Skip to main content

Posts

Showing posts from September, 2018

ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစၥလာမ္ဘာသာဝင္မ်ား

Min Min မနေ့က နံနက် ၁:၂၉ တွင် ယေန႔ ကမာၻအရပ္ရပ္ရွိ အစၥလာမ္ဘာသာဝင္မ်ား သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ်ပဲ Like မလုပ်ရ ရှာဖွေပြုစုထားတဲ့လူကို အားနားပါဖတ်ပေးပါ။ ပြီးရင်တော့ဆန်းစစ်ဝေဖန်ပါ။ ယနေ့လက်ရှိ တကမ္ဘာလုံးမှာ လူဦးရေသန်းပေါင်း (7000) ကျော်ခန့် ရှိပြီး အတိအကျကတော့ 7148991583 ခန့်ရှိပါတယ်။ အဲဒီထဲမှာ ဘာသာတွေကို ကိုးကွယ်တဲ့ လူတွေအရေအတွက်က အောက်ပါအတိုင်း တွေ့ရှိရပါသည်။ ခရစ်ယာန်ဘာသာဝင်က သန်း (၂၀၀၀)ကျော် အတိအကျကတော့ 2133033227 ဖြစ်ပါတယ်ဗျာ ဒုတိယ အစ္စလာမ်ဘာသာပါ ။ သန်း (1600)ကျော် ဒုတိယ လိုက်နေပါတယ်ဗျာ အတိအကျကတော့ 1663486553 ပါ။ တတိယကတော့ ဘုရားမဲ့ဝါဒပါ။ သူက သန်း (1119)သန်းကျော်နဲ့ တတိယလိုက်ပါတယ်။ အတိအကျကတော့ 1119628472 ပါ။ စတုတ္ထကတော့ ဟိန္ဒူဘာသာပါ။ သူကတော့ သန်း(902)ကျော်ပါ။ အတိအကျကတော့ 902803201 ပါ။ ငါးခုမြောက်ကတော့ ရိုးရာကိုးကွယ်မှု (နတ်)ပါ။ သန်း 792 သန်းကျော်။ အတိအကျကတော့ 792924414 ပါ။ ခြောက်ခုမြောက်ကတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာပါခင်ဗျာ သန်း 457890216 ပါ သန်း(457)သန်းကျော်ပါ။ ဒီထဲမှာ ထေရ၀ါဒကိုးကွယ်မှုက 124 သန်းဘဲရှိတယ်ဗျာ။ ကျန်တကာ မဟာယနလေ။ ဒါပေမဲ့ 1951 တွက်ချက်

ရခိုင်အကျပ်အတည်း နိုင်ငံတကာဖြေရှင်းရမယ့်ပြဿနာမဟုတ်ဟု တရုတ်နိုင်ငံပြော

ရခိုင်အကျပ်အတည်း နိုင်ငံတကာဖြေရှင်းရမယ့်ပြဿနာမဟုတ်ဟု တရုတ်နိုင်ငံပြော ၂၈ စက်တင်ဘာ၊ ၂၀၁၈ ဗွီအိုအေ (မြန်မာဌာန) ရခိုင်ပြည်နယ် အကျပ်အတည်းဟာ နိုင်ငံတကာအဆင့် ဖြေရှင်းရမယ့် ပြဿနာတခုမဟုတ် ကြောင်းနဲ့ ပြည်ပက ကြားဝင်ဖြေရှင်းမှုတွေကို လက်ခံနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် အကျပ်အတည်းဟာ နိုင်ငံတကာအဆင့် ဖြေရှင်းရမယ့် ပြဿနာတခုမဟုတ် ကြောင်းနဲ့ ပြည်ပက ကြားဝင်ဖြေရှင်းမှုတွေကို လက်ခံနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဖြေရှင်းရမယ့် ကိစ္စတခု ဖြစ်ပြီး ပြဿနာကို ရှုပ်ထွေးအောင်လုပ်တာ၊ ချဲ့ကားတာ၊ နိုင်ငံတကာကိစ္စဖြစ်အောင် လုပ်တာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ Wang Yi က ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရှာဖွေဖော်ထုတ်မယ့် အဖ

