Skip to main content

ပြည်သူလူထုကို တိုက်ရိုက်စော်ကားခဲ့တဲ့ ကိုမင်းဇင်သို့

မြန်မာ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ယောက်ရဲ့
ပြောဆိုချက်ကို ကြားလိုက်ရတော့ အံအားသင့်သွားမိတယ်
"ကျောမွဲတွေကို လမ်းပေါ်ထွက်ခိုင်းတာဟာ
ထီးရိပ်နန်းရိပ်မှာ ရှိတဲ့သူတွေ ညှိမရလို့" တဲ့

ဘယ်လို သက်သေတွေရှိလို့ ဒီလို စွပ်စွဲတာလဲလို့
ကိုမင်းဇင်ကို ပထမဆုံး မေးချင်ပါတယ်။ အစိုးရအဖွဲ့က
ဘယ်သူတွေက ပြည်သူလူထုကို လမ်းပေါ်ထွက်လာအောင် တွန်းပို့ခဲ့ပါသလဲ။ NLD ပါတီက ဘယ်သူတွေက
ပြည်သူလူထုကို လမ်းပေါ်ထွက်လာအောင် တွန်းပို့ခဲ့ပါသလဲ
ဒီစွပ်စွဲမှုအတွက် ခင်ဗျားအနေနဲ့ သက်သေပြဖို့လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရ စတက်လာချိန်ကစပြီး
တပ်မတော်နဲ့သာမက ပြည်ခိုင်ဖြိုးပါတီနဲ့ပါ နောက်ကြောင်းပြန် အရေးမယူတဲ့မူကို ဆုပ်ကိုင်ပြီး
ရင်ကြားစေ့ရေး လမ်းကြောင်းကနေ တစ်စိုက်မတ်မတ်
သွားခဲ့တယ်ဆိုတာ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ
အားလုံးသိပြီး ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင်လည်း
သိပြီးဖြစ်ပါလိမ့်မယ်။
NLD အစိုးရဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေ
အနက်က တစ်ခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် မူလရွေးချယ်ထားတဲ့ လမ်းကြောင်းက လွှတ်တော်ပြင်ပကနေ တိုင်းရင်းသား
လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရင်း
ဖဒရယ်စနစ်ကို သွားဖို့ ကျွဲကူးရေပါ အခြေခံဥပဒေကိုပါ
ဖဒရယ်စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ ကြိုးစားခဲ့ကြတာ
နိုင်ငံရေးလေ့လာသူ အားလုံးအသိပါ။
ဒါပေမဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှုးကြီး
မင်းအောင်လှိုင်က ပြည်သူတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးကို
၂၀၂၀ ခုနှစ်မှာ ပေးမယ်လို့ ပြောလိုက်တဲ့ အခါမှာ
၂၀၂၀ ခုနှစ်မတိုင်ခင် ငြိမ်းချမ်းရေးရအောင် ကြိုးစားပြီး
စားပွဲဝိုင်းကနေ ခြေဥပြင်မယ့် လမ်းကြောင်းဟာ
မျှော်လင့်ချက်မဲ့သွားခဲ့ပါတယ်။ ဒီ့အတွက် NLD ဟာ
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒုတိယလမ်းကြောင်း
ဖြစ်တဲ့ လွှတ်တော်ကနေ ပြင်ဆင်ရေးကို ခြေဦးလှည့်ခဲ့ ရပါတယ်။
၂၈ ရက် ဇန်နဝါရီလမှာ လွှတ်တော်က စည်ပင်ရုံးခန်းကို
ဒေါက်ဇော်ဦးဆောင်တဲ့ NLD CEC တွေ ရောက်လာတယ်။
NLD အမတ်တွေကို ခေါ်ပြီး အရေးပေါ် အစည်းအဝေး
လုပ်ခဲ့တယ်။ အကြောင်းအရာကတော့ လွှတ်တော်ကနေ
