Skip to main content

ရခိုင်​လူမျိုးတစ်​​ယောက်​ ဖြစ်​တဲ့ ​​ဒေါက်​တာ​ဌေးလိုင်​ ( ရူပ​ဗေဒ ) ရဲ့ သ​ဘောထားအမြင်​ပါ။

Aye Moe သည် Ko Zaw၊ အခြား ၁၅ ယောက် တို့နှင့်အတူ ရှိနေသည်။
ရခိုင်​လူမျိုးတစ်​​ယောက်​ ဖြစ်​တဲ့ ​​ဒေါက်​တာ​ဌေးလိုင်​ ( ရူပ​ဗေဒ ) ရဲ့
သ​ဘောထားအမြင်​ပါ။
ဗမာကျွန် ဆိုပဲ ။
ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်မိတယ်
တကယ်ပဲ ကျွန်ရုပ်ပေါက်နေပြီလား။
ကျနော်ရခိုင်တစ်ဦးပါ
၁၁/ ကို ကိုင်ဆောင်ပြီး တစ်နိုင်ငံလုံး
ဘယ်နားနေနေ ဘယ်နေရာသွားသွား
အမှီအခိုကင်း ကိုယ့်ကြမ္မာ ကိုယ်
ဖန်တီးခွင့်ရနေတဲ့
လွတ်လပ်အမှီအခိုကင်း
Independent ဖြစ်နေတဲ့ ရခိုင်တစ်ဦးပါ။
ကျနော် ဘယ်သူ့ကျွန်မှ မဟုတ်ဘူး
မွေးကတည်းက လွတ်လပ်တဲ့ လူသားတစ်ဦး
ကျနော့် မိဘတွေလည်း
ကျွန်တွေမဟုတ်ကြဘူး
ဒီတော့ ကျနော်လည်း ကျွန်မဟုတ်ဘူး
ကိုယ့်ကိုယ်ကို ကျွန်လို့
ဘယ်တုန်းကမှ မတွေးမိဘူး
သူတို့ပြောမှ ကျွန်လုံးလုံးဖြစ်ရတယ်
မျိုးချစ်အမည်ခံ မျိုးနှစ်တွေကို
တောင်းပန်ပါတယ်
ကိုယ့်လူမျိုးကို ကျွန် ကျွန် ဆိုပြီး
ဂုဏ် သိပ်မတင်ကြပါနဲ့တော့။
၂၁ရာစုမှာနေပြီး ၁၈ရာစုကို တမ်းတ
သက်ဦးဆံပိုင်ဘုရင်စနစ်ကို လွမ်းပြနေတာကို နိုင်ငံရေးလုပ်တယ်လို့ ထင်နေကြတဲ့သူတွေကြောင့် ခက်နေတာ
ဒီလိုလူတွေကြောင့် အမုန်းတရားကိုသာ
ကြီးထွားလာစေတယ်
ကိုယ့်ဒေသ တိုးတက်ရာတိုးတက်ကြောင်းကို မပြောဘဲ အမုန်းတရားမှိုင်းတွေနဲ့ ၂၁ရာစုကို ဘယ်လိုရင်ဆိုင်မလဲ
ကျေးဇူးပြုပြီး
၂၁ရာစုလူငယ်တွေကို
၂၁ရာစုအကြောင်းပဲ ပြောပေးကြပါ။
ပြောကြစတမ်းဆို
ကျွန်ပြုတဲ့ခေတ်က သခင်တွေက
ကျွန်မျိုးကို တန်းတူထားလို့လား
ရခိုင်ကသာ ဗမာကျွန်ဆိုရင်
အကယ်ဒမီနေတိုးဆိုတာ
ဖြစ်လာပါ့မလား
အကယ်ဒမီခန့်စည်သူ
ဖြစ်လာပါ့မလား
အဆိုတော်သားငယ်ဆိုတာကော
ဖြစ်လာမလား
မင်းသားနေထက်လင်းလည်း
မရှိတော့ဘူး
ရတနာမိုင်လည်း မရှိတော့ဘူး
ဦးစံသာအောင်လည်း
ပါမောက္ခမဖြစ်တော့ဘူး
ဒေါက်တာဖေမြင့်လည်း
ပြည်ထောင်စုဝန်ကြီးမဖြစ်တော့ဘူး