ဒေါ်အောင်ဆန်းစုကြည် အပ်နှင်းဆု ရုပ်သိမ်းဖို့ ကနေဒါ အောက်လွှတ်တော် ဆုံးဖြတ်

RFA Burmese မနေ့က နံနက် ၆:၄၇ တွင် · ဒေါ်အောင်ဆန်းစုကြည် အပ်နှင်းဆု ရုပ်သိမ်းဖို့ ကနေဒါ အောက်လွှတ်တော် ဆုံးဖြတ် ~~~~~~~~ ■ ကနေဒါ နိုင်ငံ အောက်လွှတ်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစြု ကည်ကို ၂၀၀၇ ခုနှစ်က အပ်နှင်းခဲ့တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့အကျိုးသက်ရောက်မှုတော့ မရှိသေးပါဘူး။ ဒီဆုကို ချီးမြှင့်ဖို့အတွက် ကနေဒါ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးရဲ့ ထောက်ခံအတည်ပြုမှုနဲ့သာ ဆောင်ရွက်နိုင်သလို ရုပ်သိမ်းဖယ်ရှားမယ်ဆိုရင်လည်း အလားတူ လွှတ်တော် ၂ ခုလုံးက ဆုံးဖြတ်အတည်ပြုရမှာ ဖြစ်ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ဂျတ်စတင် ထရူးဒိုး က ဒေါ်အောင်ဆန်းစုကြည်ဆီံက ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပြန်လည် ရုပ်သိမ်းရေး ကိစ္စဖြစ်ပေါ်နိုင်ပါတယ်၊ အဲဒီလို ရုပ်သိမ်းမှုကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခအဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူးလို့ မနေ့က ပြောဆိုခဲ့ပါတယ်။ ကနေဒါအောက်လွှတ်တော်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ညှင်းပမ်းခဲ့မှု တွေဟ

မြန်မာကိုတရားစွဲဖို့ ပြင်ဆင်ရေးအဖွဲ့ ထူထောင်ရန် UNHRC ဆုံးဖြတ်

RFA Burmese မနေ့က နံနက် ၂:၂၇ တွင် · ~~~~~~~~~~ ■ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စွဲချက်တင်ရေး ပြင်ဆင်တဲ့အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထိန်းသိမ်း လေ့လာစိစစ်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) က စက်တင်ဘာလ ၂၇ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအချက်အလက်တွေကို လွတ်လပ်စွာ စုဆောင်းစိစစ်မယ့် အဲဒီအဖွဲ့ ဖွဲ့စည်းရေးအတွက် မဲခွဲဆုံးဖြတ်ရာမှာ UNHRC အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံရှိတဲ့အနက် ၃၅ နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘရွန်းဒီ နိုင်ငံ ၃ ခုက ကန့်ကွက်ခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေက ကြားနေ သို့မဟုတ် ပျက်ကွက်ဖြစ်ပါတယ်။ အခုလိုဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်မူကြမ်းကို EU ဥရောပနိုင်ငံများအဖွဲ့နဲ့ OIC အစ္စလာမ္မာစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးတွဲရေးသားခဲ့တာဖြစ်ပြီး၊ မြန်မာနိုင

နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့အချက် ပယ်ဖျက်ဖို့ ရှိ မရှိ ဦးသန်းဌေးမေးခွန်းထုတ်

နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့အချက် ပယ်ဖျက်ဖို့ ရှိ မရှိ ဦးသန်းဌေးမေးခွန်းထုတ် စက်တင်ဘာ - ၂၈ ၊၂၀၁၈ လက်ရှိအစိုးရ မှာ အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားတဲ့သူတွေအနေနဲ့  လုပ်ဆောင်ချက်တွေ ရာနှုန်းပြည့် ဖြူစင်တယ်လို့ အာမခံနိုင်ရင် နောက်ကြောင်းအရေးမယူဆိုတဲ့ ပြဌာန်းချက် ကို ပယ် ဖျက် ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။ ဒီကနေ့ ပဲခူးတိုင်း ဒေသကြီး ၊ အုတ်တွင်းမြို့နယ်က ပါတီဝင်တွေနဲ့တွေ့ဆုံရာမှာ ဦးသန်းဌေးက အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၃ မှာတော့ မည့်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက် စေရန် ပြဌာန်းခွင့်မရှိစေရ ဆိုပြီး ပြဌာန်းထားတာပါ။ ဒီပုဒ်မဟာ နိုင်ငံတော်အခြေခံမူများအခန်းမှာပါဝင်ပြီး ပြင်ဆင်လိုရင်တော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့အတွက် သဘောတူဖို့လိုအပ်တဲ့ ပုဒ်မ လည်းဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ အုတ်တွင်းမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေတာပါ ။ ပြည်ခိုင်ဖြိုးဟာ အုတ်တွင်းမဲဆန္ဒနယ

