Skip to main content

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ၁၇ အချက်က ဘာတွေလဲ

NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ် အကြံပြုချက် စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းစာတမ်းတွင် တပ်မတော်၏ အခန်းကဏ္ဍ ကိုလျှော့ချခြင်း၊ ဒုတိယသမ္မတစ်ဦးတည်းထားရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်း ဆောင်နိုင်ရန် ဟန့်တားနေသည့် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ခြင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး ခက်ခဲနေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များက ပြည်နယ်/တိုင်းဝန်ကြီးချုပ်များကို တိုက်ရိုက်တင်မြှောက်နိုင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလာခြင်း ဟူသော အဓိက အချက် ၁၇ ချက် ပါဝင်ပါသည်။ အဆိုပါ အဓိက ၁၇ ချက်ကို ပြည်သူများသိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က စုစည်းတင်ပြလို်က်ပါသည်။
၁- ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုသော အချက် ပယ်ဖျက်မည်။
၂- ပုဒ်မ ၈ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်အစား ဖက်ဒရယ် ပြည်ထောင်စုပုံစံ ရှင်းလင်းထင်ရှားစေရန် ပြင်ဆင်သင့်သည်။
၃- ပုဒ်မ ၂၀ (ဂ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသော အချက်ကို ပယ်ဖျက်သင့်သည်။
၎- ပုဒ်မ ၄၀ (ဂ) အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်အစား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဟု ဖြည့်သင့် သည်။
၅- ပုဒ်မ ၅၇ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည် ဆိုသော ပြဋ္ဌာန်းချက်တွင် ဒုတိယသမ္မတများဟူသော စကားရပ်ကို ပယ်ဖျက်ပြီး ဒုတိယသမ္မတ တစ်ဦးတည်းသာဖြစ်သင့်ပါသည်။

၆- ပုဒ်မ ၅၉ (ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်အစား အသက် ၄၀ နှစ် ပြင်ဆင်သင့်သည်။
၇- ပုဒ်မ ၅၉ (ဃ) သမ္မတ အရည်အချင်းသတ်မှတ်ချက် စစ်ရေး အမြင်ရှိရမည်ဆိုသည်ကို လုံခြုံရေးအမြင်ရှိရမည်ဟု ပြင်ဆင်သင့်သည်။
၈- ပုဒ်မ ၅၉ (စ) သမ္မတ အရည်အချင်းသတ်မှတ်ချက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဆိုသော အချက်ကို ပယ်ဖျက်သင့်သည်။
၉ – ပုဒ်မ ၆၀ (ခ) (၃) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်သည့် ဒုတိယသမ္မတစ်ဦး ဆိုသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်သင့်သည်။
၁၀- ပုဒ်မ ၆၁ (ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရကို ပယ်ဖျက်၍ တစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရဟု ပြင်ဆင်သင့်သည်။
၁၁- ပုဒ်မ ၇၄ တပ်မတော်သားကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိစ္စကို ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီး တစ်ဆင့်ပြင်ဆင်သွားရန်ဖြစ်သည်။
၁၂- ပုဒ်မ ၂၀၁ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ထည့်သင့်သည်။
၁၃- ပုဒ်မ ၂၃၂ (ည) (၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ထားခြင်း ခံထားရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန် မလိုပါ ဟူသော ပြဋ္ဌာန်းချက်ကို အငြိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြင်ဆင်ရန်ဖြစ်သည်။

၁၄- ၂၄၈ (ဂ) တို့တွင် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်များအစား ပြည်နယ်/ တိုင်းဝန်ကြီးချုပ်များ စကားရပ်များဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရန်ပြင်ဆင်သင့်သည်။
၁၅ – ပုဒ်မ ၂၆၁ (ခ) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကသာ ၀န်ကြီးချုပ်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် ပြင်ဆင်အစားထိုးမှုများ လုပ်ဆောင်သင့်သည်။
၁၆- အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၁၈ (ခ) ၊ ပုဒ်မ ၄၂၁ (ခ) ၊ ပုဒ်မ ၄၂၇ တို့ကို ဒီမိုကရေစီနှင့်ကိုက်ညီစေရန် ပြင်ဆင်ပြီး ပုဒ်မ ၄၃၂ ကို ပယ်ဖျက်ရန်ဖြစ်သည်။
၁၇- ပုဒ်မ ၄၃၆ (က) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်အစား ပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံ နှစ်ပုံက ဟု ပြင်ဆင်ရန် (သို့မဟုတ်ပါက) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်သည်။
CREDIT_: Khit Thit Media
Unicode

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...