Skip to main content

တရုတ်ကို အမေရိကန်က ဒေါ်လာ ၂၅ဝ ဘီလျံဖိုး အခွန်သစ်တွေကောက်

25 September 2018 07:14(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)

တရုတ် အမေရိကန် ကုန်သွယ်ရေး လှိုင်းထန်နေဆဲ
တရုတ်ပြည်က ပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလျံ ၂ဝဝ ဖိုးလောက်ကို အမေရိကန်က ထပ်ပြီး အခွန်သစ်တွေ တိုးမြှင့် စည်းကြပ် လိုက်ပြန်ပါပြီ။

ကမ္ဘာ့နိုင်ငံကြီး နှစ်ခုကြား အရှိန်မြှင့် ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ဒီတကြိမ် ကန့်သတ်မှုက တော်တော်ကြီးမားတဲ့ ထိုးစစ် ဖြစ်ပါတယ်။

တရုတ်ရဲ့ ကုန်သွယ်ရေး မူတွေကို မတရားဘူးလို့ အမေရိကန်က တောက်လျှောက် ပြောလာခဲ့ပြီးနောက် ခုလို ကန့်သတ် တားမြစ်နေတာ ဖြစ်ပါတယ်။

တရုတ်ဘက်ကလည်း အမေရိကန် သွင်းကုန် တန်ဖိုး ဒေါ်လာ ဘီလျံ ၆ဝ ကို တုံ့ပြန်ပြီး အခွန်သစ်တွေ စည်းကြပ်ခဲ့ပါတယ်။

တရုတ် ရပ်တည်ချက် စာတမ်း

ကမ္ဘာ့ စီးပွားရေးအင်အားကြီး အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှု ပိုမို ပြင်းထန်လာချိန်မှာ တရုတ် နိုင်ငံက သမ္မတ ထရမ့် အစိုးရဟာ သူတို့အကျိုးအတွက် သူတို့ လိုချင်တဲ့ ပုံစံမျိုး အခွန်စည်းကြပ်နိုင်အောင် ခြိမ်းခြောက်မှု ၊ အတင်းအဓမ္မ ဖိအားပေးတဲ့နည်းတွေ သုံးနေတယ်လို့လည်း တရုတ်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ သူတို့ ရပ်တည်ချက်စာတမ်းရှည်ကြီးမှာ ၂၀၁၇ ခုနှစ်ဆန်းက စပြီး အမေရိကန်က နိုင်ငံတကာ ဆက်ဆံရေးမှာ နှစ်ဘက် လိုက်နာဖို့ လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပစ်ပယ်ထားခဲ့တယ်လို့ ဆိုထားပါတယ်။

ဒေါ်လာသန်း ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ နှစ်နိုင်ငံ ကုန်ပစ္စည်းတွေကို အပြန်အလှန် အခွန်စည်းကြပ်မှု အသစ်တွေ စတင် ပြုလုပ်ခဲ့ချိန်မှာ တရုတ်ဘက်က စီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ သမိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေး စစ်ကို စနေပြီ လို့လည်း တရုတ်က ဆိုပါတယ်။

အမေရိကန် နောက်ဆုံး ချမှတ်လိုက်တဲ့ အခွန်အတုပ် နှုန်းထားသစ်တွေကြောင့် တရုတ်ရဲ့ သွင်းကုန်တန်ဖိုး ထက်ဝက်လောက်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒီတန်ဖိုးက ဒေါ်လာ ဘီလျံ ၂၅ဝ ရှိ ပါတယ်။

တရုတ်က အမေရိကန်နဲ့ စေစ့ပ်ဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘူးလို့ လည်း ဆိုပါတယ်။

ကုန်စည် ခြောက်ထောင်ကျော်

နောက်ဆုံး ကန့်သတ်လိုက်တဲ့ အမေရိကန် အကောက်ခွန်တွေက လက်ကိုင်အိတ်၊ ဆန်နဲ့ အထည်အလိပ်တွေ အကျုံးဝင်ပေမယ့် ကလေး ထမင်းစားတဲ့ ထိုင်ခုံတွေနဲ့ စမတ်နာရီတွေကိုတော့ ကင်းလွတ်ခွင့် ပေးထားတာပါ။

ကုန်စည် အမျိုးအစား ခြောက်ထောင် လောက်ကို အကျုံးဝင်တာမို့ အကြီးဆုံး တိုးမြှင့် ကောက်ခံတာလို့ ဆိုနိုင်ပါတယ်။

၂ဝ၁၉ နှစ်ဆန်းကစပြီး အခွန် ၂၅ ရာခိုင်နှုန်း တက်လာတော့မှာပါ။ ဒါကို နှစ်နိုင်ငံ ညှိနှိုင်းလို့ မရသေးပါဘူး။

တရုတ်ဘက်ကလည်း အမေရိကန်က လာတဲ့ လေယာဉ်အငယ်စားတွေ၊ ကွန်ပျူတာနဲ့ အထည်အလိပ် တွေကို နောက်ထပ် ၅ ရာခိုင်နှုန်း အခွန်သစ်တင်လိုက်ပြီး ဓာတုပစ္စည်း၊ အသား၊ ဂျုံနဲ့ ဝိုင်အရက်ကို ၁ဝ ရာခိုင်နှုန်း တင်ခဲ့ပါတယ်။