ချင်းအမျိုးသားနိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်း

28 September 2018 05:47(+0630) ချင်းနိုင်ငံရေးပါတီ သုံးပါတီပူးပေါင်းပြီး၊ ရှေ့လထဲမှာ ပါတီသစ်အဖြစ်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် နိုင်ဖို့ ပြင်ဆင်နေပါပြီ။ မတူကွဲပြားတဲ့ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းမှုဟာ၊ လာမယ့် ၂၀၂၀ ရွေးကောက် ပွဲကြရင် ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားပါတီအနိုင်ရဖို့ မျော်လင့်ချက်တွေ တိုးလာစေပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။ မတူကွဲပြားနေတဲ့ ချင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေး ပါတီ(CPP)၊နှင့် ချင်းဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(CLD) တို့ဟာ တပါတီတည်းပေါင်းစည်းဖို့ သဘောတူခဲ့ကြပြီး၊ မကြာခင်မှာ ပါတီသစ်တရပ်ဖွဲ့စည်းရေးအတွက် သုံးပါတီက ခေါင်းဆောင်တွေ လက်မှတ်ထိုး သွား မယ်လို့ ချင်းတိုးတက်ရေး ပါတီဥက္ကဌ ပူးနိုထန်ကပ်ကပြောပါတယ်။ "ပေါင်းစည်းရေးနောက်ဆုံးအခြေအနေက လိုဂို ပါတီမူဝါဒ အလံ နောက်ပြီးတော့ ပထမဆုံးညီလာခံ သုံးပါတီ ပေါင်းပြီးတော့ မတိုင်ခင်ဘယ်လိုဆက်သွားမလဲဆိုတာ အကုန်လုံးညှိနှိုင်းလို့အဖြေရသွားပါပြီ။ ဆိုတော့ (၂၉)ရက်နေ့လက်မှတ်ရေးထိုးဖို့ဘဲကျန်တော့တာ

ကုလအထွေထွေညီလာခံတွင် ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြော

29 September 2018 07:49(+0630) (23 မိနစ် ခန့်က) ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ။ စက်တင်ဘာ ၂၈၊ ၂၀၁၈။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်ပြီး မိန့်ခွန်းပြောကြပါတယ်။ နိုင်ငံတကာအရေးကိစ္စတွေကို ဖြေရှင်းတာမှာ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတာတွေကို ဝန်ကြီး ဦးကျော်တင့်ဆွေက သူ့မိန့်ခွန်း ရှေ့ပိုင်းမှာ ပြောသွားပြီးတဲ့နောက် ကျန်တဲ့အချိန်အားလုံးမှာ ရခိုင်ပြည်နယ်အရေးကိစ္စကိုပဲ အကျယ်တဝံ့ပြောသွားပါ တယ်။ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဆုံးသတ်နိုင်မယ်လို့ ခံယူထားတဲ့အကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေကပြောပါတယ်။ ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းတာမှာ အကြံပေးခဲ့တဲ့ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလ လူ့အခွင့်အရေးကောင်စီ မဲခွဲအတည်ပြု

28 September 2018 20:11(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က) မြန်မာစစ်တပ်က ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအပေါ် နိုင်ငံတကာကအရေးယူနိုင်ဖို့ တိတိကျကျ မှတ်တမ်းတင်ထားမယ့်အဖွဲ့ ဖွဲ့ရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကုလအချက်အလက်စုဆောင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ်အခြေခံပြီး၊ ဆွေးနွေးဆုံးဖြတ်ထားတဲ့ ဒီ ဆုံးဖြတ်ချက်ထဲပါ အချက်အချို့ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးမှုရှိတယ်လို့ Geneva ဆိုင်ရာ မြန်မာသံအမတ်ကတော့ တုံ့ပြန်သွားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး ပြောပြမှာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီ ဆုံးဖြတ်ချက်ကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲအဆိုပြုခဲ့တာဖြစ်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ထဲမှာ အရေးကြီးတဲ့ အချက်ကတော့ ရိုဟင်ဂျာတွေအပါအ၀င် မြန်မာတိုင်းရင်းသားတွေ ကျူးလွန်ခံခဲ့ရတဲ့ ရာဇ၀တ်မှုတွေအပေါ် နိုင်ငံတကာတရားရုံး တခုခုက အရေးယူကိုင်တွယ်နိုင်အောင် တရားဝင်မှတ်တမ်းယူဖို့ အဖွဲ့ တဖွဲ့ ဖွဲ့စည်းရေး ပါဝင်တာဖြစ

တရုတ်တပ်များ ပန်ဆိုင်း တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ပေ ၁၅၀ ကျော် ကျူးကျော်

