ဒီလိုလုပ်ဆောင်တဲ့အတွက် အစိုးရအနေနဲ့ လျော်ကြေးပေးရမယ်ဆိုရင်လည်း တိုင်းပြည်အတွက် လျော်ပေးလိုက်ဖို့သာ လုပ်ဆောင်စေလိုတယ်လို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနားချိန်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ သူရဲ့သဘောထားကိုပြောသွားတာပါ။
လက်ရှိအချိန်မှာတော့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ပြန်လည်ကြိုးစားလာမှုတွေ ရှိနေတာကြောင့် ပြည်သူတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရရဲ့ မြစ်ဆုံစီမံကိန်းအပေါ် ထားရှိတဲ့ သဘောထားဟာ ပြည်သူတွေနဲ့ ထပ်တူရှိတယ်လို့ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ထုတ်ဖော် ပြောထားပါတယ်။
အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်းအပေါ် စနစ်တကျစိစစ်အဖြေရှာဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် မူတည်ကာ လွှတ်တော်ရဲ့ သဘောထားနဲ့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ အစိုးရ တာဝန်ရှိသူ တဦးက ပြောထားပါတယ်။
Credit-DVB
Comments
Post a Comment