Skip to main content

Posts

Showing posts from January, 2019

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် သဘောတူ၊ ပြင်သင့်ပြင်ထိုက်သည်များကို စနစ်တကျ ပြင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

============== ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူညီပြီးသားဖြစ်၍ ပြင်သင့်ပြင်ထိုက်သည်များကို စနစ်တကျ ပြင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည်။ " အ​ခြေခံဥပ​ဒေကိုပြင်​ဖို့သ​ဘောတူပြီးသား။အ​ခြေခံဥပ​ဒေကိုမပြင်​ဘူးလို့တစ်​ခါမှမ​ပြောခဲ့ပါ။ပထမအကြိမ်​အစိုးရသက်​တမ်းကတည်းကပြင်​ဖို့​ပြောခဲ့ပါတယ်​။စနစ်​တကျ​တော့ပြင်​ဖို့လိုတယ်​​ပေါ့​နော်​။ပြင်သင့်​ပြင်​ထိုက်​တာကိုပြင်​သင့်​ပြင်​ထိုက်​တဲအချိန်​မှာပြင်​ဖို့ရှိပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က မိတ္တီလာ လွင်​ပြင်တွင်​ပြုလုပ်​သည့်​ စစ်​ဆင်​​ရေး​လေ့ကျင့်​မှုကို လာ​ရောက်​ကြည့်​ရှုမှု အပြီးတွင် ဖွဲ့စည်းပုံပြင်​ဆင်​​ရေးနှင့်​ပတ်​သက်​ပြီးတပ်​မ​တော်​၏သ​ဘောထားအား သတင်းမီဒီယာများမှ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ထွန်း ( နေပြည်တော်) ၂၂၄

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်ဆိုင်မှုက NLD ရဲ့ မရိုးသားတဲ့ နိုင်ငံရေး လှည့်ကွက်လား

နန့်အိသူ/ရန်ကုန်ခေတ်သစ် တရုတ်နိုင်ငံက ၇ နှစ်ကျော်ကြာ ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ရန် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် ပြန်လည် ကြိုးပမ်းလာပြီး မြန်မာပြည်သူများ၏ ကန့်ကွက်သံများကလည်း တစ်ပြည်လုံး ဆူညံလာနေရာ အစိုးရအနေဖြင့် မြစ်ဆုံအရေး အကျပ်ရိုက်လျက်ရှိသည်။ ထိုအချိန်တွင် အာဏာရ NLD ပါတီက လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ကြိုးပမ်းခြင်းဖြင့် တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်လိုက်သည်။ တပ်မတော်၏ သဘောထားမပါဘဲ မည်သို့မျှ ပြင်ဆင်၍ မရနိုင်ဘဲ တစ်နည်းအားဖြင့် တပ်မတော်နှင့် ညှိနှိုင်းမှုမပြုဘဲ အခြေခံဥပဒေပြင်ဆင်ရေးမှာ လက်တွေ့မကျပေ။ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး အတွက် တောင်းဆိုသံများ ဆူညံလာချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှုသည် မရိုးသားသော နိုင်ငံရေးလှည့်ကွက်အဖြစ် သုံးသပ်မှုများရှိနေသည်။ ရန်ကုန်ခေတ်သစ်က နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့ NLD ကို ရိုးသားစေချင်တယ်။

၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်သဘောတူသည့်အချက်မှ စပြင်ဆင်ရန် ဦးခင်အောင်မြင့်အကြံပြု

By နေဖြိုးဝင်း 31 January 2019 ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်သုံးသပ်ဖို့လိုတဲ့ ကာလကို ရောက်လာပြီဖြစ်ပြီး ပြင်ဖို့လွယ်တဲ့အချက်တွေ၊ တပ်မတော်က သဘောတူတဲ့အချက်တွေစပြင်ဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော်ကိုတိုက်တွန်းကြောင်းအရေးကြီးအဆိုကို ဇန်န၀ါရီ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အရင်အစိုးရ လက်ထက် လွှတ်တော်သက်တမ်းမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းနှစ်နှစ်ခွဲ နာယကအဖြစ် တာဝန်ယူခဲ့သလို ဖွဲ့စည်းပုံရေးဆွဲတာမှာလည်း ပါဝင်ခဲ့တဲ့ ဦးခင်အောင်မြင့်က ပြောသွားတာပါ။ “ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်သုံးသပ်ဖို့လိုတဲ့ နှစ်ပိုင်းကို ရောက်လာပြီ။ အခု ဒီသက်တမ်းမှာလည်း လုပ်သင့်ပါတယ်။ ပြန်လည်သုံးသပ်တယ်ဆိုတာတော့ လုပ်သင့်တာပဲ။ အချိန်မရွေးလုပ်ရမှာ။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစဉ်အမြဲ သုံးသပ်နေရမယ့် အလ

ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့" သူရဦးရွှေမန်း ပါတီထောင်ဟု ဆို

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အဦတွင် တွေ့ဆုံကြသော ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် / Reuters     10.0k By ထက်နိုင်ဇော် 31 January 2019 Want create site? Find Free WordPress Themes and plugins. ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းကိုယ်တိုင် နိုင်ငံရေးပါတီ တရပ် ထူထောင်ရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရန်အတွက် ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန် နီးစပ်မှုရှိသူ သူရဦးရွှေမန်းသည် အတိုင်ပင်ခံကို ကူညီရင်း မြန်မာ့နိုင်ငံရေးတွင် ခိုင်မာသည့် အရပ်သား အစိုးရတခု ဆက်လက် အားကောင်းစေရန် ပါတီတရပ်အနေဖြင့် ဆက်လက် ဝန်းရံမည် ဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦးက ဧရာဝတီသို့ ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ်ဝင်လာကတည်းကလည်း ကျနော်တို့ ကူညီခဲ့တာပဲ။ အဲဒါပြီးသွားတော့ ကျနော်တို့ မဲရှုံးပြီး ထွက်ရပေမယ့်လည်း အဘ(သူရ ဦးရွှေမန်း)တို့ဆိုရင် အထူးကော်မရှင် အနေနဲ့ လုပ်ပြီးတော့ အကုန်ကူညီနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အရပ်သား အစိုးရ ဖြစ်လာတာကိ

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ၁၇ အချက်က ဘာတွေလဲ

January 30, 2019 - by y k NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ် အကြံပြုချက် စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းစာတမ်းတွင် တပ်မတော်၏ အခန်းကဏ္ဍ ကိုလျှော့ချခြင်း၊ ဒုတိယသမ္မတစ်ဦးတည်းထားရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်း ဆောင်နိုင်ရန် ဟန့်တားနေသည့် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ခြင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး ခက်ခဲနေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များက ပြည်နယ်/တိုင်းဝန်ကြီးချုပ်များကို တိုက်ရိုက်တင်မြှောက်နိုင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလာခြင်း ဟူသော အဓိက အချက် ၁၇ ချက် ပါဝင်ပါသည်။ အဆိုပါ အဓိက ၁၇ ချက်ကို ပြည်သူများသိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က စုစည်းတင်ပြလို်က်ပါသည်။ ၁- ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုသော အချက် ပယ်ဖျက်မည်။ ၂- ပုဒ်မ ၈ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်အစား ဖက်ဒရယ် ပြည်ထောင်စုပုံစံ ရှင်းလင်းထင်ရှားစေရန် ပြင်ဆင်သ

ဝိရသူ နဲ့ တပ်ချုပ် အဆက်သွယ် ဗွီဒီယိုဖိုင်

မနက်ထဲက ပြန့်နေတဲ့ ဒီအသံဖိုင်ကို တော်တော်များများ နားထောင်ပြီးလော က်ပြီလို့ ထင်ပါတယ် ဝီဝီနဲ့ မန်းတိုင်းအစိုး ရအဖွဲ့ကသူ တစ်ဦး မဟောသဓာကိစ္စ သတိပေးရာက အပြန်အလှန် ပြောဆိုထားတာ ဖြစ်ပါတယ် ဖုံးဆက်လာတဲ့သူက တော့ ဝီရသူ ကိုယ်တိုင်ဖြစ်ြ ပီး တစ်ဖက်က လက်ခံပြောတဲ့သူက မန်းတိုင်းအစိုး ရအဖွဲ့က ဝန်ကြီးချုပ်နား မှာ နေရတဲ့သူတွေထဲမှာ ပါသူတစ်ယောက် ဖြစ်ပါမယ်။ ဒီအသံဖိုင်ကို သူကပဲ ရည်ရွယ်ချက်ရှိရှိ ကူးယူထားတာ ဖြစ်ပါလိမ့်မယ် ဝီရသူကို သတိပေးချင်လို့ ဆက်တာထက် ဝိရသူနဲ့ တပ်ချုပ် အဆက်အသွယ်ရှိနေတ ယ် ဝီရသူနောက်မှာ တပ်ချုပ်က ကာဗာပေးနေတယ်ဆို တာကို အများသိအောင် ချပြချင်ပုံ ရပါတယ်။ ဒါကြောင့် တပ်ချုပ်ရဲ့ PSO သန့်စင်အောင် အရင်ကိစ္စတွေတုန်းက လုပ်ပေးနေကြ သန့်စင်အောင်ကို တပ်ချုပ်အိမ်အထိ သွားပြီး ပြောခိုင်းထားတယ်ဆိုတဲ့ အတွက် မန်းတိုင်းနယ်လုံရဲ့ PSO ဖြစ်ဖို့များပါတ ယ် တပ်ချုပ်နဲ့ ဝီဝီတို့ ဆက်သွယ်မှုကို ပိုထင်ရှားအောင် လို့ အမျိုးသားရေး သမားတွေနဲ့ တွဲလုပ်နေတဲ့ သန့်စင်အောင် ဆိုတာကိုပါ ထည့်ပြောသွားသေး တယ် စာရွက်စာတမ်းတွေ ကြိုသိမ်းထားဖို့  သတိပေးပုံအရ တပ်ချုပ်နဲ့ ဝီရသူ ပေါင်းကြံထားတဲ့ ဘာသာရေး ပ