28 September 2018 20:10(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က) စက်တင်ဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် Hpai Kawng ကျေးရွာတွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ နယ်နိမိတ် ခြံစည်းရိုး အငြင်းပွားမှု ပြဿနာသည် ယနေ့ စက်တင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၀နာရီခွဲချိန်၌ တရုတ်တပ်ဖွဲ့မှ ကျူးကျော်ဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့ (တရုတ်ပြည့်သူ့ လွတ်မြောက်ရေးတပ်မတော်) မှ တပ်သား ၂၀ ခန့်သည် အခင်းဖြစ်ထားသည့် နေရာမှ ပေ ၁၅၀ ခန့် ကျော်လွန်ကာ Hpai Kawng (ဖိုင်ကောင်း)ကျေးရွာဒေသရှိ စစ်ဘေးရှောင်စခန်း (IDP) ထိ လက်နက်ကြီးများ ကိုင်ဆောင်ကာ ဝင်ရောက်စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ "ခုလို လက်နက်ကြီးတွေနဲ့ ဝင်လာပြီးစစ်ဆေးတာတွေလုပ်တော့ စစ်ရှောင်စခန်းမှာ နေနေကြတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်တာပေါ့။ ပြီးတော့ စစ်ရှောင်စခန်းနားမှာ ရေနုတ်မြောင်း အမှိုက်တွေ ရှင်းလင်းဖို့တွက် စစ်ရှောင်ကလူတွေ ရေမြောင်းတူးထားကြတာကိုလည်း စစ်ဆေးတယ်။ ဒါဘယ်သူတူးထားတာလဲ ဒီနေရာက ကျနော်တို့ပိုင်တဲ့ န

လူ့အခွင့်အရေး ကော်မရှင်ကနေ အမေရိက နှုတ်ထွက်

အမေရိက သမ္မတ ထရန့် စက်တင်ဘာ (၂၅) ရက်နေ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကနေ အမေရိက နှုတ်ထွက်တဲ့ အကြောင်းနဲ့ အိုင်စီစီေ ခါ် နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်လို့ ပြောသွားပါတယ်။ သမ္မတထရန့် ပြောကြားချက်မိန့်ခွန်းအပြည့်အစုံထဲက CNN က အပိုင်းလိုက် ကောက်နှုတ်ပြီး တင်ပြသွားတဲ့ အထဲက နိုင်ငံတကာလူ့အခွင့်အရေးကော်မရှင်ကနေ အမေရိက နှုတ်ထွက်တဲ့ အကြောင်းနဲ့ ICC နဲ့ ပတ်သက်လို့ သမ္မတ ထရန့် ပြောသွားတဲ့ အစိတ်အပိုင်း တချို့ဖြစ်ပါတယ်။ သမ္မတ ထရန့်က ICC ဟာ တရားရေးဆိုင်ရာ စနစ်တခုမဟုတ်၊ တရားစီရင်ပိုင်ခွင့်မရှိ၊ တရားမ၀င်ဘူးလို့ ပြောသွားတဲ့အပြင် ICC ဟာ ကမ္ဘာ့လူသားတွေအားလုံးအတွက် တကမ္ဘာလုံးဆိုင်ရာ ဥပဒေနဲ့ ဆုံးဖြတ်တာဟာ၊ ကမ္ဘာကြီးရဲ့ မျှတတဲ့ တရားစီရင်ရေးနဲ့ လုပ်ဆောင်မှုတွေကို ချိုးဖေါက်တာ ဖြစ်တယ်။ ကျနော်တို့ဟာ အမေရိကရဲ့ အချုပ်အခြာအာဏာကို တရားဝင်ရွေးကောက်ထားတာ မဟုတ်တဲ့၊ ဘာမှ တာဝန်ယူပိုင်ခွင့်မရှိတဲ့၊ ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီကို အညံ့ခံ အရှုံးပေးမှာ မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။ Video file's original source and credit to- CNN's President Tr

ရိုဟင်ဂျာတွေ ပြန်ပို့ရေး မြန်မာအချိန်ဆွဲတယ်လို့ ဟာစီနာ စွပ်စွဲ

26 September 2018 21:36(+0630) (၁ ရက် ခန့်က) နယ်စပ်က ပြန်မဝင်နိုင်ကြသေး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က သူ့နိုင်ငံ နယ်စပ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးမှာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြေအသစ်တွေ ပြပြီး နှောင့်နှေးအောင် လုပ်နေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။ သူ့နိုင်ငံမှာ လူတွေပြည့်နေပြီဖြစ်လို့ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို တသက်လုံး နေခွင့် ပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ မစ္စစ် ဟာစီနာက ဆိုလိုက်ပါတယ်။ လူ ၇ သိန်းဟာ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ အဲဒီလူတွေအတွက် အမြဲတမ်းအဆောက်အဦတွေ ဆောက်ပေးဖို့လည်း လက်ခံနိုင်စရာ မရှိဘူးလို့ ရှိတ်ဟာစီနာ က ပြောပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က ရိုက်တာသတင်းဌာန က မေးမြန်းချက်ကို ဖြေကြားရာမှာ အခုလို ပြောကြားလိုက်တာပါ။ ထိပ်တန်းမြန်မာစစ်ဘက်အရာရှိတွေကို အိုင်စီစီပို့ဖို့ ကြိုးစားနေ လက်တွေ့မှာ ဘာမှ မလုပ်ဘူး ဝန်ကြီးချုပ် ဟာစီနာ က ပြောကြားရာမှာ မြန်မာနိုင်ငံနဲ့ ဆွေးနွေးလိုက်ရင် မြန်မာဘက်က သဘောမတူတာ ဘာမှ မရှိဘ

