေနဲ့ အဖြေ (Result) ကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အဖြေမထွက်ခင် သို့မဟုတ် ကောင်းတဲ့ Result မရခဲ့ရင် ဒီတွေ့ဆုံမှုတွေဟာ အကျိုးမရှိပါဘူး။ ဒါကြောင့် EAO တွေအနေနဲ့ တွေ့ဆုံမှုတွေမှာ မဖြစ်နိုင်တာတွေ တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့အတွက် တပ်မတော်အနေနဲ့ ပြောကြားလိုပါတယ်” လို့
သြစီကျေးလက်ဒေသမှာ အရင်နေမှသာ PR ရမယ်လို့ဆို
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ရဲ့ အစီအစဉ်အရ သြစတြေးလျအနေနဲ့ ပြည်ပကနေ လူတွေကို ခေါ်ယူတဲ့ဦးရေ လျှော့ချလိုက်မှာဖြစ်သလို ပြည်ပကနေ လာရောက်အလုပ်လုပ်ကိုင်ပြီး သြစတြေးလျမှာ အမြဲတမ်း နေထိုင်ခွင့် PR ရလိုသူတွေအနေနဲ့ ကျေးလက်ဒေသမှာ အရင် နေထိုင်ပြီးမှသာ ရနိုင်မယ်လို့ ပါရှိပါတယ်။ သြစတြေးလျနိုင်ငံက နှစ်စဉ် ပြည်ပက လူပေါင်း ၁၉ ၀၀၀၀ (တစ်သိန်းကိုးသောင်းအထိ) ခေါ်ယူလက်ခံပေမယ့် လာမယ့် ၄ နှစ်အတွင်း အယောက် သုံးသော င်း (၃၀၀၀၀) ဒါမှမဟုတ် တစ်သိန်းခြောက်သောင်းအထိသာ လျှော့ချ ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Skilled workers လို့ခေါ်တဲ့ ပြည်ပက ကျွမ်းကျင် အလုပ်သမားတွေအနေနဲ့ သြစတြေးလျနိုင်ငံက နယ်ဒေသတွေမှာ ၃ နှစ်လောက် နေထိုင်အလုပ်လုပ်မယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့်ရဖို့ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံရဲ့ လူဦးရေဟာ စီးပွားရေးအတွက် အဓိကအရာတစ်ခုဖြစ်ပေမယ့် လူဦးရေကို ကောင်းမွန်စွာ မစီမံနိုင်ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ သြစတြေးလျနိုင်ငံက မြို့ကြီး ပြကြီးမှာပဲ လူတွေ စုပြုံနေထိုင်တာမျိုး မဖြစ်ရအေ
ထောင်​ဒဏ်​ (၅) နှစ်​ တဲ့
‎ Min Min ‎   အထိ   တောင်ကြီးသားတို့စုဝေးရာ ၁၄ နာရီ " ​ထောင်​ဒဏ်​ (၅) နှစ်​ တဲ့ " ~~~~~~~~~~~~~~ စစ်​တိုင်းမှူး ​ရွှေတန်​ချိန်​ (၂၀၀) ဝါးပစ်​တာ ​စစ်​တပ်​​ဥပ​ဒေအရ ​ထောင်​(၅)နှစ်​ဆို​တော့ စစ်​တိုင်းမှူး ညီညီ​ဆွေရယ်​တာ​ပေါ့ ! ကိုယ်​​တွေ အဲဒီလို တန်​ချိန်​ (၂၀၀)ဝါးပြီးလို့က​တော့ ​ထောင်​ (၁၅)နှစ်​​တောင်​ အသာ​လေး ကျခံရဲတယ်​ ! ​ထောင်​ထဲက ထွက်​လာတဲ့အချိန်​ ​အေး​ဆေးထိုင်​စား ပြီးရင်​ ဘုရားတကာလိုလို သူ​တော်​ ​ကောင်းလိုလို မခို့တယို့​ပေါ့ဗျာ ! ​ရွှေတစ်​ကျပ်​ကို မြန်​မာ​ငွေ (၉)သိန်းနှုန်းတွက်​ကြည့်​ အဲဒီတန်​ချိန်​(၂၀၀) ဆိုရင်​ အ​မေရိကန်​​ဒေါ်လာတန်​​ကြေး သန်း​ပေါင်း (၇၄၀၀)​ကျော်​ ရှိတယ်​ ! ရခိုင်​ပြည်​ ​​ကျောက်​ဖြူ​ရေနက်ဆိပ်​ကမ်းဆို ​ဒေါ်လာ (၇၄)သန်းပဲ ရှိတာ ! အခု ညီညီ​ဆွေဝိုက်​သွားတာ ​ကြောက်​စရာ ​ကောင်းချက်​ ဒါ​တောင်​ ​ထောင်​(၅)နှစ်​ တည်းတဲ့ဗျာ ! ဒါ​တောင်​ သူဝါးသွားတာ သူ့ပါးစပ်​ သူ့ဗိုက်​ အကျယ်​အဝန်းနဲ့ ချင့်​ချိန်​ပြီး​တော့ ဝါးသွားတာ ! သူ့ထက်​ ရာထူးပိုကြီးသွားတဲ့ ဗိုလ်​ချုပ်​​တွေဆိုရင်​ တစ်​မဲအသာရ​နေတဲ့ သူ​တွေဆိုရင်​ ဘယ်​​လေ
ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ မရှိကြောင်း NLD ပါတီပြော
■ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးက ဒေါက်တာအေးမောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှုလို့သာ သတ်မှတ်ရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေဟာ ပြည်ထောင်စုအ ရေးမှာ အထိမခံတဲ့ကိစ္စဖြစ်ပြီး လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ဆိုတဲ့ကိစ္စတွေကို ထည့်သွင်းဟောပြောခဲ့မယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှု ဥပဒေအရသာ အရေးယူရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပဋိပက္ခတွေများပြားနေတဲ့ အခုလိုအချိန်မှာ တရားရုံးက ဒေါက်တာအေးမောင်ကို အရေးယူလိုက်တာကြောင့် လူမျိုးစွဲစိတ်ပြင်းထန်သူတွေအတွက် မကျေနပ်စရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဥပဒေနဲ့အညီသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုပြီး ပြည်ထောင်စုပြိုကွဲစေမယ့် အယူအဆတွေကို ဟောပြောမယ်ဆိုရင် ကျန်တဲ့ ပြည်နယ်တွေပါ ပျံ့ ပွားသွားပြီး ပြည်ထောင်စုပြိုကွဲသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ စစ်တွေ
ဒေါက်တာအေးမောင်အပေါ် စီရင်ချက်က ရခိုင် ပြဿနာကို ပိုကြီးထွားစေလို့ ရခိုင်အမျိုးသားပါတီ ပြော
19 March 2019 23:48(+0630)  (3 ရက် ခန့်က)  ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်၂၀ ချမှတ် ရခိုင်နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့အပေါ် ပြစ်ဒဏ်စီရင်ချက်ဟာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေလျော့ပေးရာ ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ ပဋိပက္ခကို ပိုဖြစ်သွားစေနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။ "လျော်ကန်သင့်မြတ်တဲ့ စစ်ဆေးစီရင်မှုတစ်ခု လုပ်လိုက်မယ်ဆို တစ်နည်းအားဖြင့်တော့ ရခိုင်ပဋိပက္ခတွေကို ဖြေလျော့ပေးရာ ရမယ်လို့ မျှော်လင့်တာ၊ အခုလို စီရင်ချက် ချမှတ်လိုက်တာဟာ ဘယ်လိုနည်းနဲ့မှ ဒီပြဿနာ ပြေပြေလည်လည် မဖြစ်နိုင်ဘူး၊ ပို၍ ပို၍ ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်စေတယ်" လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မတ်လ ၁၉ ရက် ဒီကနေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်၂၀ စီ အသီးသီး ကျခံဖို့ ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။ "နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ က ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့
ရခိုင်​လူမျိုးတစ်​​ယောက်​ ဖြစ်​တဲ့ ​​ဒေါက်​တာ​ဌေးလိုင်​ ( ရူပ​ဗေဒ ) ရဲ့ သ​ဘောထားအမြင်​ပါ။
ရခိုင်ပြည်နယ်၌ ရခိုင်တပ်မတော်တည်ရှိရေး အဓိကရည်မှန်းချက်ဖြစ်ဟု အေအေ ပြော
ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်တည်ရှိရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ အေအေ (ရက္ခိုင့်တပ်မတော်)က  ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ အန်စီအေ  လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံမှုအပြီးမှာ အေအေတပ်ဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မီဒီယာတွေရဲ့ မေးမြန်းချက်ကို  ပြန်လည်ဖြေပြောကြားသွားတာပါ။ ရခိုင်အမျိုးသား အဖွဲ့ချုပ် အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဟန်က “ရခိုင်တပ်မတော်ကို ရခိုင်ပြည်မှာတည်ရှိနေမှု တပ်မတော်ဘက်က လက်မခံတဲ့သဘော လို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေအဖို့ ရခိုင်ပြည်မှာ ရခိုင်တပ်မတော် တည်ရှိရေးဟာ ကျေန်ာတို့ ULA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရခိုင်တပ်မတော်ကပဲ လုံခြုံအေးချမ်းမှု၊ ဖွံ့ဖြိုးမှုအတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ခံယူထားတဲ့အတွက် ကျနော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်မှာ တာဝန်ယူနေပြီဖြစ်တယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင
လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်နေ
2019-03-21 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် ဒေါက်တာတင်မျိုးဝင်း ကို ၂၀၁၉ မတ် ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတွေ့ရစဉ် Photo: NRPC FB ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းအတွေ အခြေချဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက် တာဖြစ်တယ်လို့ NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ပြောလိုက်ပါတယ်။ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ဒေါက်တာတင်မျိုးဝင်းက ပြောကြားခဲ့တာပါ။ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သင်ခန်းစာနဲ့ လက်ရှိ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ အခြေအနေဟာ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ဖို့ ဖိတ်ခေါ်လိုကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။ အေအေက အတွင်းရေးမှူး ၁ ဗိုလ်မှူြး
AA အဖွဲ့ လက်နက်ကိုင်မည့်အစား နိုင်ငံရေး စားပွဲဝိုင်းကို လာဖို့ အစိုးရ ဖိတ်ခေါ်
ဧရာဝတီ၊ မတ် ၂၁၊ ၂၀၁၉ ရက္ခိုင့် တပ်မတော် (AA) အနေနဲ့ အစိုးရကို လက်နက်ကိုင် တော်လှန် နေမယ့် အစား နိုင်ငံရေး ဆွေးနွေးပွဲကို လာရောက်ဖို့နဲ့ ၄င်းတို့ ရဲ့ ဆောင်ရွက်ချက်တွေဟာ ရခိုင်ပြည်နယ်လို အဖြူရောင်နယ်မြေမှာ လက်နက်ကိုင် အခြေချဖို့ ကြိုးပမ်းတာဟာ လုံခြုံရေးအရ စိန် ခေါ်မှု ဖြစ်စေတဲ့အတွက် ထိုက်သင့်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ အစိုးရ ကိုယ်စားလှယ် ဒေါက်တာ တင်မျိုးဝင်း က ပြောပါတယ်။ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ AA အပါအဝင် အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲ မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈ ဖွဲ့ ကတော့ “ဝ”ပြည် သွေးစည်းညီညွှတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ(MNJIP)၊ ပလောင်ပြည်နယ် လွတ်မြောက်ေ
ဆက်ကြေးတောင်းတာလို့ မပြောနဲ
ဟုတ်တယ် .. ဆက်ကြေးတောင်းတာလို့ မပြောနဲ့ .. အမျိုးသားရေး ရန်ပုံငွေအဖြစ် ကူညီတာလို့ စကားကို လှအောင်ပြော .. အဖိုးသျှင်၊ အဖေါင်းသျှင်များ လက်ထက်ကပင် .. တမြီထဲ၊ တရီထဲ ယှဉ်တွဲ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားတွေ ဆိုပါလား .. မှတ်ထားဦးမှ ..  😮 ဟိုတခါ .. ရခိုင်သမိုင်းပညာရှင် ဆိုလား .. သူပြောတော့ ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသား မဟုတ်ဘူးဆို ... ရိုဟင်ဂျာလို့ ခေါ်တာတောင် မကြိုက်ချင်ကြဘူး .. အမျိုးမျိုးပဲနော်
ပြည်သူလူထုကို တိုက်ရိုက်စော်ကားခဲ့တဲ့ ကိုမင်းဇင်သို့
မြန်မာ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ယောက်ရဲ့ ပြောဆိုချက်ကို ကြားလိုက်ရတော့ အံအားသင့်သွားမိတယ် "ကျောမွဲတွေကို လမ်းပေါ်ထွက်ခိုင်းတာဟာ ထီးရိပ်နန်းရိပ်မှာ ရှိတဲ့သူတွေ ညှိမရလို့" တဲ့ ဘယ်လို သက်သေတွေရှိလို့ ဒီလို စွပ်စွဲတာလဲလို့ ကိုမင်းဇင်ကို ပထမဆုံး မေးချင်ပါတယ်။ အစိုးရအဖွဲ့က ဘယ်သူတွေက ပြည်သူလူထုကို လမ်းပေါ်ထွက်လာအောင် တွန်းပို့ခဲ့ပါသလဲ။ NLD ပါတီက ဘယ်သူတွေက ပြည်သူလူထုကို