အခွန်အတုပ်တံတိုင်းတွေတင်

ဒီနှစ်ထဲမှာ စုစုပေါင်း အမေရိကန်ဘက်က အခွန်သစ်တွေ စည်းကြပ်တာ ၃ ကြိမ် ရှိပါပြီ။

တရုတ်ဘက်ကလည်း အလားတူ တုံ့ပြန်ခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ အမာခံ ပရိသတ်တွေ ဖြစ်တဲ့ အမေရိကန် လယ်ယာကဏ္ဍ ထွက်ကုန် တန်ဖိုး ဘီလျံ ၅ဝ ကို တရုတ်က အခွန်သစ်တွေ တိုးခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့်အခွန်တက်

အမေရိကန် နည်းပညာနဲ့ မူပိုင်ခွင့် တွေ အလုပ်အကိုင်တွေကို ကာကွယ်ဖို့ ဒီလို ကန့်သတ်ရတာလို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

အခြေခံအရ ဒီလို အခွန်သစ်တင်ရင် အမေရိကန်လုပ် ပစ္စည်းတွေက ပိုဈေးချိုလာရမှာ ဖြစ်ပြီး ပိုရောင်းရဖို့ ရှိပါတယ်။ ဒီလိုနည်းနဲ့ ဒေသတွင်း စီးပွားရေးကို အားပေးပြီး အမျိုးသား အကျိုးစီးပွားကို ကြီးမြင့်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို အခွန်သစ်တွေက အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်တယ် ဆိုပြီး အမေရိကန် လွှတ်တော်မှာ ကုန်သည် လုပ်ငန်းရှင်တွေက လာပြီး ထွက်ဆိုနေကြပါတယ်။

ဒီလို စီးပွားရေး ချင်း တိုက်ခိုက်နေကြရင် ကမ္ဘာ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်မယ်လို့လည်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က သတိပေးနေပါတယ်။

ထရမ့်ရဲ့ အခွန်အတုပ်မူက ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ သူ့ရဲ့ စီးပွားရေး မူနဲ့ သွားနေတာမို့ လွတ်လပ်တဲ့ ကမ္ဘာ့ ကုန်သွယ်ရေး မူတွေနဲ့ သွားပြီး ထိခိုက်နေပါတယ်။

ခရစ်ရှမား ဗဆွာနီ၊ အာရှ စီးပွားရေး သတင်းထောက် သုံးသပ်ချက်

တရုတ်က အမေရိကန်ကို ကုန်သွယ်ရေးမှာသာ မရိုးမသား လုပ်တာ မဟုတ်ဘဲ တခြား နိုင်ငံတွေကိုပါ လုပ်နေတယ် ဆိုပြီး အထင်အမြင်က ဖြစ်နေတာ ကြာပါပြီ။

ထရမ့်ရဲ့ မူကို သဘောမတူကြပေမယ့် ဒီလို အခွန်တွေ တက်ပြတော့ တခြားနိုင်ငံတွေကလည်း သူတို့ မကျနပ်တာတွေကို ထုတ်ပြောလာကြပါတယ်။

ဒီပြသနာ ဇာစ်မြစ်က တရုတ်ပြည်က ဈေးကွက်ဖွင့်တာကို မပြည့်မစုံ လုပ်တာကြောင့် ဆိုပြီး တရုတ်ပြည် ဥရောပ ကုန်သည်ကြီးများ အသင်းက ဆိုပါတယ်။

တရုတ်ပြည်မှာတော့ ဒီလို ဝေဖန်မှုတွေကြောင့် အမျိုးသားရေးစိတ်တွေ ပိုပြင်းထန်လာပါတယ်။

အမေရိကန်ဟာ တရုတ်ပြည် ချမ်းသာလာတာကို မနာလိုလို့ ဒီလို ကုန်သွယ်ရေး စစ်ဆင်တာလို့ ယူဆနေသူတွေ များပါတယ်။

တရုတ်ကတော့ နောက်ပြန်မဆုတ်ဘဲ ရေရှည်စစ်အတွက် ပြင်နေပါပြီ။

နောက်ဆက်ဖြစ်နိုင်တာ

နောက်ထပ် ကုန်စည် တန်ဖိုး ဒေါ်လာ ၂၆၇ ဘီလျံ လောက်ကို ထပ်ပြီး အခွန်ကောက်မယ်လို့ ထရမ့်က ပြောနေပြန်ပါပြီ။ ဒါဆိုရင် တရုတ်ရဲ့ ပို့ကုန်အားလုံးကို ထိခိုက်ဖို့ ရှိနေပါတယ်။


တရုတ်ဘက်က အမေရိကန် ကန့်သတ်မှုကို ဘယ်လို တုံ့ပြန်မယ် ဆိုတာ မသိရသေးပါဘူး။

အမေရိကန်က တရုတ်ဘက်က ဝယ်တာက ရောင်းတာထက် ပိုများပါတယ်။ ဒါကြောင့် တရုတ်ဘက်က လက်တုံ့ပြန်ရာမှာ အကန့်အသတ် ရှိပါတယ်။

တရုတ် ပို့ကုန်တွေ ပိုတင်ပို့နိုင်အောင် ယွမ်ဈေးကို ချရတာမျိုး ဖြစ်လာနိုင်ပေမယ့် တရုတ်က သူတို့ ဒါမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ ပြောဆိုနေပါတယ်။

BBC Burmese
https://www.bbc.com/burmese

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...