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် NLD ဦးဆောင်နေတယ်လို့ ဦးဥာဏ်ဝင်း ပြော

27 September 2018 20:16(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က) ရန်ကုန်မြို့မှာ ကျင်းပတဲ့ NLD ပါတီ ဖွဲ့စည်းတည်ထောင်တဲ့ နှစ် ၃ဝ ပြည့်အခမ်းနားကို ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ Photo: Htet Arkar/RFA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဦးဆောင်နေတဲ့ ပါတီဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။ ဒီကနေ့  ရန်ကုန်မြို့မှာ ကျင်းပတဲ့ NLD ပါတီ ဖွဲ့စည်းတည်ထောင်တဲ့ နှစ်သုံးဆယ်ပြည့်အခမ်းနားမှာ သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ သို့ပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်းနဲ့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက်နေတဲ့ သီးသန့်ကိစ္စသာဖြစ်ကြောင်း မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာရေးနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ထိတွေ့ဆက်သွယ်နေတဲ့ အဖွဲ့ကတော့ အစိုးရ

အောင်ရဲထွေးအမှု ဖမ်းဝရမ်းထုတ်ခံထားသူတွေ ရဲစခန်းမှာ လာရောက်အဖမ်းခံ

27 September 2018 21:14(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က) ကိုအောင်ရဲထွေးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့သူတွေကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ Photo: Thant Zin Oo/RFA ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သန်းထွဋ်အောင် အပါအဝင် ၃ ဦးဟာ သင်္ဃန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ မိဘတွေကိုယ်တိုင် မနေ့က လာရောက်အပ်နှံတာလို့ သုဝဏ္ဏနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ "ကျနော်ကတော့ လာပြီးအဖမ်းခံတာကိုတော့ ဖြေပေးလို့ရပါတယ်၊ မနေ့ကတော့ လာအဖမ်းခံပါတယ်၊ မိဘတွေကိုယ်တိုင် လာအပ်ပေးတာပါဗျာ၊ သူတို့အမှုကို တရားသူကြီးက ဆက်လက်ဆောင်ရွက်မှာပါ" ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ သန်းထွဋ်အောင်၊ ပြည်ဖြိုးအောင်နဲ့ ကျော်ဇောဟန်တို့ ၃ ဦးဟာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်စဉ်မှာပဲ သက်သေမခိုင်လုံတဲ့အတွက်ဆိုပြီး ဇူလှိုင်လ ၂၅ရက်နေ့က တရားရှင်လွှတ်ပေးခဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလွှတ်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့ပြီး နိုင်ငံတော်သမ္မတက ပြန်လည်စစ်ဆေးဖို့ ပြော

ဝ ဒေသ ခရစ်ယာန်ဘာသာရေးကျောင်းများ ပိတ်ပင်ခံရ

27 September 2018 22:00(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က) UWSA ခေါ် ၀ တပ်ဖွဲ့ထိန်းချုပ်ရာဒေသက မိုင်းပေါက်နယ်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်း ၅၀ကျော်ပိတ်ခံရပြီး အမှုတော်ဆောင်သာသနာဝန်ထမ်း ၉၀ကျော်ကို ထိန်းသိမ်းထားကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီအရေးအခင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေဖို့အတွက်လည်း အစာရှောင်ဆုတောင်းကြဖို့အတွက် အဖွဲ့ချုပ်ဝင် အသင်းတော်တွေ ကိုတိုက်တွန်းထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ UWSA ခေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ရှမ်းပြည်နယ် အထူးဒေသ ၂မှာ ဒီလလည်လောက်က စတင်ပြီး ဘာသာရေးအရ တင်းမာမှုတွေ ရှိခဲ့ရာက အခုဆိုရင် အခုဆိုရင် ပိတ်သိမ်းလိုက်တဲ့ ခရစ်ယာန်ဘုရားကျောင်း ၆၀ကျော်လောက်ရှိလာကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ အထူးဒေသ၂ က မိုင်းပေါက်နယ်အတွင်းက အခြေအနေကို လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။ “ အဲဒီမှာ လားဟူဘုရားရှိခိုးကျောင်းက ၅၂ကျောင်းပိတ်ခံထားရတယ်။ ချိတ်ပိတ်ခံရတယ်။ ၃ကျောင်းက ဖျက်ခံရတယ်။ နောက် ဓမ္မဆရာ ၉၂ပါးက