လမ်းပေါ်ထွက်လာအောင် တွန်းပို့ခဲ့ပါသလဲ ဒီစွပ်စွဲမှုအတွက် ခင်ဗျားအနေနဲ့ သက်သေပြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ စတက်လာချိန်ကစပြီး တပ်မတော်နဲ့သာမက ပြည်ခိုင်ဖြိုးပါတီနဲ့ပါ နောက်ကြောင်းပြန် အရေးမယူတဲ့မူကို ဆုပ်ကိုင်ပြီး ရင်ကြားစေ့ရေး လမ်းကြောင်းကနေ တစ်စိုက်မတ်မတ် သွားခဲ့တယ်ဆိုတာ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အားလုံးသိပြီး ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင်လည်း သိပြီးဖြစ်ပါလိမ့်မယ်။ NLD အစိုးရဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေ အနက်က တစ်ခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် မူလရွေးချယ်ထားတဲ့ လမ်းကြောင်းက လွှတ်တော်ပြင်ပကနေ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရင်း
ရဲစခန်းများကိုတိုက်ခိုက်နေမှု ရပ်တန့်ရန် နိုင်ငံခြားသံရုံးများတောင်းဆို
ရခိုင်ပြည်နယ်အတွင်း ရဲစခန်းတွေ၊  အရပ်ဖက် အာဏာပိုင်တွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးတွေ၊ ကနေဒါနဲ့ နော်ဝေသံရုံးတွေက ဒီကနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ချက်တရပ်ပြုလုပ်ပြီး တိုက်တွန်းလိုက်တာပါ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ  အေအေလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုတွေနဲ့ ဆိုးရွားတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရဲစခန်းတွေ အရပ်ဘက် အာဏာပိုင်တွေနဲ့  လူပုဂ္ဂိုလ်တွေကို တိုက်ခိုက်နေတာ ရပ်တန့်ရမယ်၊ မတ်လ ၉ ရက်က ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က  ရဲတပ်ဖွဲ့ဝင် ၉ဦး သတ်ဖြတ်ခံရတဲ့ လုပ်ရပ်တွေဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါလို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးအနေနဲ့ အတိတ်က နာကြည်းချက်တွေကို ဆွေးနွေးမှုတွေနဲ့  နိုင်ငံရေး ဖြစ်
TNLA က ဖမ်းဆီးငွေတောင်းခံနေကြောင်း ပန်ဆေးဒေသခံတွေပြော
13 March 2019 22:14(+0630)  (လွန်ခဲ့သော 17 နာရီ ခန့်က) မန္တလေးမြို့ မီဒီယာစင်တာမှာ ၂၀၁၉၊ မတ် ၁၃ ရက်နေ့က ပန်ဆေးဒေသခံတွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် / Photo: Khaymani Win/ RFA တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့ TNLA က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ပန်ဆေးဒေသမှာ နေထိုင်နေတဲ့ ခိုလုံလီရှော တိုင်းရင်းသားတွေကို လူမျိုးသုဉ်းအောင်၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖမ်းဆီးချုပ်ဆောင်ပြီး၊ ငွေတောင်းခံတာ၊ ပြန်ပေးဆွဲတာ၊ ဓားစာခံအဖြစ် ဖမ်းဆီးဆောင်ရွက်တာတွေ ရှိနေကြောင်း ပန်ဆေးဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့ မီဒီယာစင်တာမှာ ပန်ဆေးဒေသခံတွေနဲ့ ဖမ်းဆီးခံရသူတွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုလိုက်တာပါ။ လက်ရှိအချိန်မှာ ခိုလုံလီရှောတိုင်းရင်းသားတွေကို ကာကွယ်ပေးသူမရှိတာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပစ်မထားဘဲ အကူအညီတွေ ပေးစေချင်တယ်လို့ ခိုလုံလီရှောတိုင်းရင်းသား ပြန်ကြားရေးအဖွဲ့က မသိမ့်သိမ့်ထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ခိုလုံလီရှော တိုင်းရင်းသားတွေအနေနဲ့ တခြား တိုင်းရင်းသားတွေလိုပဲ တန်းတူအခွင့် အရေးရချင်တယ်လို့လည်း ပြောပါ