၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် သဘောတူ၊ ပြင်သင့်ပြင်ထိုက်သည်များကို စနစ်တကျ ပြင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

==============
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူညီပြီးသားဖြစ်၍ ပြင်သင့်ပြင်ထိုက်သည်များကို စနစ်တကျ ပြင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည်။
"
အခြေခံဥပဒေကိုပြင်ဖို့သဘောတူပြီးသား။အခြေခံဥပဒေကိုမပြင်ဘူးလို့တစ်ခါမှမပြောခဲ့ပါ။ပထမအကြိမ်အစိုးရသက်တမ်းကတည်းကပြင်ဖို့ပြောခဲ့ပါတယ်။စနစ်တကျတော့ပြင်ဖို့လိုတယ်ပေါ့နော်။ပြင်သင့်ပြင်ထိုက်တာကိုပြင်သင့်ပြင်ထိုက်တဲအချိန်မှာပြင်ဖို့ရှိပါတယ်"
ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က မိတ္တီလာ
လွင်ပြင်တွင်ပြုလုပ်သည့် စစ်ဆင်ရေးလေ့ကျင့်မှုကို
လာရောက်ကြည့်ရှုမှု အပြီးတွင်
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီးတပ်မတော်၏သဘောထားအား
သတင်းမီဒီယာများမှ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ထွန်း ( နေပြည်တော်)
ထွန်း ( နေပြည်တော်)
Comments
Post a Comment