မြန်မာအစိုးရနဲ့တပ်အကြား ကွဲလွဲချက်ပိုကြီးလာပြီလား

24 September 2018 22:07(+0630) (၁ ရက် ခန့်က) Aung San Suu Kyi and Min Aung Hlaing ( ကာလုံအစည်းအဝေး) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံအတွင်းက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ပြီး အလွှာပေါင်းစုံ ညှို့နှိုင်း ရေးဆွဲခဲ့တဲ့၊ ဘယ်သူ့ဖိအားနဲ့ ခြိမ်းခြောက်မှုမှ မပါဝင်ဘဲ နိုင်ငံအကျိုးစီးပွားအတွက် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အကြောင်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်တဲ့အကြောင်း ပြည်တွင်းမှာ ပြောဆိုမှုတွေ ရှိနေသလို၊ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုကို အဆုံးသတ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေရှိနေတဲ့အချိန် အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောဆိုချက် ထွက်လာတာပါ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေကတော့ လာမယ့်နှစ်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးဟာ တင်းမာမှုတွေ ပိုပြီးများလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။ လားရှိုးတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေကို ဒီကနေ့ မနက်ပိုင်း တွေ့ဆုံတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်

တရုတ်ကို အမေရိကန်က ဒေါ်လာ ၂၅ဝ ဘီလျံဖိုး အခွန်သစ်တွေကောက်

25 September 2018 07:14(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က) တရုတ် အမေရိကန် ကုန်သွယ်ရေး လှိုင်းထန်နေဆဲ တရုတ်ပြည်က ပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလျံ ၂ဝဝ ဖိုးလောက်ကို အမေရိကန်က ထပ်ပြီး အခွန်သစ်တွေ တိုးမြှင့် စည်းကြပ် လိုက်ပြန်ပါပြီ။ ကမ္ဘာ့နိုင်ငံကြီး နှစ်ခုကြား အရှိန်မြှင့် ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ဒီတကြိမ် ကန့်သတ်မှုက တော်တော်ကြီးမားတဲ့ ထိုးစစ် ဖြစ်ပါတယ်။ တရုတ်ရဲ့ ကုန်သွယ်ရေး မူတွေကို မတရားဘူးလို့ အမေရိကန်က တောက်လျှောက် ပြောလာခဲ့ပြီးနောက် ခုလို ကန့်သတ် တားမြစ်နေတာ ဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန် သွင်းကုန် တန်ဖိုး ဒေါ်လာ ဘီလျံ ၆ဝ ကို တုံ့ပြန်ပြီး အခွန်သစ်တွေ စည်းကြပ်ခဲ့ပါတယ်။ တရုတ် ရပ်တည်ချက် စာတမ်း ကမ္ဘာ့ စီးပွားရေးအင်အားကြီး အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှု ပိုမို ပြင်းထန်လာချိန်မှာ တရုတ် နိုင်ငံက သမ္မတ ထရမ့် အစိုးရဟာ သူတို့အကျိုးအတွက် သူတို့ လိုချင်တဲ့ ပုံစံမျိုး အခွန်စည်းကြပ်နိုင်အောင် ခြိမ်းခြောက်မှု ၊ အတင်းအဓမ္မ ဖိအားပေးတဲ့နည်းတွေ သုံးနေတယ်လို့လည်း တရုတ်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။ တရုတ်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ သူတို့ ရပ်တ

တရားရုံးသည် လွှမ်းမိုးမှု တစ်စုံတစ်ရာအောက်ရောက်နေပြီဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ဆို

25 September 2018 10:35(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က) နိရဉ္စရာ၊ စက်တင်ဘာ ၂၅ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ချုပ်ရက်စေ့၍ လွတ်လာသူများကို နောက်အမှုတစ်ခု ဖန်တီးပြီး ထပ်မံဖမ်းဆီး တရားစွဲဆိုခြင်းမှာ တရားရုံးသည် လွမ်းမိုးမှုတစ်စုံတစ်ရာအောက် ရောက်နေပြီဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဆိုသည်။ မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၈ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၈ လ ချမှတ်ပြီးနောက် လွတ်ရစေ့၍ လွတ်လာမည့်သူများကို နောက်ထပ် ပုဒ်မတစ်ခုဖြင့် တရားရုံးတွင် ရမန်ယူပြီး ထပ်မံဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရုံးတွင် ည ၉ နာရီကျော်အချိန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဒေါ်အေးနုစိန်က သတင်းထောက်များကို ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူမက “ညနေ ၄ နာရီခွဲဆိုရင် တရားရုံးပိတ်ပြီ၊ ရုံးချိန်အပြီးမှာမှ စောင့်ပြီးတော့ ၇ နာရီကျော်အထိ ရမန်ပေးရတယ် ဆိုကတည်းက တရားရုံးအပေါ်မှာ တစ်စုံတစ်ရာ ရှိနေပြီဆိုတာကို ကျမတို့ မျက်မြင်ကိုယ်တွေ့ပဲ”ဟု ပြောကြားသည်။ ယင်းသို့ လွတ်မြောက်လာသူများကို ပြန်လည်

