Skip to main content

ခေတ်သစ် စပြီ

BrainWave ဉာဏ်လှိုင်း's photo.BrainWave ဉာဏ်လှိုင်း's photo. ဒီနေ့ဆိုရင် တိုင်းပြည်မှာ အာရုံ ဦး ရောင်ခြည်တွေ စတင် ရှက်သမ်းလာတော့မှာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် အနှစ်နှစ် အလလ ကြေမွခဲ့ရတဲ့ နိုင်ငံ ကို ပြန်လည် ထူထောင်ဘို့ ဆိုတဲ့ အမျိုးသားရေး တာဝန်ကြီးကို ထမ်းဆောင်ရန် အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ လွှတ်တော်မှာ စတင် နေရာ ယူကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းစာတွေမှာလည်း ဒီအကြောင်းကို အသားပေး ဖေါ်ပြနေကြပါတယ်။

တက်ရောက်လာကြမယ့် ၃၉၀ ဦးသော ကိုယ်စားလှယ်များမှာ သုံးပုံတပုံလောက်က နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ခဲ့ကြပါတယ်။ ကိုယ်စားလှယ်များဟာ အများအားဖြင့် အတွေ့အကြုံ နည်းကြပေမယ့် တိုင်းပြည်ကို အသွေးထဲ အသားထဲက ချစ်တဲ့ စိတ် နဲ့ အနစ်နာခံလိုတဲ့ စိတ်တွေနဲ့ အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်နိုင်ကြလိမ့်မယ်ဆိုတဲ့ ပြည်သူများရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက် တနင့်တပိုးကြီးကို မနိုင်တနိုင် ထမ်းပြီး လွှတ်တော် ခမ်းမထဲ ရောက်လာကြတော့မှာလည်း ဖြစ်ပါတယ်။
အမှန်တကယ် တွက်ကြည့်မယ်ဆိုရင် အင်မတန်မှ ကြီးလေးတဲ့ တာဝန်ကြီးလည်း ဖြစ်ပါတယ်။ ဆင်းရဲ နွမ်းပါးမှုတွေ၊ အကျင်ပျက် ချစားမှု တွေ နဲ့ တိုင်းပြည်က နပမ်းလုံးနေရဆဲ ဖြစ်ပြီး ပညာရေး ကျန်းမာရေး နဲ့ အခြေခံ အဆောက်အအုံတွေကလည်း လေးဘက်သွား ကလေးတယောက်အလား ရှိနေဆဲလည်း ဖြစ်တာမို့ ဒါတွေအားလုံးကို လူစဉ်မှီလာဘို့ အရေး တကယ်တမ်းကျ ၅ နှစ်ကာလ ဆိုတာ အလွန်တိုတောင်းပါတယ်။ ဒါကြောင့် သူတို့အတွက် အောင်မြင်မှုတွေကို ပီတိ ဖြစ်နေဘို့ အချိန် မရှိပါဘူး၊ ဟန်းနီးမွန်း ကာလ လည်း မရှိပါဘူး၊
ဒါ့အပြင် အာဏာရှင်စနစ်၊ အဓမ္မ၀ါဒ နဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး အမြင်တွေကို အပြီးတိုင် ဖုတ်သွင်း သင်္ဂြုလ် ပြစ်ရအုန်းမည် ဖြစ်သည့်အပြင် တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ် ကြီးကို အဆုံးသတ်ရေး တာဝန်ကြီးကလည်း လက်တကမ်းမှာ ရှိနေပါတယ်။ တိုင်းပြည်ကို ဦးဆောင်မှုပေးမယ့် သမ္မတ ခန့်အပ်ရေး အတွက် နိုင်ငံရေး အရ အခြေအတင် ပြောဆို ရမယ့် ပွဲကြီးကလည်း စောင့်ဆိုင်းနေပေ၏၊
အဖက်ဖက် က ချိုးနှိမ်ခံခဲ့ရတဲ့ အခြေခံ လု့အခွင့်အရေးတွေ အပြည့်အ၀ ရရှိအောင် ပြန်လည် တည့်မတ်ပေးဘို့လည် မေ့ထား၍က အဖြစ်ပြန်သေးပေ။ တကမ္ဘာလုံးက ဒီအရေးကို လတ်တလော စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုဆိုရင် မိမိတို့ လိုလားတဲ့ ဥပဒေတွေကို စိတ်ကြိုက် ပြင်ဆင် ပြဌာန်းနိုင်ခွင့် ရှိနေပြီ ဖြစ်တဲ့အတွက် တိုင်းပြည်ကို ပြန် ဦးမော့လာအောင်အကောင်းဆုံး ဆောင်ရွက်နိုင်မယ့် အနေအထား ရှိနေပေ၏၊ နိုင်ငံတကာမှ အကူအညီများ၊ အရင်းအမြစ်များ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မကြုံစဖူး အတိုင်းအတာ နဲ့ ရရှိဘို့လည်း ရှိနေပါတယ်။
ဒိုင်အာခီ အုပ်ချုပ်ရေးဟု နိုင်ငံတကာ စာနယ်ဇင်းတွေက ကင်ပွန်းတပ်ခြင်း ခံနေရတဲ့ လက်ရှိ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ အနေအထားကိုလည်း မေ့ထားလို့ မဖြစ်သေးပါဘူး၊
ဘာပဲ ဖြစ်ဖြစ် ဒီမိုကရေစီ သည် အစမ်းသပ်ခံ ကာလ သာ ရှိနေဆဲမို့ လူထု တရပ်လုံးက နေ့ခြင်း ညချင်း အခြေအနေတွေ ပြောင်းလဲ သွားရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ထိမ်းချုပ်ထားပြီး စိတ်ရှည်ဘို့ လိုပါတယ်။ ဒါ့အပြင် သိက္ခာ သမာဓိ ရှိတဲ့ တိုင်းပြည် အကျိုးပြု အတိုက်အခံ အင်အားစုတွေ ကို ကြိုဆိုရမှာ ဖြစ်ပေမယ့် ပတ်မကြီး ထိုးဖေါက်မယ့် အဖျက် အမှောင့် လုပ်ရပ်တွေကိုလည်း သတိရှိကြဘို့ လိုပါတယ်။
ပြုပြင် ပြောင်းလဲမှုများသည် လတ်တလောတွင် အကျိုးများချင်မှ များမည် ဖြစ်သော်လည်း ရေရှည်တွင် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်နေကောင်း နေမည်ဆိုတာလည်း ခွဲခြား မြင်တတ်ဘို့လည်း အရေးကြီးပါတယ်။
ဒီမိုကရေစီ ယဉ်ကျေးမှု ရဲ့ အချည်းနိဒါန်း စတင်ခဲ့ပြီ ဖြစ်ပါတယ်။












































































































Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...