ဦးအောင်လှထွန်းလည်း
ဒုဝန်ကြီးမဖြစ်တော့ဘူး
.....................။
ရခိုင်ညီအစ်ကိုအပေါင်းတို့
ကိုယ့်ကိုယ်ကို ကျွန်အဖြစ်
ဇွတ်သတ်မှတ်ခိုင်းနေတဲ့သူတွေစကားကို
နားမယောင်ကြပါနဲ့
ကိုယ့်ဖြစ်တည်မှုကို လျှော့ချမပစ်ကြပါနဲ့
ကျွန်တော်တို့ရခိုင်လူမျိုးတွေဟာ
ဘယ်သူ့ကျွန်မှ မဟုတ်ပါဘူး
ပြည်ထောင်စုသားတွေအချင်းချင်းပါ
အားလုံးတန်းတူတွေပါ။
ကျနော်တို့တတွေ
ဖက်ဒရယ်ပြည်ထောင်စုကို
ငတ်မွတ်တယ်
ဒီမိုကရေစီလမ်းစဉ်နောက်လိုက်ပြီး
ပြည်ထောင်စုကြီးအကျိုးကို
မျှော်ကိုးနေသူတွေ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို
အကောင်အထည်ဖော်နေတဲ့ အစိုးရကို
ထောက်ခံနေသူတွေ
တစ်နိုင်ငံလုံးတိုးတက်လာရင်
ရခိုင်ပြည်နယ်လည်း
အလိုက်သင့် တိုးတက်လာမှာပဲ
ကျွဲကူးရေပါဆိုတဲ့စကားအတိုင်းပေါ့
မေယုဒေသကိုသွားကြည့်ကြပါ
ဦးစားပေးအဆင့်တစ်သတ်မှတ်ပြီး
ဖွံ့ဖြိုးမှုအရှိုန်မြှင့်နေပြီ။
တစ်နိုင်ငံလုံးအတွက်
တကယ်လိုနေခဲ့တာက
ဒီမိုကရေစီအစိုးရကောင်းတစ်ရပ်
အခု အစိုးရကောင်းတစ်ရပ်
ရထားပြီ
စတင်ပြောင်းလဲနေပါပြီ
ကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ခဏတော့စောင့်ပေးကြပါ။
ထပ်ပြောပါရစေ
ခေတ်အဆက်ဆက်
နိုင်ငံကိုချယ်လှယ်ခဲ့တဲ့
အာဏာရှင်အစိုးရနဲ့ ဗမာလူမျိုးကို
အတူတူလို့ မသတ်မှတ်ကြပါနဲ့
သတ်သတ်စီပါ
အာဏာရှင်တွေရဲ့ဒဏ်တွေကို
ခံစားခဲ့ကြရတာ ဗမာလူမျိုးတွေက
ပိုတောင်ဆိုးပါသေးတယ်
ခံရတာ တစ်နိုင်ငံလုံးပါပဲ
ရခိုင်အရေးတွေမှာ
ဗမာလူမျိုးအပါအဝင်
တိုင်းရင်းသားအားလုံး
ဝိုင်းကူပေးကြတာတွေကို
မြင်အောင်ကြည့်ကြပါ။
ပြည်ထောင်စုညီအစ်ကိုတွေကိုလည်း
ပြောချင်ပါတယ်
ဖက်ဒရယ်ပြည်ထောင်စုကို
လိုလားမက်မောနေကြတဲ့
ရခိုင်လူမျိုးတွေ အများကြီးရှိပါတယ်
တချို့တွေရဲ့လုပ်ရပ်ကိုကြည့်ပြီး
အထင်မလွဲကြပါနဲ့လို့။
အားလုံးကိုလေးစားပါတယ်.....
ဒေါက်တာဌေးလှိုင်(ရူပဗေဒ)
18.1.2018 ။ ရန်ကုန်မြို့။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...