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တပ်ချုပ်ကို အရေးယူရေးလှုပ်ရှားမှု နယူးယောက်မှာစတင်

25 September 2018 22:09(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က) anmesty international ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အလိုရှိတယ်ဆိုတဲ့ ကြေညာချက် ပုံတွေကို နယူးယောက်မြို့တ၀န်းမှာ ကပ်ထားပါတယ်။ မြန်မာနိုင်ငံတွင်း တာဝန်ခံမှု ရှိလာစေရေး လှုပ်ရှားမှု အနေနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Amnesty International က ဆောင်ရွက်တာပါ။ နယူးယောက် တ၀န်းက လမ်းတွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံတွေပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတွက် အလိုရှိတယ်၊ သူ့ကို မလွတ်စေနဲ့လို့ ရေးသားထားတာတွေ၊ နောက် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေရဲ့ သူတို့ အတွေ့အကြုံ ပြောပြချက်တွေကို ဖော်ပြထားပါတယ်။ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန် နယူးယောက်မြို့မှာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ အပါအ၀င် ကမ္ဘာတ၀န်းက ခေါင်းဆောင်တွေ ရောက်ရှိနေကြချိန်မှာ AI အဖွဲ့ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံတွေကို မြို့တ၀န်းကပ်ပြီး လှုပ်ရှားမှု ဖော်ဆောင်ခဲ့တာပါ။ နယူးယောက်မြို့က အထင်ကရ နေရာတွေ

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို စတင် တရားစွဲ

25 September 2018 22:13(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က) ဟာသသရုပ်ဆောင် အောင်ရဲထွေး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦးကို စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စတင် တရားစွဲဆိုပါတယ်။ ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ကျန် ၅ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။ ဦးဟန်ထူးပါ ၆ ဦးဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သတ်ပြီး တရားခံတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုခဲ့တာပါ။ အမှုဖွင့်ခံရသူတွေထဲက ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ လက်ရှိ အာဏာရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအစိုးရ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။ အောင်ရဲထွေးကို ရိုက်နှက်သတ်ဖြတ်ခဲ့သူလို့ စွပ်စွဲခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင

မြန်မာ့အချုပ်အခြာ ကုလ စွက်ခွင့်မရှိ ကာချုပ် မင်းအောင်လှိုင်ဆို

24 September 2018 19:15(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က) ကာချုပ်ဘက်က ပထမဆုံးတုံ့ပြန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကုလ သမဂ္ဂ အပါအဝင် ဘယ်နိုင်ငံ ဘယ် အဖွဲ့ အစည်းကမှ ဝင်ရောက် စွက်ဖက် ဆုံးဖြတ် ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် က လားရှိုး တပ်နယ် အရာရှိ စစ်သည်နဲ့ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြောကြားမှုတွေဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့တဖွဲ့ ကြား အထင် အမြင်လွဲမှားမှုကိုဖြစ်စေနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့တာကို ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဘူးသီးတောင် မောင်တော ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဖြစ်နိုင်တာကို တောင်းဆိုလို့ မရဘဲ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ် လို့လည်း သိရပါတယ်။  ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးရမှု တပ်မတော် ခေါင်းဆောင်တွေကို စွပ်စွဲထား တပ်မတော်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေး ချို

ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့သားပိုင် အင်းလေးကန်က မြေဧက ၉၀ ကို ဘေးမဲ့တော သတ်မှတ်သင့်ကြောင်း တင်ပြ

21 September 2018 20:49(+0630) (၁ ရက် ခန့်က) အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေကို တွေ့ရစဉ်/ Photo: Thant Zin Oo/RFA ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ လုပ်ပိုင်ခွင့် ရရှိထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ (Myanmar Naing Group Co, Ltd) ရဲ့ မြေဧက ၉၀ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက အမျိုးသားလွှတ်တော်ရုံးကို အစီရင်ခံစာပေးပို့ထားတယ်လို့ သိရပါတယ်။ ဝန်ကြီးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကို ဆက်သွယ်မေးမြန်းရာမှာ RFA အခုလို ပြောပါတယ်။ "ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာလုပ်လည်း ကျနော် ကန့်ကွက်မှာပဲ၊ လောလောဆယ် ဆိုးကျိုးဖြစ်သွားတာကတော့ ကျနော်တို့ ဒေသခံတွေအချင်းချင်း နည်းနည်းသွေးကွဲသွားတယ်ဗျ၊ ပြည်သူတွေ ကန့်ကွက်တဲ့စာအရရယ်၊ နောက် ပြည်သူတွေ တိုင်ကြားစာအရရယ်၊ ကျနော်တို့ အမျိ

ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့သူ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရ

19 September 2018 18:41(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က) ငွေဒဏ်အစား ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်တဲ့ ကိုဇေယျာလွင် ကို ၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/ RFA ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ကိုရွှေကြယ်မိုး တို့ ၃ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ်ကျပ် နှစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။ ငွေဒဏ်အစား ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်တဲ့ ကိုဇေယျာလွင် က တပ်မတော်နဲ့ ပြည်ထဲရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ကိုင်နေတာတွေကို မလိုလားတဲ့သဘောဆောင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရုပ်ဆိုးစေတယ်လို့ ပြောပါတယ်။ "ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲမှာ စကားသွားပြောရုံနဲ့ ကျနော်တို့ကို တရားစွဲအမိန့်ချတာကို လက်မခံတဲ့ သဘောနဲ့ ထောင်ဒဏ်ပဲ ရွေးချယ်တာပါ။ ကျနော်တို့က ကျနော်တို့ရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေကို ဆန္ဒထုတ်ဖော်တယ် ကဗျာရွတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ပြည်ထဲရေးက တရားစွဲ

တရုတ်က မြန်မာဘက်အခြမ်းမှာ မြေလာတူးတဲ့ ကိစ္စ ကန့်ကွက်စာ ပို့မည်

19 September 2018 19:37(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ဖိုင်းကောင်းရွာနဲ့ တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ၀တ်ဆင်ထားသူတွေ ၂၀၁၈၊ စက်တင်ဘာ ၁၉ မနက်က မြေကုတ်ယာဉ်နဲ့ မြောင်းတွေ လာတူးနေတာကို တွေ့ရစဉ်။ Photo: Nammye Hpauyam ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်က ဖိုင်းကောင်းရွာနဲ့ တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ၀တ်ဆင်ထားသူတွေဟာ ဒီနေ့ မနက် အစောပိုင်းက မြေကုတ်ယာဉ်နဲ့ မြောင်းတွေ လာတူးနေကြောင်း သတင်းရတဲ့အတွက် သွားရောက်ဟန့်တားခဲ့ပြီး တရုတ်ပြည်ပ ရေးရာဌာနကို ကန့်ကွက်ကြောင်း စာပေးပို့သွားမယ်လို့ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ တရုတ်နိုင်ငံဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှအကြောင်းကြားထားတာ မရှိတဲ့အတွက် ဆက်မလုပ်ဖို့ကို တားမြစ်ခဲ့ရာမှာ လုပ်ငန်းတွေ ရပ်သွားတယ်လို့ သွားရောက်ဟန့်တားရာမှာ ပါဝင်တဲ့ မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး က RFA ကို ဒီနေ့ ပြောပါတယ်။ အခုလို တရုတ်ဘက်က လာ

ပန်ဆိုင်းမြို့အနီး တရုတ်-မြန်မာ နယ်မြေ အငြင်းပွား

19 September 2018 19:48(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က) တရုတ်- မြန်မာနယ်စပ်တနေရာ ဒီကနေ့ မနက်အစောပိုင်းက တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ဖိုင်ကောင်းကျေးရွာအုပ်စု အတွင်းက နယ်မြေအငြင်းပွားမှု တခုဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာပိုင် နယ်နမိတ် ထဲကို ၀င်ရောက်ပြီးနယ်စပ်ဖြတ်ကူးတဲ့ လမ်းကို ပိတ်ဆို့ တံတိုင်းတည်ဆောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ကတော့ အခင်းဖြစ်တဲ့နေရာကို ဘယ်သူ ပိုင်ဆိုင်သလဲဆိုတာ စိစစ်နေပြီး လောလောဆည်မှာတော့ တံတိုင်းခတ်ခဲ့ လုပ်ငန်းကို ရပ်ဆိုင်း ခိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ တရုတ်မြန်မာနယ်ဒေသမှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ နေရာဟာ ပန်ဆိုင်း(ကြူကုတ်)မြို့ နဲ့ ၆မိုင်အကွာ ဖိုင်ကောင်းကျေးရွာ အုပ်စုအတွင်းမှာ မနက် ၇နာရီလောက် က ဖြစ်ပွားခဲ့တာပါ။ တရုတ်တွေက မြန်မာပိုင်နယ်ထဲကို ပေ ၁၀၀ ၀န်းကျင်လောက် ၀င်ရောက်ပြီး တံတိုင်းခတ် တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “ တရုတ်တွေက ကျနော်တို့ဘက်ကို ပေပေါင်းေ