ဧရာဝတီ၊ မတ် ၂၁၊ ၂၀၁၉
ရက္ခိုင့် တပ်မတော် (AA) အနေနဲ့ အစိုးရကို လက်နက်ကိုင် တော်လှန်နေမယ့် အစား နိုင်ငံရေး ဆွေးနွေးပွဲကို လာရောက်ဖို့နဲ့ ၄င်းတို့ ရဲ့ ဆောင်ရွက်ချက်တွေဟာ ရခိုင်ပြည်နယ်လို အဖြူရောင်နယ်မြေမှာ လက်နက်ကိုင် အခြေချဖို့ ကြိုးပမ်းတာဟာ လုံခြုံရေးအရ စိန် ခေါ်မှု ဖြစ်စေတဲ့အတွက် ထိုက်သင့်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ အစိုးရ ကိုယ်စားလှယ် ဒေါက်တာ တင်မျိုးဝင်း က ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ AA အပါအဝင် အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲ မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈ ဖွဲ့ ကတော့ “ဝ”ပြည် သွေးစည်းညီညွှတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ(MNJIP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF)၊ ရက္ခိုင် အမျိုးသား အဖွဲ့ ချုပ် (ULA)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ ဖြစ်ပါတယ်။
ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ
Comments
Post a Comment