နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့အချက် ပယ်ဖျက်ဖို့ ရှိ မရှိ ဦးသန်းဌေးမေးခွန်းထုတ်
စက်တင်ဘာ - ၂၈ ၊၂၀၁၈
လက်ရှိအစိုးရ မှာ အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားတဲ့သူတွေအနေနဲ့ လုပ်ဆောင်ချက်တွေ ရာနှုန်းပြည့် ဖြူစင်တယ်လို့ အာမခံနိုင်ရင် နောက်ကြောင်းအရေးမယူဆိုတဲ့ ပြဌာန်းချက် ကို ပယ် ဖျက် ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။
ဒီကနေ့ ပဲခူးတိုင်း ဒေသကြီး ၊ အုတ်တွင်းမြို့နယ်က ပါတီဝင်တွေနဲ့တွေ့ဆုံရာမှာ ဦးသန်းဌေးက အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၃ မှာတော့ မည့်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက် စေရန် ပြဌာန်းခွင့်မရှိစေရ ဆိုပြီး ပြဌာန်းထားတာပါ။
ဒီပုဒ်မဟာ နိုင်ငံတော်အခြေခံမူများအခန်းမှာပါဝင်ပြီး ပြင်ဆင်လိုရင်တော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့အတွက် သဘောတူဖို့လိုအပ်တဲ့ ပုဒ်မ လည်းဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ အုတ်တွင်းမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေတာပါ ။
ပြည်ခိုင်ဖြိုးဟာ အုတ်တွင်းမဲဆန္ဒနယ်မှာဝင်ပြိုင်ထားတာလည်းဖြစ်ပြီး ဒီကနေ့ ပါတီဝင်တွေနဲ့ တွေ့ဆုံ ပွဲမှာတော့ လယ်သမားတွေရဲ့ဘဝဒီထက်တစ်ခေတ်ဆန်းလာအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ လည်း ဦးသန်းဌေးကဆိုခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - မောင်သင်တုန်း
(Unicode)

Comments
Post a Comment