ခြေဥပြင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
မီးစိမ်းပြလိုက်ပြီ ဆိုတာပါပဲ။
၂၉ ရက် ဇန်နဝါရီလမှာ လွှတ်တော်မှာ NLD အမတ် ဦးအောင်ကြည်ညွန့်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
အရေးကြီးအဆိုတစ်ရပ်ကို တင်ခဲ့တယ်။ တပ်မတော်
ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက
ဝုန်းကနဲထပြီး ကန့်ကွက်ခဲ့ကြတယ်။
ပြည်ထောင်စုလွှတ်တော် နာယကကြီးတောင် ဘာသဘောပါလဲခင်ဗျာလို့ မေးယူရတဲ့အထိ
ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတယ်။ ဒီလိုကန့်ကွက်မှုတွေ
ကြားကနေပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၄၅ ဦး
ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့တယ်။
အထက်မှာ ဖော်ပြခဲ့တာတွေက အစိုးရနဲ့ လွှတ်တော်အပိုင်း ၊
အစိုးရက သူ့ရဲ့ ကတိကဝတ်အတိုင်း အခြေခံဥပဒေ
ပြင်ဆင်ဖို့ တစ်နည်းနဲ့ မရတော့လို့ နောက်တစ်နည်းနဲ့
လုပ်ဆောင်လာတယ်။ ဒီနေရာမှာ ၂၀၀၈ ကို ပြင်ဆင်
စေချင်တဲ့ လူထုဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး သတင်းကို
ဝမ်းသာအားရကြိုဆိုကြတယ်။ ပြည်သူလူထုက
မြင်လည်းမမြင်ဘူး၊ ဖတ်လည်းမဖတ်ဘူးပဲ
လူတစ်စုက ရေးဆွဲပြီး အဓမ္မ အတည်ပြုတာ ခံခဲ့ရတဲ့ ဖွဲ့စည်းပုံကို ပြည်သူလူထုက ပြင်စေချင်ခဲ့တာ ကြာပါပြီ
ပြည်သူတွေဟာ သူတို့ဆန္ဒ္ဒမပါပဲ သူတို့လည်ပင်း သူတို့
ကြိုးကွင်းအစွပ်ခံခဲ့ရတာပါ။ ဒါကြောင့်လည်း
၂၀၁၄ မှာ ဖိနှိပ်မှုတွေကြားကနေ လက်မှတ် ၅ သန်းကျော်
ကောက်ခံရရှိခဲ့တာဟာ လူထုဆန္ဒကို သိသာစေပါတယ်။
ပြည်သူတွေအနေနဲ့ ဒီ ၂၀၀၈ ကို ပြင်ဆင်စေချင်နေတာ
NLD အစိုးရ စတက်လာကတည်းကပါ။ အချို့ဆို
လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ဖို့ မလှုပ်ရကောင်းမလားဆိုပြီး အားမလိုအားမရဖြစ်ခဲ့
ကြသူတွေ မနဲပါဘူး။ သူတို့လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ
သည်းခံစောင့်ဆိုင်းနေခဲ့ကြတာပါ။
ပြည်သူလူထု လည်ပင်းပေါ်က ကြိုးကွင်းကို ဖယ်ရှားပစ်ဖို့
ယနေ့အချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်က ကြိုးပမ်းလာတဲ့အချိန်မှာ ပြည်သူလူထုက သူတို့လည်ပင်းက ကြိုးကွင်းကို အပြီးဖယ်ရှားပစ်နိုင်ဖို့
အစိုးရ၊ လွှတ်တော်နဲ့အတူ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်းကို သူတို့နည်း သူတို့ဟန်နဲ့
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူတွေကပဲ ဦးဆောင်ပြီး
အမြို့မြို့ အနယ်နယ်မှာ ထောက်ခံပွဲတွေ
ကျင်းပခဲ့ကြတာသာ ဖြစ်ပါတယ်။
ပြည်သူလူထု စိတ်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ
အစိုးရ လွှတ်တော်နဲ့တင် မသက်ဆိုင်ပဲ သူတို့အားလုံးရဲ့
အနာဂတ်နဲ့ပါ သက်ဆိုင်ကြောင်း သူတို့ကိုယ်တိုင်
သဘောပေါက်ခဲ့လို့သာ ခုလို ထောက်ခံပွဲတွေကို
အင်တိုက်အားတိုက် သူတို့မှာ ရှိတဲ့ ငွေကြေးတွေနဲ့
ဗီနိုင်းတွေရိုက် တူညီဝတ်ဆုံတွေ ရိုက် နဖူးစည်းတွေရိုက်ပြီး
တက်ကြွစွာ လှုပ်ရှားလာကြတာပါပဲ။ အမြို့မြို့
အနယ်နယ်က ပွဲစီစဉ်သူတွေ ကိုယ်တိုင်ကလည်း
ဘယ်သူ့ဖိအားမှ မပါပဲ သူတို့ဆန္ဒနဲ့ ဦးဆောင်ကျင်းပကြတဲ့
ပြည်သူထဲက ပြည်သူတွေပါပဲ။ ထောက်ခံပွဲတွေမှာ
ပါဝင်ခဲ့ကြသူ အများစုဟာလည်း မည်သည့်ဖိအားမှ
မပါတဲ့ ကိုယ့်စားရိတ်နဲ့ ကိုယ်လာခဲ့ကြတဲ့ ပြည်သူတွေထဲက
ပြည်သူတွေပါပဲ။
ဒီအထဲမှာ ကုမ္ပဏီ လုပ်ငန်းရှင်တွေ၊ အစိုးရဝန်ထမ်းတွေ၊
ကုန်သည်တွေ၊ ဈေးဆိုင်ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ၊
ငွေကြေးတက်နိုင်သူတွေ၊ အများစုက ဦးဆောင်
ပါဝင်ခဲ့ကြတာပါ၊ သူတို့နဲ့အတူ မြန်မာ့ဆိုင်းဝိုင်းတွေ အနုပညာရှင်တွေ၊ အဆိုတော်တွေ၊ အငြိမ့်အဖွဲ့တွေ ကိုယ်တိုင်က တက်ကြွစွာနဲ့ အခမဲ့ လာရောက်ပူးပေါင်း ဖျော်ဖြေကြပါသေးတယ်။ ကိုမင်းဇင် စွပ်စွဲခဲ့သလို ကျောမွဲလူတန်းစားတွေကို လမ်းပေါ်ဆွဲခေါ်တယ်
ဆိုတာကတော့ မြန်မာတစ်နိုင်ငံလုံးက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စိတ်အားတက်ကြွနေတဲ့ လူကြီး၊
လူငယ်၊ လူတန်းစားအားလုံးကို စော်ကားလိုက်တာပါပဲ
လူထုကို စော်ကားတဲ့ ဒီစကားမျိုးပြောတာတော့ ခင်ဗျားက အောက်တန်းစားနိုင်ငံရေးသမား လို့ပဲပြောရပါလိမ့်မယ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်လုံးမျှမဖတ်ရပဲ
အဓမ္မ ထောက်ခံခဲ့ရသူတွေက မကျေနပ်လို့ နေပူအောက်မှာ
အပူရှိန်ကို အန်တုပြီး ဖွဲ့စည်းပုံပြင်ရေးအတွက်
ထောက်ခံကြောင်း သူတို့ဆန္ဒကို လွတ်လပ်စွာ လာရောက်
ထုတ်ဖော်ပြသနေကြတာဟာ ဘယ်သူကမှ လမ်းပေါ်ဆွဲတင်ခဲ့လို့မဟုတ်ပဲ သူတို့အနာဂတ်အတွက်
သူတို့ကိုယ်တိုင် တာဝန်သိစွာနဲ့ ထွက်လာကြတဲ့
ပြည်သူလူထုကို NLD အစိုးရကပဲ သူရဲ့ နိုင်​ငံ​ရေး
အခက်​အခဲအတွက်​ ပြည်​သူကိုအသုံးချ
သ​ယောင်​​ယောင်​​ ပြောသွား​တော့ မြန်​မာ့ မဟာဗျုဟာနဲ့ မူဝါဒ​လေ့လာ​ရေးရာ အင်​စတီကျုးရှင်း အမှု​ဆောင်
ဒါရိုက်​တာဆိုတဲ့ ရာထူးကို ခင်ဗျား ဘယ်​လိုရခဲ့တာလဲ ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်
ပြည်သူကို စော်ကားတဲ့သူတိုင်းဟာ အနှေးနဲ့အမြန်
ပြည်သူ့စိမ်ရည် သင့်တက်တယ်ဆိုတာ
မမေ့ပါနဲ့ ကိုမင်းဇင် ....

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...