ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ဖို့ ကြိုးပမ်းမှာ မဟုတ်တော့ဘဲ သူ့ကိုယ်စား သမ္မတ တဦးကို ခန့်ပြီး အစိုးရအဖွဲ့ ၀န်ကြီးနေရာ တနေရာကို ယူပြီး သမ္မတကို ထိန်းကျောင်းသွားလိမ့်မယ်လို့ လယ်ရီ ဂျေကင်က ဘန်ကောက်ပို့စ်သတင်းမှာ ဆောင်းပါး ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ တပတ်က ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို အနည်းဆုံး ၂ နှစ်အတွင်း ကြိုးစားမှာ မဟုတ်ဘူးလို့ အန်အယ်လ်ဒီနဲ့ စစ်တပ်အသိုင်းအ၀န်းက ပြောကြောင်းလည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံကို လက်ရှိအတိုင်း အနည်းဆုံး ၂ နှစ်ခွဲ ထားဖို့ ကာချုပ်ကို