ဘန်ကောက်၊ နအဖ သံရုံးရှိ အလံအားဖြုတ်ချပြီး ခွပ်ဒေါင်းအလံတင်ခဲ့တဲ့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) - အပိုင်း (၁)

+၇ Than Win ၉ နာရီ ——————————————————————— ————— (U) Maung Kyaw BurmaDemocracy, 29 January 2019 • သူတို့ဖို့လဲ….အမျှဝေပါ (၁) သမိုင်းဆိုတာဖျောက်လို့မရဘူးတဲ့…။ သိပ်ရတာပေါ့ … လောကကြီးမှာ…လူသိတဲ့သမိုင်းထက်…လူမသိတဲ့သမိုင်းက အဆပေါင်းများစွာပိုတယ်ဆိုတာကို…နားမလည်နိုင်တဲ့သူတွေပြောကြတာပါ ။ လူသိတဲ့သမိုင်းတောင် ဘယ်သူတွေရေးလို့ ဘယ်လောက်မှန်တယ်ဆိုတာ ရှိသေးတယ် ။ တကမ္ဘာလုံးက စစ်ရေးသမားတွေ…သိကြလေးစားကြတဲ့… နာမည်ကြီး တရုတ်စစ်သေနာပတိ „“ဆွန်ဇူး“ ဘယ်ပျောက် ဘယ်ရောက်သွားတယ်ဆိုတာ အခုထိဘယ်သူသိသလဲ။ လက်တင်အမေရိက ကျူးဘားမှာ အောင်မြင်တဲ့တော်လှန်ရေး လုပ်ပြီး…ဘူလီးဗီးယားမှာကျဆုံးခဲ့တဲ့.. ချီဂွေးဘားရား ဟာ..အာဖရိကတိုက် ကွန်ဂိုနိုင်ငံလေးကိုကယ်တင်ဘို့လဲ အဲဒီမှာ တော်လှန်ရေးလုပ်ခဲ့တာ.. သူကျဆုံးပြီး နှစ်ပေါင်း ၃၀ ကြာမှသိကြတယ် ။ ထားပါတော့...... ဒီနေ့…အမေခေါ်လိုက်..အန်တီ ခေါ်လိုက်..သမိုင်းဝင်ပုံတွေတွဲရိုက်လိုက်၊လုံခြုံရေးတွေစိုးရိမ်လိုက်…လုပ်နေကြတဲ့သူတွေ အများစုဟာ..တချိန်က“စု ” ဆိုတဲ့စကား လုံးတောင် လေသံကျယ်ကျယ်မထွက်ရဲခဲ့ကြပါဘူး။ ဒီနေ့ ခွပ်ဒေါင်းကို ဦးထု

