Skip to main content

သြစီကျေးလက်ဒေသမှာ အရင်နေမှသာ PR ရမယ်လို့ဆို


ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး
ၾသစေၾတးလ် ဝန်ကြီးချုပ် Scott Morrison ရဲ့ အစီအစဉ်အရ သြစတြေးလျအနေနဲ့ ပြည်ပကနေ လူတွေကို ခေါ်ယူတဲ့ဦးရေ လျှော့ချလိုက်မှာဖြစ်သလို ပြည်ပကနေ လာရောက်အလုပ်လုပ်ကိုင်ပြီး သြစတြေးလျမှာ အမြဲတမ်း နေထိုင်ခွင့် PR ရလိုသူတွေအနေနဲ့ ကျေးလက်ဒေသမှာ အရင် နေထိုင်ပြီးမှသာ ရနိုင်မယ်လို့ ပါရှိပါတယ်။
သြစတြေးလျနိုင်ငံက နှစ်စဉ် ပြည်ပက လူပေါင်း ၁၉ ၀၀၀၀ (တစ်သိန်းကိုးသောင်းအထိ) ခေါ်ယူလက်ခံပေမယ့် လာမယ့် ၄ နှစ်အတွင်း အယောက် သုံးသောင်း (၃၀၀၀၀) ဒါမှမဟုတ် တစ်သိန်းခြောက်သောင်းအထိသာ လျှော့ချ ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် Skilled workers လို့ခေါ်တဲ့ ပြည်ပက ကျွမ်းကျင် အလုပ်သမားတွေအနေနဲ့ သြစတြေးလျနိုင်ငံက နယ်ဒေသတွေမှာ ၃ နှစ်လောက် နေထိုင်အလုပ်လုပ်မယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့်ရဖို့ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံရဲ့ လူဦးရေဟာ စီးပွားရေးအတွက် အဓိကအရာတစ်ခုဖြစ်ပေမယ့် လူဦးရေကို ကောင်းမွန်စွာ မစီမံနိုင်ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
သြစတြေးလျနိုင်ငံက မြို့ကြီး ပြကြီးမှာပဲ လူတွေ စုပြုံနေထိုင်တာမျိုး မဖြစ်ရအောင် လုပ်ဆောင်တဲ့အနေနဲ့ နယ်ဒေသမှာ ၃ နှစ်လောက် အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ နယ်ဒေသမှာ နေထိုင်မယ်ဆိုရင် အမြဲတမ်း နေထိုင်ခွင့် ရမယ်ဆိုတဲ့ မက်လုံးပေးနေသလို၊ နယ်ဒေသမှာ လိုအပ်တဲ့ အလုပ်သမား အလုံအလောက် ရရှိရေးအတွက် ကျေးလက်ဗီဇာ ၂၃၀၀၀ ကျော် တိုးမြင့် ချပေးမှာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာ သြစတြေးလျ ဝန်ကြီးချုပ်က အခုလို လူဝင်မှုဆိုင်ရာ အပြောင်းအလဲ လုပ်တဲ့အတွက် တချို့က ဝေဖန်မှု လုပ်နေကြပါတယ်။
ဝန်ကြီးချုပ်ကတော့ အခုလို ပြည်ပက လူတွေကို လျှော့ချခေါ်ယူရတဲ့ရည်ရွယ်ချက်ကတော့ လူဦးရေကို ကောင်းမွန်စွာ စီမံနိုင်ဖို့၊ အခြေခံ အဆောက်အဦး လုံလုံလောက်လောက် ရင်းနှီးမြုပ်နှံနိုင်ဖို့နဲ့ လမ်းတွေ ကြပ်သိပ်နေတာမျိုး မဖြစ်အောင် လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ Seven ရုပ်မြင်သံကြားရဲ့ Sunrise အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်ကတော့ မြို့ကြီး ပြကြီးမှာ နေထိုင်တဲ့ လူတွေ ကားကြပ်လို့ လမ်းမှာပဲ အချိန်ကုန်ရတာမျိုး သက်သာအောင် ပြီးတော့ ကျေးလက်ဒေသမှာ လိုအပ်နေတဲ့ အလုပ်သမားတွေ အလုံအလောက် ရရှိအောင် လုပ်ဆောင်ပေးချင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
အသားအရောင်၊ လူမျိုး၊ ဘာသာ ခွဲခြားလို့ အခုလို လုပ်ဆောင်တာမဟုတ်ဘူးလို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
လူဦးရေဆိုင်ရာ ဝန်ကြီး Alan Tudge ရဲ့ အဆိုအရ သြစတြေးလျနိုင်ငံ နယ်ဒေသတွေမှာ အလုပ်အကိုင်ပေါင်း ၄၇၀၀၀ လောက် လစ်လပ်နေပြီး အလုပ်သမားတွေ အင်မတန်ကို လိုအပ်နေတယ်လို့ ပြောပါတယ်။
အလုပ်ရှင်တွေကနေ ပြည်ပက အလုပ်သမားတွေကို ခေါ်ယူနိုင်ဖို့ ဗီဇာ အခုပေါင်း ၃၉ ၀၀၀ ချမှတ်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက ကျောင်းသားတွေအနေနဲ့ သြစတြေးလျနိုင်ငံက နယ်မြို့ငယ်တွေမှာ ကျောင်းတက်မယ်ဆိုရင်လည်း နှစ်စဉ် ဒေါ်လာ ၁၅၀၀၀ အထိ တန်ဖိုးရှိတဲ့ ပညာသင်ဆုတွေ ချီးမြင့်မယ်လို့ ဆိုပါတယ်။
ပြည်ပကနေ ကျောင်းလာတက်တဲ့ နိုင်ငံတကာက ကျောင်းသားတွေအနေနဲ့ သြစတြေးလျနိုင်ငံက နယ်မြို့တွေမှာ ကျောင်းပြီးသွားသည့်တိုင် နောက်ထပ် တစ်နှစ် ဆက်နေခွင့်ပေးမယ်လို့လည်း အစီအစဉ်အသစ်မှာ ပါရှိပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...