Skip to main content

‘‘ပြည်သူ့လွှတ်တော်အစည်းအဝေးသဘာပတိအဖြစ် ဒေါ်ခင်ဌေးကြွယ် ဆောင်ရွက်မည်’


ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် သဘာပတိအဖြစ် ဒေါ်ခင်ဌေးကြွယ်က ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစည်းအဝေးသဘာပတိအဖြစ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ရန်သတင်းများထွက်ပေါ်နေ
သော်လည်း ဒေါ်ခင်ဌေးကြွယ်က ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမြင့်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ခိုင်ဖြိုး
ပါတီမှ ဦးတီခွန်မြတ်အား ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ရန် NLD မှ လျာထားသတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

Comments