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်ပါ ထောက်ခံမှ ပြင်လို့ရမည်

ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ / ဧရာဝတီ     11.8k Want create site? Find Free WordPress Themes and plugins. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း လမ်းကြောင်းမှ အာဏာရ ပါတီ စတင် ကြိုးပမ်း လာပြီ ဖြစ်သော်လည်း အမှန်တကယ် ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်ထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း တပ် မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ပြောသည်။ ဗိုလ်မှူးချုပ် မောင်မောင် က “တပ်မတော် မပါရင် ပြင်လို့ မရဘူး ဆိုတာက သာမန်ပြောတာ။ ကျနော်တို့က ၇၅ ရာခိုင် နှုန်းကျော် သဘောတူရင် ပြင်လို့ ရတဲ့ ပုဒ်မတွေ ရှိတယ်။ အဲဒါ လုပ်ထုံးလုပ်နည်း အဆင့်တော့ နည်းနည်းများတာ ပေါ့။ ဒါပေမယ့်လည်း ဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ကျနော်တို့ တပ်မတော်ရော အားလုံးရော ဝိုင်းပြီးတော့ သဘော တူ ထောက်ခံတယ်ဆို ပြင်လို့ ရတာပါပဲ” ဟု ပြောဆိုသည်။ ယနေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းမှုကို လွှတ်တော် တွင် တပ်မတော်သား အဖွဲ့ ခေါင်းဆောင်က အထက်ပါ အတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။ ဆက်လက်၍ ဗိုလ်မှူးချုပ် မောင်မောင် က “လိုအပ်တဲ့ ဟာကို ပြင်လို့ ရမှ

မြစ်ဆုံစီမံကိန်းဆက်မလုပ်ဘဲ လျော်ပေးလိုက်ရန် ၀န်ကြီးဟောင်း ဦးစိုးသိန်း တိုက်တွန်း

January 30, 2019 - by Editor ပြည်သူအများ ကန့်ကွက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ မလုပ်ဆောင်စေချင်ဘူးလို့ ယခင်အစိုးရလက်ထက်က နိုင်ငံတော် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် အစိုးရအနေနဲ့ လျော်ကြေးပေးရမယ်ဆိုရင်လည်း တိုင်းပြည်အတွက် လျော်ပေးလိုက်ဖို့သာ လုပ်ဆောင်စေလိုတယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနားချိန်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ သူရဲ့သဘောထားကိုပြောသွားတာပါ။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို စစ်အစိုးရလက်ထက်က တရုတ်ကုမ္ပဏီတခုနဲ့ အကျိုးတူ လုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ စီမံကိန်းကို ဆက်မလုပ်ပဲ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ပြန်လည်ကြိုးစားလာမှုတွေ ရှိနေတာကြောင့် ပြည်သူတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ အန်အယ်

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ်ကိုယ်စားလှယ်တွေ မတ်တပ်ရပ်ကန့်ကွက်

ခုကို မျှဝေထားသည်။                       7Day News Journal ၂၈ မိနစ် · ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ်ကိုယ်စားလှယ်တွေ မတ်တပ်ရပ်ကန့်ကွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါ တီကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဦးအောင်ကြည်ညွန့်ရဲ့ အဆိုဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ ဥပဒေကို လက်တလုံးခြားလုပ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်စရာမလိုဘူးလို့လည်း ဆိုပါတယ် ။ တပ်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုကို ပြည်ထောင်စုလွှတ်တော်နာယကကလက်မခံဘဲ ပယ်ချခဲ့ပါတယ်။ နာယကရဲ့ ပယ်ချမှုကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်မိနစ်ခန့်ကြာ မတ်တပ်ရပ်ကန့်ကွက်ခဲ့တာပါ။ လွှတ်တော်အစည်းအဝေးခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်စည်းကမ်းထိန်သိမ်းရေးအတွက် ပြန်ထိုင်ကြဖို့ ပြည်ထောင်စုလွှတ်တော်နာယကက နှစ်ကြိမ်ပြောကြားပြီး တောင်းပန်ခဲ့တာပါ။ ဒီအဆိုဟာ ပြီးခဲ့တဲ့လ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်ခံဟု တပ်မတော်သားကိုယ်စားလှယ်ပြော(ရုပ်သံ)

နေပြည်တော် ဇန်နဝါရီ ၂၉ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကန့်ကွက်ရန်မရှိကြောင်းနှင့် လက်ခံကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်မောင်မောင်က မီဒီယာများကို ယနေ့ပြောသည်။ "မရှိပါဘူး။ စိတ်ချပါ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့လည်း ပြင်ဖို့အတွက် လက်ခံပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့လုပ်ဖို့ပဲ ကျွန်တော်တို့က တင်ပြတာ တောင်းဆိုတာဖြစ်ပါတယ်"ဟုသတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို သူက ဖြေကြားခဲ့သည်။ "အခု ကန့်ကွက်နေတယ်ဆိုတာက အဆိုကို ကန့်ကွက်တာမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲနဲ့ သူ့ရဲ့ ဥပဒေမူကြမ်းတင်ရမယ့်ကိစ္စကို မတင်ဘဲနဲ့ ကော်မတီထဖွဲ့လို့ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ လွဲနေတာကို ပြောတာပါ"ဟုလည်း ဗိုလ်မှူးချုပ်မောင်မောင်က မီဒီယာများအား ရှင်းလင်းပြောပြသည်။ ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏မေးမြန်းမှုကို ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရိုက်ကူး-ဖူးဖူးအောင်

အခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆိုတင်မည့် ကိစ္စမှာ လုပ်ထုံးလုပ်နည်းလွဲမှားနေသည်ဟု တပ်ကိုယ်စားလှယ်ပြောကြား

7Day News Journal ၄၄ မိနဈ · အခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆိုတင်မည့် ကိစ္စမှာ လုပ်ထုံးလုပ်နည်းလွဲမှားနေသည်ဟု တပ်ကိုယ်စားလှယ်ပြောကြား အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်မယ့် ကြေညာချက်ကို တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက လုပ်ထုံးလုပ်နည်းလွဲမှားနေတယ်လို့ ပြောကြားလိုက်ပါတယ်။ အရေးကြီးအဆိုကို လွှတ်တော်ပုံမှန်အစီအစဉ်အပြီးမှာ ဆောင်ရွက်မယ်လို့ လွှတ်တော်ဥက္ကဌက ကြေညာချိန်မှာပဲ ဒါက ဥပဒေအရလွဲမှားနေတယ်လို့ တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်ရရမှာ ဖြစ်တဲ့အတွက် အရင်ဆုံး ဥပဒေမူကြမ်းအဖြစ်တင်ပြီးတော့မှ ဆက်လက်ဆောင်ရွက်ရမယ်လို့ ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့တာပါ။ ဒါ့အပြင် အရေးကြီးအဆိုသတ်မှတ်ချက်အရ အခြားနည်းလမ်းဖြင့် ဆောင်ရွက်လို့မရတဲ့ ကိစ္စကိုပဲ အရေးကြီးအဆိုအနေနဲ့ သတ်မှတ်ရမှာ ဖြစ်လို့ လွဲမှားနေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် က ပြောကြားခဲ့တာပါ။ ဒီပြောကြားချက်ကို ပြည်ေ

AA နဲ့ ရိုဟင်ဂျာ အတူတူဘဲ

အစိုးရကလဲ ရိုဟင်​ဂျာမရှိဘူး ရခိုင်​ပါတီ​တွေကလဲ ရိုဟင်​ဂျာမရှိဘူး ဒါ​ပေမယ့်​ AA က​တော့ ရှိတယ်​ လက်​ခံတယ်​ ဆို​တော့ကာ ရခို​​င်​​တွေ​ရေ မင်းတို့​ထောက်​ခံတဲ့ AAအတွက်​ ဘာ​ပြောချင်​တုန်း ဒီစာက အမှန်​ဟုတ်​မဟုတ်​ ကိုယ့်​ဘာသာ စုံစမ်းကြ​ပေါ့

ယခင် အစိုးရ၏ စီမံကိန်းများ ဖျက်ချင်တိုင်း ဖျက်မရဟု အတိုင်ပင်ခံ ပြော

ယခင် အစိုးရ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်းများကို မိမိတို့ မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ ဖျက်သိမ်းမည် ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ အယုံအကြည် ရှိတော့မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ဇန်နဝါရီ ၂၂ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံပွဲ၌ ကျောင်းသား တဦး၏ မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်သည်။ “ဥပမာ ဆိုပါစို့။ စီးပွားရေး လုပ်ငန်းတခုကို နိုင်ငံခြားကနေ လာပြီးတော့ ထူထောင်ထားတယ်။ အဲဒီအချိန်တုန်းက ခွင့်ပြုခဲ့တဲ့ အစိုးရက မရှိတော့တဲ့ အခါကျတော့ နောက်အစိုးရက အေး ဒါက ငါတို့ ခွင့်မပြုခဲ့တဲ့ စီမံကိန်းမို့လို့ ဖျက်စေ ဆိုပြီးတော့ ဖျက်လိုက်ရင် နောင် ဘယ်စီးပွားရေး လုပ်ငန်းရှင်ကမှ ဒီနိုင်ငံမှာ ရင်းနှီးချင်တော့မှာ မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခင် အစိုးရနှင့် ကတိကဝတ် ထားခဲ့ပြီး နောင်အစိုးရက ကတိမတည်သည့်အခါ ယုံကြည်၍ မရသည့် မယုံကြည်သင့် သည့် နိုင်ငံ ဖြစ်သွားတော့မည် ဖြစ်ကြောင်း၊ အစိုးရတိုင်း၏ တာဝန်သည် နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရမည် ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။ ဒေါ်အောင်ဆန်